20 April 2010

မျှော်လင့်ခြင်း...

Posted by blackroze at Tuesday, April 20, 2010
ကဗျာဖြင့်ဖော်ညွန်း...
ကာရန်တွေကျူးရင့်.....
ကဗျာမပီ..စာမပီ..
တကွဲစီဆွဲသီလို့
လွမ်းနေတတ်သူ...

ညမှောင်မှောင်
အလင်းမဲ့အခန်းလေးထဲ
ဝင်သက်ထွက်သက်..
ပင့်သက်မောလေး..
အခေါက်ခေါက်ရှိုက်လို့
တရံတခါစီသို့...
တမ်းတနေတတ်သူ......

ကော်ဖီတခွက်
အဖော်ပြုလို့..
မွန်းကျပ်ကျပ်နှလုံးသားနဲ့
စကားလုံးလေးတွေ
စာအလှစီ....
ကာရန်သံစဉ်..
ကဗျာကြိုးညှိဖို့
စဉ်းစားနေတတ်သူ.......

အချစ်နဲ့အလွမ်း..
equation ချကြည့်ရင်..
အလွမ်းဘက်အလေးသာလို့
ချိန်ခွင်လျှာတဘက်စောင်းလဲ
စိတ်မှတ်မရှိဘဲ..
ချစ်မိတတ်သူ....

အချစ်ဇာတ်လမ်းနိဂုံးချုပ်လို့
ခပ်ကွဲကွဲအသည်းနဲ့ဘဲ
ခံစားချက်တွေဖောက်ထုတ်
မျက်ရည်တွေ..ကဗျာလုပ်လို့
လောကကြီးကိုခပ်မဲ့မဲ့လေး
ပြုံးကြည့်တတ်သူ......

နောက်ဆုံးလက်ကျန်
မာနတရား
အစိတ်စိတ်အမွှာမွှာ...
လွင့်ကျေမသွားခင်
ဒီအချိန်လေး..
လောကကြီးကို
တချက်လောက်တော့
ဟားတိုက်ရယ်ချင်မိသူ....

အရာရာ
အရှုံးပေး...
စွန့်လွှတ်ခြင်းဆိုတာ
အမြဲဘဲပိုင်ဆိုင်နေရလို့
တခါတရံတော့လဲ
နွေးထွေးတဲ့ချစ်ခြင်းတရားကို
မွတ်မွတ်သိပ်သိပ်
မျှော်လင့်နေတတ်သူ......








(ဒီကဗျာလေးကရေးလို့မပြီးသေးပါဘူး...ဒီလောက်ဘဲခံစားလို့ရသေးတာနဲ့ဒီလောက်လေးဘဲ...ရေးဖြစ်တာပါ....
နောက်ထပ်...ထပ်ရေးဖြစ်ဦးမှာပါ.....)

(20.4.2010....AM 3:40 )

3 comments:

လင်းခေတ်ဒီနို on 20 April 2010 at 07:32 said...

အချစ်ဇာတ်လမ်းနိဂုံးချုပ်လို့
ခပ်ကွဲကွဲအသည်းနဲ့ဘဲ
ခံစားချက်တွေဖောက်ထုတ်
မျက်ရည်တွေ..ကဗျာလုပ်လို့
လောကကြီးကိုခပ်မဲ့မဲ့လေး
ပြုံးကြည့်တတ်သူ......


ကောင်းလိုက်တဲ့ကဗျာ ခံစားချက်ချင်းတူလို့ နှစ်သက်မိတယ်

ညလင်းအိမ် on 21 April 2010 at 23:55 said...

ကဗျာလေးက ကောင်းတယ် ...
ဒါတောင် ဆက်ရန်ရှိသေးတယ်လား ...

Cameron on 28 April 2010 at 11:21 said...

အော်...အော်...အထက်ကကွန့်မန့်သွားတာ အသည်းကွဲညီအကိုတွေကိုး...။ ကဗျာလေးဖတ်နေရင်းက ဒီနှစ်ယောက်ကိုပြေးမြင်မိပါတယ်... သူတို့က လာပြီးတော့တောင်မန့်ပြီးနေပြီ။
အသည်းကွဲကဗျာလေးကောင်းတယ် ညီမလေး အဆက်လေးကိုလည်းဖတ်ဦးမယ်နော် ထပ်ရေး..။

ခင်မင်စွာဖြင့်
မိုးငွေ့

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei