23 October 2012

ရိုက်ပေါက်

Posted by blackroze at Tuesday, October 23, 2012
ကျမဘလော့ရဲ့ C box မှာ နိုင်ငံတကာကဧည့်သည်တွေအရမ်းများတယ်..
အဲဒီ Cbox ကြီး ဖြုတ်ထားလိုက်ရင် ကောင်းမယ်ထင်တယ်...
ဘလော့ထဲဝင်လိုက်တိုင်း Cbox ကိုတွေ့လိုက်ရင်
စိတ်ညစ်ညစ်သွားလို့ .....ဟူးးးးးးးးးးးးးး

စိတ်တိုင်းမကျတာတွေအရမ်းများနေတယ်....ပြောပြန်ရင်လည်း
ကျမလွန်တယ်ဖြစ်ဦးမယ်... ( ကျမလွန်တယ်ဘဲထားလိုက်ပါတယ် )

အလုပ်ထဲမှာလည်း ဒေါသထွက်စရာတွေကြီးဘဲ
စိတ်ရှိတိုင်းပေါက်ကွဲရင်လည်းမကောင်းဘူးဖြစ်ပြန်ဦးမယ်....
သည်းခံရလွန်းတော့လည်း လူလည်းပါးလှပ်လှပ်လေးဘဲကျန်တော့သလိုဘဲ



အိမ်မှာလား....သိပ်တော့မထူးပါဘူး   နေလို့မပျော်ဘူးဆိုရုံလောက်ပါဘဲ  :P
တခါတလေ ရယ်တယ်  တခါတလေ ငိုတယ် ဆိုပါတော့...

ကျမ အက်ဆေးတပုဒ်ကို ရေးမလို့ သေချာ ခံစားကြည့်နေတယ်..
ခက်တာက ရေးမယ်ဆိုပြီး ကျမ စာရိုက်တဲ့နေ့ တိုင်း
တခုမဟုတ်တခု စိတ်အနှောင့်အယှက် ဖြစ်စရာတွေနဲ့
ဆုံရတာဘဲ...
ကြီးကြီးမားမား မရှိခဲ့ရင်တောင် သေးသေးဖွဲဖွဲလေးကြောင့်
ကျမအနှောင့်အယှက်ဖြစ်ရတာမျိုးဆိုပါတော့ ...
စိတ်ကဘယ်လိုမှ စာထဲမရောက်တော့ဘူး....အာရုံပြောင်းသွားတယ်...
angry ဘဲ...

စိတ်ထဲဒေါသဖြစ်သွားပေမဲ့ တခါတလေ ဘာမှမဖြစ်သလိုလေး
ဟန်ဆောင်စကားပြောနေရတာလည်း တော်တော်လေးဆိုးဝါးတဲ့ ခံစားချက်ပါဘဲ..ကျမအခုလို ရေးလိုက်ရင် တချို့သောလူတွေက
( ငါ့ကိုများပြောတာလားမသိဘူးဆိုပြီး )
တောင်ထင်မြောက်ထင်..သို့လော သို့လော  ထင်ကြဦးမယ်ရှင်...ကိုယ့်ဘာကို စိတ်ထဲရှိတာရေးလိုက်တာပါ..ဘယ်သူကိုမှမရည်ရွယ်ပါဘူး...

ကိုယ့်ဘာသာတောင် အသက်ရှုတာတောင် ပြင်းပြင်းမရှုရဲဘူး..
အသံထွက်မှာဆိုးလို့  မျဉ်းမျဉ်းလေး ရှုနေရတယ်...
အဲတာနဲ့ ဘဲ  အသက်ရှုကျပ်နေတာ ကြာပေါ့....

ဒါကြောင့် မျိုးကျော့မြိုင်က လူဖြစ်ရတဲ့ဒုက္ခလို့ သီချင်းဆိုသွားတာနေမှာ ။။

ရှင်သန်နေရတာတကယ်မလွယ်ဘူးရှင် ။။

ဒါပေမဲ့ ဘာဘဲပြောပြော ကျမ အခု ဆော့နေတဲ့ Farmvalle 2 မှာတော့ ကျမမွေးထားတဲ့ကြက်မတကောင်က ဥတခါဥရင် နှစ်လုံးပြူးဥတာကိုတော့
တော်တော် သဘောကျသား..ဥတခါကောက်ရင် ကြက်ဥ အမွှာပြူးတပြူးရတယ်လေ...

ကဲ ဘယ်လိုလည်းမခင်သီတာ..
ကျမရူးနေတယ် ထင်ပါရဲ့နော်... ဟားဟာား  :P

(ဘာမှ မဟုတ်ပါဘူး ဒီမနက် ဆားချက်လိုက်တာလေ..  :P )

ပစ်ပစ်
Pm  1:23
23.10.2012

17 comments:

မဒမ်ကိုး on 23 October 2012 at 13:44 said...

ဟုတ်တယ် ရိုက်ပေါက်း)

Anonymous said...

:D
Areal thu

ပစ်ပစ် said...

မားမားကအားပေးတယ်လား :P

Angelhlaing(May everybody be happy and healthy! on 23 October 2012 at 14:17 said...

:))))

ညီလင်းသစ် on 23 October 2012 at 15:36 said...

ကိုယ့်ဆီက စီဘောက်စ်မှာ တကမ္ဘာလုံးက လူပေါင်းစုံက တကူးတက လာ,လာပြီး နှုတ်ဆက်ကြတာ ဘယ်လောက်ဂုဏ်ယူစရာ ကောင်းလဲ? ....နော၊းP

(ခင်မင်မှုနဲ့ စတာပါ ညီမရေ..၊ အဲဒီကြော်ငြာတွေ မကြိုက်ရင် စီဘောက်စ်ရဲ့ ဝက်ဘ်ဆိုဒ် www.cbox.ws/ ကိုသွားပြီး ဖျက်လိုက်လို့ ရပါတယ်..)

Soe Shwe on 23 October 2012 at 17:13 said...

me too.... i am also very disappointed these days..Cheers!!! U r not alone :(

Cameron on 23 October 2012 at 18:22 said...

ဟဟ ပစ်ပစ်က ကြက်မွေးနေတာလား အမကတော့ ပရွက်ဆိတ်အိမ်ဆောက်နေတာ...သီးခံလို့တော့မပြောချင်ပါဘူးကိုယ်တိုင်ကလဲ တလောကပဲ အဲလိုဒေါသထွက်စရာတွေနဲ့ အော်ဟစ်ထားဖူးတာဆိုတော့..လူတွေမလွယ်ပါဘူး..

သူကြီးမင်း (တုံးဖလား) on 23 October 2012 at 20:07 said...

ကြည့်ရတာ ရူးနေပုံဘဲ။း)

ညိမ်းနိုင် on 23 October 2012 at 21:40 said...

အေးဟ....ငါ့ဆီဘောက်လည်း အပြည်ပြည်ဆိုင်ရာက သယ်ရင်းတွေလာလာ
ရေးကြလွန်းလို့ ဖြုတ်ပလိုက်တယ်...အဲ့လောက်အားပေးတာကြတော့လည်း
ကိုယ်က လက်ခံဖို့တောင် မရဲတော့ဘူးလေ.... :P

Candy on 23 October 2012 at 22:50 said...

( ငါ့ကိုများပြောတာလားမသိဘူးဆိုပြီး )
တောင်ထင်မြောက်ထင်..သို့လော သို့လော ထင်ကြဦးမယ်ရှင်...

အဲ့ဒါသိပ်မှန်တယ် သိလား... တိုက်ဆိုင်သွားရင် အဲ့လိုထင်ကြရော ဆိုးပါ့

ညီလင်းနိုင် on 24 October 2012 at 13:47 said...

ခေါင်းစဉ်လေးနဲ့ လိုက်ဖက်နေပါတယ်ဗျာ ...

:):):)

ဆက်လက်ထုဆစ်နိုင်ပါစေ ။

ချစ်စံအိမ် on 25 October 2012 at 09:22 said...

ငါ့များပြောတာလားသိဘူး.. :P

မင်းဧရာ on 25 October 2012 at 22:44 said...

ပစ်ပစ် ရာ
တကယ့်ကို ရိုက်ပေါက်ဘဲး)

ဟုတ်တယ် တစ်ခါတလေကျရင်
ပတ်ဝန်းကျင်ဆိုတာကြီးကို ဂုတ်ဆွဲပြီး ကိုရိုက်ပစ်ချင်တယ်။

မြသွေးနီ on 26 October 2012 at 18:13 said...

ဟယ်.. ဘယ်လို ဖြောင့်ဖျရမှန်းတောင် မသိတော့ဘူး မခင်သီတာရယ်.. အဲ... ပစ်ပစ်ရယ်..

Anonymous said...

အားရပါးရ..မှန်ထောင်ပြီး
အော်ရယ်ပလိုက်အစ်မး)))

ချစ်စွာသော
ညမတော်မိစံ

ချော(အစိမ်းရောင်လွင်ပြင်) on 27 October 2012 at 01:56 said...

စီဘောက်ကတော့ အားလုံး အတူတူဘဲ ထင်ပါတယ်။ တစ်ရက်တစ်ခါဖြစ်ဖြစ် ၂ရက်တစ်ခါဖြစ်ဖြစ် ရှင်းထုတ်ပလိုက်လေ.
ဝင်တဲ့ နာမည် ပါတ်ဝပ်စ်တွေ မှတ်မိတယ် မဟုတ်လား
မဟုတ်ရင် မျက်စိနောက်စရာကြီး
စီဘောက်ထဲက မလိုတဲ့ မက်ဆေ့တွေကို အဲဒီ အိုင်ပီကို ဘန်းပြီး မက်ဆေ့ကို ဖျက်လိုက်ရင် တော်တော်လေးတော့ သက်သာသွားတယ်။ အဲဒီအိုင်ပီနဲ့ နောက်တစ်ခေါက် လာလို့ မရတော့ဘူးလေ.
ညီမရေ
စိတ်ညစ်စရာဆိုတာ လူတိုင်းမှာရှိပါတယ်။ ကိုယ့်ရဲ့စိတ် ကို ကိုယ်က နိုင်အောင် ထိန်းမလား.. ဒါမှ မဟုတ် စိတ်ရဲ့ စေစားရာအတိုင်း အလိုမကျမှုတွေနဲ့ စိတ်ညစ် ခံစားနေမလား.. ??
စိတ်ကျေနပ်စေမဲ့ အရာလေးတွေ ရှာကြံ စဉ်းစားပြီး ပျော်အောင်နေပါကွယ်။

Anonymous said...

ရိုက်ပေါက်တဲ့ ဂမ်းစတားမမကတော့ တကယ့်ရိုက်ပေါက်..ခွိစ်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei