09 February 2012

အမှတ်တရနေ့စွဲ

Posted by blackroze at Thursday, February 09, 2012
ဒီနေ့အလုပ်နားပါတယ် အစကတော့ အကြွေးကျန်နေသေးတဲ့ အမှတ်တရ တက်ဂ်ပိုစ့်လေးကို အပြီးရေးမယ်ပေါ့..။။ ဘာအကြောင်းလေးတွေရေးမယ် ဘယ်လိုဟာလေးဆို ပိုပြီးတော့ မှတ်မိနေလဲ ဆိုပြီးစဉ်းစားထားတာ အများကြီးပါဘဲ ။စိတ်ထဲမှာ သေချာမှတ်မိနေတဲ့ အမှတ်တရလေးတွေက
ဘာတွေလည်းဆိုပြီး မနေ့ကထဲကစဉ်းစားထားတာပါ ။။

မနက်ပိုင်းနိုးတော့ ဈေးသွားပြီး ဖုန်းကဒ်ဝယ်ပါတယ် ။။ ပြန်လာတော့ သိုးမွေးထိုးဖို့ချည်ဝယ်မယ်ပေါ့ ဆိုင်ကချည်ဝယ်ရင် ထိုးတာလေးပါသင်ပေးတယ် ဆိုတော့အဆင်ပြေတယ်ပေါ့..။။ အဲဒီဆိုင်မှာဘဲကျမ မာဖလာထိုးဖို့ ချည်ဝယ်နေကြပါ ။။
ချည်တခါဝယ်တိုင်းလည်းဆွယ်တာထိုးရင် ပြပေးနော် လို့ပြောနေကြပါ။။

ကျမမာဖလာတော့ထိုးတတ်ပါတယ် ။ဆွယ်တာတခါမှမထိုးဖူးပါဘူး ။တချောင်းထိုးတော့ ထိုးတတ်တယ် ။။
တချောင်းထိုးနဲ့တော့ အကျီလေးတွေ ထိုးဖူးတယ် ။ရန်ကုန်မှာနေတုန်းကပေါ့ ။။တချောင်းထိုးက ဆွယ်တာထိုးရင် မလှပါဘူး ။။ နှစ်ချောင်းထိုးနဲ့ကပိုလှပါတယ်...အနားသတ်တာလေးတွေ ကအစပေါ့။။
ကျမလည်းဆိုင်ရောက်တော့ ဆိုင်ကပိုင်ရှင်ကိုပြောပါတယ် ။ကျမအခုချည်ဝယ်မလို့ ပြီးရင်နဲနဲပါးပါး သင်ပေးနော် ဆိုတော့ ပိုင်ရှင်မိန်းမကြီးက အခုမှစသင်မှာလားတဲ့ အရင်ကသူ့စီမှာသင်ဖူးလားတဲ့ ။။
မသင်ဖူးဘူးလို့ အခုမှ ဆွယ်တာထိုးမလို့ သေချာမထိုးတတ်လို့မေးတာပါလို့ဖြေလိုက်တယ် ။။

ပြီးတော့ ကျမလည်း ကျမသဘောကျတဲ့ ချည်လေးရွေးတာပေါ့ ။အဲတော့သူက အခုမှစသင်၇င်ချည်အရောင်ယှက်ထားတာ မယူနဲ့တဲ့ ။။ကျမရွေးထားတဲ့ အရောင်လေးက ချည်တလုံးထဲမှာကိုမှ သူ့ဘာသာသူ အရောင်စပ်ထားပြီးသားပါ ။။အဲလိုချည်ရောင် နဲ့ဆိုရင်သင်လို့ မကောင်းဘူးတဲ့ ။။ အဲတာဆိုရင် ဘယ်လိုအရောင်ယူရမလဲဆိုတော့ အဖြူဆိုအဖြူ အနီဆိုအနီ တရောင်တည်းဟာကိုယူတဲ့ ။။ သူက ကျမကိုချည်ရွေးပေးမယ်တဲ့ ။ သူရွေးပေးလိုက်တဲ့ချည်တန်ဘိုးက ချည်လုံးလေးတလုံးကို 500 လောက်ပေးရတဲ့ဟာပါ... ဆွယ်တာတထည်ထိုးဘို့အတွက် ချည်လုံးက 8လုံးကနေ 10 လောက်လိုတယ်တဲ့ ....ဆွယ်တာက အပေါ်ကနေထပ်ဝတ်တာဆိုတော့ နဲနဲပွမှ အဆင်ပြေမှာတဲ့ ...ကျမတွက်ကြည့်လိုက်တယ် ။ချည်တလုံး 500 10လုံးဆို 5000 ပြီးတော့ ထိုးမဲ့အပ်ကလဲ သုံးလေးစုံဝယ်ရမယ်တဲ့ ။ တစုံတည်းနဲ့ အစအဆုံးထိုးလို့မရဘူးတဲ့ ။။ချည်ဘိုးနဲ့အပ်ဘိုးနဲ့တင် 5500လောက်ဖြစ်နေပါပြီ ။မြန်မာငွေနဲ့တွက်ရင် တသိန်းကျော်နေပါပြီ ။
လက်ပြတ်ဆွယ်တာလေးတထည်က တသိန်းကျော်ဆိုရင် မတန်ပါဘူး... ။ကျမကိုယ်တိုင်ထိုးတာမို့လို့
တန်ဘိုးမဖြတ်နိုင်ဘူးဆိုပေမဲ့ အဲလောက်ကြီးမလိုအပ်ပါဘူး.... နိုင်ငံခြားမှာ ပိုက်ဆံဆိုတာလွယ်လွယ်နဲ့
ကျမတို့တွေရနေတာမဟုတ်ပါဘူး ။ဖိစီးမှု့တွေအောက်ကနေ ငွေရှာရတာပါ ..ကျမအဲလောက်ကြီးသုံးဖို့
မလိုအပ်ဘူးလို့ထင်တယ် ။အဲတာနဲ့ အဲတာကြီးကအရမ်းဈေးကြီးတယ် လို့ပြောလိုက်တော့ နောက်တမျိုးပြပါတယ် ။တလုံး220တန်ပါ ။ အဲဒီ220 တန်နဲ့လည်းတွက်လိုက်ရင် ချည်ဘိုး2200
အပ်ဘိုးနဲ့ဆို 2500 ကျော်သွားမှာပါ ။။မြန်မာပိုက်ဆံနဲ့တွက်လိုက်ရင် 7သောင်းလောက်ကျနေပါပြီ ။။
ဆွယ်တာတထည် ကို7သောင်း ဆိုတာ လက်မခံနိုင်သေးပါဘူး ။ ကျမမှန်းထားတာက တထောင်ပတ်ဝန်းကျင်လောက်ဆို မဆိုးဘူးပေါ့ ။။ ကိုယ်တိုင်မထိုးဘဲ ဈေးမှာထိုးပြီးသားရောင်းတဲ့ဆိုင်မှာ
ဝယ်ရင်တောင် 490...590 လောက်ဆို အရမ်းလှနေတာတွေ ဝယ်လို့ရနေပါပြီ ..ကျမကအမှတ်တ၇
ဖြစ်အောင်ဆိုပြီးကိုယ်တိုင်ထိုးချင်လို့ပါ ..။။

သူကလည်း ဈေးကြီးတာတွေဘဲဝယ်ခိုင်းနေတယ် ။။ကျမ ဘယ်ချည်လုံးကိုပြပြ မရဘူးဆိုတာကြီးဘဲ။ ကျမလည်းကိုယ့်ဘာကိုကြည့်မယ်လို့ ပြောပြီးရှာတော့ တလုံး80 တန်ချည်လုံးလေးတွေတွေ့ပါတယ် ။။ကျမတွက်ကြည့်လိုက်တာ တလုံး80တန်ဆို ချည်ဘိုးနဲ့အပ်ဘိုးပေါင်းမှ တထောင်စွန်းစွန်းဆိုတော့ အဲဒီ80တန်လေးယူမယ်လို့ပြောလိုက်တာပေါ့ ။။အမှန်အတိုင်းဆို အဲတာတောင် များနေပါသေးတယ် ။
လက်ပြတ်ဆွယ်တာလေးတထည်က မြန်မာပိုက်ဆံနဲ့တွက်ရင် 3သောင်းဆိုတာ မတန်ပါဘူး...။
ဒါပေမဲ့ ကျမကိုယ်တိုင်ဖန်တီးထားတဲ့ အကျီလေးတထည်ဖြစ်အောင် ဒီလောက်တော့ ကုန်ခံရမှာဘဲ
ဆိုပြီးအဲဒီပမာဏ ကိုသုံးရမှာပါ။

အဲဒီတော့ ပိုင်ရှင်မိန်းမကြီးက အဲတာနဲ့ဆွယ်တာထိုးလို့မရဘူးတဲ့ ။။အဲတာတွေက မာဖလာထိုးတဲ့
ချည်တွေတဲ့ ။။အချိန်ကုန်ခံပြီးထိုးမဲ့ဟာ ချည်အကောင်းစားနဲ့ထိုးတာမဟုတ်ဘူးတဲ့ ။။ကျမအရမ်းကို
ပေါက်ကွဲသွားပါတယ် ။။ကျမဘာသာ အကောင်းစားဘဲယူယူ အပေါစားဘဲယူယူ သူနဲ့မဆိုင်ပါဘူး
ဒီဆွယ်တာထိုးပြီးရင်ပိုင်ဆိုင်မဲ့သူဟာ...ကျမပါ ...ထိုးမဲ့သူကလည်း ကျမပါဘဲ ...ကျမကသေချာမတတ်လို့
သူကသင်ပေးလိုက်ရတာဘဲရှိမှာပါ ။။သိုးမွေးချည်လုံးဆိုတာ မာဖလာဘဲထိုးထိုး ဆွယ်တာဘဲထိုးထိုး လက်အိတ်ဘဲထိုးထိုး ဦးထုပ်ဘဲထိုးထိုး မရဘူးဆိုတာမရှိပါဘူး ။ချည်အမျိုးအစားကွာလို့ နူးညံတာ မနူးညံတာ ဘဲရှိရင်ရှိမှာပါ ။။ဒီချည်လုံးနဲ့ ဆွယ်တာဘဲထိုးရမယ် ..ဒီချည်လုံးနဲ့မာဖလာ ဘဲထိုးရမယ်ဆိုပြီး
သတ်မှတ်ထားတယ်လို့မကြားဖူးပါဘူး ။။အခုဟာက ကျမကို သူဝယ်စေချင်တဲ့ချည်လုံးမဝယ်ဝယ်အောင်
အတင်းလိုက်လုပ်နေသလိုဘဲ ။ကျမလည်းစိတ်တိုတိုနဲ့ အဲလောက်ဈေးကြီးနေရင်တော့ ဆွယ်တာထိုးဖို့ စဉ်းစားဦးမယ်လို့ ပြောပြီးထွက်လာလိုက်ပါတယ် အမှန်ဆိုရင်ထဲမှာ ပြောချင်တဲ့စကားတွေကတော့
့အများကြီးပါဘဲ ။ဆက်ပြောရင်လည်း ရန်ဖြစ်ခြင်းဆိုတာနဲ့ဘဲ အဆုံးသတ်သွားမှာပါ ။

ကျမရင်ထဲမှာ အရမ်းဖြစ်ချင်နေတဲ့ဆန္ဒတခုကို ကျမဘာသာပြန်လွှင့်ပြစ်ပလိုက်တာပါ ။ကျမက80တန်ချည်လုံးလေးကို ပြပြီးဒါလေးနဲ့ဘဲထိုးမယ်လို့ ပြောလိုက်တော့ အဲတာတွေက မာဖလာထိုးတာတွေ ဆွယ်တာထိုးလို့မရဘူးလို့ အဲမိန်းမပြန်ပြောလိုက်တဲ့အချိန် ကျမလေ စိတ်ထဲသူ့ကို ဘယ်လိုမုန်းသွားမှန်းမသိဘူး ။ကျမဆွယ်တာလေးတထည် အရမ်းထိုးတတ်ချင်တယ် ။။
ဆွယ်တာလေးထိုးဖို့ ကျမကြိုးစားတယ် ၊။ ဒါပေမဲ့အဆင်မပြေဘူး....အဲဒီတော့ အဲဒီဆန္ဒကို
ကျမလွှင့်ပြစ်ပလိုက်တယ်....ဒီနေ့ဟာလည်းကျမရဲ့ Update အဖြစ်ဆုံး အမှတ်တရ နေ့ပါဘဲ ....
ဒီနေ့ထက် Update ဖြစ်တာ မရှိတော့ပါဘူး...
အစကတော့ ရင်ထဲမှတ်မှတ်ရှိနေတဲ့ နေ့စွဲလေးတွေအကြောင်းရေးမလို့ပါဘဲ .. ။။
ဒါပေမဲ့ ကြားဖြတ်တက်လာတဲ့ ဒီနေ့စွဲလေးက လောလောလတ်လတ် မို့ အသစ်လွင်ဆုံး
ဖြစ်နေတယ်ရှင် ။အဲတာနဲ့ဘဲ ဒီနေ့ကိုဘဲ အမှတ်တရလေးအဖြစ်ရေးလိုက်တယ် ။။။

ကျမလည်းအခုတလော အတွေးတွေနဲ့ ခဏခဏရန်ဖြစ်နေရတယ် ။။


ပစ်ပစ်
10.2.2012 AM 00:22

17 comments:

ချစ်စံအိမ် on 10 February 2012 at 00:40 said...

