26 September 2010

လွတ်လပ်သောအထီးကျန်ခြင်း..

Posted by blackroze at Sunday, September 26, 2010

ငှက်လေးနှစ်ကောင်...
တကိုင်းထဲမှာ
အတူတူလည်း
နားခဲ့ဖူးတယ်..
တိမ်ပြာမိုးတဲ့
ကောင်းကင်ထဲလည်း
တူတူပျံသန်းခဲ့ဖူးတယ်...
လေချိုသွေးတဲ့
ညခင်းထဲလည်း
ချစ်တေးသံစဉ်
ဆိုခဲ့ဖူးတယ်...
နောက်ဆုံးတနေ့
ငှက်လေးတကောင်က
အဝေးကိုပျံသန်းသွားဖို့
ဆုံးဖြတ်ခဲ့တယ်...
..............................
ကျန်ခဲ့မဲ့...
ငှက်ကလေးက...
လွတ်လပ်သွားတာလား..
အထီးကျန်သွားမှာလား...........!!!!!!!!

(26.9.2010... AM 2:26 )

ပုံလေးကိုဒီနေရာလေးကယူထားတာပါ...

12 comments:

ယွန်း on 26 September 2010 at 03:00 said...

ကောင်းတယ်..ကဗျာလေးကြိုက်တယ်..

Maung Myo on 26 September 2010 at 03:05 said...

အထီးကျန်သွားတာပဲဖြစ်မှာပါ တကိုင်းတည်းနားခဲ့ဖူးတဲ့သူ အချင်းချင်း လွတ်လပ်တယ်ဆို ယူဆလိုက်ရင်မှားသွားမှာပေါ့ .............

တစ်နေ့နေ့ ငှက်ကလေး၂ ကောင်လုံး ပြန်ဆုံမှာပါ ။

မေပယ်လ် on 26 September 2010 at 12:28 said...

လွတ်လပ်တာကော အထီးကျန်တာကော
တစ်ထပ်တည်း ဖြစ်နိုင်တယ်..။
ဘာလို့လဲဆိုတော့ တစ်ချို့အရာတွေက
နှစ်ဖက်လုံး နာကျင်ကြရလို့ပါပဲ..။

ညိမ်းနိုင် on 26 September 2010 at 15:23 said...

အင်းးးနော်...ပြောရခက်တယ်...ခံစားမှု နှစ်ခုစလုံး တပြိုင်နက်ခံစားရတာဆိုရင်
ပိုမှန်မလားပဲ...။ဒါပေမယ့် အထီးကျန်ခံစားမှုကတော့ ပိုမလားပဲ...။
တခါတလေတော့ ချစ်တဲ့သူရဲ့ အချစ်တွေက ချည်နှောင်မှုတွေလို့ ခံစားရနိုင်မလား..။

ချော(အစိမ်းရောင်လွင်ပြင်) on 26 September 2010 at 18:27 said...

အထီးကျန်သွားမလား လွတ်လပ်သွားမလားဆိုတာ ခံယူသူရဲ့ စိတ်နဲ့ ဆိုင်ပါတယ်..
အထီးကျန်သွားတယ်လို့ ထင်သူက အထီးကျန်မှာဖြစ်ပြီး
လွတ်လပ်သွားပြီလို့ ထင်သူကလည်း သူ့စိတ်တွေ တကယ်လွတ်လပ်သွားမှာပါ။
ဘယ်လိုခံယူမလဲဆိုတဲ့အပေါ်မူတည်ပြီး ခံစားချက်တွေ သက်သာရာရမှာပါညီမလေးရေ။

အုပ်ကြီး on 26 September 2010 at 23:31 said...

အင်း ....
ငှက်ကလေးပဲသိပါလိမ့်မယ်ဗျာ ..

flowerpoem on 27 September 2010 at 00:02 said...

ကဗျာ ဖတ်ပြီး အတွေးများသွားပါတယ် ငှက်ကလေး ဘယ်လိုနေရရှာမယ်လိမ့်

blackcoffee on 27 September 2010 at 00:28 said...

ကျန်ခဲ့တဲ့ ငှက်ကလေး သနားပါတယ်။ ကျန်ခဲ့တယ် ဆိုမှတော့ အထီးကျန် နေမယ်လို့ ဘဲ ယေဘူယျ အားဖြင့် မှတ်ယူ ရမှာပေါ့။ ငှက်ကလေး အတွက် စိတ်မကောင်း ဖြစ်ခဲ့ရ ပါတယ်။

Cameron on 28 September 2010 at 15:57 said...

အမကတော့ အထီးကျန်သွားမယ်လို့ ခံစားမိနေတယ်... လောလောဆယ်ကိုယ့်စိတ်ထဲ ဖြစ်ပျက်နေတဲ့ ခံစားမှုနဲ့ပေါ့နော်...


ခင်တဲ့
မိုးငွေ့

Anonymous said...

အထီးကျန် သွားမှာပေါ့ ။ ကျန်ခဲ့တဲ့ ငှက်ကလေးတင်မဟုတ်ပါဘူး။
ထွက်ခွါသွားဖို့ ဆုံးဖြတ်ခဲ့တဲ့ ငှက်ကလေးလဲ တိတ်တိတ်လေး
ဖြစ်ဖြစ် ကြေကွဲနေပါလိမ့်မယ်။ :)
ခံစားမိသမျှပါ ။ ခင်မင်လျှက်..ခင်မာလာအောင်..:)

ညလင်းအိမ် on 3 October 2010 at 09:04 said...

ကဗျာလေး တော်တော်ကောင်းတယ် ...

သိင်္ဂါကျော် on 4 October 2010 at 14:40 said...

လွတ်လပ်သွားတာပေါ့.. ဟဲဟဲ နောက် တစ်ကောင်လာလိမ့်မယ်လေ.. :D

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei