08 February 2012

ငယ်ငယ်တုန်းက...

Posted by blackroze at Wednesday, February 08, 2012
ငယ်ငယ်တုန်းကတော့ ကလေးလေးပေါ့လေ..
နည်းနည်းကြီးလာတော့လား လူကြီးဖြစ်သွားတယ်လေ...
ငယ်ငယ်တုန်းကအကြောင်းတွေ ပြန်ပြောရမယ်ဆိုရင်တော့ အများကြီးပါဘဲ ။အခုဆိုအသက်ဘဲ
30နားနီးနေပြီဘဲလေ ။လူ့လောကထဲမှာရှင်သန် နေတာအနှစ်30နီးပါးလောက် ရှိတော့မယ်ဆိုတော့
အမှတ်ရစရာအဖြစ်တွေကလည်းအများကြီးပါဘဲ ....အစကတော့ တက်ဂ်ပိုစ့်နှစ်ခုကို တခုတည်းပေါင်းရေးမယ်လို့ စဉ်းစားထားတာပါ........ရေးမယ်လို့သေချာစဉ်းစားတော့ နှစ်ခုကိုပေါင်းမရေးချင်တော့ဘူး ။ အဲဒါနဲ့ဘဲ တပုဒ်စီသပ်သပ်စီရေးမယ်လို့ဆုံးဖြတ်လိုက်တယ်....။

ကျမငယ်ငယ်တုန်းကအရမ်းဆိုးပါတယ် ...အိမ်ကျယ်ပေါ့...အိမ်မှာတော့ကိုယ်ကဆရာကြီးဘဲလေ...
အဖေကလည်းအချစ်ဆုံးဆိုတော့ အသကုန်ကိုလွှတ်ဆိုးတော့တာပေါ့ တခုခုဆို..အဖေ့ကိုပြန်တိုင်တော့ အဖေနဲ့အမေနဲ့ခဏခဏပြသနာတက်ပါတယ်.....အဲဒီတော့ အိမ်မှာအဒေါ်တွေကလည်း
ကျမဆို သဲကြီးမဲကြီးကို ချဉ်တာပါ ...။။ဘယ်လောက်တောင်အမြင်ကတ်ကြသလဲဆိုရင်
ကျမငယ်ငယ်ကအရိုက်ခံရရင် မရိုက်ပါနဲ့ဆိုပြီးဝင်ဆွဲမဲ့သူ တယောက်မှမရှိပါဘူး...

ကျမကို မော်လမြိုင်မြို့အမေရိကန်ဆေးရုံမှာမွေးတာပါ ...မွေးပြီးပြီးချင်း အမေဘယ်လိုထိန်းလဲဆိုတာ
မမှတ်မိပါဘူး....စမှတ်မိနေတာကတော့ ငယ်ငယ်ကအိမ်မှာမုန့်တွေရောင်းတယ်ဆိုတာပါ...
ကျမကတခါတလေ ဆိုင်ရှေ့မှာထိုင်ပြီးပုလင်းထဲကသကြားလုံးတွေနှိုက်စားတတ်တာကို မှတ်မိနေသလိုဘဲ
တခါကတော့ အိမ်ကိုသီလရှင်တွေဆန်ခံလာနေကြပါ အမေတို့ကလည်း သီလရှင်အပါးတိုင်းကို
ဆန်လောင်းပါတယ်...တရက်ကျမဆန်တွေယူဆော့လို့ အမေရိုက်တာကိုလည်း
မှတ်မိနေသေးတယ်...ကျမအမေဘယ်လောက်လက်သံပြောင်လဲဆိုရင် ကျမကိုရိုက်တာတံမြက်စည်း
တချောင်းကျိုးတယ်ဆိုဘဲ...အမှန်က အမေကရိုက်တော့ ကျမကထွက်ပြေးပါတယ်...အိမ်ထဲမှာပတ်ပြေး
တာပေါ့ ..အမေကလိုက်ရိုက်တော့ တခြားပစ္စည်းတွေကိုလည်း ထိမိတာပေါ့ အဲတော့ တံမြက်စည်းလည်း
ကျိုးသွားပါတယ်...ကျမကိုဝတ်ပေးထားတဲ့ စပ်ထမီလေးလည်း တထည်လုံးစုတ်ပြဲသွားတယ်တဲ့...
ကျမလူးလိမ့်ပြီးငိုနေတာကိုတော့ မှတ်မိတယ်....အမေကရိုက်ရင်းနဲ့မေးတယ်...နင်နောက်ခါဆန်တွေ
ဆော့ဦးမလားတဲ့ မဆော့ဘူးလို့ဖြေရင် မရိုက်တော့ဘူး..အဲလိုဖြေစမ်းလို့ပြောတယ်တဲ့...ကျမကလည်း
ဘယ်လောက်ခေါင်းမာသလဲဆိုရင် မဆော့တော့ပါဘူးလို့ လုံးဝမဖြေဘူးတဲ့ ...ဆော့မယ်လို့ချည်း
ဖြေတာတဲ့ (အဒေါ်တွေကကျမကို ပြန်ပြောပြတာလေ )...အဲသလောက်ထိငယ်ငယ်က ဆိုးခဲ့တာပါ

ကျမမှတ်မိနေတာတွေကိုတော့အကုန်မရေးတော့ပါဘူး..အဲအထဲကနေ ကျမပြောပြချင်တဲ့ အကြောင်းလေးတွေဘဲရေးလိုက်ပါတယ်...ကျမလည်းငယ်ငယ်တုန်းက အဆော့သန်ပါတယ်
ဘယ်လောက်တောင်ဆော့လဲဆိုရင် မုန့်ဆိုင်ရှေ့မှာ ရပ်ပြီးမုန့်ဝယ်နေတဲ့ စက်ဘီးကို ကျမကပြေးရင်းနဲ့
ဝင်တိုက်လိုက်တာပါ..စက်ဘီး ဟန်ဒယ်နဲ့ မျက်ခုံးနဲ့တိုက်မိပြီး မျက်ခုံးကွဲသွားပါတယ်...အနာကိုလက်နဲ့
အုပ်ပြီးအိမ်ပြန်လာတဲ့ ကျမကိုအမေက ချီပြီးဆေးခန်းပို့ပါတယ်....အိမ်ကအဒေါ်တွေက စက်ဘီးသမားကို
တောင်းပန်ပြီးစက်ဘီးပြင်ဖို့ပိုက်ဆံလျှော်လိုက်ရပါတယ်..အဆုံးသတ်လိုက်တော့ ကျမမျက်ခုံးကို
6ချက်ချုပ်လိုက်ရပါတယ်...ဘယ်ဘက်မျက်ခုံးမှာ အလယ်ကနေ ပြတ်နေတဲ့ အမာရွတ်ချုပ်ရိုးကြောင်း ရှိပါတယ်..

နောက်တခုကတော့ ငယ်ငယ်ကကျမတို့ စိန်ပြေးတမ်းဆော့ရင်းနဲ့ ချိုတူးဆိုတဲ့ကောင်လေးနဲ့
ရန်ဖြစ်တာပါ....အဲကောင်လေးကကြွေပန်းကန်စေ့လားမသိပါဘူး...ကိုင်ထားတယ် ..ကျမတို့၇န်ဖြစ်တော့
သူကလက်နဲ့လှမ်းလုပ်လိုက်တာ ကိုင်ထားတဲ့ကြွေပန်းစေ့နဲ့ ကျမလက်ကို ထိုးမိပါတယ်...ကျမကလည်း
သူ့ကိုဆံပင်ဆွဲထားပြီး ကျမတို့နှစ်ယောက်ရန်ဖြစ်ကြတာပါ..ကျမလက်မှာ ကြွေပန်းကန်စေ့အကွဲနဲ့
ထိုးမိတဲ့ အမာရွတ်ရှိပါတယ်....

ကျမသုံးတန်းလောက်ကထဲက အမေကစာသွားအောင်ဆိုပြီး စာအုပ်ဖတ်ခိုင်းပါတယ်...ကာတွန်းစာအုပ်
ရွှေသွေး...မိုးသောက်ပန်း အဲလိုစာအုပ်တွေပါ....ကျမစာဖတ်ဝါသနာပါအောင် အမေက ပျိုးထောင်ပေးခဲ့တာပါ။။ကျမငယ်ငယ်ကထဲကစာဖတ်ဝါသနာပါတယ်....ကျောင်းကြီးပိတ်ပြီဆိုတာနဲ့ စာအုပ်ဆိုင်သွားတာပါဘဲ။။။ရသမျှမုန့်ဘိုး စာအုပ်ငှားခနဲ့ကုန်တာပါဘဲ...နောက်ပြီးညီမလေးကိုလည်း
ငယ်ငယ်က ကာတွန်းစာအုပ်တွေဖတ်ပြရပါတယ်...သူကကျောင်းမတက်ရသေးတော့ စာမဖတ်တတ်သေးဘူးလေ..။။ အဲတော့ သူသဘောကျတာကို စာအုပ်ဆိုင်မှာသူယူတယ် ပြီးရင် အဲစာအုပ်ကိုကျမကထိုင်ဖတ်ပြရပါတယ်...သူကနားထောင်ပါတယ်...သူသိချင်တာရှိရင် ပြန်မေးပါတယ်...မောင်စူပါ ကဘာဖြစ်သွားတာလဲတို့ ဒီလုံးကိုလူဆိုးတွေကဘယ်လိုဖမ်းသွားတာလဲတို့ ဇီးတော်ပွင့်ကဘယ်ရောက် သွားတာလဲတို့ ဦးကပ်စီးနဲ့တိုက်ဂါးဘာဖြစ်သွားတာလဲတို့ ဆိုတာမျိုးတွေပေါ့...သူကအဲလိုစာအုပ်လေး တွေယူလာတတ်ပါတယ်....သူနဲ့ကျမငယ်ငယ်ကထဲက အဲလိုနေခဲ့ကြလို့လားမသိပါဘူး...ကျမသူ့ကို အရမ်းချစ်ပါတယ်...သူလည်းကျမအပေါ်
သံယောဇဉ် အရမ်းကြီးပါတယ်..ညီအမနှစ်ယောက် ဘယ်ကိစ္စမဆိုတိုင်ပင်နေကြပါ...ခုချိန်ထိလည်း သူက တခါတလေ ဖတ်ပြခိုင်းတတ်ပါတယ်...နင်ဖတ်လိုက် ငါဒီကနေ နားထောင်မယ်ဆိုပြီး..ဘလော့က စာတွေကို တခါတလေ ဖတ်ခိုင်းတတ်ပါတယ်...

ကျမအဖေကလမ်းတံတား အင်ဂျင်နီယာပါ...
ကျမအဖေမုပ္ပလင်မှာ တာဝန်ကျတုန်းက ကျမနဲ့ညီမလေးကို ညနေဘက်ဆိုခေါ်ပြီး မီးရထားလမ်းဘက်
လမ်းလျှောက်ကြတာမှတ်မိသေးတယ်....ညနေဘက်ဆိုရထားကြီးတစင်းကအမြဲလာနေကြပါ..
ရထားလာတာနဲ့ကျမနဲ့ညီမလေးက ရထားကြီးကို ဝေးးးး ဆိုပြီးလက်ပြနှုတ်ဆက်နေကြပါ..
ရထားပေါ်ကလူတွေကလည်း ပြန်ပြီးလက်ပြကြပါတယ်...အဲတုန်းက ဘာမှန်းသေချာမသိပေမဲ့
ကိုယ်လက်ပြလိုက်လို့ ရထားပေါ်ကပြန်လက်ပြရင် အရမ်းပျော်ပါတယ်...အခုတော့ အဖေလည်း
ကျမတို့ဘဝထဲက ထွက်သွားတာ နှစ်ပေါင်းမနည်းတော့ပါဘူး...

တညရွာမှာပွဲဈေးရှိပါတယ်...ကျမတို့မိသားစု ပွဲဈေးသွားတော့ မီးခွက်လေးတွေ မှိတ်တုတ် နဲ့ ဈေးသည်တွေ အများကြီးတွေ့ပါတယ်...ကျမလည်းဟိုဟာပူဆာ ဒီဟာပူဆာနဲ့ ပြန်တော့ ညီမလေးက
အိပ်နေပါပြီ..အမေကညီမလေးကိုချီပါတယ်...အဖေ့တပည့်တယောက်က လက်နှိပ်ဓါတ်မီးထိုးပေးပါတယ်
အဖေကကျမကိုချီပါတယ်.....အဖေ့ကိုယ်ပေါ်ကနေ ပခုံးပေါ်ခေါင်းလေးတင်ပြီး လိုက်ခဲ့တာကို
အခုထက်ထိမမေ့သေးပါဘူး...စိတ်ထဲမှာမနေ့တနေ့ကလေးတင် အဖေနဲ့ပွဲဈေးသွားခဲ့သလိုပါဘဲလေ...။။

ငယ်ငယ်တုန်းကအကြောင်းတွေကတော့ အများကြီးပါဘဲ...။။
ကျမဒီလောက်ဘဲရေးလိုက်တော့မယ်နော် ။။


တပုဒ်တော့ရေးပြီးပြီနော်...တပုဒ်ဘဲကျန်တော့တယ်...အလုပ်ပိတ်ရက်မှထပ်ေ၇းပေးမယ်..
ပစ်ပစ်
8.2.2012 AM 3:35

16 comments:

မိုးသက် on 8 February 2012 at 04:21 said...

ဂယ် လက်သံပြောင်တာပဲ.. ဒိန်းဂျားပဲ. အစ်မ ကြောက်ကြောက်နဲ့ဖတ်သွားတယ်
ဟိဟိ..

မောင်မောင် on 8 February 2012 at 04:52 said...

အစ်မပုံက ၀ါးဝါးလေးတင်ထားတယ် လှပါတယ် အစ်မပစ်ပစ်က ငယ်ငယ်လေးကတည်းက ပဲပေးနေတယ်

ချစ်စံအိမ် on 8 February 2012 at 05:42 said...

မပစ်ပစ်ရေ ငယ်ငယ်တုန်းကအကြောင်းလေးတွေဖတ်ပြီ
ကလေးပြန်ဖြစ်သွားသလိုခံစားမိပါတယ်

AH on 8 February 2012 at 07:24 said...

အေးဂျင့်ကြီးက အတော်ဆော့သကိုး.... လွမ်းစရာ ငယ်ဘ၀လေးကို အားပါးတရ ဖတ်ရင်း ပြုံးသွားပါတယ် ခင်ဗျာ။

Angelhlaing(May everybody be happy and healthy! on 8 February 2012 at 07:32 said...

ငယ်ငယ်တုန်းက ဒီလောက်ဆိုးခဲ့ပြီးပြီဆိုပြီး ခုရော လိမ္မာနေပြီလားမမ :):)

မဒမ်ကိုး on 8 February 2012 at 08:42 said...

ကဲချက်ကတော့အေ ငါ့သမီးလို့မပြောရဘူး တော်တော်တူသဟဲ့

Anonymous said...

တော်တော်ဆော့သန်တဲ့ပေါက်စလေးပဲး)
မအေတူသမီးပီပီ.၀၀လေးဆို.ဒီ့ထက်.အတော်လှမှာ :P

ချစ်ခင်လျှက်
မိစံ

Candy on 8 February 2012 at 11:15 said...

စီအိုင်အေ ပစ်ပစ်က တော်တော်သောင်းကျန်းခဲ့တာပဲ ဟီးဟီး :D :P

San San Htun on 8 February 2012 at 11:20 said...

ပစ်ပစ် တယ်ဆော့သကိုး..

နေ၀သန် on 8 February 2012 at 12:34 said...

:P.. ဖတ်လာရင်းနဲ့ အောက်ဆုံးက ပုံလေးကို အတော်သဘောကျသွားတယ်.. တော်တော်စွာပြီးဆိုးမယ့်ပုံပဲနော်... :P

ခင်မင်လျက်
နေ၀သန်

...အလင်းစက်များ on 8 February 2012 at 17:39 said...

ငယ်ငယ်ကထဲက စွာတေကို လန်နေတာပဲ။ ပြောမရ ဆိုမရလေး။ ငဖယ်တေ ကို တေနေမယ်ဟာလေး။ ပြန်မပြော နားမထောင်လေး။ နေရာ တစ်ကာ ထစ်ခနဲ့  ချမယ် ခုတ်မယ် ဆိုတဲ့ဟာလေး။

ချိုတူးဆိုတာ ငါဘဲ။ :P

(မှတ်ပလား စီအိုင်အေ ပစ်ပစ်)

Anonymous said...

ပုံမပါရင် ပြောမှာစိုးလို့ ထင်တယ် ဟိဟိ ၂ပုံတောင်မှ အဖြူမဲ ပုံလေးက ချောထှာ..

စံပယ်ချို on 8 February 2012 at 23:53 said...

သံခမောက်ဆောင်းပြီးလာဖတ်ပါ့မယ်ကြောက်လို့ပါ

ညီရဲ on 9 February 2012 at 12:48 said...

ငါ့သူငယ်ချင်းက... ငယ်ငယ်တုန်းက ကလေးဆိုးကြီးပေါ့...

မောင်ဘုန်း on 9 February 2012 at 22:57 said...

ဖွားဘက်တော် များ ဖြစ်နေမလား ... အမေရိကန် ဆေးရုံ အသက် သုံးဆယ် နီး တဲ့ .....

KO2 on 15 February 2012 at 14:23 said...

နင် ငယ်ငယ်တုန်းက တော်တော်လိမ္မာသားပဲ ဟီးဟီး ။။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei