28 April 2010

မင်းသမီးနဲ့ဘဝခါးခါး

Posted by blackroze at Wednesday, April 28, 2010


အငြိမ့်ဇာတ်ခုံပေါ်....ဇာတ်စုံကပြလို့...
ငိုတစ်ခါ....ရယ်တလှည့်ဖျော်ဖြေရတဲ့သူ
ရင်ထဲဆန္ဒ.....မှန်သမျှကို
ကွယ်ကာသိမ်းဆည်း
ပရိတ်သတ်အလိုကျ.....
ယိမ်းကာနွဲ့လျက်.....
လက်တစ်ချက်ချိုး....မေးတစ်ချက်ထိုး
ကကြိုးကကွက်ဆင်ပြမဲ့သူ......
ဆိုင်းသံညီညီ..စည်းချက်ကြားမှာ
သာယာချိုတေး..သီကျူးတဲ့သူ
မီးရောင်အောက်ကိုဝင်...
လူရွှင်တော်ပျက်လုံးကြားမှာ
နှုတ်ခမ်းဖျားထက်
အပြုံးတစ်ပွင့်ဆင်လို့
မူယာပါပါ...လှုပ်ရှားတဲ့သူ
ထိုသူကိုမှ...မင်းသမီးတဲ့လား............။။။။


ဘဝခါးခါး....

ဘဝဇာတ်ခုံပေါ်..ဇာတ်စုံကလို့
မဲ့တလှည့်ပြုံးတလှည့်နဲ့
မျှော်လင့်ချက်မှန်သမျှ
ဖယ်ကာထားလို့
လောကကြီးအလိုကျ
နိမ့်တလှည့်...မြင့်တလှည့်
ရှင်သန်နေရတဲ့သူ....
လောကဓံလှိုင်းလုံးကြား....
အိမ်မက်တွေ...
တစစီ..ပျက်စီးကုန်လို့
နောက်ဆုံးလက်ကျန်
ခံစားမှု့အပိုင်းအစလေးတွေ....
ကျစ်ကျစ်ပါအောင်ဖက်တွယ်
ကမ်းမမြင်...လမ်းမမြင်...
လောကပင်လယ်ထဲ....
တကိုယ်တည်း...ရွက်လွှင့်နေတဲ့သူ
အနားသတ်မရှိတဲ့...ကောင်းကင်အောက်
မြေပုံပျောက်လို့....စမ်းတဝါးဝါးနဲ့
ကြယ်တွေစီရောက်အောင်
အားတင်းလျှောက်လှမ်းနေသူ
ထိုသူ၏.......ဘဝကိုကျတော့
ဘဝခါးခါးတဲ့လား...................။။။။။။။။



(28.4.2010.....1း56 ..AM)

4 comments:

လင်းခေတ်ဒီနို on 28 April 2010 at 09:32 said...

အနားသတ်မရှိတဲ့...ကောင်းကင်အောက်
မြေပုံပျောက်လို့....စမ်းတဝါးဝါးနဲ့
ကြယ်တွေစီရောက်အောင်
အားတင်းလျှောက်လှမ်းနေသူ
ထိုသူ၏.......ဘဝကိုကျတော့
ဘဝခါးခါးတဲ့လား...................။။။။။။။။


ကောင်းလိုက်တဲ့ ကလောင် . . . . . အရမ်းကောင်းတယ် အားပေးနေတယ် ဆက်ရေးပါ . . . .

Cameron on 28 April 2010 at 11:43 said...

မင်းသမီးတဲ့လား..... ဘ၀ခါးခါးတဲ့လား....
လေးစားတယ်ညီမရေ...

ခင်မင်စွာဖြင့်
မိုးငွေ့

ညလင်းအိမ် on 1 May 2010 at 08:57 said...

အနားသတ်မရှိတဲ့...ကောင်းကင်အောက်
မြေပုံပျောက်လို့....စမ်းတဝါးဝါးနဲ့
ကြယ်တွေစီရောက်အောင်
အားတင်းလျှောက်လှမ်းနေသူ
ထိုသူ၏.......ဘဝကိုကျတော့
ဘဝခါးခါးတဲ့လား..

နှိုင်းယှဉ်ဖော်ပြမှုလေးနဲ့ အဓိပ္ပါယ်က ကောင်းလိုက်တာဗျာ ...
ကဗျာအရေးအတော် ကောင်းဧ။် ....

မြတ်မွန် on 3 May 2010 at 09:12 said...

မင်သမီးနဲ့ဘဝခါးခါး
သိပ်ကို လိုက်ဖက်တယ်နက်ရေ..
အားပေးလျှက်ပါ..။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei