26 June 2011
ကျမရဲ့ခံစားမှု့သံစဉ်....
CAS လို့ခေါ်ကြတဲ့...နေညှိ..ဆိုတဲ့ဘလော့ဂါသူငယ်ချင်းပါ...ချော့ကလက်ဆိုတဲ့ social-site တခုကနေ
သူနဲ့ခင်ခဲ့ပါတယ်....နောက်တော့သူကကျမကဗျာတွေဝါသနာပါတယ်ဆိုတာသိလို့..သူ့ရဲ့Bloglink လေး
ပေးခဲ့ပါတယ်....အဲလိုလုပ်ချင်တယ်..ကူညီပေးပါဆိုပြီး..ကျမသူ့ကိုအကူအညီတောင်းခဲ့ပါတယ်...
အဲအချိန်တုန်းကသူကရန်ကုန်မှာပါ...ရန်ကုန်Connectionကလည်းအားလုံးသိကြတဲ့အတိုင်းဘဲလေ...
တက်လိုက်ကျလိုက်နဲ့..အဲလိုဆိုးဝါးလှတဲ့connection ဆိုတာကြီးနဲ့ရန်ဖြစ်ပြီး...ကျမတို့နှစ်ယောက်
ခံစားမှု့သံစဉ်ဆိုတဲ့..ဒီဘလော့လေးကို..တည်ဆောက်ခဲ့ကြပါတယ်.. အရင်ဆုံးပြသနာတက်တာကတော့
template ရွေးတာပါဘဲ..ကျမကြိုက်တဲ့တန်းပလိတ်မှန်သမျှအဆင်မပြေပါဘူး...သူ့ရန်ကုန်ကွန်နက်ရှင်
မကောင်းလို့ဒေါင်းလုပ်အဆင်မပြေတာလည်းပါ..ပါတယ်...နောက်တော့သူဒေါင်းလုပ်..လုပ်လို့အဆင်ပြေတဲ့
တန်းပလိတ်ကိုဘဲရွေးပြီးထားလိုက်ပါတယ်..အဲဒီတန်းပလိတ်လေးကတော့...ခံစားမှု့သံစဉ်ရဲ့..
ပထမဆုံးနောက်ခံBackground အညိုရောင်..တန်းပလိတ်လေးပါဘဲ...နောက်တော့ဘလော့တခုမှာရှိရမဲ့
C-box ..နောက်တခြားလိုတာလေးတွေ..သူကူညီပြီးလုပ်ပေးခဲ့ပါတယ်...သူလည်းတတ်နိုင်သလောက်
ကျမကိုကူညီပြီး..သူမသိတာတွေကိုတခြားသူတွေစီမေးပြီးကူညီပေးခဲ့ပါတယ်...
အဲဒါနဲ့ဘဲတလကျော်ကျော်လောက်အချိန်ယူပြီးတဲ့အခါမှာတော့..ခံစားမှု့သံစဉ် ....ဆိုတာဖြစ်လာခဲ့ပါတယ်....အဲဒီအတွက်...ကျမဒီနေရာကနေကျေးဇူးတင်တဲ့အကြောင်းပြောလိုက်ပါရစေ..
Cas ရေ...ကျေးဇူးအများကြီးတင်ပါတယ်..Thank u xoxo much ...း)
နောက်ထပ်ကျမပြောချင်တာကတော့..ကျမရဲ့ခံစားမှု့သံစဉ်..ကိုလာကြတဲ့သူမရှိပါဘူး...
လုံးဝကိုမရှိတာပါ..အခုလည်းအများကြီးမရှိပါဘူး...ဒါပေမဲ့အခုအနေအထားကကျမကိုခံစားမှု့သံစဉ်ဆိုတာနဲ့
တွဲစပ်ပြီး...blackroze..ဆိုပြီးခင်ကြတဲ့သူငယ်ချင်းတွေရှိနေပါပြီ..အရင်ကလုံးဝကိုမရှိတာပါ...
အဲဒီအချိန်တုန်းကကျမအရမ်းကိုအားငယ်ခဲ့ပါတယ်...သူများဘလော့တွေသွားကြည့်ရင် C-box ထဲမှာ
နှုတ်ဆက်သွားတာတွေ..ကော်မက်လေးတွေတွေ့တဲ့အခါကျမအရမ်းအားကျခဲ့ပါတယ်....
သူများတွေအတွက်လွယ်ကူတာတွေကကျမအတွက်အမြဲတမ်းခက်ခဲပါတယ်...အဲဒါကငယ်ငယ်ကထဲကနေ
အခုထိပါဘဲ..ကျမလိုချင်တာကိုဘယ်တော့မှအလွယ်တကူရခဲ့တယ်ဆိုတာမရှိသလောက်ပါဘဲ...
ကျမစိတ်ဓါတ်မကျဘဲအချိန်ကိုစောင့်ခဲ့ပေမဲ့လည်း...ဒီအတိုင်းကဒီအတိုင်းပါဘဲ..ကျမဘလော့လေး
တိတ်ဆိတ်နေဆဲပါဘဲ....နောက်ဆုံးမှာကျမတခုခုကိုဆုံးဖြတ်ခဲ့ပါတယ်...ကျမအဖေကျမကိုငယ်ငယ်တုန်းက
ပြောခဲ့ဖူးပါတယ်...သမီး..အရာတခုကိုမရနိုင်တော့ဘူးဆိုရင်အဲဒါကိုစွန့်လွှတ်လိုက်ဖို့ဝန်မလေးရဘူး...
ဆိုတဲ့စကားပါ..အဲစကားအတိုင်း...ရယူဖို့မဖြစ်နိုင်တော့ဘူးလို့သတ်မှတ်ပြီး...
စွန့်လွှတ်လိုက်ဖို့ကြိုးစားလိုက်ပါတယ်....ကျမတနေ့cas နဲ့အွန်လိုင်းမှာတွေ့တော့ပြောပြလိုက်ပါတယ်..
ကျမဒီဘလော့လုပ်ထားတဲ့..blackroze.flower..ဆိုတဲ့အကောင့်ကိုဘန်းလိုက်တော့မယ်ဆိုပြီးတော့ပါ..
သူကမလုပ်ပါနဲ့လို့တားပါတယ်..လုပ်ပြီးတဲ့အရာတခုကိုမဖျက်ဆီးဘဲ..ဆက်ကြိုးစားဖို့ပါ..ကျမအဲအချိန်မှာ
တော်တော်လည်းစိတ်ပျက်..အားငယ်နေမိတာပါ...
နောက်တော့ကျမစဉ်းစားမိပါတယ်...ကျမဘာအတွက်ဒီဘလော့လုပ်ဖြစ်တာလဲဆိုတာကိုတွေးမိပါတယ်..
ကျမရင်ထဲမှာခံစားမိတာတွေကိုကျမဖွင့်ဟချင်လို့စာမျက်နှာတစ်ခုတည်ဆောက်ခဲ့တာပါ..
ကျမအလုပ်မှာမွန်းကြပ်လာတဲ့အခါ...မိသားစုကိစ္စတွေနဲ့စိတ်ညစ်လာတဲ့အခါ..
ကျမအတွက်ခံစားမိတာတွေကိုရင်ဖွင့်လို့ရတဲ့..နေရာလေးတခုလိုချင်မိတာပါ...
ပြောရရင်တော့ခံစားမှု့သံစဉ်ဆိုတာ..ကျမဘဝရဲ့ပုံရိပ်တွေကိုသိမ်းထားပေးတဲ့နေရာလေးတခုလို့
ဆိုလိုချင်ပါတယ်..ဒီဘလော့လေးထဲမှာ..ကျမဘဝထဲကတချို့သောသူတွေကိုရည်ရွယ်ပြီး..
ရေးထားတဲ့ကဗျာတွေရှိတယ်..ကျမသတိရမိတဲ့ငယ်ငယ်ကနေခဲ့တဲ့မြို့လေးကိုရည်ရွယ်ပြီး
ရေးထားတာရှိတယ်..ကျမစိတ်ထဲခံစားမိတာလေးတွေ...ကျမတွေးမိတာလေးတွေ..ကျမရဲ့ခံစားချက်တွေ
အများကြီးပါ...ဒီအထဲမှာကျမသိမ်းထားပါတယ်..ကျမဘလော့သာရေးနေတာပါ..တကယ်တော့တန်ဖိုး
ရှိတဲ့စာတွေကိုဖန်တီးပြီးရေးနေမိတာမဟုတ်ပါဘူး....ကျမရိုးသားစွာဝန်ခံပါရစေ...
ကျမရဲ့ခံစားမှု့သံစဉ်ထဲမှာ....ကျမရဲ့ခံစားချက်တွေကလွဲလို့တန်ဖိုးရှိတာတွေမရှိပါဘူး....
ကျမရဲ့ခံစားချက်လေးတွေကိုဘဲလာဖတ်ပေးကြတဲ့..ကျမခင်မင်ရတဲ့မိတ်ဆွေတွေ..သူငယ်ချင်းတွေ
အကိုတွေအမတွေ..အားလုံးကို..ကျေးဇူးပါလို့.....။။။။
ကျမရဲ့ဘလော့လေးကိုပထမဦးဆုံးလာတဲ့သူကတော့...မကြီးချောပါ....
ကျမဘလော့ကိုdeleteလိုက်ဖို့စဉ်းစားနေတုန်းမှာဘဲ...ကိုဏီကခင်တတ်ပါတယ်ဆိုတဲ့
နှုတ်ဆက်စကားလေးနဲ့ရောက်လာခဲ့တဲ့..အကိုဏီလင်းညို..ကိုဗညား...အမမိုးငွေ့..
နောက်တော့အားလုံးကမမကွန်လို့ခေါ်ကြတဲ့..အမခင်ဦးမေ.............။။။
ကျမအလုပ်ကပြန်လို့ဘလော့လေးထဲဝင်ကြည့်လိုက်တဲ့အခါမှာ..ကျမရဲ့C-boxလေးထဲမှာ..
နှုတ်ဆက်စကားလေးတွေတွေ့လိုက်ရတော့...ပျော်သွားတဲ့အပျော်ဟာမျက်ရည်ကျမိတဲ့အထိပါဘဲ...
နောက်တော့ကျမရဲ့ခံစားချက်တွေကိုရေးရင်းနဲ့ကျမစီကိုလာလည်ကြတဲ့သူတွေရှိလာပါတယ်..
ကျမဘလော့လေးစီကိုလာလည်ကြဖူးတဲ့သူအားလုံးကိုကျမကျေးဇူးတင်ပါတယ်.....
(ဘယ်သူဘယ်ဝါဆိုပြီးနာမည်တပ်ပြီးတယောက်ချင်းမပြောတော့ဘူးနော်...)
အားလုံးကို XOXO THANK U ပါ
နောက်ထပ်ပြောချင်တာကတော့..ကျမကိုဘလော့နဲ့ပတ်သက်ပြီးကျမမသိတာတွေကို..သင်ပေးခဲ့တဲ့
စိုးဧပြီရယ်မွန်..သီချင်းဆိုက်ရဲ့ပိုင်ရှင်ကိုစိုးပါဘဲ...ကျမမသိတာတွေကိုသူအများကြီးပြောပြသင်ပေးခဲ့ပါတယ်...
ကျမအစကတန်းပလိတ်တောင်ကိုယ့်ဘာသာမပြောင်းတတ်ပါဘူး...သူသင်ပေးလို့သာပြောင်းတတ်သွား
တာပါ...ကျမကလည်းတော်တော်ဒုံးဝေးပါတယ်..တခါတလေ..Left-clickနှိပ်ရမှာလား..
right-clickနှိပ်ရမှာလား..မသိပါဘူး...အဲလိုဖြစ်ပါများတော့...leftclick ဆိုရင်..လက်ညှိုး..rightclickဆိုရင်
လက်ခလယ်လို့သတ်မှတ်ထားလိုက်ပါတယ်..leftclickနှိပ်ရမဲ့ဟာဆို..လက်ညှိုးကိုနှိပ်နော်...
rightclickဆိုရင်လက်ခလယ်ကိုနှိပ်နော်အမ..ဆိုပြီးသူအမြဲပြောလေ့ရှိပါတယ်..
ကျမဒီနေရာကနေပြောလိုက်ပါရစေ...ကျမ...ကျေးဇူး....အရမ်းတင်ပါတယ်ကိုစိုး....၊။။
ကျမရဲ့ခံစားမှု့သံစဉ်ကို...ကျမဘယ်အချိန်ထိရေးဖြစ်နေမလဲကျမမသိပါဘူး...
လူဆိုတာကအချိန်နှင့်အမျှပြောင်းလဲသွားတတ်ကြပါတယ်...ဘဝအနေအထားတွေလည်း
တသတ်မတ်တည်းမဟုတ်ဘဲနိမ့်လိုက်မြင့်လိုက်နဲ့...ပြောင်းလဲသွားတတ်ပါတယ်..
ကျမကတော့ကျမဘဝထဲကခံစားချက်တွေကိုကျမအချိန်ပေးနိုင်သလောက်အနေအထားအထိ
ရေးဖြစ်နေမယ်ထင်ပါတယ်..ကျမဒီဘလော့လေးကိုဆက်မရေးဖြစ်တော့တဲ့အချိန်မှာလည်း
တချိန်ကကျမရေးခဲ့ဖူးတဲ့ကျမရဲ့ခံစားချက်လေးတွေ..ကျမရဲ့ကဗျာလေးတွေ...ကျမရဲ့သူငယ်ချင်းတွေ
အားလုံးကိုကျမမေ့မသွားပါဘူး...အမြဲတမ်းရင်ထဲမှာအမှတ်တရရှိနေမှာပါ....
ကျမအရင်ကရေးခဲ့ဖူးပါတယ်...တနေ့သောအိမ်ပြန်ချိန်ဆိုတာလေး..
အဲအထဲကအတိုင်းပါဘဲ..ကျမကိုနှုတ်ဆက်ပြီးအိမ်ပြန်သွားကြတဲ့သူတွေ...
မနှုတ်ဆက်ဘဲအိမ်ပြန်သွားကြတဲ့သူတွေ...ကျမနဲ့ခင်ခဲ့ဖူးတဲ့သူတွေအားလုံးကို
ခံစားချက်လေးတွေနဲ့အတူတူသိမ်းထားမှာပါ.......
တကယ်တော့ခံစားမှု့သံစဉ်ဆိုတာ...ကျမရဲ့ခံစားချက်တွေကိုဘဲကျမရေးနေမိတဲ့
နေရာလေးတခုပါ..ကျမရဲ့ရင်ဖွင့်ရာနေရာလေးပါ...အပြင်မှာတကယ်လက်တွေ့မပြောဖြစ်ခဲ့တဲ့
ကိစ္စတွေ..ကျမဖွင့်ဟပေါက်ကွဲခွင့်မရှိတဲ့အလုပ်မှာဖြစ်ခဲ့ရတဲ့ဒေါသတွေ..ကျမရဲ့ရင်ခုန်သံတွေ...
ကျမရဲ့မျှော်လင့်ချက်လေးတွေ...ကျမနာကျင်ခံစားခဲ့ဖူးတာတွေ..ကျမရဲ့ရင်ထဲကနေဖန်တီးလိုက်တဲ့
ကဗျာလေးတွေ......အားလုံးဟာကျမနှလုံးသားရဲ့အစိတ်အပိုင်းလေးတွေပါ....။။။
နောက်ထပ်လည်းခံစားချက်ပါတဲ့ကဗျာတွေ..စာတွေအများကြီးရေးချင်ပါသေးတယ်လေ...။။။
Blackroze ....(26.6.2011---- AM4:20)
28 May 2011
Today..
အိပ်ယာကမနိုးခင်ဖုန်းလာပါတယ်...အဲဖုန်းအသံကြောင့်ဘဲနိုးသွားတာပါ...
မိုးတွေရွာနေပါတယ်...စောင်ပြန်ခြုံပြီးဆက်အိပ်ပါတယ်...
ဒီနေ့နေ့လည်
မိုးတွေရွာနေဆဲပါ...အလုပ်ကိုထီးဆောင်းပြီးသွားရတယ်..
အလုပ်မှာ coffee ... နှစ်ခွက်သောက်တယ်...
ထမင်းစားတော့သတ်သတ်လွတ်ဟင်းနဲ့စားတယ်...
ဒီနေ့..ညနေ
အလုပ်ကသူငယ်ချင်းကသူ3နှစ်တိတိတွဲလာတဲ့ချစ်သူကို ဖုန်းကနေ message တကြောင်းဘဲ
ပို့ပြီးဖြတ်လိုက်တဲ့အကြောင်းသေချာပြောပြတယ်...ဘာကြောင့်သူအဲလိုဖြတ်လိုက်ရတာလဲ
ဆိုတဲ့အကြောင်းရင်းကိုလဲ..သေချာပြောပြတယ်...တကယ်တော့မိန်းမတွေအကြောက်ဆုံးအရာက
အလိမ်ညာခံနေရမှာကိုပါဘဲ...မိန်းမတွေခွင့်မလွှတ်နိုင်ဆုံးကလဲ...ကိုယ့်ကိုအရေးမထားတာပါဘဲ..
ကျမသူငယ်ချင်းဆုံးဖြတ်တာမှန်ပါတယ်...ကျမသူ့ကိုအားပေးနှစ်သိမ့်ပေးခဲ့ပါတယ်...
ဒီနေ့..ည
အိမ်ပြန်တဲ့အထိမိုးရွာနေတုန်းပါဘဲ..မိုးရွာထဲအိမ်ပြန်လာရင်း..ဟိုရက်ပိုင်းလေးကမှ
အလုပ်ထွက်သွားတဲ့ကျမသူငယ်ချင်းကိုသတိရမိပါတယ်..သူရန်ကုန်မှာအဆင်ပြေရဲ့လား..
ပျော်နမလားဆိုပြီးတော့ပါ...ကျမကြိုက်တဲ့မုန့်တွေကိုကျမအစား..စားခဲ့ပါလို့မှာလိုက်ပါတယ်...
အဆင်ပြေရင်အွန်လိုင်းလာခဲ့ပါလို့မှာလိုက်ပါတယ်...သူထိုင်ဝမ်ကို..ပြန်လာဖြစ်ခဲ့မယ်ဆိုရင်လည်း
ကျမစီပထမဆုံးဖုန်းဆက်ဖို့လည်း..မှာလိုက်ပါတယ်.....သူတကယ်လုပ်မလုပ်တော့မသိပါဘူး...
ကျမတော့သူ့ကိုသတိရနေမိပါတယ်....ဟိုအကြောင်းဒီအကြောင်းတွေတွေးရင်းနဲ့အိမ်ပြန်ရောက်ပါတယ်..
အိမ်ရောက်တော့လား.....ထုံးစံအတိုင်းပေါ့နော်....အရင်နေ့တွေကအတိုင်းပါဘဲ....သိပ်မထူးခြားပါဘူး
ဒီလိုပါဘဲ..ဒီလိုပါဘဲ...ဒီလိုပါဘဲ..............
လောကကြီးမှာအရာရာကိုစိတ်တိုင်းမကျတဲ့သူ...ဘယ်သူပါလဲဆိုရင်...ကျမဖြစ်လိမ့်မယ်ထင်ပါတယ်..
ကျမဒီညဘာကိုမှစိတ်တိုင်းမကျဘူး....ကျမတခုခုကိုပေါက်ကွဲပလိုက်ချင်တယ်....ကျမရင်ထဲအရမ်းမွန်းကျပ်
နေတယ်...ဟိုးအရင်က...ရှင်သန်လှုပ်ရှားခဲ့ဖူးတဲ့....ကျမဟာ...နူးညံတဲ့သူတယောက်လား...
ဒါမှမဟုတ်....အရမ်းကိုနာကျင်မာကျောခဲ့သူလား...ကျမကိုယ်တိုင်တောင်မသိတော့ပါဘူး...
အခုလား.....
သီချင်းနားထောင်နေတယ်လေ...စာရေးနေတယ်လေ...ဘာသီချင်းလဲဆိုတော့...
L saize ရဲ့....တိတ်တိတ်လေးဘဲချစ်သွားမယ်...တဲ့..ကျမကတော့တိတ်တိတ်လေးမချစ်ချင်ပါဘူး
တလောကလုံးသိသွားအောင်..ဒါကျမအရမ်းချစ်ရတဲ့သူပါဆိုပြီး...ကြော်ငြာလိုက်မှာ... :P
မနက်ဖန်အတွက်...
ဘာအစီအစဉ်မှမရှိပါဘူး...အဲ..ဒါပေမဲ့အလုပ်တော့သွားရမှာပါ..ကျမအလုပ်ကsat..sun မနားပါဘူး..
ကြားရက်နားရတာပါ..တနှစ်မှာနှစ်ကြိမ်တော့sat..sun ..နားရက်နဲ့ဆုံပါတယ်...
အခုလောလောဆယ်ဖြစ်ချင်နေတာလေး....
ကျမဂစ်တာတီးပြီးသီချင်းတပုဒ်လောက်ခပ်တိုးတိုးဆိုချင်ပါတယ်...ရန်ကုန်မှာထားခဲ့တဲ့
ကျမအခန်းထဲကဂစ်တာလေးကိုအရမ်းလွမ်းမိပါတယ်...အဲဒီဂစ်တာလေးကိုကျမ10တန်းဖြေပြီးတဲ့
နှစ်မှာမုန့်ဖိုးစုပြီးဝယ်ခဲ့တာပါ...ကျမဘဝရဲ့သက်မဲ့ပစ္စည်းတွေထဲမှာကျမအမြတ်နိုးဆုံးပါ.....
အခုလက်ရှိအလုပ်သင့်ဆုံးအရာ...
အိပ်ယာထဲသွားသင့်နေပါပြီ...မနက်5း07 ရှိနေပါပြီ...ဆန္ဒရှိလို့သာစာရေးနေတာ
တကယ်တော့မျက်လုံးတွေကအရမ်းအိပ်ချင်နေပါပြီ...
မအိပ်ခင်တော့သီချင်းလေးတပုဒ်လောက်တော့နားထောင်ပါရစေနော်..
Lလွန်းဝါရဲ့....နှစ်ယောက်တစ်အိမ်မက်......တဲ့ (@-@)
17 April 2011
ဆုံဆည်းပါရစေ....
မနက်စောစောထပြီး(သူ့စီကတော့မနက်5နာရီပေါ့..ကျမစီမှာတော့မနက်9နာရီ)
ဆွမ်းချက်..သစ်သီးပွဲပြင်...သောက်တော်ရေလဲ...ဘုရားဆွမ်းတူတူကပ်ခဲ့တယ်..
ပရိတ်တူတူရွတ်ခဲ့ပါတယ်..ဘုရားစီမှာဆု....အတူတူတောင်းခဲ့တယ်.....
ဒီနေ့မှာတောင်းခဲ့တဲ့ဆုတွေအားလုံးပြည့်ချင်ပါတယ်...
သူ့ဘုရားစင်လေးပါ....

ကျမအိမ်ကဘုရားစင်လေးပါ...
ဘုရားတူတူရှိခိုးနိုင်ဖို့ကြိုးစားခဲ့ပါတယ်...
ဘုရားရှိခိုးပေမဲ့ဆုမတောင်းဖြစ်ခဲ့တာတော်တော်ကြာပါပြီ....
ဒီနေ့ဆုတောင်းခဲ့တယ်..
တောင်းတဲ့ဆုလည်းပြည့်ချင်ပါတယ်....
မင်္ဂလာရှိတဲ့နှစ်သစ်ကူးလေးမှာအားလုံးဘဲပျော်ရွှင်ချမ်းမြေ့ကြပါစေ....။။။။
17.4.2011 Pm 11:50
03 April 2011
林義傑 (သို့မဟုတ်) ကျော်ထူး
ကျော်ထူးဆိုပြီး...နာမည်ပြောင်ပေးထားပါတယ်... တကယ်လည်း ဟာသသရုပ်ဆောင်ကျော်ထူးနဲ့
ခပ်ဆင်ဆင်တူပါတယ်...အသက်40ကျော်ပတ်ဝန်းကျင်ရှိပါလိမ့်မယ်...သူကကွန်ပြူတာပြင်တဲ့section
ကလို့သာပြောတာပါ...တကယ်တော့ကွန်ပြူတာဘာမှမကျွမ်းပါဘူး...ကျမတို့အလုပ်ကIC တွေကို စက်တွေ
ကွန်ပြူတာတွေနဲ့ testing လုပ်ပေးရတာပါ..တခါတလေ..IC Test တွေမှာ.error တွေခဏခဏပြတတ်ပါတယ်....အဲဒါဆိုရင်ကျမတို့က..No bin 1 ဆိုပြီး complain တင်ပေး၇ပါတယ်...
သူတို့ကွန်ပြူတာsec ကလူတွေကကွန်ပလိန်းတက်လာရင်....ဘယ်ကွန်ပြူတာနံပါတ်က..error တက်နေတာလဲဆိုပြီး..လာပြင်ပေးရတာပါ..တခါတလေ..ကွန်ပြူတာထဲမှာတင်သူတို့လုပ်ပေးလို့ရသွား
တာလဲရှိသလို...ကွန်ပြူတာနဲ့စက်နဲ့Join ပေးတဲ့နေရာမှာ..box ကိုဖွင့်ပြီးပြင်ရတာလဲရှိပါတယ်...
အဲလိုအခါမျိုးဆိုရင်ကျော်ထူးတို့တိုင်ပတ်တော့တာပါဘဲ...သူကမကျွမ်းကျင်ဘူးလေ...ကွန်ပြူတာလာပြင်ရင်
သူလုပ်တာကသုံးမျိုးဘဲရှိပါတယ်..
ပထမတခုကစက်ရဲ့ socket ကိုဖွင့်ချလိုက်ပြီး...IC လေးကိုsocket ထဲမှာ
ထည့်ပြီး...ကွန်ပြူတာကနေ..အချက်အလက်တွေကိုအသေးစိတ်ကြည့်ပြီးဘာလုပ်၇မယ်ဆိုတာဆုံးဖြတ်တာပါ
(အဲလိုလုပ်တာကိုကျမတို့စက်ကြည့်ပေးရတဲ့..သူတွေကမကြိုက်ကြပါဘူး..အဲလိုsocket ဖွင့်လိုက်ရင်
အဲဒီIC တွေက..စာရင်းအရေအတွက်မကိုက်တော့ပါဘူး...ဒါဆိုရင်..ကျမတို့အလုပ်ထဲမှာကတော့
အဲလိုဖြစ်တာကိုSPC fail တယ်လို့သတ်မှတ်ပါတယ်...section မန်နေဂျာကိုလက်မှတ်ထိုးခိုင်းရပါတယ်
မန်နေဂျာကလဲအဲလိုဖြစ်တာကိုမကြိုက်ပါဘူး....ဘာကြောင့်ဆိုပြီးလက်မှတ်သွားထိုးခိုင်းတဲ့သူကိုရစ်ပါတယ်..)
သူပြင်တတ်တဲ့ဒုတိယနည်းကတော့...ကွန်ပြူတာကိုKal တာပါ...ကွန်ပြူတာကိုReflesh ပေးသလိုပါဘဲ
နာရီဝက်လောက်ကြာပါတယ်...အဲနည်းကလဲ..သိပ်မစွံပါဘူး...kal ပြီးပေမဲ့..ကောင်းချင်မှကောင်းတာပါ..
တတိယနည်းကတော့ကွန်ပြူတာနဲ့စက်နဲ့ Join ထားတဲ့နေရာကBox ကိုဖွင့်ပြီး...DIB ကိုလဲပေးတာပါ...
IC ကိုအဲဒီ DIB ကဘဲစစ်ပေးတာပါ..သူကအဓိကအစိတ်အပိုင်းပါ...အဲဒါကိုလဲလိုက်ရင်တခါတလေ..
ကောင်းသွားတတ်ပေမဲ့..တခါတလေကျရင်..ဒီဟာကောင်းသွားပေမဲ့..နောက်တမျိုးကError ပြတတ်ပါတယ်..
သူကလဲအဲနည်းသုံးမျိုးအောက်ကနေပြင်လို့ရရင်ရ..မရရင်...ဒါကIC ပရိုဂရမ်ရဲ့ပြသနာဆိုပြီး..IC ပရိုဂရမ်အင်ဂျင်နီယာကိုလွှဲချလိုက်ပါတယ်...
ကျမတို့စက်ကြည့်ပေးရတဲ့သူတွေကလည်း..တခုခုဆိုရင်...ပြင်လို့ကောင်းသွားတာဘဲလိုချင်ကြပါတယ်..
သူကလဲဘာမှကျွမ်းကျွမ်းကျင်ကျင်မရှိတော့....ကျမတို့MA section ကလူတွေတိုင်တာကိုခဏခဏခံရပါတယ်...တချို့ကတော့လည်း...အတိုင်အတောမထူပေမဲ့..တချို့ကျတော့
လည်းနဲနဲလေးမှအမှားမခံပါဘူး..တခုခုဆို...တိုင်ပြစ်လိုက်တာများပါတယ်...ပြောရရင်..သူ့ဆိုဘယ်သူမှ
အထင်မကြီးမလေးစားကြပါဘူး....သူ့ပုံကလဲနဲနဲလေးမှအထင်ကြီးစရာမရှိပါဘူး...လူပုံကကုတ်ချောင်းချောင်း..
အဝတ်အစားကလဲမသပ်မရပ်...အဆိုးဆုံးကကိုယ့်ကိုကိုယ်ယုံကြည်မှု့မရှိတာပါ....သူကသူ့ကိုယ်သူမယုံ
မှတော့သူများကရော..သူ့ကိုယုံကြည့်ပါတော့မလား...ကွန်ပြူတာsectionကတခြား လူတွေဆိုရင်...ကျမတို့
ကွန်ပလိန်းတင်လိုက်ရင်...လာတာနဲ့ဘာမှတောင်မေးမနေဘူး..သူတို့ဘာသာသူတို့ ENG menu အောက်ကနေပြင်သွားတာများပါတယ်...သူတို့ကလုပ်ရင်းနဲ့တခုခု Fail တယ်ဆိုရင်လည်းကျမတို့MA ကလူတွေကဘာမှမပြောရဲပါဘူး...မန်နေဂျာကိုလက်မှတ်ပြေးထိုးခိုင်းလိုက်ရတာပါ....ဒါပေမဲ့
ကျော်ထူးလာပြင်ရင်တော့..MA ကလူတွေကဘေးနားကနေကြည့်ပြီး..ပွစိပွစိလုပ်လိုက်...တခုခုfail တယ်ဆိုရင်..သူ့ကိုအပြစ်ပြောလို့မဆုံးတော့ပါဘူး...သူကလဲဟိုနည်းသုံးမျိုးကနေလွဲလို့..တခြားနည်းနဲ့
ပြင်တယ်ဆိုတာမရှိသလောက်ပါဘဲ....သူကိုယ်တိုင်ကလဲမကျွမ်းကျင်တောာ့...သူများပြောစရာကိုဖြစ်နေ
တော့တာပါဘဲလေ...သူ့ကိုယ်သူလဲသိတယ်ထင်ပါရဲ့..အမြဲတမ်းကြည့်လိုက်ရင်ခေါင်းငိုက်စိုက်ငိုက်စိုက်နဲ့
ဘယ်တော့မှမော်မော်ကြွားကြွားဆိုတာမရှိပါဘူး..သနားစရာလည်းကောင်းပါရဲ့လေ.....
ကျမတို့သူငယ်ချင်း5ယောက်ကတော့သူ့ကိုသနားလို့ဘယ်တော့မှမတိုင်ပါဘူး....ကိုယ်တိုင်စရာ
မလိုအောင်လည်းသူများတွေကတိုင်ထားတာပွနေတာဘဲလေ...ဟိုနေ့ကသူ..ကျမကြည့်ပေးရတဲ့
ကွန်ပြူတာကိုလာပြင်ပါတယ်....ထုံးစံအတိုင်းပေါ့...သူ့ရဲ့နည်းသုံးခုထဲကပထမနည်းကိုသုံးမယ်တဲ့
socket ဖွင့်မယ်တဲ့...ကျမအချိန်ကိုကြည့်လိုက်တော့..ည7နာရီကျော်နေပါပြီ...အလုပ်ဆင်းဖို့
2နာရီကျော်လောက်ဘဲလိုတော့တာပါ...သူလုပ်လို့ကောင်းသွားရင်ကိစ္စမရှိပါဘူး...မကောင်းခဲ့ရင်
တိုင်ပတ်သွားမဲ့သူကကျမပါဘဲ..အလုပ်ဆင်းခါနီးမှမန်နေဂျာကိုလက်မှတ်သွားထိုင်းခိုင်းရင်...ကျမကို
ရစ်လိုက်မယ့်ဖြစ်ခြင်း...ကျမလဲအလုပ်ဆင်းခါနီးစိတ်ရှုပ်မခံချင်ပါဘူး...ဒါနဲ့ socket မဖွင့်ဘဲတခြားနည်းနဲ့
ကြိုးစားကြည့်ပါလားဆိုတော့..သူကလဲဘာမှမသိတော့...ဟိုလိုလိုဒီလိုလိုလုပ်နေတော့တာပါဘဲလေ..
ကျမလဲစိတ်တိုလာတာနဲ့ပြင်မနေပါနဲ့တော့...ထားလိုက်တော့လို့ပြောလိုက်ပါတယ်..ကျမဘာသာ
ညပိုင်းသမားကိုသူတို့ညပိုင်းsection ကကွန်ပြူတာပြင်တဲ့သူကိုလာကြည့်ခိုင်းဖို့ပြောလိုက်မယ်လို့...
ဆိုပြီးပြောလွတ်လိုက်ပါတယ်...အဲတော့လည်းခေါင်းငိုက်စိုက်ငိုက်စိုက်နဲ့ထွက်သွားပါတယ်...
ရင်ထဲမှာစိတ်တိုင်းမကျလို့စိတ်မော၇တာရော...သူ့ကိုကြည့်ပြီးအားနာမိတာရောနဲ့အဲနေ့အလုပ်က
ပြန်တော့စိတ်တော့မကောင်းဖြစ်မိပါတယ်..ကျမစဉ်းစားမိတာက..လူတယောက်ကတနေရာမှာအခြေအနေ
တကျရပ်တည်ဖို့ဆိုတာ...အရည်အချင်းဆိုတဲ့စွမ်းအားတခုပြည့်စုံမှဖြစ်မယ်ဆိုတာပါဘဲ....ကျော်ထူးက
နေရာတခုတော့ရထားပါရဲ့...အဲနေရာမှသူနေဖို့အရည်အချင်းမပြည့်စုံတော့..သူ့မှာအမြဲတမ်း...အနှိမ်ခံ
လိုဖြစ်နေတော့တာပါဘဲ....သူလဲသူ့ကိုအဲလိုဆက်ဆံကြတာကိုစိတ်မကောင်းဖြစ်မိမှာသေချာပါတယ်...
ဒါပေမဲ့..ကျမတို့ MA section ကလူတွေအနေနဲ့ကျတော့လည်း...ဘယ်သူမှပြင်တဲ့သူမခေါ်ချင်ကြပါဘူး
မလွှဲသာလို့သာခေါ်ပြင်ခိုင်းရတာပါ..ပြင်တာကောင်းသွားတာဘဲလိုချင်ကြတာပေါ့...မကောင်းတဲ့အပြင်
ကိုယ်ကဟိုနေရာမှာလက်မှတ်လိုက်ထိုးခိုင်း..ဒီနေရာမှာလူလိုက်ရှာ..လက်မှတ်ထိုးခိုင်းနဲ့ဆိုတော့..
ဘယ်သူမှမလုပ်ချင်ကြပါဘူး...သူကလဲလာပြီဆိုရင်..အဲလိုဘဲဖြစ်သွားတာပါ..ကြာတော့လည်း
လူတွေကကွန်ပလိန်းတင်လိုက်ရင်..သူလာပြင်မှာကိုကြောက်ကြပါတယ်..သူကပြင်တာမကောင်းတဲ့
အပြင်..ကိုယ်ပါ..ပြသနာတက်သွားတတ်လို့ပါ......
အဲတော့သူလာရင်...လူတွေက...........း(..
သူလဲအဲလိုမျိုးသူ့ကိုဆက်ဆံတာစိတ်မကောင်းဖြစ်မိမှာပါ...
တကယ်တော့..လူတယောက်အတွက်နေရာတခုဆိုတာ...ကလည်း..မဖြစ်မနေလိုအပ်ပါတယ်..
နေရာတခုမှာရပ်တည်ဖို့အတွက်ဆိုတာကလည်းအရည်အချင်းတရပ်ကမဖြစ်မနေရှိနေဖို့လိုပြန်ပါတယ်...
လူ့ဘဝကြီးကလဲလိုအပ်ချက်တွေများသားနော်.....
လူဖြစ်ရတဲ့ဒုက္ခကလဲမသေးဘူးဆိုပါတော့.........။။။။
3.4.2011 AM 4:17
ထုံးစံအတိုင်းပေါ့နော်...စာလုံးတွေကတော့တောင်ေ၇ာက်လိုက်မြောက်ရောက်လိုက်ပါဘဲ...
ဟင်းးး (သက်ပြင်းချလိုက်သောအသံ)...
30 March 2011
.........
ကြယ်ရောင်တွေဖျောက်ထားပါလို့
ရောင်စဉ်ဖြာ
ကြယ်အရောင်လှလေးတွေ
ဘယ်ဆီရောက်နေ.....
ညစဉ်ညစဉ်...
လနဲ့ကြယ်
အလှချင်းပြိုင်
အရောင်ချင်းဆိုင်လို့
အလင်းဖြာထွန်းခဲ့ပေမဲ့.....
ခုညမတော့
တိမ်မဲညိုဖျက်လှတယ်....
အာရုံမိုးသောက်
မလင်းခင်လေး....
ကြယ်စဉ်ညထဲ...
အတိတ်ခရီးထွက်ချင်လို့
တိမ်မဲညိုရယ်...
ဖယ်လှည့်ပါကွယ်.......။။။
ကျမစိတ်ထဲရှိတာတွေလျှောက်ရေးမိနေတာပါ
ဖတ်ပြီးရင်ကောမက်မပေးခဲ့ပါနဲ့...
ကျမရေးတာတွေက
ကဗျာမပီတော့ပါဘူး..
30.3.2011 AM 5:18
18 February 2011
ဒီနေ့..ဒါတွေလုပ်တယ်..
သူငယ်ချင်းတွေစီလည်အိမ်လည်မထွက်ဖြစ်တာတော်တော်လေးကြာနေပါပြီ..
ဒါပေမဲ့အားလုံးကိုတော့..xo xo miss ပါနော်..
ဒီနေ့ကျမအလုပ်နားရက်ပါ..နှစ်ပတ်မှာတခါသာရတဲ့ရှားရှားပါးပါး...
နားရက်လေးတရက်ပါ..အလုပ်ကတပါတ်မှာတရက်နားပါတယ်...ဒါပေမဲ့ကျားပန်းလို့ခေါ်တဲ့
အိုဗာတိုင်..ဆိုတာကြီးနဲ့များမိသွားလို့နှစ်ပါတ်တရက်ဘဲနားရတာပါ....
ဒီနေ့9နာရီခွဲထမယ်လို့ဆုံးဖြတ်ထားပေမဲ့...တကယ်တမ်းနိုးတော့..113း0ကျော်နေပီ..
ကျမအလုပ်ဖွင့်ရက်ဆိုအိပ်ရေးဝပါတယ်...အလုပ်ပိတ်ရက်ဆိုအိပ်ရေးပျက်ပါတယ်...
အလုပ်ဖွင့်ရက်ဆို..အလုပ်ကလွဲပီးကျန်တာဘာမှမလုပ်ချင်ပါဘူး..
အလုပ်ဖွင့်ရက်မှာ..အိပ်ခြင်း..စားခြင်းနဲ့..အလုပ်သွားခြင်းဆိုတဲ့..အဓိကသုံးခုကိုဘဲ
လုပ်ပါတယ်..အလုပ်ပိတ်ရက်မှာတော့...ဖြစ်ချင်သမျှဆန္ဒတွေစုပြီးလုပ်ရတဲ့အတွက်
အိပ်ယာစောစောထပါတယ်..ဒါကြောင့်ပါအိပ်ေ၇းမဝပါဘူး....
မနက်နိုးတာနဲ့ဈေးသွားပါတယ်...ဒီနေ့သတ်သတ်လွတ်စားပါတယ်...ကျမမွေးနေ့မို့လို့ပါ....
ကျမတပါတ်မှာနှစ်ရက်သတ်သတ်လွတ်စားနေကြပါ....ဈေးကပြန်လာတာနဲ့...ကွန်ပြူတာဖွင့်ပါတယ်..
အရှေ့တပါတ်ကကျောင်းကသင်လိုက်တဲ့စာတွေလည်း..ပြန်ဖတ်ရဦးမှာမို့လို့..အိပ်ခန်းထဲကရှိသမျှ
စာအုပ်တွေပါကွန်ပြူတာရှေ့ကိုယူထားလိုက်ပါတယ်...ကွန်ပြူတာမှာဖွင့်ချင်သမျှsiteတွေ
အကုန်ဖွင့်ပါတယ်....gmail... facebook....bloger...နောက်ပြီး...အရင်တပါတ်ကဖတ်မပြီးသေးတဲ့
ဂျူးရဲ့...လရောင်အောက်ဖက်မိုင်အဝေးမှာ.....ဆိုတဲ့ဝတ္တုပါဆက်ဖတ်ဖို့ဖွင့်ထားပါတယ်...
နောက်ပြီး...သီချင်း...အခုတလောကျမနေ့တိုင်းနားထောင်ဖြစ်နေတာကတော့...My girl ဆိုတဲ့
korea ကားထဲက never say goodbye ..ဆိုတဲ့သီချင်းလေးပါဘဲ..နဲနဲမြူးမြူးကြွကြွလေးပါ...
အစကတော့နေ့လည်ဘက်ခဏလောက် ပြန်အိပ်မယ်စဉ်းစားထားပေမဲ့...လုပ်ချင်တာတွေများနေတော့
မအိပ်ဖြစ်တော့ပါဘူး ။။ အခန်း၇ှင်းပါတယ် မီးပူတိုက်ပါတယ် အဝတ်လျှော်ပါတယ် ....အဲလိုနဲ့ဘဲ
ညနေဘက်ရောက်လာပါတယ် အချိန်တွေကလည်းကုန်မြန်လိုက်တာများ bullet train နဲ့များ
သွားနေရသလားပါဘဲလေ ။။facebook က city ville မှာလည်းနှစ်ယောက်အတွက်ကစားပေးနေရတာဆိုတော့
gold coin တွေသိမ်းလိုက်..ကုန်ပစ္စည်းတွေ supply လုပ်ပေးလိုက်နဲ့ Mouse ကို click clik လုပ်ရတာ
လက်တောင်ညောင်းပါတယ်...အင်းပေါ့လေ..သူအားတဲ့အချိန် သူဝင်ဆော့ပေးထားတော့ ကိုယ်အားတဲ့
အချိန်ကိုယ်ပြန်ပြီးဝင်ဆော့ပေးရတာပေါ့ .. မျှတပါတယ်...ပြသနာမရှိပါဘူး
အခုနေခါအရှုပ်ပွဆုံးကတော့ ကျမရဲ့ကွန်ပြူတာစားပွဲပါဘဲလေ....စားပွဲပေါ်မှာစာအုပ်ကအပုံလိုက်
ဘောပင်တွေကပြန့်ကျဲလို့...click click လုပ်လိုက်..ဘောပင်ကိုင်လိုက်...keyboard ကိုင်လိုက်နဲ့
ကျမအခုအလုပ်4ခုလောက်ကိုတပြိုင်ထဲ လုပ် နေပါတယ်...တခါတလေ..လူရောစိတ်ရောအနားမပေးဘဲ
အဲလိုလုပ်ခိုင်းထားရလည်းကောင်းသားဘဲ ကျမအရာအားလုံးကိုမေ့နေပီး လတ်တလောလုပ်နေတဲ့
အလုပ်ကိုဘဲအာရုံရောက်နေလို့ စိတ်ညစ်စရာတွေကိုမစဉ်းစားမိပါဘူး.. အဲလိုနေတာဘဲကျမအတွက်
အကောင်းဆုံးဖြစ်မှာပါ ။။။ကျမအရာအားလုံးကိုမေ့ပစ်လိုက်ချင်တယ် မဖြစ်လာသေးတာတွေရော
ဖြစ်ခဲ့ပြီးသားတွေရော ဖြစ်နေတဲ့ဟာတွေရော တခါတလေ အတိတ်မေ့လိုက်ချင်မိပါရဲ့
ပြီးခဲ့တာတွေကိုလည်းပြန်မစဉ်းစားချင်ဘူး ။။ ဖြစ်မလာသေးတာကိုလည်းရင်မဆိုင်ချင်တော့ဘူး...
ဖြစ်နေတဲ့ဟာတွေကိုလည်း စိတ်ပျက်လာတယ် ...မလိုချင်တော့ဘူး....
လောလောဆယ်တော့ ဒီနေ့အတွက်ဘဲစဉ်းစားပြီးဒီနေ့ကိုဘဲ ဖြတ်သန်းနေပါတယ်...
မနက်ဖန်ရဲ့တံခါးကိုလည်းပိတ်ထားပါတယ်...မနေ့ကဆိုတဲ့တံခါးကိုပြန်မဖွင့်တော့ပါဘူး
ဒီနေ့ဆိုတဲ့တံခါးလေးကိုအသာအယာဖွင့်လို့ရင်ဆိုင်နေပါတယ်...
PM 5:30 (19.2.2011 )
စိတ်ကူးပေါက်ရာရေးလိုက်တာပါ...စာလုံးပေါင်းလဲပြန်မစစ်ချင်တော့ဘူး
သည်းခံပြီးသာဖတ်ပေးကြပါတော့ ...
(သူများတွေကဝဲ..ဝဲ..နဲ့ကျမဘာမှန်းတောင်မသိလိုက်ပါဘူး...
ဒါနဲ့ဘဲသူငယ်ချင်းတွေစီပြေးပြောရတယ်...ကျမမှာရောဝဲရှိနေလားလို့
စစ်ပေးကြပါဦးလို့ ....တော်သေးတယ်မရှိဘူးလို့ပြန်လာပြောသွားကြပါတယ်. .ဟူးးးးးးးးးး )
30 January 2011
.....
မရေရာတဲ့လောကကြီးထဲ
အရေရာအသချာဆုံးက..
ဘယ်အရာမှမတည်မြဲတာပါဘဲ...
အသက်ပြင်းပြင်းရူနေတတ်တဲ့
နေမင်းတောင်
အခုတလောသက်ပြင်းတွေ
ခဏခဏချနေတယ်...
လေတိုးသံသဲ့သဲ့လေးကြား
တရှပ်ရှပ်နဲ့လွင့်ပါလာတဲ့
သစ်ရွက်ခြောက်တရွက်ရဲ့
ကြွေလွင့်သွားပုံလေးက
သံဝေဂ...ရစရာလေးဘဲ
တယောက်နဲ့တယောက်
လိမ်..ညာ...လှည့်ဖျား..မှ
နေရာကောင်းတစ်ခုရတဲ့
လောကကြီးထဲ
ငါလည်း...
အဖြူရောင်မဟုတ်တော့တာ
တော်တော်ကြာနေပြီ
နေ့တိုင်း..ညတိုင်း
မုသားတွေကိုဝါးမျို
မဟုတ်တန်းတရားတွေဆိုလို့
ဒီစကားလုံးအက်ဆစ်တွေက
ပြန်တိုက်စားနေတာကြာပြီ
အော်...
ရက်တွေ..လတွေ..နှစ်တွေ..
ကုန်တာလည်းမြန်လိုက်တာနော်..
သတိရမိလို့..ကိုယ့်ကိုကိုယ်
ပြန်ငုံကြည့်မိတယ်...
နှလုံးသားကစကာပေါက်ဖြစ်လို့
အရောင်တွေက
ညစ်ထပ်ထပ်နဲ့....
ရွံစရာကောင်းလိုက်တာလား
သနားစရာကောင်းတာလား...
သေသေချာချာတောင်မခွဲခြားနိုင်တော့ဘူး..
ဆက်မကြည့်ရဲတော့လို့
ခပ်မြန်မြန်ဘဲ..မျက်စိမှိတ်ပစ်လိုက်တယ်....။။။။
(30.1.2011..AM 1:38 )
(ကျမဒီကဗျာကို..ခေါင်းစဉ်မစဉ်းစားတတ်ဘူး...
တကယ်လို့စဉ်းစားမိတယ်ဆိုရင်အောက်မှာရေးခဲ့ပေးပါ )