မပစ်ပစ်ရေ လမင်းလည်းမာဖလာလေးထိုးတတ်ချင်လိုက်တာ
အမှတ်တရလေးလာဖတ်သွားပါတယ်

Anonymous said...

စိတ်လျှော့ ဒို့ မရေ..ကလေးကို အလျှော့ပေးလိုက် သူပြောတာမမှာဘူး သူလည်းေ၇ာင်းချင်တာပေါ့ လူကြီးဆိုတာ စိတ်ရှည်ရတယ်းးဒန်ဒန်းဒံ

ညီရဲ on 10 February 2012 at 02:29 said...

ဟုတ်တယ် ဒါလဲ အမှတ်တရနေ့ စွဲလေးပါဘဲ သူငယ်ချင်းရေ... ခုလို ကိုယ့်လွတ်လပ်မှုကို နှောင့်ယှက်သလို ဖြစ်လာရင် ဒီလိုဘဲ ပေါက်ကွဲတတ်ကြပါတယ်... အစစ အရာရာ အဆင်ပြေပါစေ သူငယ်ချင်းရေ...

မိုးသက် on 10 February 2012 at 02:43 said...

အစ်မရေ. ကျွန်တော့်မေမေကလည်း အရင်တုန်းက နှစ်ချောင်းထိုး နဲ့ကျွန်တော့်
ကိုဆွယ်တာလေးထိုးပေးဖူးတယ်.။ အမေ့ကိုတောင်သတိရမိနေတယ်.။
အားပေးသွားတယ်နော်အစ်မ..

AH on 10 February 2012 at 07:45 said...

သြော်... အေးဂျင့်ကြီးကလည်း စိတ်လျှော့ စိတ်လျှော့... တစ်ခါတစ်လေတော့ အခန့်မသင့်တာ ကြုံရတတ်ပါတယ်။ ဟွား ဟွား ဟွား ဟွား.... အေးဂျင့်ကြီး ပစ်ပစ်ကို ဒီလို လုပ်လို့ဘယ်ရမလဲ ဆို ခါးထောက်ရယ်ပြီး ထွက်လာခဲ့ရမှာ :)

mstint on 10 February 2012 at 09:05 said...

တီတင့်လည်း အိမ်ထောင်ကျပြီးတော့ ကလေးတွေနဲ့ အိမ်ဦးသခင်အတွက် နှစ်ချောင်းထိုး တစ်ချောင်းထိုး အမှတ်တရလေးတွေ ထိုးခဲ့ဘူးတယ်။ အခုတော့ မထိုးတာကြာလို့ အသေးစိတ်မှတ်မိတော့ဘူးး)
ပစ်ပစ်ရဲ့ အသစ်လွင်ဆုံး အမှတ်တရနေ့စွဲလေးဖတ်သွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကြာတယ်ကွာ..အချုပ်ထဲဆွဲထည့်လိုက်းP
ရာထူးအလွဲသုံးစားမလုပ်ချင်လို့
ငြိမ်နေတာကို.စိတ်ဆိုးအောင်လုပ်တယ်း)
ဂလောက်တောင်ဈေးကြီးနေတယ်
ချည်လုံးတွေပို့ပေးလိုက်ရမလားအမတော်း)

ချစ်ခင်လျှက်
မိစံ

နေ၀သန် on 10 February 2012 at 10:41 said...

း).. ကိုယ့်ဘာသာကိုယ်ပဲ အွန်လိုင်းမှာသင်ထားပြီး. .လိုချင်တဲ့ချည်ဝယ်.. ထိုးချင်တာထိုးပေါ့.. သူတို့က အဲလိုစနစ်လေးထားရင် ပြောရဆိုရတော့ခက်မယ်..

ခင်မင်လျက်
နေ၀သန်

စံပယ်ချို on 10 February 2012 at 11:28 said...

စိတ်ကိုနဲနဲလေးလျော့ချလိုက်ပါ ပစ်ပစ်ရေ
အတွေးတွေနဲ့တော့ ခဏခဏရန်ဖြစ်မနေပါနဲ့
ပစ်ပစ် ပင်ပန်းမှစိုးလို့
ချစ်တဲ့ jasmine

Han Kyi on 10 February 2012 at 12:03 said...

ကွယ် ဒီတစ်ယောက်ကတော့ ဦးဟန်ကြည် ညီမလို့ ပြောစရာ မလိုအောင် ဒေါသက ငယ်ထိပ်တက်နေတော့တာပါပဲလား...ထစ်ခနဲရှိရင် ရှူးခနဲထွက်ဖို့က ရယ်ဒီ...

အဲဒီလောက် ဈေးကြီးတဲ့ ဆွယ်တာကိုတော့ ပစ်ပစ်ရဲ့ မောင်တော်ခမျာ ဦးချပြီးမှ တရိုတသေ ၀တ်ရရှာလိမ့်မယ်ထင်ရဲ့...ရွှေပြည်ကနေ ချည်လုံးတွေ မှာစမ်းပါကွယ်...ဈေးပေါပါဘိ...ဒီမှာ ဆွယ်တာတစ်ထည်ကို မြန်မာငွေ သောင်းဂဏန်းဆို ၀တ်ပါလေ့...

နေသ၀န်ပြောသလို အွန်လိုင်းကနေ ဆွယ်တာထိုးနည်းသင်လိုက်ပေါ့လေ...လိုတရ အွန်လိုင်းကြီးတစ်ခုလုံး ရှိနေမင့်ဟာ ဘာပူစရာလိုသေးလို့လဲ...

San San Htun on 10 February 2012 at 12:18 said...

တို့ ပစ်ပစ်လေး ဆွယ်တာထိုးချင်စိတ် ကုန်ခန်းသွားအောင် လုပ်တဲ့ ဆိုင်ရှင်ရယ်..လူဇိုး..

ဘိုဖြူ on 10 February 2012 at 20:08 said...

အတွေးတွေနဲ့ ခဏခဏရန်ဖြစ်နေတာရပ်လိုက်ပါတော့နော် စိတ်တိုတာမကောင်းဘူး

Angelhlaing(May everybody be happy and healthy! on 10 February 2012 at 22:45 said...

မမကတော်လိုက်တာ ညလေးဆို ဘာမှမတက်ဘူး...စက်တော့ နင်းတက်ပါရဲ့ လုံချည် ပုဆိုး ချုပ်တက်ရုံပဲ ...:P

သူကြီးမင်း (တုံးဖလား) on 11 February 2012 at 08:40 said...

တစ်ယောက်သောသူကို ဇွတ်မှိတ်ပြီး သည်းခံထားသမျှ အပြင်မှာ တွေ့ရာလူတွေကို ပေါက်ကွဲနေတယ်။ တော်တော်ဆိုးတဲ့ ၀က်မလေး။

Anonymous said...

မ..Post တွေအများကြီးပဲ...
မ..တစ်ယောက် စိတ်လန်းဆန်းနေပုံပဲ..
အဆင်ပြေတယ်မဟုတ်လား..မ
မ..စာရေးအားကောင်းသလို တင်ပြရေးဖွဲ့ ပုံလည်းအရမ်းကောင်းတယ်..

မွန်

မဒမ်ကိုး on 14 February 2012 at 12:13 said...

အေး ငါ့သမီးလေးရေ လင့်မတက်ဘူး ခုမှလာကြည့်မှတွေ့တာ၇ယ်း((
အုန်းလွဲနေတာလားလက်ပြင်ငုတ်နေတာလားမသိဘူး ၅ ရက်ကျော်ဘီ အရေးထဲခရီးကပြန်လာတော့ဖျားနေသေးတယ်လေ ..
စီဘောက်မှာလာအော်မှ လင့်ကိုပြေးကြည့်ရတယ် အဖြစ်ကတော့အေ ..
ိစိတ်လျော့စိတ်လျော့ ချည်ထိုးတတ်တာတော့ကောင်းတယ် ဒါပေမယ့် ဇက်ကျောသိပ်တက်တယ် အစက မားမားလဲ တစ်ချောင်းထိုးတေဘယ်မတ်တွေထိုးတယ် ခုတော့မထိုးတော့ဘူး စွန့်လွှတ်လိုက်ဘီ . မျက်လုံးမခံနိုင်လို့ .တစ်ချောင်းထိုးဆိုရင်တော့လွယ်ပါတယ် ဂျိုင်းကိုစားတဲ့ပုံကလွယ်တယ် လူနဲ့တိုင်းယုံဘဲလေ ..
မေးဖျက်တဲ့အထဲမှာလိပ်စာပါပါသွားတယ် ပြန်ပို့ပေးပါ ကိစ္စရှိလို့
ချစ်တဲ့

မားမား

Yin Sue on 10 March 2012 at 15:30 said...

စိတ်လျော့....တယ်ရင်း....ဒီလိုဘဲ လူတွေက ကိုယ့်ဘက်ဘဲ ကိုယ်တွေးတတ်ကြတယ်......ဖြစ်ချင်တဲ့ ဆန္ဒလေးစွန့်လိုက်ရတာတော့ စိတ်မကောင်းပါဘူး တယ်ရင်းရယ်........

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei