12 October 2012

နူးညံစွာ အိပ်စက်ခြင်း

Posted by blackroze at Friday, October 12, 2012
“A CLEAR CONSCIENCE IS THE SOFTEST PILLOW ” “လိပ်ပြာသန့်ခြင်းသည် အနူးညံ့ဆုံးသောခေါင်းအုံးဖြစ်သည်.. ”

ဒီစာသားလေးကို  ကျမအရမ်းသဘောကျမိတယ်..တကယ်တော့ လူတွေဟာမရိုးသားကြဘူး  (ကျမအပါအဝင်ဆိုပါတော့ )
အဲဒါဟာမှန်သောစကားပါ.. လူတိုင်းရိုးသားတယ်လို့များထင်ကြပါသလား..
မထင်လိုက်ပါနဲ့..ဟန်ဆောင်နေကြတဲ့သူတွေအများကြီးပါ..(လူတိုင်းရယ်လို့ လည်းမဆိုလိုပါဘူး)
တချို့သော လူတွေဟာ   မရိုးသားပေမဲ့  သူတပါးရဲ့ အကျိုး ပျက်လိုရာပျက်စီးကြောင်း
မကြံစည်ဘူးကြဘူး ..မိမိ စားဝတ်နေရေး နေရေးထိုင်ရေး  ဘဝရပ်တည်ရေး အကြောင်းအမျိုးကြောင့်
လိမ်မိညာမိကြတာတွေလည်း ရှိပါတယ်.. မကောင်းတာကို လုပ်မိကြတာတွေလည်းရှိပါတယ်..
ဒါပေမဲ့ သူတပါးကိုထိခိုက်သွားအောင် မလုပ်မိအောင် ကြိုးစားတယ်... ကိုယ်ကျင့်တရားဆိုတာကို
ထိန်းသိမ်းတယ်.. မိမိရဲ့ အလုပ်ထဲမှာ စကားပြောရင်းနဲ့ လိမ်ပြောမိတာ မရှိပါဘူးလို့ ကိုယ်ကိုကိုယ်
အာမခံနိုင်တဲ့သူရှိပါသလား..ကျမတော့ရှိမယ်လို့မထင်ပါဘူး...ကျမကိုယ်တိုင်လည်း  သဌေးနဲ့ စကားပြောတဲ့အခါ   စူပါဗိုက်ဆာနဲ့ စကားပြောတဲ့အခါ  အခြေအနေအရ   အနေအထားအမျိုးမျိုးအရ
တခါတရံမှာ မုသားသုံးလိုက်တာတွေရှိပါတယ်... ရှင်းရှင်းပြောရရင်တော့  ခပ်တည်တည် နဲ့ လိမ်လိုက်
တယ်ပေါ့ရှင်..။

တချို့တွေကျတော့  ဦးတည်ချက်ပါတဲ့  စကားလုံးတွေ ရည်ရွယ်ချက်တွေပါနေတဲ့ စကားလုံးတွေနဲ့
တိုက်ခိုက်တတ်တယ်လေ... ကိုယ်ကသူတပါးကိုချောက်တွန်းလိုက်တာဘဲ ဖြစ်ဖြစ်  ..မသိမသာလေး
ပုတ်ခတ်လိုက်တာဘဲဖြစ်ဖြစ် ခပ်ပါးပါးလေး  ထည့်လိုက်တတ်တဲ့သူတွေလည်းအများကြီးပါ... ။။

တချို့တွေကျတော့လည်း  ဗလောင်းဗလဲ ကိုလုပ်လိုက်ရမှ စိတ်ချမ်းသာတဲ့သူတွေလည်း  အများကြီးပါ ..။

နည်းမျိုးစုံနဲ့လူလိမ်အလုပ် လိမ်လည်ပြီး အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေလည်း
အများကြီးပါဘဲ ...။

တချို့ဆို ပါးစပ်လေးကသာ ချိုချိုလေးနဲ့  အပြောလေးသာချိုတာပါ... လက်တွေ့မှာတော့
ပါးစပ်ကပြောထားတာနဲ့တခြားစီ ဖြစ်လောက်အောင်ကို  လုပ်နေတဲ့သူတွေလည်း အများကြီးပါ ..။

ဘယ်လိုနည်းနဲ့ဘဲဖြစ်ပါစေ  ....ကိုယ်လုပ်နေတာတွေကို  သူတပါး မသိဘူးဆိုရင်တောင်မှ
ကိုယ့်တိုင်တော့ သိနေတာပါဘဲလေ ...။
ကိုယ်ဘယ်လို ရည်ရွယ်ချက်မျိုးထားပြီး  ဒီစကားကို ပြောလိုက်သလည်းဆိုတာ
သူများမသိနိုင်ပေမဲ့  ကိုယ့်ဘာကိုယ်တော့သိနေမှာဘဲ...။
ကိုယ်ဘယ်လိုရည်ရွယ်ချက်မျိုးထားပြီး  ဒီအလုပ်ကိုလုပ်လိုက်သလည်းဆိုတာ
ဘယ်သူမှမသိနိုင်ပေမဲ့  ကိုယ်တိုင်ကတော့ သိနေပါတယ်...။

အရှင်းဆုံးပြောရရင်တော့  သူတပါးကို လိမ်လို့ညာလို့ရပါတယ်..
ဒါပေမဲ့ ................
ကိုယ့်ကိုကိုယ်တော့ လိမ်ညာလို့  မရပါဘူး...
ကိုယ်ဘာတွေလုပ်ခဲ့လည်း
ကိုယ်ဘာတွေ ပြောခဲ့လည်း
ကိုယ်ဘယ်လိုကြံစည်နေတာလည်း
ကိုယ့်ဘာကိုယ်သိပါတယ်....။
အဲဒါဟာ  အမှန်တရားတခုပါဘဲ..သူတပါးကို မသိစေချင်တဲ့ အကြောင်းအရာ မှန်သမျှကို
ဖုံးကွယ်ထားလို့ရပါတယ်...ဒါပေမဲ့ ကိုယ်ဘာတွေ ဖုံးကွယ်ထားလည်းဆိုတာ  ကိုယ်တိုင်တော့သိနေမှာဘဲလေ ....။။

မိုးသက်တင်ထားတဲ့ ပိုစ့်လေးထဲက

“A CLEAR CONSCIENCE IS THE SOFTEST PILLOW ”
“လိပ်ပြာသန့်ခြင်းသည် အနူးညံ့ဆုံးသောခေါင်းအုံးဖြစ်သည်.. ”
အဲဒီစာသားလေးကျမအရမ်းသဘောကျပါတယ်..
လိပ်ပြာမသန့်တဲ့သူက  ကောင်းသောအိပ်စက်ခြင်းဆိုတာကိုရနိုင်ပါ့မလားလို့လည်းတွေးမိပါတယ်
ကျန်းမာရေးကြောင့်  ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့်  အိပ်လို့မရတဲ့သူတွေကတော့ ခြွင်းချက်ပေါ့နော်  ...

(ဒါပေမဲ့  တချို့သော လူတွေကလည်း ခပ်တည်တည်နဲ့ဘဲ  အိပ်ပျော်အောင်
 အိပ်နိုင်ကြမယ်ထင်ပါတယ်လေ.. ...။။  )

ကျမတော့ နူးညံတဲ့ခေါင်းအုံးလေးနဲ့ဘဲ  အမြဲတမ်းအိပ်စက်ခွင့်ရချင်တယ်.. ...။။

ပစ်ပစ်
Pm 10:23
12.10.2012




13 comments:

စံပယ်ချို on 12 October 2012 at 23:13 said...

အမလဲအဲဒီစာသားလေးကိုကြိုက်လို့ကူးယူထားမိတယ်
နူးညံ့တဲ့ ခေါင်းအုန်းလေးမှာ အမြဲအိပ်ခွင့်ရပါစေလို့နော်
ချစ်တဲ့ sis jasmine

ဘုန်း၂တောက် on 12 October 2012 at 23:46 said...

မုသားမပါ လင်္ကာမချောလို့ ပြောကြတယ်မလား။ အဲဒီမုသားဟာ အဖြူရောင်မုသားဖြစ်ဖို့ပဲ လိုပါတယ်။ ချမ်းမြေ့ပါစေ
ခင်မင်တဲ့

mstint on 13 October 2012 at 01:07 said...

ပစ်ပစ်ရဲ့ဆန္ဒလေးအတိုင်း နူးညံ့တဲ့ခေါင်းအုံးလေးနဲ့ အမြဲတန်းအိပ်စက်ခွင့် ရပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးသက် on 13 October 2012 at 03:31 said...

ကျွန်တော်ရေးထားတာလေး သဘောကျသူရှိသားပဲ ဆိုပြီး တိတ်တိတ်လေးသဘောကျသွားတယ် မပစ်..။ ဟိဟိ။.

ချစ်စံအိမ် on 13 October 2012 at 04:32 said...

ငါအိပ်နေတဲ့ခေါင်းအုံးလေးကတော့အတော်လေးနုညံ့ တယ်သိလားပစ်.. မနေ့ ကနွေမိုးပိုစ့်ဖတ်ပြီငါဘယ်ဘုံရောက်နေလည်းပေါ့ ပစ်မ ပိုစ့်ဖတ်ပြီး ငါဘယ်လိုအိပ်သွားလည်းပေါ့..:)

Cameron on 13 October 2012 at 14:11 said...

လူတိုင်းအဲဒီခေါ်င်းဦးလေးမှာ အိပ်စက်ရဖို့က သိပ်တော့မလွယ်ဘူးနော်..။ နေ့စဉ်အလုပ်လုပ်နေတဲ့သူတွေက မုသာဝါဒါနဲ့ မကင်းဘူးလေ...။ ဒါပေမယ့် ပစ်ပြောသလိုပဲပေါ့ ကိုယ်လိမ်ပြောတဲ့ ကိစ္စဟာ သူများကိုရော ကိုယ့်ကိုပါ မထိခိုက်ရင်တော့ နူးညံ့တဲ့ ခေါင်းဦးလေးမှာ အေးဆေး အိပ်စက်နိုင်မှာပါ...။

ညိမ်းနိုင် on 13 October 2012 at 16:29 said...

ဟုတ်တယ်....နာ့တူမရယ်....အပြောချိုချိုလေးတွေနဲ့ ကောက်ကောက်ကျစ်ကျစ်
တွေအများကြီးရယ်.....

မိုးနတ်ကြယ်စင် on 13 October 2012 at 20:22 said...

မှန်ပါတယ်...တခါတလေတော့လဲ မညာချင်ပါပဲညာရတာတွေရှိသပေါ့..
ကိုယ်ညာလိုက်ရတဲ့ ကိစ္စတစ်ခုဟာ...သူတစ်ပါးကောင်းဖို့အတွက်ညာလိုက်
ရတာဆိုရင်တော့ ကိုယ့်လိပ်ပြာကိုယ်လုံပြီး စိတ်ချလက်ချအိပ်နိုင်မှာပါ..
နွေမိုးပြောတဲ့ခေါင်းအုံးလေးပေါ်မှာလေ.....

Anonymous said...

“တစ်နေ့လောက်အမှန်တိုင်းပြောကြည့်ပါလား”တဲ့..
ကြားဖူးတာလေးရယ်..
အမှန်တိုင်းမပြောနိုင်ပေမယ့်
လိပ်ပြာသန့်အောင်တော့ကြိုးစားနေပါတယ်း)

ချစ်ညီမ
မိစံ

ချော(အစိမ်းရောင်လွင်ပြင်) on 14 October 2012 at 12:54 said...

ပစ်ပစ်ရေ....
သူတစ်ပါးကို အကောက်ကြံ၊ မကောင်းကြံတဲ့သူက ဘယ်မှာ လိပ်ပြာသန့်သန့်နဲ့ အိပ်စက်နိုင်ပါ့မလဲ သူကိုယ်တိုင်လည်း ပူလောင်နေမှာပါဘဲ...
ဘယ်သူ့ကိုမှ မထိခိုက် မနစ်စေဘဲ လူတိုင်း လိပ်ပြာသန့်သန့်နဲ့ အိပ်စက်နိုင်ပါစေ.. ကိုယ်တိုင်လည်း လိပ်ပြာသန့်သန့်နဲ့ အိပ်စက်ချင်ပါတယ်။

Anonymous said...

အစ်ကိုဆိုရင်တော့ သူတစ်ပါးကို လှည့်ဖျားပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်နိုင်တာ သေချာပါတယ်။
ဒါပေမယ့် သူတစ်ပါးကိုလှည့်ဖျားပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တတ်တဲ့သူတွေကိုလည်း အနီးကပ်မြင်ခွင့်ရခဲ့ဖူးတယ်...။

ခင်မင်ခြင်းအားဖြင့်...
~ဏီလင်းညို~

San San Htun on 19 October 2012 at 09:21 said...

စာသားလေးကို သဘောကျမိတယ်..အပြောချိုချိုလေးနဲ့  သူများဒုက္ခရောက်အောင် လုပ်ပြီး အိပ်ပျော်တယ့်သူကို တွေ့ ဖူးတယ်..

Angelhlaing(May everybody be happy and healthy! on 23 October 2012 at 03:13 said...

သိပ်ကောင်းတဲ့ စာသားလေးပဲ မမရယ် ..

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei