23 June 2010

အမိန့်

Posted by blackroze at Wednesday, June 23, 2010

အမိန့်

ချစ်သူနှုတ်ဖျား
ထွက်ဆိုငြား
တခွန်းစကား
အသေမှတ်ယူ
အမိန့်ဟူ၏

ဒီအမိန့်...
သေစေဆိုသေ
ရှင်စေဆိုရှင်
မဖယ်ရှားရက်
နာခံလျှက်

ချစ်သူအမိန့်
သံမဏိမြှားအလား
ရင်ကိုထုတ်ချင်း
ခွင်းဖောက်ထွင်းလို့
မေ့နှလုံးသား..
အမိန့်စူး၏

ပျားရည်ပမာ
ထင်မှတ်ထားလို့
အမိန့်ဟူသမျှ
သကာရည်အလား
ချိုမြိန်နူးညံလှ၏....

ရံဖန်ရံခါ
မိုးကြိုးသွားအလား
ထင်မှားမိပြန်
ဒီအမိန့်ဖြင့်
မေ့နှလုံးသား
ထက်ထက်ရှမိ
သွေးယိုစီး၏

တယောက်ထဲချစ်မိ
အပြစ်ရှိလေသလား
နာခံခဲ့သမျှ
မသိလေရော့သလား
မေ့အားထားခဲ့
သစ္စာပျက်၏

ပန်းပမာတင်စား
မောင့်အမိန့်များအား
ဘယ်ခါမမေ့

ယခုထက်တိုင်
သိမ်းထားမိ၏





(23.6.2010....... wed AM 12:56 )

......................။။။။။။

14 comments:

ပန်းနုနှင်းဆီ on 23 June 2010 at 01:41 said...

အမိန့်
အာဏာပြင်းလွန်းတဲ့အမိန့်..
သီချင်းလေးကို သတိရသွားမိပြီ..

သူကြီးမင်း (တုံးဖလား) on 23 June 2010 at 08:13 said...

အတော်ပြင်းထန်တဲ့အမိန့်ဖြစ်မှာ သေချာတယ်။ အခုထက်ထိသိမ်းထားတုန်းဆိုတော့။

တစ်ခါတစ်ခါ၌ ခံစားမှုထက် အမှတ်ရမှုကြောင့် ကဗျာလှလှလေးများ ပေါ်ထွက်လေ့ရှိ၏။းဝ)

သော်ဇင်စိုး on 23 June 2010 at 10:20 said...

ဟုတ်တယ်ဗျ.. ချစ်တယ်ဆိုတဲ့ အသိတစ်ခုတည်းနဲ့တင်.. အားလုံးဟာ မလိုက်လျော မနေရဆိုတာမျိုးဖြစ်နေတာ...
အမတို့အီတလီကတော့ နောက်ဆုံးပိတ်မှ ဆာလာအိပ်ကြီးနဲ့လွယ်မှာထင်တယ်.. ကျနော်တိုအင်္ဂလန်ကတော့ မပြောချင်တော့ဘူး.. မပြောချင်တော့ဘူးလို့တောင် ပြောချင်စရာဖြစ်နေပြီ..

blackroze said...

ကဗျာအဖြစ်နဲ့ခံစားပြီးရေးထားတာပါ..အကိုမောင်ရ...
မသိမ်းထားတော့ပါဘူး...ဟီးးးးဟီးးး...

သော်ဇင်ရေ..သိတယ်မှတ်လား...ဖလားကိုအပီကစ်မဲ့လစ်ပီပါဆို

သဒ္ဓါလှိုင်း on 23 June 2010 at 15:02 said...

ကဗျာအဖြစ်ပဲလားညီမနှင်းဆီရေ...ဒါပေမဲ့လည်း သိမ်းထားချင်ရင်
သိမ်းထားပါနော်.....
ခင်တဲ့
သဒ္ဓါ

ခိုင်နုငယ် on 23 June 2010 at 16:09 said...

အမိန့်..နာခံထိုက်စေ..
အဟဲစတာနှော်..
ချစ်ရသူ၏အမိန့်သံစဉ်..ကဗျာချိုချိုလေးကို
အရောက်လာခဲ့ပါတယ်။

Anonymous said...

ဖတ်လို့ကောင်းတယ်း) မောင့်အမိန့်များအား တဲ့ ကြိုက်တယ် ကျနော့်ရဲ့ သက်ဆိုင်သူကတော့လားးးး =) အင်း ဒီလိုပါပဲ ။






မောင်မျိုး

သိင်္ဂါကျော် on 24 June 2010 at 00:30 said...

အမိန့်လို ပြောလို့ ကိုယ့်စိတ်နဲ့ မကိုက်ရင် ဘယ်သူ့အမိန့်မှ မနာခံချင်ဘူး.. :D

ရေသန့်  on 24 June 2010 at 12:02 said...

အမိန့်  ကိုမုန်းတယ် ...

Cameron on 24 June 2010 at 13:32 said...

ဟုတ်တယ် နှင်းဆီနက်လေးရေ...အချစ်တစ်ခု ရင်ထဲရောက်လာတာ အမိန့်တစ်ခုကျလိုက်သလိုပါပဲ...။

ခင်မင်စွာဖြင့်
မိုးငွေ့

နေ၀သန် on 26 June 2010 at 20:06 said...

မိုက်လှချည်လား... ။ ကဗျာလေးက..။း)))။
အမိန့်တဲ့...။ ဟုတ်တယ်နော်..။ ချစ်သူရဲ့ စေခိုင်းသမျှကို အမိန့်လိုပဲ လိုက်နာနေမိတယ်...။


ခင်မင်တဲ့
နေ၀သန်

မြစ်ကျိုးအင်း on 28 June 2010 at 02:17 said...

အမိန့်တွေပေးတာ မကျေနပ်ဘူး ဆိုတဲ့သီချင်းလေး ခပ်တိုးတိုး ဆိုနေလိုက်လေ။

ချစ်ခြင်းကို အလယ်မှာ ထားပြီး တစ်ယောက်ကို တစ်ယောက် လေးစားခြင်းနဲ့ အလိုက်တသိ ဆက်ဆံတာ မျိုးပဲ သဘောကျတယ်။

ဧပရယ်လ်ပူး@ပူးတေ on 28 June 2010 at 09:56 said...

ကဗျာလေးက အပျံစားပဲ.... ဒါပေမယ့် ပူးတေလဲ အမိန့်ကိုမုန်းတယ်။ ကိုယ့်ကိုစကားလာပြောလို့ အမိန့်သံပါနေတယ်လို့ထင်ရင်တောင်မှ ကိုယ့်အကျိုးအတွက်လာပြောရင်တောင် နားမထောင်တော့ဘူး.. အဲလို :)

ဟင်းတွေကချက်ဖြစ်တယ်... ကင်မလာ ပျောက်နေတာနဲ့ မတင်ရတာ... သွပ်ပြားကို ဝမ်းနည်းအောင် မကြော(မပြော)ပါနဲ့... ခုတော့ ကင်မလာပျောက်တာကို ဝမ်းသာနေတဲ့ လူတယောက်ရှိတယ်။ သူထမင်းစားခါနီးတိုင်း နေဦးနေဦး မစားနဲ့ဦးဆိုပြီး ပြောလို့မရတော့ဘူးတဲ့။ ဟိ.. ဘွ ဘွ ဘွ အတော်လေးဆိုးတဲ့ ဘဝပါလားနော်

ချိုကျ on 28 June 2010 at 21:00 said...

ဟိုသီချင်းတောင် သတိရသွားတယ် ကိုအငဲလေ နူးညံ့တဲ့အမိန့်တော်အတိုင်း လေ....:)

ခင်တဲ့(ချိုကျ)

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei