26 June 2014

Give and Take

Posted by blackroze at Thursday, June 26, 2014
ဒီခေတ်ကြီးကို  IT ခေတ်လို့ပြောကြတယ်...လူတိုင်းလည်း I တလုံး ဆောင်ကြပါတယ်...အင်တာနက် သုံးစွဲလို့ရတဲ့ ဖုန်းတလုံးစီဆောင်ကြတာပါ ...
I phone ...I pad ...  အစရှိသဖြင့်ပေါ့လေ... တတ်နိုင်ရင် တတ်နိုင်သလို ဖုန်းတလုံး
Tablet အပြားကတခု ကိုင်ကြပါတယ်...မေသန်းနုကြော်ငြာပေးခဲ့ဖူးတဲ့စကားနဲ့ ပြောကြမယ်
ဆိုရင်တော့ တလုံးကသကြားလုံးဆော့ ဖို့  တလုံးက facebook သုံးဖို့ ဆိုပါတော့ ..ဖုန်းပြောတယ်
ဆိုတာ သိပ်ကိုရှား သွားပြီလို့ ကျမတော့ ထင်တယ်..ဖုန်းပြောဖို့ အဲဒီဖုန်းတွေ ဝယ်တာမဟုတ်ပါဘူး..
အင်တာနက်သုံးလို့ရအောင် အဲလိုဖုန်းတွေ ဝယ်သုံးကြတာပါ..နောက်တခုက..ဖုန်းခတွေ ဖုန်းကဒ်တွေကလည်းဈေးကြီးလာတော့  free call ရတဲ့  Viber တို့ Line တို့  Wechat တို့ နဲ့က ပိုအဆင်ပြေပါတာလည်းပါ..ပါတယ်......
အင်တာနက်ဖိုးလေး တလ600လောက်သွင်းရုံနဲ့ တမ္ဘာလုံးနဲ့ အချိန်ရှိသရွေ့ ဆက်သွယ်လို့ရနေတာကိုးး....
အချိန်ပေးနိုင်မယ် ဆိုရင် facebook ထဲက ခင်တဲ့ နိုင်ငံတကာက ဘော်ဒါ
ဘော်ဂျွတ်တွေနဲ့  Hello  ..Hi  လုပ်နေလို့ရတယ်လေ...
( ကျမပြောတဲ့အင်တာနက်ဖိုး 600 ဆိုတဲ့အထဲ ကျမတို့ရဲ့ မြန်မာပြည်မပါဘူးနော်..
ကျမရောက်နေတဲ့ နေရာကိုပြောတာပါ ..။။)

ကျမတို့ငယ်ငယ်ကဆို TV ဆိုတာ အိမ်တိုင်းမရှိပါဘူး...ကျမ လေးငါးနှစ်အရွယ်ပေါ့ ..TV ကြည့်ချင်ရင်
TV ရှိတဲ့အိမ်မှာ သွားကြည့်ရတယ်..ဒါမှမဟုတ်ရင် တယောက်ကို တမတ်ငါးမူးနဲ့ Tv ကလာတဲ့ဇတ်လမ်း
တွေပြတဲ့အိမ်မှာ သွားကြည့်ရတယ်...အဲဒီတုန်းကတော့ အိမ်ကပေးတဲ့မုန့်ဖိုးဆိုတာလည်း မုန့်စား
ဖို့လောက်ဘဲ ရတာဆိုတော့  မုန့်စားလိုက်တဲ့နေ့ ဆို Tv သွားမကြည့်နိုင်တော့ပါဘူး..အဲဒီတော့
ကျမတို့ကလေးတသိုက်က လမ်းပေါ်မှာ ကစားနည်းပေါင်းစုံကစားကြပါတယ်...
ဆော့မဲ့သူနည်းရင် နည်းသလို တူတူပုန်းတမ်းတို့ ကြက်တောင် အလှည့်နဲ့ရိုက်တာတာတို့
ကုလားမစည်းနင်းတာတို့ဆော့ကြတယ်...။။

ဆော့မဲ့ကလေးအင်အားများရင် များသလို  စိန်ပြေးတမ်းတို့  ခိုလိုက်တမ်း တို့  ထုပ်ဆီးတိုးတန်းတို့
ခွေးရူးလိုက်တမ်းတို့  ကစားကြတယ်...တလမ်းလုံးက ကလေးအသံတွေ အုန်းအုန်းကိုညံနေတာဘဲ
တခါတခါစိန်ပြေးတမ်းဆော့နေ၇င်းနဲ့  ထီလိုက်ေ၇ာင်းတဲ့ စက်ဘီးတွေရောက်လာရင်
အင်္ဂလိပ်သီချင်းသံတညံညံနဲ့  ဟေမာနေဝင်း သီချင်းသံနဲ့   စိန်ပြေးတမ်း ဆော့နေရာကနေ
အုပ်စုလိုက်ထကကြပါတယ်...ဖင်ကလေးလှုပ်ခေါင်းကလေးလှုပ်နဲ့ပေါ့...( အဲဒီတုန်းက
အခုလို နာမည်ကြီးထီဆိုင်တွေလည်း မရှိသလို ကားနဲ့လိုက်ေ၇ာင်းတာလည်း မရှိပါဘူး.. )။။

အားရအောင်ဆော့ပြီးကာမှ ည9နာရီလောက်ဆိုရင်  အိမ်ကမိဘတွေက နာမည်ခေါ်ပြီး
နင်အခုထိဆော့နေတုန်းလား  ရိုက်ခံချင်ပြီထင်တယ်..အိပ်ချိန်ရောက်နေပြီ..အခုချက်ချင်းအိမ်ပြန်လာ
နော်..မလာလို့ကတော့  တုတ်ပါတခါထဲကောက်ခဲ့ဆိုပြီး...အော်သံကြားမှ အလျို လျို အိမ်ပြန်
အိပ်ကြတာပါ...အိမ်ရောက်ခြေလက်ဆေး  ..စွတ်ကျပ် အဟောင်းလေးလည်းဝတ်...
အမေ ခင်းထားတဲ့ အိပ်ယာလေးထည့်ဝင်တိုးအိပ် ခေါင်းအုံးနဲ့ ခေါင်းနဲ့ထိတာနဲ့ ဘာမှကို
မသိတော့ပါဘူး...မနက် အမေက ထတော့ ဆိုပြီး နိုးမှ နိုးတာပါ..ညသန်းကောင် သန်းကောင်စာရင်း
လာစစ်တာတို့  ညဘက်ကြီး သူများအိမ်က လင်မယား ရန်ဖြစ်တာတို့  ဘာဆိုဘာမှကို
မသိတော့တာပါ..။။

နောက်တော့ ခေတ်မှီလာတယ်ပြောရမှာပေါ့... လမ်းထဲမှာ အိမ်တိုင်းနီးပါး TV ရှိလာတယ်..ညညဆို
TV မှာ ည7 နာရီဆို သီချင်းလာတယ်..8နာရီဆို သတင်းစလာတယ်..အဲဒီတော့7နာရီကနေ 8နာရီအထိ
က ဘယ်ကလေးမှ လမ်းပေါ်မှာ မရှိတော့ပါဘူး...အကုန် TV ရှေ့မှာပါ...အဲဒီတုန်းက နာမည်ကြီးအဆိုတော်ကလည်းအခုလို မှိုလိုပေါက် မနေပါဘူး.. ကျမမှတ်မိသေးတယ်.. နာမည်ကြီးတာဆိုလို့ အမျိုးသမီး အဆိုတော်ထဲမှာ ဟေမာနေဝင်း  မေဆွိ  ကော်နီ မေခလာ  ....အမျိုးသား အဆိုတော်ထဲမှာ  ကိုမှိုး  စိုးလွင်လွင် ကိုင်ဇာ ခိုင်ထူး  Jညီညီ ဇော်ဝင်းထွဋ်  သီချင်းတွေ
အလာများပါတယ်...  ။။

8နာရီထိုးသတင်းလာတော့မှ လမ်းပေါ်ပြန်ဆင်းလာပြီး ဆော့ကြပါတယ်...
9နာရီသတင်းပြီးတာနဲ့ အိမ်ပေါ်ပြန်တက် ကုန်ကြပါတယ်...
TV ဇတ်လမ်းကြည့်ကြတာပါ..မှတ်မိနေသေးတယ်..ဗုဒ္ဓဟူးနေ့တိုင်း အငြိမ့်လာပါတယ်...မင်းသမီးကတခိုင်လုံးရွှေ(ဒေါ်) အေးအေးမြင့်...လူရွှင်တော်တွေက ဦဧရာ
ဦးကျော်ထူး ဦးဖိုးဖြူ. ဦးကုသိုလ်  ဦးအရိုင်း...တို့ပါ ...အဲလိုညဘက်တွေ ဇတ်လမ်းတွေ အငြိမ့်တွေ
ကြည့်ကြတော့ လမ်းထဲမှာ ဆော့တာနည်းသွားပါတယ်...
ဒါပေမဲ့ကျောင်းပိတ်ရက်တို့ မီးပျက်တဲ့ညတို့ ဆိုရင်တော့ အရင်လိုဆော့မြဲပါဘဲ..။။

အဲလိုနဲ့ တဖြည်းဖြည်း ခေတ်မှီလာလိုက်တာ  TV ကနေ Video ... VCD  .... DVD ရောက်လာတယ်ဆိုပါတော့..ကလေးတွေလည်း လမ်းပေါ်မှာဆော့တယ်ဆိုတာ မရှိတော့ပါဘူး.....ခေတ်ရေစီးကြောင်းထဲ  ကျမတို့တွေ မျောပါလာလိုက်တာ....အခုလို IT ဆိုတဲ့ ခေတ်ကြီးကို ရောက်လာတဲ့ အထိပါဘဲ .... ကလေးဘဝတုန်းက ကျမတို့ ဆော့ခဲ့သလို အခုခေတ်ကလေးတွေ   မဆော့ဖူးကြတော့ပါဘူး..။။

 ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းထဲမှာ  ကလေးတွေညဘက်
လမ်းပေါ်မှာ ဆော့ဖို့ထက် ကွန်ပြူတာသုံးဖို့  စလောင်းကြည့်ဖို့  sky net ကြည့်ဖို့
ကိုးရီးယားကား ကြည့်ဖို့ ဖြစ်သွားကြပါတယ်.... နွေရာသီကျောင်း ပိတ်ရက်တွေဆို ကျမတို့ငယ်ငယ်တုန်းကတော့ မိုးပျံအောင် ကစားရတဲ့ ကာလပါဘဲ...ကာတွန်းစာအုပ်ငှားဖတ်တယ်..
မိုးလင်းက ညနေထိ ထမင်းစားချိန် အိမ်ပြန်စားတာကလွဲပြီး ကျန်တဲ့ အချိန်တလမ်းလုံးက
ကလေးတွေ လမ်းပေါ်မှာ အုန်းအုန်းထအောင်ကို ဆော့တာပါ...နေ့ခင်းပိုင်းနေပူတဲ့အချိန်ဆို
တောက်ခုံတောက်ကြတယ်... သစ်ပင်ရိပ်မှာ ရုပ်ရှင်ဖွဲ့ တမ်းကစားကြတယ်..ပုံဆွဲပြိုင်ကြတယ်...
အခုခေတ်ကလေးတွေ ရုပ်ရှင်ဖွဲ့တမ်း ဆိုတာဘယ်လိုကစား တယ်ဆိုတာ သိကြတော့မယ် မထင်ပါဘူး..။။

အခုခေတ်ကလေးတွေရဲ့  နွေရာသီကျောင်းပိတ်ရက်ဆိုတာ  သင်တန်းအချိန်ဇယား ကျု ရှင်အချိန်ဇယား
တွေနဲ့ပြည့်နှက်နေတဲ့ကာလကြီးဖြစ်သွားပါတယ်... ဘာသင်တန်းပြီးရင် ဘာသင်တန်းတက်မယ်..
နောက်တခုက တော့  ခေတ်မှီလာတာနဲ့ အမျှ ကလေးတွေရဲ့ စိတ်ဓါတ် အတွေးအခေါ် တွေလည်း
ကျမတို့ငယ်က နဲ့မတူတော့ပါဘူး... အဲတာက တိုးတက်ခေတ်မှီလာတာလား...ဒါမှမဟုတ် ကလေးက
ကလေးနဲ့မတူတော့တာလား.. ကျမ မဝေဖန်တတ်ပါဘူး..ငယ်ငယ်တုန်းက ကျမတို့စီမှာ မရှိတဲ့
စူးစမ်းမှု့တွေ ထက်မြက်မှု့တွေ အခုခေတ်ကလေးတွေစီမှာ ၇ှိတယ်... ကျမတို့ ငယ်ကဆိုရင် TV တောင်
အိမ်က လူကြီးတွေ ဖွင့်ပေးမှ ကြည့်ရတာပါ...အခုခေတ် ကလေးတွေက ကွန်ပြူတာတောင်
ကိုယ့်ဘာကို ကလိပြီး အစုံသုံးတတ်ပါတယ်...နည်းပညာတိုးတက်တဲ့ခေတ်ဖြစ်လာတော့
ကွန်ပြူတာဆိုတာကို မိုးပျံနေအောင် သုံးတတ်ကြပါတယ်.... ဒါပေမဲ့ ကျမတို့ငယ်တုန်းက ရခဲ့တဲ့ လွတ်လပ်ပေါ့ပါ့းတဲ့ ကလေးပီသတဲ့ ကလေးဘဝကို အခုခေတ်ကလေးတွေမရခဲ့ကြဘူး..

ကျမတို့ငယ်ငယ်တုန်းကရခဲ့တဲ့ လွတ်လပ်ခြင်းတွေကို သူတို့တွေမရကြတော့ပါဘူး..
လမ်းပေါ်မှာအော်ဟစ် ပြေးလွှားပြီးကစားခဲ့တဲ့ လွတ်လွပ်ခြင်းမျိုး ကို သူတို့လေးတွေ မရခဲ့ကြဘူး..။။

သူတို့ရတာက ဘာတွေလည်း..သူတို့ မရတာကဘာတွေလည်း  ချိန်ထိုးယှဉ်ကြည့်ရင်
ဘယ်ဘက်က သာမယ်လို့ ထင်ပါလည်း...အဲတာဟာတိုးတက်ခေတ်မှီ
လာတာလား...လွတ်လပ်ခြင်းနဲ့ ကင်းဝေး သွားကြတာလား.....ကျမသေချာမပြောတတ်ပါဘူး..။။

ကျမတို့တွေက ခေတ်မှီတဲ့ပစ္စည်းတွေ သုံးချင်ကြတယ်..ခေတ်မှီတိုးတက်တာကို သဘောကျတယ်..
အဲလိုအတွက်ကြောင့် နည်းပညာ တွေနောက်လိုက်တယ်...ပစ္စည်းအသစ်အဆန်းတွေနောက်
လိုက်တယ်...လိုက်ရင်းလိုက်ရင်းနဲ့ ကျမတို့တွေ သဘာဝရဲ့ လွတ်လပ်ပေါ့ပါးခြင်းတွေနဲ့ ကင်းဝေးလာကြတယ်...။။

ဘယ်နေရာ မဆို အကောင်းဆိုတာကြီးဘဲ ရှိတာမဟုတ်ပါဘူး...အဆိုးကြီးဘဲလည်း မရှိပါဘူး..
ကောင်းတာရှိသလို....ဆိုးတဲ့အနေအထားလည်း ရှိတတ်ပါတယ်...ပေးလိုက်ရတာတွေ ၇ှိသလို
ယူခဲ့ရတာတွေလည်း ရှိပါတယ်...ကျမတို့ငယ်ငယ်တုန်းက စိတ်ကူးတောင်မယဉ်ခဲ့မိဘူးတဲ့
Aircon ခန်းထဲမှာ ကွန်ပြူ ခလုတ် တတောက်တောက် နဲ့ နိုင်ငံတကာက သူငယ်ချင်းတွေနဲ့
အုပ်စုဖွဲ ဂိမ်းဆော့တာမျိုး ကို အခုခေတ်ကလေးတွေ ဆော့နိုင်ကြတယ်...
ကျမတို့ ငယ်ငယ်တုန်းက အုပ်စုလိုက်စိန်ပြေးတန်း  ကစားရင်း အော်ဟစ်ပြေးလွှားကြတာမျိုး
အခုကလေးတွေ စိတ်ကူးတောင်ယဉ်ဖူးမယ်မထင်ပါဘူး....။။


အရင်က ဆိုရင် အလုပ်သွားရင်းဘဲဖြစ်စေ ..ခ၇ီးသွားရင်းနဲ့ ဖြစ်စေ  မိတ်ဆွေ ဖြစ်သွားကြတဲ့သူတွေရှိပါတယ်..
အလုပ်သွားတိုင်း ကားမှတ်တိုင်မှာ အလုပ်ချိန် တူလို့ ကားစီးဖို့ စောင့်နေတဲ့ သူအချင်းချင်းဆုံနေကြ
မျက်မှန်းတန်းမိလာရင်  ပြုံး ပြနှုတ်ဆက်ကြရင်းကနေ ခင်မင်ပြီး မိတ်ဆွေ သူငယ်ချင်းဖြစ်သွားတတ်ကြပါတယ်.. .. ခရီးသွားရင်လည်း ဘေးချင်းကပ်ထိုင်တဲ့သူနဲ့ စကားပြောဆိုကြရင်းနဲ့  အန်တီက ဘယ်က...သမီးက ဘယ်က .. မိတ်ဖွဲ့ကြရင်းနဲ့  ခင်မင် သွားတတ်
ကြပါတယ်...။။

အခု လို I တလုံး ဆောင်ကြတဲ့ ခေတ်မှာ  တော့ အလုပ်သွားဖို့ အိမ်က ထွက် ..ကားမှတ်တိုင် ရောက်
ရထားဘူတာရောက် ... အိတ်ထဲကဖုန်းကို ထုတ်... facebook ကြည့်မယ်..Twitterကြည့်မယ်.. New feed မှာ ဘာတွေတက်လည်း ကြည့်မယ်..ဘယ်သူ status တင်လည်း  ကြည့်မယ်.. ကိုယ့်status ဘယ်သူကောမက်လာရေး လည်း ကြည့်မယ်...Viber တို့  Line တို့ wechat တို့ကနေ ဘယ်သူ့ sms
ဝင်လည်း စစ်မယ်.. Reply ပြန်မယ်... အဲတာနဲ့ဘဲ ကိုယ်ဆင်းရမဲ့မှတ်တိုင်ရောက်  ..ကားပေါ်က ကမန်း
ကတန်းဆင်း...အလုပ်ခွင်ဝင်... အလုပ်ထဲမှာ  အား၇င် အားသလို လစ်ရင် လစ်သလို ဖုန်းကို တခါထုတ်ပြန်တယ်... ဟိုနေရာကြည့်မယ်..ဒီနေ၇ာကြည့်မယ်..ဟိုဟာေ၇းမယ်..ဒီဟာရေးမယ်..
ဘာမှ လုပ်စရာ မရှိတော့ဘူးလား..တခုကျန်ပါသေးတယ်...Crandy crush ဆော့တာပါ ... ။။

အဲတာနဲ့ဘဲ ထမင်းစားချိန်ေ၇ာက်  ...ဖုန်းကိုထုတ်ပြီး စားပွဲပေါ်တင် အင်တာနက် သုံးပြန်တယ်..
ညနေအလုပ်ဆင်းချိန်ရောက်... မနက်ကလိုဘဲ အလုပ်ကထွက် ကားမှတ်တိုင်လာ...ကားစောင့်ရင်းဖုန်းထုတ်ကြည့်ပြန်တယ်... ကားလာ  ..ကားပေါ်တက် ဖုန်းကတော့အကြည့် မပျက်.... အိမ်ရောက်
ကမန်းကတန်း ရေ ချိုး  ..ထမင်းစား ..ပြီးတာနဲ့ ကွန်ပြူတာ ရှေ့ သွား ..အင်တာနက် ကမ္ဘာ ထဲ
တခါပြန်စီးမျော ပြန်တယ်.... ..မျက်စိနှစ်လုံး ပိတ် မအိပ်ခင်အထိ အိပ်ယာထဲ ဖုန်းလေးတော့ခဏ
ဖြစ်ဖြစ် ထုတ်ကြည့်မိသေးတာ..ဘယ်သူတွေ ဘာပို့သေးလည်း..ဘာရေးသေးလည်းဆိုတာကိုပါ..။။

တဦးတယောက်ထဲ ကအဲလို နေထိုင်တာလား  ဆိုတော့မဟုတ်ပါဘူး... ကား မှတ်တိုင် ..ရထားဘူတာမှာ
လူတိုင်းကိုကြည့်လိုက်ပါ... လူတိုင်းဖုန်းတလုံးစီကိုင်ပြီး  ဘေးပတ်ဝန်းကျင်ကို ဘယ်သူမှ အာရုံ မရှိ
တော့ပါဘူး... အာရုံ စုစည်းမှု့ ကဖုန်းစီမှာပါ.... ကျမတို့တွေဟာ သဘာဝ ဘေးပတ်ဝန်းကျင်နဲ့
တဖြည်းဖြည်း ကင်းဝေးလာကြတယ်..   ကျမတိုရဲ့ ခံစားမှု့ အားလုံးကို   ဖုန်းစီပို့ထား သလို
ဖြစ်နေကြပါတယ်..လမ်းသွားရင်းနဲ့ ဘယ်နေရာ ဘာဆိုင် အသစ်ဖွင့်လည်း ..မသိတော့ပါဘူး..
ကားဖြတ်နေကြ တံတားလေးတောင် ဆေးသုတ်ထားပါလား ဆိုတာလည်း သတိမထားမိတော့ပါဘူး..
ကိုယ်လာတဲ့လမ်းတလျှောက် ဘာတွေ အပြောင်းအလဲရှိလည်းမကြည့်မိတော့ပါဘူး..
ကိုယ်သွားနေကျ အချိန် ဘယ်သူတွေနဲ့ ဆုံတတ်လည်း သတိမထားမိတော့ပါဘူး...  ။။

ဒီလိုပြောင်းလဲလာတာတွေဟာ  တိုးတက်လာတာလား...လူသားဆန်တဲ့ ခံစားမှု့တွေနဲ့ ကင်းဝေး
လာတာလား...သေချာ ဝေဖန်စမ်းစစ်ဖို့တော့လိုပါတယ်...ကျမရောက်နေတဲ့ နေရာမှာ အစိုးရ က
ပြည်သူတွေအားလုံးကို သတိပေးလှုံဆော်ပါတယ်... လူတိုင်း ဖုန်းကိုဘဲ ကြည့်ပြီး ခေါင်းတချိန်လုံး
ငုံနေတာကို ဆင်ခြင်ကြဖို့အတွက်ပါ ...။။ တိုးတက်မှု့ နောက်ကို လိုက်တယ်ဆိုတာ လက်ခံပေမဲ့
သဘာဝ အနေအထားနဲ့  တအားကြီး ဝေးကွာ သွားမှာ စိုးရိမ်တဲ့အတွက်ပါ.. ..။။

အခုလိုအနေအထားမှာလည်း  လူတိုင်းက ဖုန်းကိုသာအာရုံစိုက် ပြီး ဘေးပတ်ဝန်းကျင်ကို
အာရုံမထားကြတော့တာ ကြောက်စရာကောင်းတဲ့ အနေအထားတခုကို ရောက်နေပါတယ်..
လူကြီး လူလတ် လူငယ်... အားလုံးပါဘဲ..ရုံး မှာ ကြည့်မလား..ကားမှတ်တိုင်မှာ ကြည့်မလား..
ရထား ဘူတာမှာကြည့်မလား.. ကုန်တိုက်မှာ ကြည့်မလား... နေရာတိုင်းမှာ ပါဘဲ...။။

ကျန်းမာရေး ရူ့ထောင်ကြည့်ရင်လည်း ဒီလိုအနေအထားဟာ..လူသားတွေအတွက်  မကောင်းပါဘူး..
အင်တာနက် လွယ်လွယ်ကူကူ သုံးစွဲ နိုင်မှု့ ကြောင့်  နေရာအနှံအပြားက လူတွေနဲ့ မိတ်ဆွေ ဖြစ်နိုင်တယ်
ဆိုပေမဲ့...ကိုယ်တွေ့လိုက်တဲ့သူက  လူကောင်းလား...လူလိမ်လား  ဆိုတာ ရှိပါသေးတယ်...
မလိုလားအပ်တဲ့ လှုမှု့ရေးအရှုပ်အထွေးတွေ  ဖြစ်ပေါ်လာနိုင်ပါတယ်...။။

အဲဒီတော့ ကျမတို့ဟာ.. နည်းပညာတိုးတက်မှု့ကို ရရှိခံစားနေကြတာလား...သဘာဝပတ်ဝန်းကျင်နဲ့
ကင်းကွာလာကြတာလား.. ..ကျမတို့ရရှိလာတာနဲ့  ကျမတို့ ပြန်ပေးလိုက်ရတာနဲ့ ..တန်ဖိုးညီမျှရဲ့လား..
အသေအချာ စဉ်းစားကြဖို့တော့ လိုအပ်ပါတယ်... ဆင်ခြင်တုံတရားဆိုတဲ့ အသိစိတ်လေးနဲ့
ထိန်းသိမ်းတတ်ရင်တော့ အကောင်းဆုံးပေါ့ ...။။

Give and Take ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်... အယူကြီးဘဲ ရှိလို့မရပါဘူး.. ပြန်ပေးရတာတွေလည်း
ရှိပါတယ်....တခုကိုလိုချင်ရင် တခုကို ပေးလိုက်ရတာကတော့ ဓမ္မာတာပါဘဲ.. ဒါပေမဲ့လည်း
ပေးတာနဲ့ယူတာ မျှဖို့တော့ လိုအပ်ပါတယ်.... ဘယ်နေရာမဆို ကန့် သတ်ချက်တခု ထားပြီး ဆင်ခြင်တတ်ကြပါစေလို့  ...ဆန္ဒပြု လိုက်ပါရစေ....။။။။။။။။ ။။။။။။

ပစ်ပစ်
Am  3:10
26.6.2014


2 comments:

စံပယ်ချို on 28 June 2014 at 13:30 said...

ပေးရတာနဲ့ ပြန်ရတာ မမျှပါဘူးညီမလေးရေ------ပစ်ပစ်ရေးသလို ရေးတတ်ချင်တယ် အတွေးထဲမှာတော့ ရေးဖြစ်တယ် လက်တွေ့ချရေးတော့ မဖြစ်ဘူးလေ

ညီလင်းသစ် on 30 June 2014 at 18:34 said...

ညီမပစ်ပစ် ရေးသွားတဲ့ ကစားနည်းတွေကို သူငယ်ချင်းတွေနဲ့ ညစဉ်ညတိုင်း ကစားခဲ့ကြတဲ့ အချိန်တွေကို သတိရမိတယ်၊ ဗုဒ္ဓဟူးနေ့ည အငြိမ့်ကြည့်မယ်၊ စနေနေ့ည ရုပ်ရှင်ကြည့်မယ် ဆိုတာကလွဲရင် အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ဝေးရာမှာ နေခဲ့ကြတဲ့ ဘဝတွေ...၊

အခုခေတ်ကတော့ မိုင်ထောင်ချီအကွာက အွန်လိုင်းမိတ်ဆွေ ဘာဟင်းနဲ့ထမင်းစားသလဲ ဆိုတာ သိပေမယ့် ကိုယ့်ရဲ့အိမ်နီးချင်း နေကောင်းရဲ့လားဆိုတာ သတိမပြုမိတော့တဲ့ခေတ်၊ အပေးနဲ့အယူကို ချင့်ချိန်ကြည့်ရင်း မောသွားခဲ့တယ် ညီမပစ်ပစ်ရေ...။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei