25 April 2010

နှလုံးသားလွင့်စဉ်ထွက်သွားတဲ့အကွာအဝေး..

Posted by blackroze at Sunday, April 25, 2010
နှလုံးသားက့
လွင့်စင်ထွက်သွားတဲ့အကွာအဝေး။
စည်သွပ်ဗူးထဲကသင်္ကေတတွေ
အခုထိပဲလတ်ဆတ်နိုင်လွန်းတယ်
မထင်မှတ်ခဲ့ဘူး အဲဒီဇတ်ဝင်ခန်းမှာ
ငှက်တွေရုတ်တရက်ကြီးထပျံသွားလိမ့်မှန်း
ငါ့အသက်ကိုင်းဖျားလေးတဆတ်ဆတ်တုန်ခါခဲ့ရမှန်း
မြက်ဖျားနှင်းလိုအသက်ပျောက်ရလိမ့်မှန်း
နွေထဲနစ်သွားရမယ့်ရနံ့တွေ ရှိလာမှန့်း
လွင့်မျောစိတ်ဆိုတာဓူဝံကြယ်ဖြစ်လာမှန့်း့

တခုခုမှန့်း့
မင်းနဲ့ငါကြားက မှန်ကူကွက်တွေ ၊အစက်အပြောက်တွေ
မသိနိုင်ခဲ့ခြင်းတွေနဲ့ မျှားခံလိုက်ရတယ်။
ချစ်ခြင်းမုန်းခြင်း အတိတ်စိမ်းကိုလည်း
ငါမဖတ်နိုင်ခဲ့ဘူးလေ ။

အတိတ်ကိုပြန်မြည်းမိတဲ့အခါ
လျှာဖျားထဲကလွင်ပြင်တွေဟာ
ကန္တာရအမှတ်တံဆိပ်ကိုခတ်နှိပ်တယ်
ဘ၀နဲ့မလွတ်တော့သောအလွမ်းတွေ
ကမ်းပါးစောင်းမှာမေးတင် မိတဲ့သက်ပြင်းစလို
နောက်ဆုံးအား တစ်ချက်အယူမှာ
မင်းအကြောင်းတွေ့
နှလုံးသားဆီမှာမိုးလင်းခဲ့တယ် ။



(ဒီကဗျာလေးကတော့ခင်မင်ရတဲ့မောင်လေးလေတံခွန်ကကျွန်မကိုလက်ဆောင်ရေးပေးခဲ့တဲ့
ကဗျာလေးပါဘဲ.....ကျေးဇူးတင်ပါတယ်လေတံခွန်ရေ......။။

(25.4.2010-----Am..2:20 )

1 comments:

ညလင်းအိမ် on 25 April 2010 at 08:04 said...

ဘ၀နဲ့မလွတ်တော့သောအလွမ်းတွေ
ကမ်းပါးစောင်းမှာမေးတင် မိတဲ့သက်ပြင်းစလို
နောက်ဆုံးအား တစ်ချက်အယူမှာ
မင်းအကြောင်းတွေ့
နှလုံးသားဆီမှာမိုးလင်းခဲ့တယ် ။


အဲဒီကဗျာအပိတ်လေး တော်တော်မိုက်တယ် ....

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei