26 June 2014

Give and Take

Posted by blackroze at Thursday, June 26, 2014 2 comments
ဒီခေတ်ကြီးကို  IT ခေတ်လို့ပြောကြတယ်...လူတိုင်းလည်း I တလုံး ဆောင်ကြပါတယ်...အင်တာနက် သုံးစွဲလို့ရတဲ့ ဖုန်းတလုံးစီဆောင်ကြတာပါ ...
I phone ...I pad ...  အစရှိသဖြင့်ပေါ့လေ... တတ်နိုင်ရင် တတ်နိုင်သလို ဖုန်းတလုံး
Tablet အပြားကတခု ကိုင်ကြပါတယ်...မေသန်းနုကြော်ငြာပေးခဲ့ဖူးတဲ့စကားနဲ့ ပြောကြမယ်
ဆိုရင်တော့ တလုံးကသကြားလုံးဆော့ ဖို့  တလုံးက facebook သုံးဖို့ ဆိုပါတော့ ..ဖုန်းပြောတယ်
ဆိုတာ သိပ်ကိုရှား သွားပြီလို့ ကျမတော့ ထင်တယ်..ဖုန်းပြောဖို့ အဲဒီဖုန်းတွေ ဝယ်တာမဟုတ်ပါဘူး..
အင်တာနက်သုံးလို့ရအောင် အဲလိုဖုန်းတွေ ဝယ်သုံးကြတာပါ..နောက်တခုက..ဖုန်းခတွေ ဖုန်းကဒ်တွေကလည်းဈေးကြီးလာတော့  free call ရတဲ့  Viber တို့ Line တို့  Wechat တို့ နဲ့က ပိုအဆင်ပြေပါတာလည်းပါ..ပါတယ်......
အင်တာနက်ဖိုးလေး တလ600လောက်သွင်းရုံနဲ့ တမ္ဘာလုံးနဲ့ အချိန်ရှိသရွေ့ ဆက်သွယ်လို့ရနေတာကိုးး....
အချိန်ပေးနိုင်မယ် ဆိုရင် facebook ထဲက ခင်တဲ့ နိုင်ငံတကာက ဘော်ဒါ
ဘော်ဂျွတ်တွေနဲ့  Hello  ..Hi  လုပ်နေလို့ရတယ်လေ...
( ကျမပြောတဲ့အင်တာနက်ဖိုး 600 ဆိုတဲ့အထဲ ကျမတို့ရဲ့ မြန်မာပြည်မပါဘူးနော်..
ကျမရောက်နေတဲ့ နေရာကိုပြောတာပါ ..။။)

ကျမတို့ငယ်ငယ်ကဆို TV ဆိုတာ အိမ်တိုင်းမရှိပါဘူး...ကျမ လေးငါးနှစ်အရွယ်ပေါ့ ..TV ကြည့်ချင်ရင်
TV ရှိတဲ့အိမ်မှာ သွားကြည့်ရတယ်..ဒါမှမဟုတ်ရင် တယောက်ကို တမတ်ငါးမူးနဲ့ Tv ကလာတဲ့ဇတ်လမ်း
တွေပြတဲ့အိမ်မှာ သွားကြည့်ရတယ်...အဲဒီတုန်းကတော့ အိမ်ကပေးတဲ့မုန့်ဖိုးဆိုတာလည်း မုန့်စား
ဖို့လောက်ဘဲ ရတာဆိုတော့  မုန့်စားလိုက်တဲ့နေ့ ဆို Tv သွားမကြည့်နိုင်တော့ပါဘူး..အဲဒီတော့
ကျမတို့ကလေးတသိုက်က လမ်းပေါ်မှာ ကစားနည်းပေါင်းစုံကစားကြပါတယ်...
ဆော့မဲ့သူနည်းရင် နည်းသလို တူတူပုန်းတမ်းတို့ ကြက်တောင် အလှည့်နဲ့ရိုက်တာတာတို့
ကုလားမစည်းနင်းတာတို့ဆော့ကြတယ်...။။

ဆော့မဲ့ကလေးအင်အားများရင် များသလို  စိန်ပြေးတမ်းတို့  ခိုလိုက်တမ်း တို့  ထုပ်ဆီးတိုးတန်းတို့
ခွေးရူးလိုက်တမ်းတို့  ကစားကြတယ်...တလမ်းလုံးက ကလေးအသံတွေ အုန်းအုန်းကိုညံနေတာဘဲ
တခါတခါစိန်ပြေးတမ်းဆော့နေ၇င်းနဲ့  ထီလိုက်ေ၇ာင်းတဲ့ စက်ဘီးတွေရောက်လာရင်
အင်္ဂလိပ်သီချင်းသံတညံညံနဲ့  ဟေမာနေဝင်း သီချင်းသံနဲ့   စိန်ပြေးတမ်း ဆော့နေရာကနေ
အုပ်စုလိုက်ထကကြပါတယ်...ဖင်ကလေးလှုပ်ခေါင်းကလေးလှုပ်နဲ့ပေါ့...( အဲဒီတုန်းက
အခုလို နာမည်ကြီးထီဆိုင်တွေလည်း မရှိသလို ကားနဲ့လိုက်ေ၇ာင်းတာလည်း မရှိပါဘူး.. )။။

အားရအောင်ဆော့ပြီးကာမှ ည9နာရီလောက်ဆိုရင်  အိမ်ကမိဘတွေက နာမည်ခေါ်ပြီး
နင်အခုထိဆော့နေတုန်းလား  ရိုက်ခံချင်ပြီထင်တယ်..အိပ်ချိန်ရောက်နေပြီ..အခုချက်ချင်းအိမ်ပြန်လာ
နော်..မလာလို့ကတော့  တုတ်ပါတခါထဲကောက်ခဲ့ဆိုပြီး...အော်သံကြားမှ အလျို လျို အိမ်ပြန်
အိပ်ကြတာပါ...အိမ်ရောက်ခြေလက်ဆေး  ..စွတ်ကျပ် အဟောင်းလေးလည်းဝတ်...
အမေ ခင်းထားတဲ့ အိပ်ယာလေးထည့်ဝင်တိုးအိပ် ခေါင်းအုံးနဲ့ ခေါင်းနဲ့ထိတာနဲ့ ဘာမှကို
မသိတော့ပါဘူး...မနက် အမေက ထတော့ ဆိုပြီး နိုးမှ နိုးတာပါ..ညသန်းကောင် သန်းကောင်စာရင်း
လာစစ်တာတို့  ညဘက်ကြီး သူများအိမ်က လင်မယား ရန်ဖြစ်တာတို့  ဘာဆိုဘာမှကို
မသိတော့တာပါ..။။

နောက်တော့ ခေတ်မှီလာတယ်ပြောရမှာပေါ့... လမ်းထဲမှာ အိမ်တိုင်းနီးပါး TV ရှိလာတယ်..ညညဆို
TV မှာ ည7 နာရီဆို သီချင်းလာတယ်..8နာရီဆို သတင်းစလာတယ်..အဲဒီတော့7နာရီကနေ 8နာရီအထိ
က ဘယ်ကလေးမှ လမ်းပေါ်မှာ မရှိတော့ပါဘူး...အကုန် TV ရှေ့မှာပါ...အဲဒီတုန်းက နာမည်ကြီးအဆိုတော်ကလည်းအခုလို မှိုလိုပေါက် မနေပါဘူး.. ကျမမှတ်မိသေးတယ်.. နာမည်ကြီးတာဆိုလို့ အမျိုးသမီး အဆိုတော်ထဲမှာ ဟေမာနေဝင်း  မေဆွိ  ကော်နီ မေခလာ  ....အမျိုးသား အဆိုတော်ထဲမှာ  ကိုမှိုး  စိုးလွင်လွင် ကိုင်ဇာ ခိုင်ထူး  Jညီညီ ဇော်ဝင်းထွဋ်  သီချင်းတွေ
အလာများပါတယ်...  ။။

8နာရီထိုးသတင်းလာတော့မှ လမ်းပေါ်ပြန်ဆင်းလာပြီး ဆော့ကြပါတယ်...
9နာရီသတင်းပြီးတာနဲ့ အိမ်ပေါ်ပြန်တက် ကုန်ကြပါတယ်...
TV ဇတ်လမ်းကြည့်ကြတာပါ..မှတ်မိနေသေးတယ်..ဗုဒ္ဓဟူးနေ့တိုင်း အငြိမ့်လာပါတယ်...မင်းသမီးကတခိုင်လုံးရွှေ(ဒေါ်) အေးအေးမြင့်...လူရွှင်တော်တွေက ဦဧရာ
ဦးကျော်ထူး ဦးဖိုးဖြူ. ဦးကုသိုလ်  ဦးအရိုင်း...တို့ပါ ...အဲလိုညဘက်တွေ ဇတ်လမ်းတွေ အငြိမ့်တွေ
ကြည့်ကြတော့ လမ်းထဲမှာ ဆော့တာနည်းသွားပါတယ်...
ဒါပေမဲ့ကျောင်းပိတ်ရက်တို့ မီးပျက်တဲ့ညတို့ ဆိုရင်တော့ အရင်လိုဆော့မြဲပါဘဲ..။။

အဲလိုနဲ့ တဖြည်းဖြည်း ခေတ်မှီလာလိုက်တာ  TV ကနေ Video ... VCD  .... DVD ရောက်လာတယ်ဆိုပါတော့..ကလေးတွေလည်း လမ်းပေါ်မှာဆော့တယ်ဆိုတာ မရှိတော့ပါဘူး.....ခေတ်ရေစီးကြောင်းထဲ  ကျမတို့တွေ မျောပါလာလိုက်တာ....အခုလို IT ဆိုတဲ့ ခေတ်ကြီးကို ရောက်လာတဲ့ အထိပါဘဲ .... ကလေးဘဝတုန်းက ကျမတို့ ဆော့ခဲ့သလို အခုခေတ်ကလေးတွေ   မဆော့ဖူးကြတော့ပါဘူး..။။

 ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းထဲမှာ  ကလေးတွေညဘက်
လမ်းပေါ်မှာ ဆော့ဖို့ထက် ကွန်ပြူတာသုံးဖို့  စလောင်းကြည့်ဖို့  sky net ကြည့်ဖို့
ကိုးရီးယားကား ကြည့်ဖို့ ဖြစ်သွားကြပါတယ်.... နွေရာသီကျောင်း ပိတ်ရက်တွေဆို ကျမတို့ငယ်ငယ်တုန်းကတော့ မိုးပျံအောင် ကစားရတဲ့ ကာလပါဘဲ...ကာတွန်းစာအုပ်ငှားဖတ်တယ်..
မိုးလင်းက ညနေထိ ထမင်းစားချိန် အိမ်ပြန်စားတာကလွဲပြီး ကျန်တဲ့ အချိန်တလမ်းလုံးက
ကလေးတွေ လမ်းပေါ်မှာ အုန်းအုန်းထအောင်ကို ဆော့တာပါ...နေ့ခင်းပိုင်းနေပူတဲ့အချိန်ဆို
တောက်ခုံတောက်ကြတယ်... သစ်ပင်ရိပ်မှာ ရုပ်ရှင်ဖွဲ့ တမ်းကစားကြတယ်..ပုံဆွဲပြိုင်ကြတယ်...
အခုခေတ်ကလေးတွေ ရုပ်ရှင်ဖွဲ့တမ်း ဆိုတာဘယ်လိုကစား တယ်ဆိုတာ သိကြတော့မယ် မထင်ပါဘူး..။။

အခုခေတ်ကလေးတွေရဲ့  နွေရာသီကျောင်းပိတ်ရက်ဆိုတာ  သင်တန်းအချိန်ဇယား ကျု ရှင်အချိန်ဇယား
တွေနဲ့ပြည့်နှက်နေတဲ့ကာလကြီးဖြစ်သွားပါတယ်... ဘာသင်တန်းပြီးရင် ဘာသင်တန်းတက်မယ်..
နောက်တခုက တော့  ခေတ်မှီလာတာနဲ့ အမျှ ကလေးတွေရဲ့ စိတ်ဓါတ် အတွေးအခေါ် တွေလည်း
ကျမတို့ငယ်က နဲ့မတူတော့ပါဘူး... အဲတာက တိုးတက်ခေတ်မှီလာတာလား...ဒါမှမဟုတ် ကလေးက
ကလေးနဲ့မတူတော့တာလား.. ကျမ မဝေဖန်တတ်ပါဘူး..ငယ်ငယ်တုန်းက ကျမတို့စီမှာ မရှိတဲ့
စူးစမ်းမှု့တွေ ထက်မြက်မှု့တွေ အခုခေတ်ကလေးတွေစီမှာ ၇ှိတယ်... ကျမတို့ ငယ်ကဆိုရင် TV တောင်
အိမ်က လူကြီးတွေ ဖွင့်ပေးမှ ကြည့်ရတာပါ...အခုခေတ် ကလေးတွေက ကွန်ပြူတာတောင်
ကိုယ့်ဘာကို ကလိပြီး အစုံသုံးတတ်ပါတယ်...နည်းပညာတိုးတက်တဲ့ခေတ်ဖြစ်လာတော့
ကွန်ပြူတာဆိုတာကို မိုးပျံနေအောင် သုံးတတ်ကြပါတယ်.... ဒါပေမဲ့ ကျမတို့ငယ်တုန်းက ရခဲ့တဲ့ လွတ်လပ်ပေါ့ပါ့းတဲ့ ကလေးပီသတဲ့ ကလေးဘဝကို အခုခေတ်ကလေးတွေမရခဲ့ကြဘူး..

ကျမတို့ငယ်ငယ်တုန်းကရခဲ့တဲ့ လွတ်လပ်ခြင်းတွေကို သူတို့တွေမရကြတော့ပါဘူး..
လမ်းပေါ်မှာအော်ဟစ် ပြေးလွှားပြီးကစားခဲ့တဲ့ လွတ်လွပ်ခြင်းမျိုး ကို သူတို့လေးတွေ မရခဲ့ကြဘူး..။။

သူတို့ရတာက ဘာတွေလည်း..သူတို့ မရတာကဘာတွေလည်း  ချိန်ထိုးယှဉ်ကြည့်ရင်
ဘယ်ဘက်က သာမယ်လို့ ထင်ပါလည်း...အဲတာဟာတိုးတက်ခေတ်မှီ
လာတာလား...လွတ်လပ်ခြင်းနဲ့ ကင်းဝေး သွားကြတာလား.....ကျမသေချာမပြောတတ်ပါဘူး..။။

ကျမတို့တွေက ခေတ်မှီတဲ့ပစ္စည်းတွေ သုံးချင်ကြတယ်..ခေတ်မှီတိုးတက်တာကို သဘောကျတယ်..
အဲလိုအတွက်ကြောင့် နည်းပညာ တွေနောက်လိုက်တယ်...ပစ္စည်းအသစ်အဆန်းတွေနောက်
လိုက်တယ်...လိုက်ရင်းလိုက်ရင်းနဲ့ ကျမတို့တွေ သဘာဝရဲ့ လွတ်လပ်ပေါ့ပါးခြင်းတွေနဲ့ ကင်းဝေးလာကြတယ်...။။

ဘယ်နေရာ မဆို အကောင်းဆိုတာကြီးဘဲ ရှိတာမဟုတ်ပါဘူး...အဆိုးကြီးဘဲလည်း မရှိပါဘူး..
ကောင်းတာရှိသလို....ဆိုးတဲ့အနေအထားလည်း ရှိတတ်ပါတယ်...ပေးလိုက်ရတာတွေ ၇ှိသလို
ယူခဲ့ရတာတွေလည်း ရှိပါတယ်...ကျမတို့ငယ်ငယ်တုန်းက စိတ်ကူးတောင်မယဉ်ခဲ့မိဘူးတဲ့
Aircon ခန်းထဲမှာ ကွန်ပြူ ခလုတ် တတောက်တောက် နဲ့ နိုင်ငံတကာက သူငယ်ချင်းတွေနဲ့
အုပ်စုဖွဲ ဂိမ်းဆော့တာမျိုး ကို အခုခေတ်ကလေးတွေ ဆော့နိုင်ကြတယ်...
ကျမတို့ ငယ်ငယ်တုန်းက အုပ်စုလိုက်စိန်ပြေးတန်း  ကစားရင်း အော်ဟစ်ပြေးလွှားကြတာမျိုး
အခုကလေးတွေ စိတ်ကူးတောင်ယဉ်ဖူးမယ်မထင်ပါဘူး....။။


အရင်က ဆိုရင် အလုပ်သွားရင်းဘဲဖြစ်စေ ..ခ၇ီးသွားရင်းနဲ့ ဖြစ်စေ  မိတ်ဆွေ ဖြစ်သွားကြတဲ့သူတွေရှိပါတယ်..
အလုပ်သွားတိုင်း ကားမှတ်တိုင်မှာ အလုပ်ချိန် တူလို့ ကားစီးဖို့ စောင့်နေတဲ့ သူအချင်းချင်းဆုံနေကြ
မျက်မှန်းတန်းမိလာရင်  ပြုံး ပြနှုတ်ဆက်ကြရင်းကနေ ခင်မင်ပြီး မိတ်ဆွေ သူငယ်ချင်းဖြစ်သွားတတ်ကြပါတယ်.. .. ခရီးသွားရင်လည်း ဘေးချင်းကပ်ထိုင်တဲ့သူနဲ့ စကားပြောဆိုကြရင်းနဲ့  အန်တီက ဘယ်က...သမီးက ဘယ်က .. မိတ်ဖွဲ့ကြရင်းနဲ့  ခင်မင် သွားတတ်
ကြပါတယ်...။။

အခု လို I တလုံး ဆောင်ကြတဲ့ ခေတ်မှာ  တော့ အလုပ်သွားဖို့ အိမ်က ထွက် ..ကားမှတ်တိုင် ရောက်
ရထားဘူတာရောက် ... အိတ်ထဲကဖုန်းကို ထုတ်... facebook ကြည့်မယ်..Twitterကြည့်မယ်.. New feed မှာ ဘာတွေတက်လည်း ကြည့်မယ်..ဘယ်သူ status တင်လည်း  ကြည့်မယ်.. ကိုယ့်status ဘယ်သူကောမက်လာရေး လည်း ကြည့်မယ်...Viber တို့  Line တို့ wechat တို့ကနေ ဘယ်သူ့ sms
ဝင်လည်း စစ်မယ်.. Reply ပြန်မယ်... အဲတာနဲ့ဘဲ ကိုယ်ဆင်းရမဲ့မှတ်တိုင်ရောက်  ..ကားပေါ်က ကမန်း
ကတန်းဆင်း...အလုပ်ခွင်ဝင်... အလုပ်ထဲမှာ  အား၇င် အားသလို လစ်ရင် လစ်သလို ဖုန်းကို တခါထုတ်ပြန်တယ်... ဟိုနေရာကြည့်မယ်..ဒီနေ၇ာကြည့်မယ်..ဟိုဟာေ၇းမယ်..ဒီဟာရေးမယ်..
ဘာမှ လုပ်စရာ မရှိတော့ဘူးလား..တခုကျန်ပါသေးတယ်...Crandy crush ဆော့တာပါ ... ။။

အဲတာနဲ့ဘဲ ထမင်းစားချိန်ေ၇ာက်  ...ဖုန်းကိုထုတ်ပြီး စားပွဲပေါ်တင် အင်တာနက် သုံးပြန်တယ်..
ညနေအလုပ်ဆင်းချိန်ရောက်... မနက်ကလိုဘဲ အလုပ်ကထွက် ကားမှတ်တိုင်လာ...ကားစောင့်ရင်းဖုန်းထုတ်ကြည့်ပြန်တယ်... ကားလာ  ..ကားပေါ်တက် ဖုန်းကတော့အကြည့် မပျက်.... အိမ်ရောက်
ကမန်းကတန်း ရေ ချိုး  ..ထမင်းစား ..ပြီးတာနဲ့ ကွန်ပြူတာ ရှေ့ သွား ..အင်တာနက် ကမ္ဘာ ထဲ
တခါပြန်စီးမျော ပြန်တယ်.... ..မျက်စိနှစ်လုံး ပိတ် မအိပ်ခင်အထိ အိပ်ယာထဲ ဖုန်းလေးတော့ခဏ
ဖြစ်ဖြစ် ထုတ်ကြည့်မိသေးတာ..ဘယ်သူတွေ ဘာပို့သေးလည်း..ဘာရေးသေးလည်းဆိုတာကိုပါ..။။

တဦးတယောက်ထဲ ကအဲလို နေထိုင်တာလား  ဆိုတော့မဟုတ်ပါဘူး... ကား မှတ်တိုင် ..ရထားဘူတာမှာ
လူတိုင်းကိုကြည့်လိုက်ပါ... လူတိုင်းဖုန်းတလုံးစီကိုင်ပြီး  ဘေးပတ်ဝန်းကျင်ကို ဘယ်သူမှ အာရုံ မရှိ
တော့ပါဘူး... အာရုံ စုစည်းမှု့ ကဖုန်းစီမှာပါ.... ကျမတို့တွေဟာ သဘာဝ ဘေးပတ်ဝန်းကျင်နဲ့
တဖြည်းဖြည်း ကင်းဝေးလာကြတယ်..   ကျမတိုရဲ့ ခံစားမှု့ အားလုံးကို   ဖုန်းစီပို့ထား သလို
ဖြစ်နေကြပါတယ်..လမ်းသွားရင်းနဲ့ ဘယ်နေရာ ဘာဆိုင် အသစ်ဖွင့်လည်း ..မသိတော့ပါဘူး..
ကားဖြတ်နေကြ တံတားလေးတောင် ဆေးသုတ်ထားပါလား ဆိုတာလည်း သတိမထားမိတော့ပါဘူး..
ကိုယ်လာတဲ့လမ်းတလျှောက် ဘာတွေ အပြောင်းအလဲရှိလည်းမကြည့်မိတော့ပါဘူး..
ကိုယ်သွားနေကျ အချိန် ဘယ်သူတွေနဲ့ ဆုံတတ်လည်း သတိမထားမိတော့ပါဘူး...  ။။

ဒီလိုပြောင်းလဲလာတာတွေဟာ  တိုးတက်လာတာလား...လူသားဆန်တဲ့ ခံစားမှု့တွေနဲ့ ကင်းဝေး
လာတာလား...သေချာ ဝေဖန်စမ်းစစ်ဖို့တော့လိုပါတယ်...ကျမရောက်နေတဲ့ နေရာမှာ အစိုးရ က
ပြည်သူတွေအားလုံးကို သတိပေးလှုံဆော်ပါတယ်... လူတိုင်း ဖုန်းကိုဘဲ ကြည့်ပြီး ခေါင်းတချိန်လုံး
ငုံနေတာကို ဆင်ခြင်ကြဖို့အတွက်ပါ ...။။ တိုးတက်မှု့ နောက်ကို လိုက်တယ်ဆိုတာ လက်ခံပေမဲ့
သဘာဝ အနေအထားနဲ့  တအားကြီး ဝေးကွာ သွားမှာ စိုးရိမ်တဲ့အတွက်ပါ.. ..။။

အခုလိုအနေအထားမှာလည်း  လူတိုင်းက ဖုန်းကိုသာအာရုံစိုက် ပြီး ဘေးပတ်ဝန်းကျင်ကို
အာရုံမထားကြတော့တာ ကြောက်စရာကောင်းတဲ့ အနေအထားတခုကို ရောက်နေပါတယ်..
လူကြီး လူလတ် လူငယ်... အားလုံးပါဘဲ..ရုံး မှာ ကြည့်မလား..ကားမှတ်တိုင်မှာ ကြည့်မလား..
ရထား ဘူတာမှာကြည့်မလား.. ကုန်တိုက်မှာ ကြည့်မလား... နေရာတိုင်းမှာ ပါဘဲ...။။

ကျန်းမာရေး ရူ့ထောင်ကြည့်ရင်လည်း ဒီလိုအနေအထားဟာ..လူသားတွေအတွက်  မကောင်းပါဘူး..
အင်တာနက် လွယ်လွယ်ကူကူ သုံးစွဲ နိုင်မှု့ ကြောင့်  နေရာအနှံအပြားက လူတွေနဲ့ မိတ်ဆွေ ဖြစ်နိုင်တယ်
ဆိုပေမဲ့...ကိုယ်တွေ့လိုက်တဲ့သူက  လူကောင်းလား...လူလိမ်လား  ဆိုတာ ရှိပါသေးတယ်...
မလိုလားအပ်တဲ့ လှုမှု့ရေးအရှုပ်အထွေးတွေ  ဖြစ်ပေါ်လာနိုင်ပါတယ်...။။

အဲဒီတော့ ကျမတို့ဟာ.. နည်းပညာတိုးတက်မှု့ကို ရရှိခံစားနေကြတာလား...သဘာဝပတ်ဝန်းကျင်နဲ့
ကင်းကွာလာကြတာလား.. ..ကျမတို့ရရှိလာတာနဲ့  ကျမတို့ ပြန်ပေးလိုက်ရတာနဲ့ ..တန်ဖိုးညီမျှရဲ့လား..
အသေအချာ စဉ်းစားကြဖို့တော့ လိုအပ်ပါတယ်... ဆင်ခြင်တုံတရားဆိုတဲ့ အသိစိတ်လေးနဲ့
ထိန်းသိမ်းတတ်ရင်တော့ အကောင်းဆုံးပေါ့ ...။။

Give and Take ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်... အယူကြီးဘဲ ရှိလို့မရပါဘူး.. ပြန်ပေးရတာတွေလည်း
ရှိပါတယ်....တခုကိုလိုချင်ရင် တခုကို ပေးလိုက်ရတာကတော့ ဓမ္မာတာပါဘဲ.. ဒါပေမဲ့လည်း
ပေးတာနဲ့ယူတာ မျှဖို့တော့ လိုအပ်ပါတယ်.... ဘယ်နေရာမဆို ကန့် သတ်ချက်တခု ထားပြီး ဆင်ခြင်တတ်ကြပါစေလို့  ...ဆန္ဒပြု လိုက်ပါရစေ....။။။။။။။။ ။။။။။။

ပစ်ပစ်
Am  3:10
26.6.2014


07 June 2014

နှုတ်ခမ်းဆိုးခြင်းအနုပညာ

Posted by blackroze at Saturday, June 07, 2014 2 comments
မျက်နှာ အလှပြင်ခြင်းရဲ့ အဆုံးသတ်က နှုတ်ခမ်းဆိုးခြင်းလို့ ထင်ပါတယ်... ဘယ်လောက်ဘဲ နုညက်အောင် ပြင်ထားတဲ့မျက်နှာလေး ဖြစ်နေပါစေ..နှုတ်ခမ်း မဆိုးဘဲထားလိုက် ရင်
သို့မဟုတ်  ကိုယ်နဲ့ မလိုက်တဲ့ အေ၇ာင်ကြီး ဆိုးလိုက်မိရင်  ...ပြင်ထားသမျှ
အလကားပါဘဲ...မျက်နှာကသက်သက်  နှုတ်ခမ်းက သက်သက်  ဖြစ်နေသလိုပေါ့..။။

အလှပြင်ပြီးတိုင်းတော့ နှုတ်ခမ်းနီဆိုးကြတာပါဘဲ...ဒါပေမဲ့ ကိုယ့်နှုတ်ခမ်းနဲ့  လိုက်ဖက်တဲ့
အရောင်  ကိုယ်ဝတ်မဲ့အဝတ်စားနဲ့ လိုက်ဖက်တဲ့အရောင်  ရွေးတတ်ဖို့လိုပါတယ်..
နောက်တခုက ကိုယ်က ညပွဲသွားမှာလား..နေ့ခင်းဘက် မင်္ဂလာဆွမ်းကျွေး သွားမှာလား
မနက်ခင်း အိမ်တက်အလှုသွားမှာလား  .. သွားမဲ့နေရာ ဒေသကို လိုက်ပြီး ပြင်ဆင်တတ်ဖို့လည်း
လိုပါသေးတယ်.. ။။

သွားရမှာက ဘုန်းကြီးကျောင်းမင်္ဂလာဆွမ်းကျွေး.. ဝတ်သွားတာကအနီရောင် အမည်းရောင် ..ချုပ်ထားတဲ့
ပုံစံက အတွန့်တွေ အဖောင်းတွေ  ဟိုနား အပေါက် ဖေါက်  ဒီနားအပေါက် ဖေါက်ထားတဲ့ အကျီ လုံခြည်က ဘေးကခွဲရင်ခွဲ  ..မခွဲရင် နောက်ကခွဲ ပေါင်လောက်ထိ ခွဲထားတဲ့ စကပ်လုံခြည်လိုမျိုး
ဒါမျိုးအပြင်အဆင်ကတော့  ..နေရာဒေသနဲ့ အပြင်အဆင်
မလိုက်ဖက်ပါဘူး...မြင်လိုက်မိတဲ့သူ အဖို့  တွေ့ပြီးပူလောင်သွားသလို
ဖြစ်သွားပါလိမ့်မယ်... မနက်ခင်းဘက်ဆို အရောင်နုလေး တွေ သို့မဟုတ် ခပ်ပါးပါး ပြင်ဆင်
တာမျိုး က ပိုသင့်တော်မယ် ထင်ပါတယ်... အဓိက ကတော့ ကိုယ်ဝတ်တဲ့အရောင်နဲ့  လိုက်ဖက်တဲ့
ကာလာမျိုး ရွေးချယ်ပြင်ဆင် တာအကောင်းဆုံးပါ...အကျီ ပုံစံကိုလည်း ကိုယ်သွားတဲ့ နေရာကို
လိုက်ပြီး ပုံစံရွေးချယ်သင့်ပါတယ်... ။။

အသားဖြူတဲ့ သူတွေအဖို့ကတော့ သိပ်စိတ်ပူစရာမလိုပါဘူး.. ကိုယ်က အသားဖြူတဲ့ သူဆို ဘယ်အရောင်မဆို လိုက်တယ်... အဲလို အသားဖြူတဲ့ သူမျိုး ဆို ရင် အရောင်ဖျော့လေးတွေ ဆိုလည်း လှပါတယ်.. အနီခပ်ရင့်ရင့်လိုမျိုး လည်း အဆင်ပြေပါတယ်..  မျက်နှာကို ခပ် ပါးပါးလေး ပြင်ပြီး
အနီအရင့်လေး အထက်အောက်ဆိုရင်လည်း  အသားဖြူတဲ့အတွက်  ထင်းခနဲ  ပေါ်ပြီး  လှနေမှာ
အသေအချာပါဘဲ ....။။

ကိုယ်က အသားညိုတဲ့သူဆိုရင်တော့  အေ၇ာင်ကိုသေချာရွေးစေချင်ပါတယ်..  မိန်းကလေးတယောက်ရဲ့ အလှကို အဝတ်အစားက ထိန်းသွားပေးတတ်ပါတယ်... အသားကလည်းညိုတယ်.. ဝတ်ထားတာကလည်း
နက်ပြာရောင် နီညိုရောင်   ကျောက်စိမ်းရောင်လိုမျိုး ....ဝတ်တဲ့ အဝတ်အစားကို လိုက်ပြီး မျက်နှာကိုလည်း
ပြင်ဆင်ရတာ ဖြစ်လို့  အရောင်ရင့်ဝတ်ရင်  မျက်နှာလည်း ကာလာတောက်အောင် လိုက်ပြင်ရပါတယ်။။
အဲဒီတော့ တကိုယ်လုံးတောက်ပလွန်းနေရင်လည်း  သူများ မျက်စိစူးစရာ ဖြစ်ပါလေရော..
နောက်တခုက ရာသီဥတု အနေအထား.. အပူပိုင်းဒေသဆိုရင် နေကလည်းပူ
ဝတ်ထားကလည်း အနီရဲ.. အသားကလည်းမည်း ..နှုတ်ခမ်းဆိုးထားတာကလည်း  ရဲရဲတောက်ဆိုရင်တော့
မြင်သူတကာအဖို့ ရင်ပူစရာကိုဖြစ်သွားမှာ အသေအချာ ပါဘဲ....
နေပူတော့ ချွေးကလည်းထွက်  ..မိတ်ကပ်ကလည်း ချွေးသုတ်ရင်းနဲ့ ကွက်.. အဲတာဆိုရင်တော့ မြင်လိုက်သူ အဖို့ နောက်တခေါက် ထပ်ကြည့်ချင်မှာ  မဟုတ်တော့ပါဘူး...။။

အစိမ်းဖျော့ .. ဒေါနစိမ်း... အဝါနု... နံသာရောင် ... အဲလိုအရောင်လိုမျိုးလေး ကို ချပ်ချပ် ရပ်ရပ်လေးဝတ်ပြီး
မျက်နှာလေး မိတ်ကပ်ခပ်ပါးပါးလေးပြင်  နှုတ်ခမ်း ကိုလည်း နှုတ်ခမ်းသား အရောင်နဲ့
သိပ်မကွာတဲ့  ပန်းနု အဖျော့လေး လို ဆိုးပြီး  ဆံပင်ကို နောက်တွဲလေး  ထုံးတာဘဲဖြစ်ဖြစ်
ဆံပင် ခပ်မြင့်မြင့် လေး စည်းထားတာဘဲ  ဖြစ်ဖြစ်  ..
အဲလိုအပြင် အဆင်မျိုး ဆို မြင်သူတကာ မျက်စိအေးစေမယ်လို့ ထင်ပါတယ်...
အသားညို တဲ့သူ ဖြစ်စေဦးတော့  ကိုယ့်ရဲ့ အသားရောင်ပေါ်မှာ အရောင်နုလေးက အုပ်လိုက်သလိုဖြစ်သွားတော့  မြင်လိုက်သူအဖို့ စူးစူးရှရှ ဖြစ်မနေဘဲ အဆင်ပြေပြေ ဖြစ်နေပါလိမ့်မယ်..။။


Dinner လို ညပွဲသွားရ မှာ မျိုး ကတော့ ပြသနာသိပ်မရှိလှပါဘူး..လွတ်လွတ် လပ်လပ် ပေါ့ပေါ့ပါးပါး
စတိုင်မျိုးလေး နဲ့ လိုက်ဖက်မဲ့အပြင်အဆင် မျိုးလေး ဆိုရင် ရပါပြီ..
ညပွဲတွေကတော့ အရောင် တောက်တောက်လေးတွေ ပြင်ကြတာများပါတယ်..မီးရောင်အောက်မှာ
အရောင် ဖျော့တာတွေက မပေါ် ဘဲ ဖြစ်သွားတတ်လို့ပါ.. အရောင်ရင့်တာလေးက မှ ထင်းခနဲ
ပေါ်တယ်..ညပွဲဆိုရင်တော့ အသားမည်းတဲ့သူ ညို တဲ့သူတွေလည်း ကိစ္စမရှိပါဘူး..
မီးရောင် အကူအညီ နဲ့ ဖြူ သွားမှာပါ....အရောင် ရင့်ဘဲဝတ်ဝတ် အရောင်ရဲရဲ နှုတ်ခမ်းနီဘဲဆိုးဆိုး
ပေါင်အထိ ခွဲထားတဲ့ စကပ်ဘဲ ဝတ်ဝတ် .. လွတ်လပ်စွာ ပြင်ဆင်နိုင်ပါတယ်..
လာကြတဲ့သူ အများစုကလည်း ပေါ်လွင်အောင် ပြင်လာဆင်လာကြမှာပါဘဲ..
ဒါကြောင့် ညပွဲ သွားဖို့ ပြင်ဆင်မယ်ဆို အားလုံးထဲမှာ ထင်းခနဲ ဖြစ်နေတာမျိုး ပြင်ဆင်သင့်ပါတယ် ..
အဲဒီတော့ dinner  ဆိုရင်တော့ ဘာမှ စဉ်းစားမနေပါနဲ့တော့ နှုတ်ခမ်းနီ
အရောင် ရင့်ရင့်လေး သာဆိုးလိုက်ပါတော့ ...  အဝတ်အစားကိုလည်း သိပ်ပြီးအမြင်ရိုင်းတဲ့ ဝတ်စားဆင်ယင်မှု့ မဟုတ်ဘဲ  ဖေါ်သင့်တဲ့နေရာလေးတော့ ဖေါ်
 ဖုံးသင့်တဲ့နေရာလေး ဖုံးပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု့ အပြည့်နဲ့
 ခန်းမထဲ လျှောက်ဝင်သွားလိုက်ပါ....။။။

အသားဖြူတဲ့သူက အဝတ်အစားဘဲဖြစ်ဖြစ်  နှုတ်ခမ်းနီဘဲဖြစ်ဖြစ်  သိပ်ပြီး စဉ်းစားဖို့ မလိုပေမဲ့
ညိုတဲ့သူ  မည်းတဲ့သူ တွေကျတော့ တော်တော်ရွေးရပါတယ်.. ကျမအမြင်မှာတော့  အသားမည်းတဲ့သူ
တွေက နှုတ်ခမ်းနီကို ကိုယ့်နှုတ်ခမ်းအရောင်နဲ့ သိပ်မကွာမျိုး  ဆိုးသင့်လို့ ထင်ပါတယ်..
နဂိုမည်းနေတာကြီးကို ဖျောက်လို့ မရပါဘူး... အဲဒီမည်းနေတာကြီးကိုထပ်ပြီး အရောင်တင်ပေး
သလိုဖြစ်မသွားစေဖို့ ပြင်ဆင်သင့်ပါတယ်.. ။။


 နောက်တခုက  တချို့ သောနှုတ်ခမ်းနီတွေက နှုတ်ခမ်းတခါဆိုးထားလိုက်ရင်
တနေကုန်မပျက်စေရဘူး.. နှုတ်ခမ်းသားမှာစွဲနေတာဘဲ..ဆိုတာမျိုး  ..ကျမကတော့ အဲလိုမျိုး တွေ
မကြိုက်ပါဘူး..ဘယ်အရာမဆို သဘာဝနဲ့ သိပ်ဆန့်ကျင်ရင် မကောင်းပါဘူး..နှုတ်ခမ်းဆိုးထားတယ်
စားစရာ စားလိုက်လို့ အရောင် နဲနဲ ပျက်သွားလည်းထပ်ဆိုးလို့ ရပါတယ်..နှုတ်ခမ်းနီတောင့်လေး ထုတ်ပြီး
တချက်နှစ်ချက်လောက် ဆိုးလိုက်ဖို့  အချိန် ဘယ်လောက်မှ မပေးရဘူး.. နှုတ်ခမ်းမှာ တနေကုန်အရောင် မပျက်ဘဲ စွဲနေအောင် ဒီနှုတ်ခမ်းနီ တောင့် ထဲမှာ ဓါတု ပစ္စည်းတွေ ပါဝင်ပါလိမ့်မယ်..
အဲလို သဘာဝမဟုတ်တဲ့ အရာတွေက တချိန်မှာ နှုတ်ခမ်းကို ဒုက္ခ မပေးဘူးပြောနိုင်မလား...
နှုတ်ခမ်းဆိုတာ ခန္ဓာကိုယ်ရဲ့ တခါးပေါက် တခုလိုပါဘဲ.. ထမင်းစားမယ်..မုန့်စားမယ်.. ရေသောက်မယ်..ဒီလို မျိုး အရောင်စွဲနေအောင်  ထည့်သွင်းထားတဲ့
တချို့ သော ဓါတုပစ္စည်းတွေက နှုတ်ခမ်းကတဆင့် ဝမ်းဗိုက်ထဲရောက်ပြီး  ခန္ဓာကိုယ် အစိတ်အပိုင်း
တွေကို ဒုက္ခ မပေးဘူးပြောနိုင်မလား... အဲဒီတော့ သဘာဝ ကိုမလွန်ဆန်ဘဲ ဖန်တီးထုတ်လုပ်ထားတာ
မျိုး ဘဲသုံးစွဲ သင့်တယ်ထင်ပါတယ်..။။

ကျမကတော့  သိပ်ပြီး စိုလွန်းတဲ့ gloss လိုမျိုး ကိုမကြိုက်ပါဘူး..ရိုးရိုး lipstick  လိုမျိုး ကိုပိုနှစ်သက်ပါတယ်
သယ်ဆောင်ရတာလည်း လွယ်သလို သိမ်းဆည်းရတာလည်း အဆင်ပြေပါတယ်..gloss က နှုတ်ခမ်းလှလှ
လေးတွေ မှာဆိုးထားလိုက်ရင် သိပ်လှပေမဲ့  နှုတ်ခမ်းပုံစံသိပ်မလှတာ မျိုး မှာ ဆိုးထားရင် စိုစိုရွဲရွဲ ကြီးနဲ့
စိတ်ထဲမလှဘူးထင်လို့ပါ... တံဆိပ်နဲ့အမျိုး အစားကတော့ ကိုယ်သုံးနေကျတံဆိပ်လေးထဲကဘဲ
ရွေး ဝယ်တာကောင်းပါတယ်...နာမည်ကြီး အမျိုးအစားမှ ကောင်းတာ မဟုတ်ပါဘူး...
တန်းဖိုးအသင့်အတင့်ထဲကလည်း သုံးစွဲ လို့အဆင်ပြေတာတွေ အများကြီးရှိပါတယ်.. ..
အဓိက တော့ ပစ္စည်းတခု ဆိုတာ နာမည်ကြီး  တာ တန်ဖိုးကြီးတာ  အရမ်းလှတာ  ဖြစ်ဖို့ထက်
ကိုယ်အဆင်ပြေပြေ သုံးစွဲလို့ ရဖို့ ကပိုအရေး ကြီးပါတယ်...
သူများ ညွန်းတာ လိုက်မဝယ်ပါနဲ့...ကိုယ်နဲ့ အဆင်ပြေမယ်ထင်တာဘဲ  ရွေးချယ်ပါ...။။


 နှုတ်ခမ်းအလှ ဆိုတာ စိုစိုပြေပြေ လေးလှနေတာ အကောင်းဆုံးပါဘဲ...
မိန်းကလေး တယောက်ရဲ့  ဆွဲဆောင်မှု့ ရှိတဲ့ အလှတွေ ထဲမှာ စိုပြေနီထွေးနေတဲ့ နှုတ်ခမ်းလေး
တစုံလည်း  အပါအဝင်ပါ...။။

( အားလုံးသော မိန်းကလေးတွေ လှပတဲ့ နှုတ်ခမ်းလေးမျိုး ကို ဖန်တီးပြင်ဆင်နိုင်ကြပါစေရှင်..)

ပစ်ပစ်
Pm  9:27
7.6.2014



16 May 2014

နီနီမ

Posted by blackroze at Friday, May 16, 2014 4 comments


နီနီမ ဆိုတာ ကျမသူငယ်ချင်းတယောက်ဆိုပါတော့... ကျမ ၇တန်း နဲ့ ၈ တန်းနှစ် မှာမှ စပြီးသတိထားမိခဲ့တဲ့သူငယ်ချင်းတယောက်ပါ...အရင်ကထဲက ကျမနဲ့ တကျောင်းထဲပေမဲ့
သူ့အကြောင်းလည်း သိပ်မသိသလို ..အခင်မင် လည်းမရှိပါဘူး..။။

 နီနီမ ပုံစံက ပုံမှန်ကျောင်းသူတယောက်နဲ့ မတူပါဘူး..
ပြောရမယ်ဆိုရင် ညာဏ်ရည် မပြည့်တဲ့ သူပုံစံဆိုပါတော့ ..သူစာရေးရင် ရေးရင်းနဲ့ ခေါင်းကပါ
တဖြည်းဖြည်းနဲ့ စောင်းလိုက်သွားတတ်တာမျိုး ..တခုခုကိုကြည့်နေရင်လည်း သဲသဲမဲမဲ စူးစိုက်
မျက်မှောင်ကုတ်ပြီးကြည့်နေတာမျိုး ..အဲလိုပုံစံဆိုပါတော့...တခါတလေ ကျူ  ရှင်လာရင် လည်း ဖိနပ်က အနီတဘက် အပြာတဘက်လို မျိုး မှားစီးလာသေးတာပါ ... သူမှားစီးလာမှန်းလည်း သူသိပါတယ်..
နီနီမ က လပတ်စာမေးပွဲ ဆို ကျတတ်ပါတယ်..ဒါပေမဲ့ အတန်းတင်စာမေးပွဲတော့ အောင်ပါတယ်..
ဆရာမတွေရဲ့  ဂရုဏာ ကြောင့်လည်း ပါမှာပါ.. ညာဏ်ရည်နိမ့်ပါးတဲ့ကလေးကို သက်ညှာ  ဖေးမ
ပေးတဲ့သဘောနေမှာပါ....။။။

အဲဒီအရွယ်တုန်းကတော့ ငယ်သေးတော့ ညဏ်ရည်မမှီတဲ့ ကလေးပုံစံတို့   ..
 မွေးရာပါ ချို့ယွင်းချက် ရှိတာမျိုး တို့ကို သိပ်နားမလည်ပါဘူး.. အခန်းထဲက သူငယ်ချင်းတွေ အားလုံးက တညီတညွတ်တည်း  နီနီမ ဦးနှောက်သိပ်မကောင်းဘူးလို့  သတ်မှတ်ကြပါတယ်...
အဲတော့လည်း နီနီမ ကို သိပ်ပြီး  အခေါ်အပြော မလုပ်ကြပါဘူး..
နီနီမ က အဲလိုပုံစံဆိုတော့ သူ့အနားလည်း ဘယ်သူမှ
မထိုင်ချင်ကြပါဘူး.. စာရေးရင်လည်း နီနီမ က ဆရာမခေါ်တာကို ဘယ်တော့မှ မှီအောင် လိုက်မရေး
နိုင်ပါဘူး..သူမမှီမှန်း သိပေမဲ့ ဘယ်သူကမှလည်း အရေးတယူမရှိကြပါဘူး..။။

နီနီမ စာအုပ်မှာဆို အမြဲကွက်လပ်တွေကြီးပါဘဲ...သူမမှီတဲ့ စာပိုဒ်ကို ကွက်လပ်နေရာချန်ထား
လိုက်တာပေါ့..သူမှီတဲ့နေရာ ဆက်လိုက်ရေးပေါ့.. အဲဒီကွက်လပ်တွေကိုလည်း ဘယ်သူကပြန်ဖြည့်
ရေးပေးမှန်းလည်း ကျမတို့သတိမထား မိကြပါဘူး.. နီနီမ က စာအုပ်တော့ အမြဲငှားတတ်ပါတယ်..
ဆရာမ က သူမမှီမှန်းသိတော့ အိမ်ရောက်ရင် စာပြန်ကူးလို့ရအောင် အခန်းထဲက တယောက်ယောက်
ဆီက စာအုပ်ယူပေးလိုက်တတ်ပါတယ်.နီနီမ ကစာကူးပြီးရင်နောက်နေ့ စာအုပ်ပြန်ပေးပေါ့...
အဲလိုနဲ့ဘဲဖြတ်သန်းလာကြတာ..မှတ်မှတ်ရပြောရရင်  နီနီမ star ဖြစ်သွားတာက ရတန်းနှစ်မှာပေါ့ ..
၇ တန်း စာမေးပွဲ ဖြေခါနီးမှာ ..နီနီမ တယောက်ဖျားပါတယ်...တိုက်ဖွိုက်လား   ငှက်ဖျားလား
  သေချာတော့ မမှတ်မိတော့ပါဘူး..
ဆေးရုံတွေ ဘာတွေတောင် တက်ရတယ်ထင်ပါတယ်...
အတန်းပိုင်ဆရာမနဲ့ တခြား ဆရာမ တချို့ က သတင်းသွားမေးကြပါတယ်...။။

ဇာတ်လမ်းက အဲဒီမှာစတော့တာပါဘဲ....နီနီမ ကိုသတင်းသွားမေးတဲ့ ဆရာမတွေက ပြန်လာကြ
တော့ တအံတသြတွေ ဖြစ်လို့ ....အကြောင်းရင်းကတော့ နီနီမ ကသာ အခုလို ပုံစံမမှန်တာ...
သူ့မိသားစု ကျတော့ မောင်နှမတွေ အကုန်က ပညာတတ်တွေ ..မိဘတွေ ကလည်း မင်္ဂလာဈေး မှာ
ဆိုင်ဖွင့်တဲ့ ဆိုင်ပိုင်ရှင် သူဌေးတွေ... နီနီမ က မောင်နှမ 5 ယောက်ရှိပြီး...
အမအကြီးဆုံးက နိုင်ငံခြားမှာ ဆရာဝန်... အမလတ်ကလည်း နိုင်ငံခြား ကိုလိုက်သွားတာ မကြာ
သေးဘူး.. နီနီမရဲ့ နံပါတ်သုံး အကိုက ဆေးကျောင်းတက်နေတာ...နံပါတ်လေးနို့ညှာ အကိုက
မြို့ထဲက စိန်ပေါလ်ကျောင်းမှာ 9 တန်းတက်နေတာ...ဆိုပြီး သတင်းစုံသိလာလို့ပါဘဲ ...။။

နီနီမ က အခုလိုပုံစံဖြစ်နေတော့ သူ့မိဘတွေက
မြို့ထဲကျောင်းမှာထားရင် အဆင်မပြေလောက်ဘူးဆိုတာ သိလို့အိမ်နဲ့ နီးတဲ့  ရပ်ကွက်ကျောင်းမှာဘဲထားတာတဲ့... နီနီမ ရဲ့ နံပါတ်နှစ်အမ နိုင်ငံခြား မသွားခင်ကတော့
နီနီမ ကိစ္စတွေအကုန်ကို အဲဒီအမကဘဲ အကုန် လိုက်လုပ်ပေးတာတဲ့... စာတွေကူးပေးတာက အစ
အဝတ်အစားဆင်ပေးတာရော..ကျောင်းလိုက်ပို့တာရော..အဲဒီအမက နီနီမ ကို အရမ်းချစ်တာတဲ့..
ကျမတို့ ကတော့နီနီမ ကို ဂရုမထားမိတဲ့သူဆိုတော့ ဘယ်သူနဲ့ကျောင်းလာမှန်းလည်း မသိပါဘူး
သတိလည်း မထားမိပါဘူး.. သူ့ဘာသာနေ ကိုယ့်ဘာသာနေ ပါဘဲ...
အခု သူနေမကောင်းဖြစ်မှဘဲ သူ့အိမ်သတင်းသွားမေးကြရင်း အကြောင်းစုံသိတော့တာပါ...
ကြည့်ရတာ နီနီမ ကိုချစ်တဲ့ အမ နိုင်ငံခြားထွက်သွားတော့ နီနီမ ခမျာ လည်း ဖိနပ် အနီတဘက်
အပြာတဘက်တွေ ဖြစ်ကုန်တယ်ထင်ပါရဲ့ .....။။

ဒါပေမဲ့ နီနီမ ဖျားလိုက်တာ ကံကောင်းပါတယ်..ဘာလို့လည်းဆိုတော့ ဆရာမတွေ သတင်းမေးလို့
အခုလိုမျိုး အကြောင်းစုံသိလိုက်ရတော့ အားလုံးက နီနီမ ရဲ့ အိမ်ကို စိတ်ဝင်စားသွားကြပါတယ်..
အစက သူ့အိမ်ဘယ်နားမှန်းတောင် မသိကြပါဘူး.. အခုဆို တဆင့်စကားတွေကြားပြီး  နီနီမဖျားနေတာကို
သတင်းသွားမေးလိုက်ကြတာ တခန်းလုံးလိုလိုပါဘဲ  ...။။

ဒီကြားထဲ နီနီမ ပိုပြီး ကံကောင်းသွားစေတဲ့ အကြောင်းရင်းကတော့  အခန်းထဲက သူငယ်ချင်းတွေ
လူနာသတင်း မေးကြရင်းနဲ့ နီနီမ ရဲ့ ဆေးကျောင်းတက်နေတယ်ဆိုတဲ့  အကိုနဲ့  စိန်ပေါလ်ကျောင်းမှာ
9 တန်းတက်နေတယ်ဆိုတဲ့  အကို  ကို တွေ့ ခဲ့ကြလို့ပါဘဲ...အားလုံးက ပြောကြတယ်...
သူတို့ နှစ်ယောက်သိပ်ချောတယ်ဆိုဘဲ.... ဆေးကျောင်းတက်နေတဲ့ အကိုက ပိုသဘောကောင်းတဲ့
ပုံစံရှိတယ်လို့ ပြောကြတယ်.. အမှန်ကတော့ သူ့ညီမ သူငယ်ချင်းတွေ လူနာလာမေးတယ်ဆိုတော့
ဖော်ဖော်ရွေရွေ ဆက်ဆံတာနေမှာပါ..ဒါပေမဲ့ ၇တန်းဆိုတဲ့ အရွယ်ကလည်း  သစ်ရွက်လှုပ်တာတောင်
ရယ်ချင်တဲ့ အရွယ်ဆိုတော့ အားလုံးက ရင်တွေဝုန်းဒိုင်း ခုန်သွားကြတယ်ဆိုရမှာပေါ့....။။


နီနီမ လည်းကျောင်း ပြန်တက်ရော နီနီမ ဘေးနားထိုင်ချင်တဲ့သူတွေကြီးပါဘဲ..အကြောင်းပြချက်ကတော့
နီနီမ က နာလန်ထစ ဆိုတော့ သနားလို့ စာတွေဘာတွေ မမှီ မှာဆိုးလို့ ဝိုင်းရေးပေးလို့ရအောင်ပေါ့ ..
စာမေးပွဲကလည်း နီးနေပြီဆိုတော့ စာတွေမစုံမှာ ဆိုးလို့ပေါ့...ဒါပေမဲ့ ခက်တာက တခန်းလုံးက မိန်းကလေး တွေက နီနီမ အနားထိုင်ချင်နေတာဆိုတော့ အတန်းပိုင် ဆရာမတောင် စိတ်ညစ်သွားရတဲ့အထိပါဘဲ .. သချာင်္ II သင်တဲ့ ဆရာမလေးဆိုရင် နီနီမ ကို သချာင်္II ကို
အိမ်ကိုတောင် တပါတ်နှစ်ရက် ခေါ်သင်ပေးပါတယ်... နီနီမ တို့ ကံကောင်းချင်တော့လည်း  နတ်ရေကန်
ထဲ ပြစ်ချ ခံလိုက်ရသလိုပါဘဲ... ခေါ်မဲ့ပြောမဲ့သူတွေ ဝိုင်းဝိုင်းလည် ထွက်သွားပါတယ်...။။

နီနီမ ဖျားတုန်းကတော့ လူနာသတင်းမေးပေါ့... နီနီမ နေကောင်းလာတော့  စာအတူကျက်ဖို့
သွားတာတို့..ကျူ  ရှင်အသွားဝင်ခေါ် တာတို့ ကျူ ရှင် ပြန် မိုးချူ ပ် မှောင်လို့ အိမ်အထိ အဖေါ်လိုက်ပြန်
ပေးတာတို့ လုပ်ကြပါတယ်...  နီနီမ အိမ်ကလည်း အခုလို နီနီမ ကို ဝိုင်းကူညီပြီးဂရုစိုက်ပေးတော့
သူတို့လည်း စိတ်ပူရသက်သာတော့  လာသမျှ သူငယ်ချင်းကို ဖော်ဖော်ရွှေရွှေ ဧည့်ခံပါတယ်..
ထမင်းစားချိန် ထမင်းစားပြီးမှ ပြန်ခိုင်းတယ်...ညနေဆို မုန့် ဝယ်ကျွေးတယ်...
အဲလိုနဲ့ဘဲ နီနီမ အိမ်လည်း အကိုနှစ်ယောက်ကြောင့် ဝင်လာမစဲ တဖွဲဖွဲ ဆိုသလို
အခန်းထဲက သူငယ်ချင်းတွေ နဲ့ ပြည့်နေတော့တာပါဘဲ...အဲလိုနဲ့ဘဲ ..ဖြတ်သန်းလာလိုက်တာ
၇တန်းစာမေးပွဲ လည်းပြီးသွားပါတယ်... ၈တန်းတက်တော့လည်း နီနီမ အနားသူငယ်ချင်း မပြတ်ပါဘူး..
တခုတော့ ကောင်းသွားပါတယ်...သူငယ်ချင်းတွေနဲ့ အတူနေရတော့ နီနီမ ပုံစံက တယောက်ထဲ
ကြောင်တောင်တောင် ပုံစံတော့ ဖြစ်မနေ တော့ ဘူးပေါ့ ..သူငယ်ချင်းတယောက် မဟုတ် တယောက်
ရှိနေ တော့ သူလည်း အဖော်ရသွားတာပေါ့....

ကျမတို့ 9တန်း တက် တော့လည်း ဒီလိုပုံစံပါဘဲ..နောက်တော့ 10 တန်း ရောက်တော့ ...
နီနီမ တို့အိမ်ပြောင်းသွားကြပါတယ်...အဲဒီအချိန်တုန်းက လုံးချင်း အိမ်ယာတွေစပြီးခေတ်စား
လာတဲ့ အချိန်ထင်ပါတယ်..နီနီမ တို့လည်း လုံးချင်းအိမ်ယာဝင်းတခုကို ပြောင်းသွားတာပါ..။။

ကျမ ၁၀ တန်းအောင်ပြီးတဲ့နောက်ပိုင်း မှာ အထက်တန်းတုန်းက သူငယ်ချင်းတွေနဲ့ အကုန်ကွဲ ကုန်ပါတယ်... နီနီမ အောင်လား ကျလားလည်း
မသိတော့ ပါဘူး...ကျမက နီနီမ နဲ့ 9တန်းနှစ်မှာ အခန်းမတူတော့ပါဘူး..အဲဒီတော့လည်း
သူ့အကြောင်း သိပ်အဆက်စပ်မရှိတော့ပါဘူး.. အိမ်ပြောင်းသွားတော့ ပိုပြီးတောင် အဆက်ပြတ်သွားပါတယ်...သူ့အကိုတွေ နဲ့ သူငယ်ချင်းတွေထဲက ဘယ်သူ နဲ့ကြိုက်သွားတယ်  ဆိုတဲ့ သတင်းလည်း မကြားမိပါဘူး... ။။

အခုဆို နီနီမ တယောက် ဘာလုပ်နေမှန်းလည်း မသိတော့ပါဘူး..
ဘွဲ့တွေ ဘာတွေရပြီလား.. 10တန်းရော အောင်ရဲ့ လား..သေချာမသိတော့ပါဘူး..
အခုလို ကျောင်းတွေ ဖွင့်တဲ့ မိုးရာသီ ရောက်ရင် အဖြူအစိမ်း ဝတ်ပြီးကျောင်းတက်ခဲ့ရတဲ့
ကျောင်းသူ ဘဝကို အရမ်းပြန်သတိရမိတတ်ပါတယ်...ငယ်ကသူငယ်ချင်းတွေကို သတိရမိတတ်ပါတယ်..
အထက်တန်းကျောင်းတက်တုန်းက သူငယ်ချင်းလေးတွေကို မျက်စိထဲမြင်ယောင်မိတတ်ပါတယ်..
ပြန်မရနိုင်တော့တဲ့  ဘဝအစိတ်အပိုင်းတခုဆိုပါတော့... အဖြူအစိမ်းလေးဝတ်ထားပြီး
လွယ်အိတ်လေးကိုယ်စီနဲ့ ပုံစံတွေ မြင်လိုက်ရတိုင်း..
အပူအပင်ကင်းတဲ့....ငယ်ဘဝလေးပြန်သတိ ရမိနေတုန်းဘဲ....။။။။

ပစ်ပစ်
Pm 4:51
16.5.2014


( ကျမ ကျောင်းသူဘဝတုန်းက တွေ့ခဲ့သိခဲ့တဲ့ သူငယ်ချင်းတယောက်ကို အမှတ်ရစိတ်နဲ့
ရေးထားတာပါ..သူ့နာမည်တော့ ပြောင်းထားပါတယ်...)



06 May 2014

ခပ်ရိုးရိုးအချစ်ဇာတ်လမ်းတပုဒ်

Posted by blackroze at Tuesday, May 06, 2014 6 comments
ကျမတို့နှစ်ယောက်ရဲ့ အချစ်ကဘာမှတော့သိပ်မထူးဆန်းပါဘူး..ခပ်ရိုးရိုး အချစ်ဇာတ်လမ်းတပုဒ်ပါဘဲ....။။

ကျမတို့မြို့လေးမှာ သူ့ ရဲ့သူငယ်ချင်းတယောက်ရှိပါတယ်...တိတိကျကျ ပြောရရင်တော့ ကျမနေတဲ့ မြို့လေးမှာ  သူ့ရဲ့သူငယ်ချင်းကတာဝန်ကျတယ်ဆိုပါတော့ ...သူ့သူငယ်ချင်းစီသူလာလည်တယ် ..ကျမနဲ့ အမှတ်မထင်တွေ့ဆုံပြီး ကျမနဲ့ သူ ချစ်သူတွေ
ဖြစ်ခဲ့ကြတယ်...။။

ကျမက သူ့ကို မောင်လို့ ခေါ်ပြီး ကျမကိုသူက နာမည်အဖျားလေးစွတ်ပြီး  ညို လို့ခေါ်ပါတယ်...
သာမန်ဝန်ထမ်း အသိုင်းအဝိုင်းက မောင်နဲ့ဆီစက်ပိုင်ရှင်ဆိုပြီး  မြို့မျက်နှာဖုံးစာရင်းဝင်တဲ့ မိသားစုအသိုင်းအဝိုင်း က ကျမ.... ဒီ အချစ်ဇာတ်လမ်း စစချင်းမှာ  ကျမရဲ့ သူငယ်ချင်း တချို့ က ဗီလိန်လုပ်ပြီး ဝိုင်းတားခဲ့ကြပါသေးတယ်...
ခေါင်းမာတတ်တဲ့ ကျမ ကတော့ အရာအားလုံးကို ကျော်ဖြတ်လို့ မောင့်လက်ကို ရဲရဲ တွဲခဲ့တယ်... ။။
ကျမ တွဲခဲ့တဲ့ လက်ကို ဘယ်တော့မှ မဖြုတ်ဘူးလို့လည်း ကျမ ဆုံးဖြတ်ခဲ့တယ်... ။။

ကျမနဲ့ မောင် နဲ့ တွေ့ခွင့်ရတဲ့ ရက်တွေက ချစ်သူသက်တမ်းမှာ နည်းလွန်းပါတယ်.. မောင်က ဝန်ထမ်း
ဆိုတော့ သူတာဝန်ကျတဲ့ မြို့ ကနေ ကျမစီတကူးတက လာတွေ့ရတာပါ .. မောင် ကျမကို လာတွေ့
တဲ့ ရက်တွေဆို  ကျမအတွက် သိပ်ကို လှပတဲ့ရက်ကလေးတွေပါဘဲ.. မောင်က ညဘက် ကားစီးလာ..
ကျမနေတဲ့မြို့ ကို မနက် စောစောရောက်တယ်..ကားဂိတ်ကနေ မောင်က သူ့ ငယ်ချင်းစီ သွား ခဏလောက်နား ပြီးရင် သူငယ်ချင်းဆိုင်ကယ်ခဏငှားပြီ ကျမကိုလာတွေ့ပါတယ်..။။

ကျမတို့အိမ်လမ်းထိပ်က စာအုပ်ဆိုင် မှာမောင်ကစောင့်နေတတ်တာပါ.. စာအုပ်ဆိုင်က အမ နဲ့လည်း
ကျမနဲ့က အရမ်းခင်တော့  မောင်ရောက်လာရင် အမတို့ လင်မယား ကနေ ကျမကိုယ်စားဧည့်ခံပေးထား
တာပါ.. ကျမက ကျမရဲ့အမအကြီးဆုံးဖွင့်ထားတဲ့ ကွန်ပြူတာသင်တန်းကျောင်းမှာ အချိန် ပိုင်းဆရာမ လုပ်ပါတယ်...။။

မောင်လာမယ်လို့ ဖုန်းဆက်ထားတဲ့နေ့ မျိုးဆို ကျမက သင်တန်းးကို ခါတိုင်းအချိန်ထက် စောပြီး
သွားပါတယ်... အိမ်ကထွက်တာနဲ့ လမ်းထိပ်က စာအုပ်ဆိုင်လေးမှာ စောင့်နေတဲ့  မောင်နဲ့ အတူ
နေ့လည် စာတခုခု သွားစား ပြီးရင် မောင်က ကျမကို သင်တန်းရှိရာ လိုက်ပို့ပေးတယ်...
ကျမစာသင်နေတဲ့ အချိန် ဆိုရင် မောင်က သင်တန်းရှေ့ က လက်ဘက်ရည် ဆိုင်မှာ စာအုပ်တအုပ်
ဖတ်ရင်း ကျမသင်တန်း ပြီးချိန်အထိ စောင့်တယ်...ကျမ စာသင်ပြီးချိန် မောင်က အိမ်ပြန်လိုက်ပို့ပေးတယ်..
ပြီးရင် သူ့သူငယ်ချင်းစီပြန် ရေချိုးခဏနားပြီး  ညဘက်ကားနဲ့ သူတာဝန်ကျတဲ့  မြို့ကို ပြန်ပါတယ်...။။

တခါတလေ ညအိပ်ခွင့်လေးရတဲ့နေ့မျိုးဆိုရင် ညနေဘက် ကျမကို အိမ်ပြန်လိုက်ပို့ပြီးရင်  မောင်က
သူ့သူငယ်ချင်းစီ ပြန် ရေချိုး  ပြီးရင် ကျမကိုတခါပြန်လာခေါ် ပြီး  မြို့ အဝင်နားလေးက  ဆုတောင်းပြည့်
ဘုရား သွားဖူးကြတယ်.. ဘုရားဝင်းထိပ်က အကြော်တဲလေးမှာ ထိုင်စားရင်း မောင်က သူ့တာဝန်တွေ
အကြောင်း  ..ကျမကလည်းကျမသင်တန်းက တပည့်တွေအကြောင်း .. အပြန်အလှန်ပြောပြနေကြ...
တခါတရံ မှာလည်း ကျမနဲ့ မောင်တို့ ဘဝရှေ့ ခရီးအကြောင်း ပြောလို့ ကြည်နူးလို့ပေါ့....။။

တခါတလေ မောင်က သူ့မိသားစု အကြောင်းပြောပြတတ်တယ်... သူ့ခံစားချက်လေးတွေ ပြောပြတတ်တယ်...

" ညို ..မောင်တို့က ဘဝသမားတွေနော်... ဆင်းရဲတယ်... အဖေနဲ့အမေ က မောင့်ဘဝ မှာ ပညာတခုပြည့်စုံ ဖို့တောင် မနည်းကြိုးစားပေးခဲ့တာ... ညို့ လို့ အရာရာပြည့်စုံတဲ့ အနေအထားမျိုး ကနေ
မောင်ကြီး ပြင်းခဲ့ရတာမဟုတ်ဘူး..မောင့်အောက်မှာ ညီလေးနဲ့ ညီမလေး လည်း ၇ှိသေးတယ်.. ..
တခါတခါတော့လည်း ညိုရယ်  ..အဲတာတွေ တွေးမိရင်  မောင်ရင်လေးတယ်  ..သိလား  "

အဲလို အခါမျိုးဆို ကျမက မောင့်ကို အားပေးနေကြ...
" မောင်ရယ်..ငွေဆိုတာ လိုအပ်တယ်မှန်ပေမဲ့  ..အရာတိုင်းကိုလည်းဖန်တီးလို့ မရနိုင်ပါဘူး...
ငွေထက်အရေးကြီးတာလေးတွေ လည်းရှိပါတယ်... မောင်က ဘာကိုတွေးပြီး စိတ်ပူနေရတာလည်း
မောင့်အနားမှာ ညို အမြဲတမ်း ၇ှိနေမယ်လေ... "

အဲလိုအချိန်တွေဆို မောင်က ကျမ လက်ကို တင်းတင်း ဆုပ်ကိုင်လို့  ကျမက မောင့်ပခုံးလေးကိုမှီလို့..။။

မောင့်ကိုယ်ထဲက ခွန်အားတွေသတ္တိတွေက မောင့်ရဲ့ လက်ဖဝါးတွေကနေ တဆင့် ကျမ ကိုယ်ထဲ
စီးဝင်လာတယ်လို့ ကျမ ခံစားမိတယ်... ..
ကျမရင်ထဲက အချစ်နဲ့မေတ္တာတရားက ကျမရဲ့ လက်ဖဝါး ကတဆင် မောင့်ရင်ထဲကို စီးဝင်သွားပါစေ
လို့လည်း ကျမဆုတောင်းမိတယ်...

ညနေစောင်းလို့ နေဝင်ပြီဆို မောင်က ကျမကို အိမ်ပြန်လိုက်ပို့ပေးတယ်...
ဘုရားကနေ အပြန်လမ်း ဆိုင်ကယ်မောင်းနေတဲ့  မောင့်ကျောပြင်ကို ကျမပါးလေးနဲ့ ကပ်လို့ ..
မောင့်စီကရတဲ့ကိုယ်သင်းရနံ့လေး   ...အဲလိုညနေခင်းလေးတွေဟာ ကျမအတွက် သိပ်ကို ပြီးပြည့်စုံတဲ့
ညနေချမ်းနေဝင်ချိန်လေးတွေပါဘဲ...

ဒါပေမဲ့ ဒီလိုညနေခင်းလေးတွေဟာ ကျမအတွက် သိပ်ရှားပါးလွန်းတယ်..မောင်က တခါတရံမှသာ
ညအိပ်ခွင့်လေး ရတတ်လို့ပါ... ကျမတို့ချစ်သူသက်တမ်း 2 နှစ်ဆိုတဲ့ အချိန်အတွင်းမှာ
ဒီလိုညနေခင်းလေးတွေ ဘယ်နှစ်ခုဆိုတာ လက်ချိုး ရေလို့ရပါတယ်...

ကျမက မောင့်ပြန်ခါနီးတိုင်း   မောင့်ကိုမေးနေကြ...
" မောင်က ညို့ကို ခဏခဏ လည်းလာတွေ့တာမဟုတ်ဘူး.. ညိုက.. မောင့်ကိုဘဲ အချိန်တိုင်း လွမ်းနေရတာ
အခုလည်း မောင်ပြန်သွားတာနဲ့ ညိုက လွမ်းရတော့ မှာ...ညို ဘယ်လိုနေရ  မလည်း
မောင်ပြောပြ ခဲ့ " လို့ မေးရင်
" ညို ... မောင့်ကိုလွမ်းရင် လွမ်းတဲ့ အကြောင်းတွေ စာရေးထားလေ..ကဗျာလေး ဖြစ်ဖြစ် စာတိုလေး
တစောင်လောက်ဖြစ်ဖြစ်ပေါ့  ..မောင်လာတော့ ပေးဖတ်လေ..အဲတာဆို ညို ဘယ်လောက် လွမ်းလည်း
မောင်သိရမှာပေါ့ .. " လို့ ပြန်ပြောနေကြ... .ကျမ မောင်နဲ့ မတွေ့ရတဲ့ ရက်တွေမှာ မောင့်ကို အရမ်း
လွမ်းပါတယ်.. ဒါပေမဲ့  မောင်မှာ သလိုတော့ စာတွေ ကဗျာတွေ ချမရေး ထား ဖြစ်ဘူး..
သတိရလာရင် ဖုန်းလေးဆက် မက်ဆေ့လေး ပို့လိုက်တာမျိုး လုပ်တာကလွဲပြီး
မောင်မှာ သလိုတော့  စာတွေကဗျာတွေ မဖန်တီး ဖြစ်ခဲ့ ဘူး...မောင်ကလည်း ကျမစီလာမတွေ့
နိုင်ပေမဲ့ ကျမ အိပ်ခါနီး တိုင်း ဖုန်းဆက်စကားပြောနေကြ ဆိုတော့  ကဗျာရေးဖို့စာရေးဖို့ ထက်
ဖုန်းဆက်ဖို့လောက်သာ ကျမကအာရုံ များနေတာ လည်းပါတာပေါ့...

ကျမက ကံကြမ္မာကို လျော့တွက်မိတာလား...ဒါမှမဟုတ် ကံကြမ္မာကဘဲ ကျမကိုမျက်နှာသာ မပေးတာလား
ဝေခွဲမရခဲ့ပါဘူး...ကျမနဲ့ မောင် ဘာပြသာနာမှ ကြီးကြီးမားမား မရှိဘဲ မောင် က ကျမကို
အဆက်သွယ် ဖြတ်သွားခဲ့ပါတယ်... ကျမ တကယ်ကိုနားမလည်နိုင်ခဲ့ပါဘူး...
အချစ်ဆိုတာကိုလည်း ကျမမယုံကြည်နိုင်တော့ဘူး... တယောက်ကိုတယောက်ချစ်ရင်
ဘယ်အရာမဆို ရင်ဆိုင်ရဲရမယ်လို့   ကျမ လက်ခံထားခဲ့တာပါ ... ကျမကရင်ဆိုင်ရဲပေမဲ့လည်း
တဘက်က ရင်မဆိုင်ရဲရင် ဘာမှဆက်လုပ်လို့မှ မရတာလေ...
ကျမရဲ့ ခံစားချက်တွေကို ကျမဘာသာသိမ်းဆည်းလို့  သံယောဇဉ်ကြိုးတချောင်းကို ဖြတ်ဖို့
ကြိုးစား ခဲ့ရတယ်... ..  ။။

မောင်က ကျမကို ဘာကြောင့်ထားခဲ့တာလည်း ..
ကျမ ကိုမချစ်တော့လို့လား
ကျမထက်ပိုချစ်ရမဲ့သူ တွေ့သွားလို့လား..
ကျမရဲ့ အမေနဲ့ အကို ကြီးက မောင့်ကို သွားတွေ့ ပြီး ...ကျမနဲ့ပတ်သက်ပြီး စကားပြောပါရစေ
ဆိုပြီး ပြောခဲ့တဲ့ စကားတွေကြောင့်လား...ဘာကြောင့်ဆိုတာ တော့ 
မောင် ကိုယ်တိုင်သာ  အသိဆုံးဖြစ်ပါလိမ့်မယ်..

ကျမ အရာအားလုံးကို နားလည်ပေးလိုက်ပါတယ်... ကျမ နဲ့ ပတ်သက်ပြီးမောင့်ကို သွားတွေ့ခဲ့တဲ့
ကျမရဲ့ မိသားစု ကိုရော...
သတ္တိနည်းတဲ့ ကျမရဲ့ ချစ်သူကိုရော..
ကျမရဲ့ ကံကြမ္မာကိုရော...
ကျမ နားလည်ပေးလိုက်တယ်... ကျမရင်ထဲ ပေါက်ကွဲနေတဲ့  ခံစားချက်တွေ အားလုံးကို
မျက်ရည်အဖြစ်ကလွဲရင်  စကားတခွန်းအဖြစ်တောင် မထုတ်ပြခဲ့တဲ့ ကျမကို အိမ်က မိသားစုဝင်တွေရော
ကျမရဲ့ သူငယ်ချင်းတွေ ရော တအံတသြ ဖြစ်လို့ရယ်လေ။။

ကျမ စားရမဲ့ အချိန် မှာ  စားတယ်..
သင်တန်းမှာစာသင်ပေးရမဲ့ အချိန်မှာ စာသင်ပေးတယ်..
ကျမနေ့စဉ် လုပ်နေကြ အရာတွေ အားလုံးကို ပုံမှန်အတိုင်း ကျမ ဆက်လုပ်သွားခဲ့တယ်...
အဲဒီတော့လည်း  ကျမ ပုံမှန်လိုဘဲ နေ  နေတာဆိုတော့...အေးအေးဆေးဆေး ပါလို့ဘဲ
အားလုံးက ထင်ခဲ့ကြတယ်.. ။။

တကယ်တော့ ကျမရင်ထဲက ခံစားချက်တွေ ခံစားတတ်တဲ့ နှလုံးသား တခုလုံး သေသွားတယ်
ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး...
ကျမဟာ ရှင်ရက် နဲ့ သေသွားတယ်ဆိုတာ  ဘယ်သူမှ မသိလိုက်ကြပါဘူး..။။

ဒီလိုနဲ့ဘဲ ကျမရဲ့ အချစ်ဇာတ်လမ်းလေးကလည်း  ချစ်သူတွေ အဆင်မပြေကြလို့ ကွဲသွားတယ်
ဆိုသလိုပေါ့  ... ခပ်ရိုးရိုး ဇာတ်လမ်းတပုဒ်လိုဘဲ ပြီးဆုံးသွားခဲ့ပါတယ်...။။

ကျမ ညအိပ်ယာဝင်တိုင်း မောင့်ကို လွမ်းလို့ သတိရတဲ့အကြောင်းရေးထားတဲ့  စာတို အပိုင်းအစလေးတွေ
ဘူးလေးတဘူးထဲ သိမ်းထားမိတယ်.. ကျမရေးထားတာတွေကို ဖတ်မဲ့သူ မရှိတော့တဲ့ အချိန်ကျခါမှ
သတိရတဲ့အကြောင်းတွေ စာရွက်ထဲချရေးမိတဲ့ အဖြစ်ရယ်ပါ...
ဖတ်မဲ့သူ မရှိတော့ဘူးဆိုတာ သိနေပေမဲ့  ကျမ အိပ်မပျော်တဲ့ ညတိုင်း
 "  မောင့်ကို ညို အရမ်းလွမ်းတာဘဲ သိလားမောင် "
ဆိုတဲ့ စာကြောင်းလေးတွေ ချရေး နေမိဆဲ...

 မြို့အဝင်နားက ဆုတောင်းပြည့်ဘုရားစီ သွားဖြစ်တဲ့ ညနေခင်းတွေဆို ...
လေပြေ ထဲကနေ မောင့်ရဲ့ ကိုယ်သင်းနံ့ လေးများ ရလိုရငြား ပင့်သက်ရှိုက်မိဆဲ ...

အကြော်ဆိုင်လေးမှာ တယောက်ထဲထိုင်ဖြစ်တိုင်း  အကြော်ရောင်းတဲ့ အဒေါ်ကြီးရဲ့
ကရုဏာ သက်တဲ့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်ရတိုင်း  နှုတ်ခမ်းကိုတင်းတင်းကိုက်လို့
မငိုဘူးလို့ စိတ်ထဲတင်းထားပေမဲ့  မျက်ရည်တွေ ကျမိတတ်ဆဲ..

ညဘက်အိပ်ယာဝင်ချိန်တွေဆို မောင်များ ဖုန်းဆက်လာလေ မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
ဖုန်းလေးကို ခေါင်းအုံးဘေးနား ထားနေမိဆဲ ....

" ညို " ဆိုပြီး ခပ်ရှရှ  ခေါ်တတ်တဲ့  မောင့်အသံလေးကို နားထဲ ပြန်ကြားယောင်နေမိဆဲ ...

အဲဒီလိုနဲ့ဘဲ  နာရီတွေ ရက်တွေက ပြက္ခဒိန်စာရွက်တွေကို ခြွေချ သွားတော့တယ်... ။။။။။။


ပစ်ပစ်
Am 3:02
6.5.2014


04 May 2014

အထင်ကြီးစိတ်

Posted by blackroze at Sunday, May 04, 2014 0 comments
လူတယောက်စီမှာ ကောင်းတာလည်းရှိတတ်သလို  ဆိုးတာလည်းရှိတတ်ပါတယ်...
ဘယ်နေရာ မဆို အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတတ်ပါတယ်..
ကောင်းတယ်လို့မြင်ရင် ခံစားမိရင်  ကောင်းတဲ့အချက်လေးတွေကို အတုခိုးပါ.. လေ့လာပါ..သင်ယူပါ..
ဆိုးတယ်လို့ မြင်ရင် ခံစားမိရင် ကိုယ့်အလှည့်ကျရင်  အဲလိုအပြူ  အမူ မျိုး မပြု လုပ်မိအောင်
ဆင်ခြင်ပါ...။။

ကျမတို့အလုပ်က ခေါင်းဆောင်မက အသက် 50 ပတ်ဝန်းကျင်လောက် ရှိတဲ့ တရုတ်မ အပျို ကြီးတယောက်ပါ ...
သူ့ အသက်က 50 ပတ်ဝန်းကျင် ဆိုပေမဲ့ ရုပ်ကလေးက နုတော့ 40 ကျော် ပတ်ချာလည် လို့ ဘဲ
ထင်ရတယ်... မိတ်ကပ်အကောင်းစား သုံးနိုင်တာတို့  တကိုယ်တည်းသမားဆိုတော့ အပူပင်
နည်းတာလည်း ပါမှာပေါ့လေ...
ကိုးရီးယား နဲနဲ စပ်တယ်လို့လည်း ပြောသံကြားဖူးတယ်.. အလုပ်သမား 30ကျော်လောက်ကို
စီမံခန့်ခွဲ ဖို့ leader နေရာ ပေးထားတယ်ဆိုတော့လည်း  ထက်မြက်တဲ့ အရည်အချင်းလည်း ရှိမယ်
ထင်ပါတယ်... ။။

တခုဆိုးတာက  .. ကိုယ့်ကိုကိုယ့် အင်မတန် အထင်ကြီးတဲ့ စိတ်သိပ်များတယ်.. သူကoperator leader ဆိုတော့ ကျမတို့  operator တွေ အားလုံးကို သူကပဲ  စီမံခန့်ခွဲ ပေးရတာပါ... ကျမတို့ မရှင်းတတ်တဲ့
ပြသနာမျိုး  မသေချာတဲ့ စာရင်းမျိုး ဆို ရင် သူ့ကို ဘဲ မေးရတာပါ ...
သူစိတ်ကြည်သာတဲ့ နေ့ဆို  ပြသနာမရှိပေမဲ့  သူ့ စိတ်ထဲ ပြသဒါး ဖြစ်နေတဲ့နေ့ ဆို
ပြောဆိုဆက်ဆံရ သိပ်ခက်ပါတယ်..အဓိကတော့  သူ့ရဲ့ စိတ်ကြောင့်ပါဘဲ.. လူဆိုတာ ကိုယ့်ကိုကိုယ်
သိပ်အထင်ကြီးလို့ မရပါဘူး..အရာတိုင်းကို ကိုယ်တယောက်ထဲစွမ်းဆောင်နိုင်တယ်ဆိုတာ
မရှိနိုင်ပါဘူး.. ကိုယ်တယောက်ထဲ လုပ်လို့ ရနိုင်တဲ့ကိစ္စ မျိုး  ကို တယောက်ထဲ အနေအထား နဲ့
ဖြေရှင်းလို့ ရနိုင်ပေမဲ့ အများ နဲ့ဆိုင်တဲ့ ကိစ္စမျိုး ကို တယောက်ထဲရဲ့ စိတ်နဲ့ ကိုယ်ဖြစ်ချင်တဲ့
အနေအထား အတင်းလုပ်ယူလို့ မရပါဘူး...။။

သူ့ရဲ့ စိတ်တိုင်းကျ ဖြစ်အောင် ဘယ်သူများ အမြဲ လိုက်နေ ပေးနိုင်မှာလည်း...
leader ဆိုတာလည်း leader တာဝန်ရှိပါတယ်..ထိပ်ဆုံးက အရာရှိ နဲ့ အောက်ခြေက ဝန်ထမ်း တွေအားလုံး  အမြဲတစေ ထိတွေ့ ဆက်ဆံနေဖို့ အဆင်မပြေ တဲ့အတွက်
ကြားခံလူအဖြစ် တချို့ သော ကိစ တွေကို ဖြေရှင်းပေးလို့ရအောင်  leader တယောက်
ထားပေးတဲ့သဘောပါ.. ဒါပေမဲ့ ကိုယ့်ဘာကိုယ် အထင်ကြီးစိတ် သိပ်များတဲ့ ခေါင်းဆောင် တယောက်
နဲ့ ဘယ်ဝန်ထမ်းကမှ မဆက်ဆံ ချင်ကြပါဘူး..။။

သူ့စိတ် မကြည် တဲ့  နေ့ဆို တခုခု မရှင်းလို့ သွားမေးရင်  ဖြေချင်သလို မဖြေချင်သလို ပုံစံ ...
သူဖြေရှင်းပေးရတဲ့ ကိစ္စ မျိုးရှိလာရင် လည်း ဒါလေးတောင် မလုပ်တတ်ဘူးလား ဆိုတဲ့ အကြည့်မျိုး
ကြည့်တတ်တာမျိုး  ( ဟုတ်တယ်လေ..မသိလို့ မေးပါတယ် ဆို မှ မလုပ်တတ်လို့မေးတာပေါ့ ..သိမှ
တော့ ကိုယ့် ဘာကိုယ်ဘဲ လုပ်တော့မှာပေါ့  ..မဟုတ်ဘူးလား.. )သူ့ကို ခေါင်းဆောင် နေရာပေးထားတယ်
ဆိုတာ  သူ့လက်အောက်က ဝန်ထမ်းတွေ မလုပ်နိုင်တဲ့ ကိစ္စ မျိုး ရှိလာခဲ့ရင် ဖြေရှင်း ပေးလို့
ရအောင် .. ကျမတို့ တွေထက် ပိုများတဲ့လခ ပေးပြီး ခေါင်းဆောင် ဆိုတဲ့ နေရာတခု ပေးထားတာပါ...

ဒီလခ ဒီနေရာ ကို ယူထားရင် ဒီ လို အခွင့် အရေး တွေနဲ့ ထိုက်တန်တဲ့ တာဝန် လည်းယူပေးရမှာပါ...
ဒီလို နေရာ မျိုး မှာ နေပြီး တာဝန် ဆို တာကို မသိချင်ယောင်ဆောင် တတ်တာမျိုး .. ကိုယ်မှား သွားတဲ့
ကိစ္စ မျိုး တွေ ရှိလာရင် အောက်က လူအပေါ် မသိမသာပုံချ လိုက်တာမျိုး..တခါတရံမှာ ကျမတို့က
သေချာမသိလို့ သွားမေးထားတဲ့ကိစ္စ တခု ဆိုပါတော့...သူပြောလိုက်တဲ့အတိုင်း လုပ်ပေး လိုက်တာဘဲ
ဒါပေမဲ့ အဲဒီ ကိစ္စက ပြသနာတက်လာရင်  သူနဲ့ မဆိုင်သလို မျိုး အောက်က ဝန်ထမ်းက ကိုယ့်သဘော
နဲ့ကိုယ်   လုပ်လိုက်လို့  ပြသနာဖြစ်လာတဲ့ ပုံစံမျိုး လုပ်တာပါ...တကယ်တမ်းတော့  အောက်က
ဝန်ထမ်းက   မသိလို့ သူ့သွားမေးတယ်.. သူပြောတဲ့ ပုံစံအတိုင်း   လုပ်ပေး လိုက်တာဘဲ...
အဲဒီအနေအထား မှာ ဘယ်သူတာဝန် အရှိ ဆုံးလည်း...  အဆင်ပြေသွားတဲ့ အခြေအနေတခုဆို
သူအုပ်ချု ပ်တာ ကောင်းလို့  သူစီမံတာကောင်းလို့   ဆိုတဲ့ ပုံစံနဲ့  မျက်နှာ ဝင်ယူတတ်တယ်....
ပြသနာတက်ရင်တော့  နင်တို့ တွေ အသုံးမကျလို့  ဆိုတဲ့ ပုံစံနဲ့ ခေါင်းရှောင်တတ်တဲ့ . လူစားမျိုး
က ခေါင်းဆောင် တယောက် မဖြစ်ထိုက်တာတော့ အမှန်ဘဲ...။။။

သူ့ကိုယ်သူတော့  သွေးနားထင်ရောက်ပြီး မော့မော့  မော့မော့  နဲ့ပေါ ...ဒါပေမဲ့ဘေးက လူတွေက
ဘယ်လိုဘဲ ကြည့်ကြည့် သူဘာလည်း  ဘယ်လိုစိတ်ဓါတ်လည်း ဆိုတာ သိနေတော့
အထင်မကြီးကြတာ အမှန်ဘဲ... မလွဲသာလို့ သာ ဆက်ဆံ ပြောဆိုနေရ ပေမဲ့
ကျမတို့လို  သူ့လက်အောက်က  ဝန်ထမ်းတွေ အဖို့   တော်တော် စိတ်ညစ်ရတာပါ...
သူခွင့်ယူချင်တဲ့ နေ့ ဆို ရတယ်..သူများခွင့်ယူချင်တဲ့  နေ့ဆို ရချင်မှ ရတယ်... အဲလို အနေအထား
လေးတွေ လည်း ရှိတယ်ဆိုပါတော့ ....

သူ့ မှာလည်း တော်တဲ့ ကောင်းတဲ့ အချက်လေးတွေ ရှိ ပါလိမ့်မယ်.. အဲလိုလေးတွေရှိလို့ လည်း
Leader နေရာ ကို သူ့ ကို ပေးထားတာပေါ့...ဒါပေမဲ့  ကျမ အမြင်မှာတော့  သူက  သူ့ မှာ ရှိတဲ့
အရည်အချင်း ဆိုတာထက် သူ့ကိုယ်သူအထင်ကြီးတဲ့ စိတ်က  ပိုများနေတယ် ထင်ပါတယ်...
လူဟာ ကိုယ့်ကို ကိုယ်ယုံကြည် မှု့ ရှိတာ ကောင်းပါတယ်.. ဒါပေမဲ့  ယုံကြည်မှု့ လွန်းကဲ လာရင်တော့
ကိုယ့်ဘာကို အထင်ကြီး စိတ်တွေဝင်ပြီး  ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ သိပ်အဆင်မပြေတော့ပါဘူး..။။

ကျမ သူ့ကို သေချာအမြဲတမ်း လိုက်ကြည့်တယ်...သူဘယ်နေရာမှာတော်လည်း  ..
ဘယ်နေရာမှာ ထက်မြက်လည်း  ..အဲလိုနေရာတွေလည်း ရှိပါတယ်.. စကားပြောတဲ့နေရာ
အမူအယာသိပ်ကောင်းတယ်..  သူ အမြင်ကတ် တဲ့သူနဲ့ ဖြစ်နေပါစေ  အပြူံးမပျက်ကို စကားပြော
နိုင်တဲ့ အရည်အချင်းကိုတော့ တကယ်ကို လေးစားပါတယ်... ဘယ်လောက်ဘဲ အရေးကြီးတဲ့ကိစ္စ
တခုဖြစ်နေပါစေ ... သွေးအေးအေးနဲ့ လုပ်သွားတတ်တဲ့  ပုံစံမျိုး ...ဘယ်တော့မဆို သူ့ကို ကြည့်လိုက်ရင်  ခပ်အေးအေး ပုံစံနဲ့ ဘဲ  ပြောဆို ဆက်ဆံသွားတာ...
အဲတာတခုကို တော့ သိပ်သဘောကျပါတယ်... သွေးအေးအေးနဲ့ ပြသနာဖြေရှင်းတယ်ဆိုတာ မျိုး ပေါ့...(တခုတော့ရှိမှာပေါ့လေ...ဘာပြသနာမဆို သူက ဖြေရှင်းတယ်သာ ပြောတယ်..သူ့လက်အောက်က ဝန်ထမ်း တယောက်ယောက် အပေါ် ကို ပုံချလိုက်တာဆိုတော့  ခပ်အေးအေး ဖြစ်နေတာလည်း ပါမှာပေါ့လေ  )...။။

ကျမ သာဆို လုပ်ပေးလိုက်တဲ့စာရင်း မှားနေပြီ ဆိုပြီး စာရွက် ပြန်ထွက်လာမျိုး  ... office line ထဲက
တယောက်ယောက်က office စာရင်းနဲ့ ကျမ စာရင်း မကိုက်ဘူးဆိုပြီး လာပြောပြီဆို  ..
မောက်စ် ကိုင်ထားတဲ့  လက်တောင် တုန်တယ်.. ဘယ်နား မှား သွားပြီလည်းဆိုပြီး  တခုခုချင်း
ပြန်ရှာတဲ့ အချိန် ... ခြေတုန်လက်တုန် နဲ့ ဟိုနေရာ မှားclickလိုက် ဒီနေရာ မှား  click လိုက်နဲ့
ကိုယ်ဖြစ်နေတာ ကိုယ်သာအသိဆုံးပါ... တခါတလေ ကျမ မှားတာ မဟုတ်ဘဲ အထဲ က လူ
စာရင်း မှားတာလည်း ရှိတတ်ပါတယ်..  ဘယ်သူကမှားတယ်ဆိုတာသေချာမသိသေးခင်
ငါများ မှားသွားလား ဆိုတဲ့အတွေးဝင်လာတာနဲ့ ခြေတုန် လက်တုန် အယောင်ယောင်
အမှားမှား ဖြစ်တတ်တဲ့ ကျမ က... အေးစက်စက် မျက်လုံးတွေနဲ့  ခပ်ပြုံး ပြုံး နှုတ်ခမ်းတွေနဲ့
ဘယ်ကိစ္စ မဆို ခပ်အေးအေး ပုံစံလေးနဲ့  ရင်ဆိုင် ပြသွားတဲ့  leader မမကြီး ရဲ့ သွေးအေးမှု့ကိုတော့
အင်မတန် သဘောကျပါတယ်... ။။

သူ့စီကနေ ခေါင်းဆောင်ဖြစ်ပေမဲ့ ခေါင်းရှောင်တတ်တဲ့  စိတ်ဓါတ်ကို မကြိုက်ဘူး..
သူ့စီကနေ  အရာအားလုံးကို ခပ်ပြုံးပြုံး လေး ရင်ဆိုင်သွားတဲ့ စိတ်ဓါတ်ကို ကြိုက်တယ်..

သူ့စီကနေ ကိုယ့်လက်အောက်က ဝန်ထမ်းတွေကို  မတူသလို မတန်သလို အမူအယာတွေ
အကြည့်တွေကို မကြိုက်ဘူး..
သူ့စီကနေ  ဘယ်လောက်ဘဲ အမြင်ကတ်နေပါစေ ..အပြုံး မပျက် စကားပြောနိုင်တဲ့ ပုံစံ
အမူအယာကို ကြိုက်တယ်..

သူ့စီကနေ  သူ့အတွက်ဆိုရင်တော့ သူလိုချင်တဲ့အချိန်  သူလိုချင်တဲ့ ရက် ခွင့်ယူတတ်ပေမဲ့
တခြားတယောက် ရဲ့ ခွင့်ရက်ဆိုရင် တော့ တော်ရုံ မပေးချင်တဲ့  အတ္တ ကြီးမှု့ တကိုယ်ကောင်းဆန်မှု့ကို
မကြိုက်ဘူး..
သူ့စီကနေ အထက်လူကြီးတွေနဲ့ ပြောဆိုတဲ့ အခါ အခြေအနေ ကို လိမ်လိမ်မာမာပါးပါးနပ်နပ် နဲ့ ကိုင်တွယ်ပြောဆိုနိုင်တဲ့ အထာ နပ်မှု့ ကိုတော့  ကြိုက်တယ်..

သူ့ရဲ့ မျက်နှာထားချီ နေတဲ့ မာနမျက်နှာထားကို မကြိုက်ဘူး..
သူရဲ့  မိန်းမတယောက်ရဲ့ အလှတရား ပြင်ဆင် ထိန်းသိမ်းနိုင်မှု့ ပညာကိုတော့ ကြိုက်တယ်..

ကျမ သူ့စီကနေ လေ့လာသင်ယူနေတုန်းပါဘဲ..... ။။။ ။။။  ။။။

ပစ်ပစ်
Am 1:15
4.5.2014


05 April 2014

စိတ်

Posted by blackroze at Saturday, April 05, 2014 5 comments

လောကမှာ အမြန်ဆုံးသောယာဉ်ဟာဘာလဲဆိုရင်..စိတ်  ဆိုတဲ့ယာဉ်ပါဘဲ..
လောင်စာတောင် မလိုဘဲတခဏချင်း  လိုရာခရီး ရောက်သွား နိုင်လို့ပါ..
ကြောက်စရာ အကောင်းဆုံးလက်နက်ကလည်း စိတ်  ဆိုတဲ့ လက်နက်ပါဘဲ ...
စိတ်ကြောင့်  လူအယောက်ပေါင်း မြောက်မြားစွာ  ဒုက္ခ ရောက်သွား နိုင်လို့ပါ ။။

စိတ်ဆိုတာ တကယ်တော့  ကိုင်တွယ်စမ်းလို့ ရတဲ့ ဒြပ်တခု အနေ နဲ့  မရှိပါဘူး..
ဒါပေမဲ့  အဲဒီမရှိတာကြီး ကိုဘဲ ကျမတို့တွေက  အားယူတတ်ကြတယ်..  အလုပ်ကိစ္စ တခုလုပ်ကြတယ်
ဆိုပါတော့ ...အောင်မြင်ရမယ်..ဆိုတဲ့ စိတ်မွေးပြီး  ကြိုးစားတာတို့
တခုခု အနှောင့်အယှက်ကြုံ လာတဲ့အခါမှာ လည်း ဘာမဆို ဖြေရှင်းနိုင်ရမယ်
အားတင်းထား  ဆိုတာတို့... အဲလိုအနေအထား မျိုးလေးတွေပေါ့ ...။။

လူတယောက်ဟာ  စိတ်ဓါတ်ခိုင်မာဖို့  တကယ်ကိုလိုအပ်တယ်.. ကံ စိတ် ဥတု အာဟာရ
ဆိုတဲ့ အရာလေးခုနဲ့ ပေါင်းစပ်ဖွဲ့ စည်းထားတဲ့  ကျမတို့ ခန္ဓာကိုယ်ကြီး မှာ လေးခုထဲက
တခုခုက လိုအပ်နေ လို့ကတော့  ပြည့်စုံတဲ့ ဘဝတခု ကိုဘယ်လိုမှ တည်ဆောက်နိုင်မှာ
မဟုတ်တော့ပါဘူး.. ကံဆိုတာ ကျမတို့ လုပ်ယူလို့မရတဲ့ အရာ.. ဥတု နဲ့အာဟာရ ဆိုတာကတော့
ကျမတို့ပြုပြင် ဖန်တီး နေထိုင်လို့ရတဲ့ အရာ ..စိတ်ဆိုတာက အကောင် အထည်ကို မရှိတော့
သူ့ကို အဆင်ပြေအောင် ဖန်တီး၇တာအတော်ကို ခက်ပါတယ်..
အဓိက ကတော့ ထိန်းချုပ်နိုင်ဖို့ ဆိုပါတော့...။။

စီးပွားရေး  ဖြစ်စေ လူမှု့ရေး  အိမ်ထောင်ရေး အချစ်ရေး   ဘယ်ကိစ္စမှာ မဆို..
စိတ်ဆိုတဲ့ အရာကို      ထိန်းချုပ်နိုင်အောင် ကြိုးစား ထားသင့်တယ်..
အဲလိုလုပ်နိုင်ဖို့ ဆိုတာလည်းအတော့်ကို ခက်ပါတယ်..စီးပွားရေး သမားတယောက် အနေနဲ့က
အစည်းအဝေး ခန်းထဲမှာ မျက်နှာ အပျက်ပျက်နဲ့  အလွန်အမင်း စိတ်ညစ်သွားတဲ့ ပုံစံမျိုး
သိပ်ကို အောင်မြင်တဲ့သတင်းကြားလို့ မထိန်းချုပ်နိုင်ဘဲ တဖြီးဖြီး ဖြစ်နေတာမျိုး တို့ ပေါ့..
အဲလို အမူအယာ ဟာ သင့်ကို ဘာလဲဆိုတာ ဘေးလူတွေက  အလွယ်တကူခန့်မှန်းလို့ရနိုင်
တဲ့အနေအထားတွေ ပါ .. သင့်စိတ်ထဲဘာရှိ လည်းဆိုတာ မျက်နှာ မှာ ပေါ်နေတာကိုး...
မျက်နှာလေး အကဲခတ်လိုက်ရုံနဲ့ သင်ဘာဖြစ်နေလည်းဆိုတာသိပြီးတော့ သင့်ကို ပြန်ပြီး
ထိန်းချုပ်သွားလိမ့်မယ်... အမူအယာကို အရင်ဆုံး ထိန်းချုပ်နိုင်အောင် ကြိုးစားပါ ...
အစည်းဝေးပြီးလို့အိမ်ပြန်လာတဲ့ အချိန် အခန်းထဲ ထိုင်ဘဲငိုငို  ..ပျော် လို့ထဘဲကက
ကြိုက်တာလုပ်လို့ရပါပြီ... လူအများမြင်ကွင်းရှေ့ မှာ  ကိုယ့်အမူယာကို မပေါ်လွင်ပါစေနဲ့...။။
စီးပွားရေး သမားတယောက် အနေ နဲ့ ကိုယ်ဘာလုပ်မယ်ဆိုတာ   ဘေးလူတွေ
ခန့်မှန်းလို့ ရနေတာမျိုး မဖြစ်သင့်ပါဘူး.... အောင်မြင်တဲ့ စီးပွားရေး သမားဆိုတာ
ဟန်ဆောင် ကောင်းရတယ်နော်...ဒါကိုမေ့ထားလို့ မဖြစ်ဘူး...။။

ကျန်းမာရေး ကတော့တမျိုး ပေါ့လေ ..ကိုယ်ဖြစ်နေတာ ဘာရောဂါ ဆိုတာကြားပြီး
မျက်ရည် ကျမိလည်း ပြသနာတော့မရှိပါဘူး.. ဒါက ကိုယ်တယောက်နဲ့ ဘဲ ဆိုင်တဲ့
ကိစ္စကိုးးး ... အဲတော့ ပျော်တာဘဲ ဖြစ်ဖြစ် စိတ်ညစ်တာဘဲဖြစ်ဖြစ် မထိန်းချုပ်လည်း
အရေး မကြီးလှပါဘူး..

အိမ်ထောင်ရေးနဲ့ အချစ်ရေး ဆိုတာကတော့ ထိန်းရအခက်ဆုံးအရာတွေပေါ့ ...
ကိုယ့်ရည်းစား    တခြားတယောက်နဲ့ ကိုယ့်ကွယ်ရာ မှာ ပတ်သက်နေတာ မျိုးတို့
ကိုယ့်ယောက်ကျား တိတ်တိတ်ပုန်းဖောက်ပြန်နေတာတို့ ဘယ်မိန်းမကမှ မထိန်းချု ပ် နိုင်ပါဘူး
အသေအချာပါဘဲ ... အကောင်းဆုံးအနေအထားကတော့ ကိုယ့်ထက် ဘယ်သူကိုမှ
ပိုမချစ်ထားတာ အကောင်းဆုံးပါဘဲ...( အဲလို လည်း လုပ်နိုင်ကြမယ် မထင်ပါဘူး..)
အချစ်ဆိုတာက လည်း ထိန်းပြီးချစ်လို့ ရတာမှမဟုတ်တာလေ..အချိန်ကြာတာနဲ့ အမျှ
သံယောဇဉ် ပိုတွယ်လာတာ များပါတယ်.. အဲလိုသံယောဇဉ်ကြီးတတ်တဲ့သူနဲ့
မျက်နှာများတတ်တဲ့သူ     ဆုံလာတဲ့အခါ ဝမ်းနည်းစရာ အဖြစ်တွေ ပေါ်လာတတ်တယ်..
ကျမ လမ်းသွားရင်း တချို့  ကောင်မလေး တွေ ဖုန်းပြောရင်း ငိုနေတာ တွေ တွေ့ မိတတ်တယ်..
အဲလိုတွေ မြင်မိ၇င် စိတ်မကောင်း တကယ်ဖြစ်ရပါတယ်... ဒီလိုနေရာမှာ ငိုတယ်ဆိုတာ  အချစ်ေ၇း
ကလွဲပြီး တခြားကိစ္စ မရှိ နိုင်ပါဘူး..

အဲလိုပြသနာတွေကြုံလာရင်  ဘယ်လိုဖြေရှင်းကြမလည်း ... ဘယ်လိုနည်းလမ်းက
အကောင်းဆုံးဆိုတာ  ရှာ မတွေ့ သေးပါဘူး... ပြောရရင်တော့ ဒီအနာ အတွက် ဆေးမရှိသေးတဲ့
သဘောပါဘဲ... ။။

တဘက်ကလည်း သိပ်ချစ်လွန်းနေတယ်  မစွန့်လွှတ်ချင်ဘူး ပိုင်ဆိုင်ချင်တယ်..
တဘက်ကလည်း  ဆက်မချစ် ချင်တော့ဘူး အသစ်ပြောင်းချင်နေပြီ..
ဆွဲထားချင်တဲ့သူ နဲ့  အတင်းရုန်းနေတဲ့သူ  ..တော်တော် ခံစားရခက်တဲ့ဝေဒနာတခုပါ
တချို့ သော မိန်းကလေးတွေကတော့  မာန ဆိုတာနဲ့ ပြန်ထိန်းကြတယ်... တချို့ ကျတော့လည်း
နဂိုထဲက သိပ်ပြီး တွယ်တွယ်တာတာ မရှိထားတော့ ကွဲသွားလည်း သိပ်အရေး မစိုက်ကြဘူးပေါ့..
အဲလို အနေအထားတွေက ပြသနာ မရှိပေမဲ့ ... သိပ်ကို တွယ်တာ လွန်းနေတဲ့ မိန်းကလေး
မျိုး ဆိုရင် ခံစားရတဲ့ ဝေဒနာကို ထိန်းချုပ် ဖို့ တော်တော် ခက်ပါတယ်...

ပင်ကိုယ်စိတ်ဓါတ် မခိုင်မာတဲ့ သူမျိုး  ဆို မကောင်းတဲ့ အကြံစည်တွေတောင်
စိတ်မထိန်းနိုင်ဘဲ ကြံစည်မိတတ်ကြတယ်... ကိုယ့်အသားကိုယ် ဓါးနဲ့ လှီးတာတို့
အိပ်ဆေးသောက်တာတို့ပေါ့ ...
ကျမ အဲနေရာမှာ တခုလောက်ပြောချင်ပါတယ်.. ကိုယ့်ကို မချစ်တော့လို့ သစ္စာမရှိတော့တဲ့
သူတယောက်အတွက် အဲလောက်ထိ လုပ်ဖို့ထိုက်တန်ပါသလား...
ပေးတယ်ဆိုတာက  ထိုက်တန်တဲ့သူကိုဘဲ ပေးတာ အကောင်းဆုံးပါ ..
ကိုယ်ကချစ်ခဲ့မိတဲ့ အတွက်  ရင်ထဲမှာ ရှိနေတဲ့ သံယောဇဉ်နဲ့ အချစ်ဆိုတာကြောင့်
သူသစ္စာ ဖောက်သွားတဲ့အခါ  ခံစားရပါလိမ့်မယ်... ဘယ်လောက်ဘဲ သူကြင်မှ ကိုယ်ကြင်
ဂျင်းစိမ်းနဲ့ မိတ်သလင် လို့ ပြောပြော  one go two come လို့ ဘဲ ပြောပြော
သမီးရည်းစားလမ်းခွဲတယ် ဆိုကထဲက  ဘယ်သူမဆို ခံစားရတာပါဘဲ...
ဒါပေမဲ့  နင့်ကို မလိုအပ်တော့ဘူးဆိုပြီး ပြောပြီးထားသွားတဲ့  သူတယောက်ကို
တသသ ဖြစ်နေတယ်ဆိုတာကတော့  သိပ်ပြီး အချိန်ဖြုန်းရာ ရောက်လွန်းပါတယ်...
သံယောဇဉ်လက်ကျန်လေးတွေကြောင့်  ဝမ်းနည်းပါ လွမ်းပါ.. ခံစားလို့ ရပါတယ်..
ဒါပေမဲ့  အချိန်တော့ ထပ်မဖြုန်းမိပါစေနဲ့ ... အဓိက ကတော့ စိတ်ကိုနိုင်အောင်ထိန်းပါ
ထွက်သွားတဲ့သူ ရဲ့ စိတ်ကို လိုက်ထိန်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး.. ဒီတော့ကာ  ကိုယ့်စိတ်ကို
ကိုယ့်ဘာသာ ထိန်းချုပ်နိုင်အောင် ကြိုးစားပါ...  .။။

စိတ်ထင်တိုင်း ပြောလိုက်မိတယ် ဆိုတာတို့ စိတ်ထင်တိုင်း လုပ်မိတယ်ဆိုတာတို့က
တကယ်တော့ မကောင်းလှပါဘူး..ကိုယ်က ဒေါသထွက်နေချိန် နင်းကန်ပြော
လိုက်မိတယ်..ကိုယ့်ဒေါသက ပြေသွားရော  စိတ်ထဲဘာမှ မရှိတော့ဘူး..
ဒါပေမဲ့ ပြောခံလိုက်ရတဲ့ သူကတော့   မှတ်သွားပြီ..  ဘယ်လိုပြောထားဆိုထားတယ်ဆိုပြီးတော့
အဲဒီအခါကျ ရင် အငြိုးအတေး ထားလိုက်တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်တယ်..
စိတ်မထိန်းနိုင် ခြင်းရဲ့ ဆိုးကျိုးတခု ဖြစ်လာတတ်ပါတယ်...။။

ကျမနဲ့ခင်မင်ရတဲ့ အမတယောက်က ပြောဖူးတယ်..ခံစားချက်တခုဆိုတာ ဘာနဲ့တူလည်း ဆိုတော့
ခြေထောက်ကျ ဉ်တဲ့ အနေအထား နဲ့တူတယ်တဲ့  ... ခြေထောက်ကျ ဉ်ရင် တဖျင်းဖျင်း နဲ့
ဘာမှ ကို လုပ်လို့ကိုမရတာလေ..ဒါပေမဲ့ ကျ ဉ်နေတာ က အချိန်မကြာလှပါဘူး.. တခဏ ပါဘဲ...
ပြီးရင်  ကျ ဉ်တာက နဂိုအတိုင်း ပြန်ဖြစ်သွားတာပါဘဲ...အဲအခါကျ ရင် ဘာမှ ကို မရှိတော့ ဘူးလေ...
ဆိုလိုချင်တာကတော့  ဘယ်အရာမဆို တနေရာထဲမှာ အမြဲရှိမနေတတ်ပါဘူး..
တချိန်မှာတော့ ပြီးသွားပါတယ်... တနေ့မှာ ပြီးသွားကြမဲ့ အရာတွေအားလုံး အတွက်
စိတ်ကိုထိန်းချုပ် ခံစားတတ်ကြစေချင်ပါတယ်.. ..။။

စိတ်ဆိုတာ လွှတ်ပေးကောင်းတဲ့ အရာမဟုတ်ပါဘူး.. ထိန်းချုပ်သင့်တဲ့ အရာတခုပါ..
စိတ်လွှတ်ပေးလိုက်လို့ ပျက်စီးသွားတဲ့  အနေအထားတွေ ..နစ်နာသွားတဲ့ အနေအထားတွေ
ဆိုးကျိုးတရားက လွဲလို့ ကျန်တာမရနိုင်ပါဘူး..မ ကောင်းတာတွေ ဖြစ်လာနိုင်တဲ့  အနေအထားမို့
မိမိ စိတ်ကို    မိမိဘာသာထိန်းချုပ် ခံစားနိုင်ကြပါစေလို့  ဆန္ဒပြုချင်ပါတယ်... ။။။။

စိတ်ဆင်ရိုင်းကို ချွန်းအုပ်နိုင်ကြပါစေ...

ပစ်ပစ်
Pm 7:56
5.4.2014

10 March 2014

Fear ( အကြောက်တရား )

Posted by blackroze at Monday, March 10, 2014 16 comments
FEAR ... ( အကြောက်တရား )

လူတိုင်းမှာ အကြောက်တရား.. ကြောက်ရွံထိတ်လန့်ခြင်းဆိုတဲ့  ခံစားချက် ရှိကြပါတယ်..
ဘယ်လောက်ဘဲ သတ္တိကောင်းတဲ့ သူဖြစ်နေပါစေ... ရင်ဆိုင်လိုက်ရတဲ့ အရာတွေပေါ်
မူတည်ပြီး  ဖြစ်လာတဲ့ ကြောက်လန့်ခြင်းဆိုတာ  ရှိကြစမြဲပါ ...

ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရား ( Known fear) နဲ့
 ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား ( Unknown fear)မှာ 
 ဘယ်အရာက သင့်ကိုပိုပြီး ကြောက်လန့်စေပါသလဲ....

မေးခွန်းလေးကို ဖြေရမယ်ဆိုရင်
ကျမ ကတော့ ကြိုတင် သိနေတဲ့ အကြောက်တရား (Known Fear )ကို  ပို ကြောက်လန့်ပါတယ်..
ပိုပြီး Excited ဖြစ်တယ်.. ဘာလို့လည်းဆိုတော့ ..ကြိုတင်သိနေတဲ့ အတွက်  စဉ်းစားနေတတ်တယ်
ဘာဖြစ်လာနိုင်မလည်းလို့ လည်း ကြိုတွေး နေတတ်တယ်.. အဲဒီအချိန်မှာ ခံစားချက်တွေက
ဝင်လာပြီ  ..  စိတ်ဆိုတာကလည်း လူကို ပြန်ခြောက် တတ်တာမျိုးလေ...
ဟုတ်သော်ရှိ မဟုတ်သော်ရှိ .. ကြောက်စိတ်ဝင်လာပြီဆိုရင် အကြီးကြီးလည်း  ဖြစ်လာမယ်လို့
ထင်နေတတ်တာဘဲလေ...။။

ကျန်းမာရေး သိပ်မကောင်းတဲ့ လူတယောက် ခွဲစိတ်ခန်းဝင်ရမယ် ဆိုပါတော့ ..ဘယ်နေ့ ခွဲစိတ်မယ်
ဘယ်surgeon နဲ့ ခွဲမယ်..မေ့ဆေးက ဘယ်သူ .. ဘယ်ဆေးရုံ မှာ ခွဲမယ်..
အဲလိုကြိုသိနေပြီ ဆိုပါတော့...အဲဒီမှာ  ခွဲစိတ်မဲ့ ရက်မရောက်မချင်း  ခွဲစိတ်ခန်းထဲ မဝင်ရသေးမချင်း
မေ့ဆေးပေးပြီး သတိမေ့ မသွား မချင်း  ခွဲစိတ်ခံရမဲ့ လူနာက စဉ်းစားပြီ...နေ့တိုင်းကိုစဉ်းစားနေပြီ ..။။

ငါခွဲစိတ်ခန်းဝင်ဖို့ ဘယ်နှစ်ရက်ဘဲလိုတော့တယ်.. ဘုရား ဘုရား  ...
ငါခွဲစိတ်တာ အောင်မြင်ပါ့မလား.. အဆင်မှ ပြေပါ့မလား... ခွဲစိတ်ပြီးရင် ချုပ်ရိုးတွေက မြန်မြန်ကျက်ပါ့
မလား...သိပ်များနာ နေမလား မသိ.... fear က အဲဒီမှာ စလာပြီ ... ဘေးကမိသားစုတွေက ဘယ်လောက်
ဘဲ အားပေး  အားပေး  .... ကာယကံ ရှင်က ကြောက်နေပြီ ... မကြောက်ပါဘူး စိတ်မပူပါဘူးဆိုနေပေမဲ့
ရင်ထဲက ခံစားချက်ကို သူကိုယ်တိုင်ဘဲ သိမှာပါ ...
အနာသေးသေးလေး ခွဲတာဘဲ ဖြစ်နေပါစေဦး.. ထုံဆေးလေးနဲ့ ခွဲတယ်ဘဲ ထားဦး..
ဆရာဝန်က အနားရောက်လာပြီ ဆိုတာနဲ့  စိတ်ထဲ  ဒါးနဲ့ ခွဲတော့မယ် ခွဲတော့မယ်.. ဆိုပြီးး
ရင်ထဲ တဒုန်းဒုန်းဘဲ.. ... ။။  စိုင်းစိုင်းခမ်းလိုင်  သီချင်းနဲ့ပြောရရင်တော့ ရင်ထဲကို ဗြောင်းဆန်
နေတာဘဲပေါ့လေ... ။။

ကြိုမသိနိုင်တာမျိုးကျတော့ ဘာဖြစ်လာမယ်ဆိုတာ ခန့်မှန်းထားလို့ မရနိုင်သလို
ဘယ်လောက်ထိ ဖြစ်မယ်လို့လည်း မသိဘူးလေ..
ကြို မသိထားတဲ့အခါကျတော့ စိတ်ထဲ ဘာဆိုဘာမှ မရှိဘူး..
သူငယ်ချင်းနဲ့အပြင်သွားဖို့ချိန်းထားတယ်..ပြင်ဆင်ဝတ်စားပြီး လမ်းထွက်လာတယ်..
စိတ်ထဲ မှာ သိနေတာက သူငယ်ချင်းနဲ့ တွေ့မယ်..စားမယ်  လည်မယ်..
ဓါတ်ပုံရိုက်မယ်... ပစ္စည်းဝယ်မယ်.. ဒါလောက်ဘဲစဉ်းစားထားတာ...
အဲဒီအချိန်မှာ လမ်းသွားရင်းနဲ့ ဝုန်းဆို ကားတိုက်ခံလိုက်ရတယ်..

Accident ..ဖြစ်သွားပြီ..

ဒီAccident ဖြစ်လာမယ်လို့ လုံးဝမသိထားတဲ့ အတွက် ဒီဟာနဲ့ ပတ်သက်ပြီး  ကြောက်လန့်ခြင်း
ဆိုတာ လုံးဝမရှိထားဘူး ... ဖြစ်လာကာမှ ဖြစ်ရောဘဲ..ဘာမှကိုကြို ပြီးကြောက်နေတာမရှိဘူး...
ဒီလိုကားတိုက်ခံလိုက်ရတဲ့အတွက်
ဆေးရုံရောက်မယ် ခွဲစိတ်ရမယ်.. အရေးပေါ်အခြေအနေ ဖြစ်မယ်..  ကြိုတင်သိနေတဲ့
ခွဲစိတ်မှု့မျိုးထက် Accident ကြောင့် လုပ်ရတဲ့  ခွဲစိတ်မှု့က ပိုပြီး ပြင်းထန် ချင်ပြင်းထန်ပါလိမ့်မယ်..
ဒါပေမဲ့  ဒါကို ကြိုတင်မသိထားတဲ့အတွက် ပြင်ဆင်ထားတာလည်းမရှိသလို ကြိုပြီး
တွေးတော ကြောက်လန့်နေတာမျိုးလည်း မရှိပါဘူး.. ဖြစ်ဖြစ်လိုက်ချင်း ဝုန်းဆို shock ရလိုက်
တာဘဲ ရှိရင် ရှိလိမ့်မယ်.. သတိချက်ချင်းမေ့သွားတာလည်း ဖြစ်နိုင်သလို ဝုန်းဆို ပြီး ဘာမှ မသိတော့
ဘဲ တခါထဲ Operation ခန်းထဲ ရောက်သွားတာလည်း ဖြစ်နိုင်ပါတယ်..
ပြင်းထန်တာကတော့ ကြိသိနေတဲ့ ကြိုပြင်ဆင်ထားတဲ့  အရာထက်  ကြိုမသိဘဲ
ဘာမှကိုပြင်ဆင် မထားတဲ့ အရာမျိုးက ပိုနိုင်ပါတယ်.. မြင်ရတဲ့ အရာက ခန့်မှန်းလို့ ရတယ်လေ
မမြင်ရတဲ့ အရာကို ကြိုခန့်မှန်းလို့မရနိုင်ဘူးလေ.....။။

ဒါပေမဲ့  ဘာမှကိုကြိုမသိထားတဲ့ အတွက် ကြောက်လန့် မှု့ Fear မှာတော့ Unkown Fear ထက်
Known Fear က ပိုပြီး များတာပေါ့... Known Fear က limit နဲ့ target ရှိတယ်...
ဘယ်နေ့မှာ ဘာလုပ်မယ် ..အခြေအနေ ဘယ်လိုဆိုတာ အကုန်သိနေတယ်..
ခွဲစိတ်မယ်... ဘာကို ခွဲစိတ်မှာလည်း .. တကယ်တမ်းမှာလည်း လုပ်စရာရှိတာတခု လုပ်ပြီး
ရင် ဒီ ခွဲစိတ်မှု့က ပြီးသွားပါပြီ...

 ကြိုမသိထားတဲ့ကိစ္စ မျိုးတွေကတော့  ဖြစ်လာရင် အဆုံးစွန်အခြေအနေထိ ဖြစ်သွားတတ်တယ်...
ဒါပေမဲ့ ဘာမှကို ကြိုတင်မသိထားတော့ ဘာဖြစ်လာမယ်ဆိုတာလည်း မသိဘူး.
ဘယ်လိုဖြစ်သွားနိုင်တယ် ဆိုတာလည်း မသိဘူး..အဲဒီတော့ အေးအေးဆေးဆေး ဘဲနေနေတာ...

ကျမ အမြင်နဲ့ခံစားချက်မှာတော့ Known Fear က Unknown Fear ထက် ပိုတယ်လို့
ထင်မိပါတယ်ရှင်...။။ ။။  ။။။။

ပစ်ပစ်
10.3.2014
Pm 12:23




 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei