06 September 2010

ပုံရိပ်ဟောင်း

Posted by blackroze at Monday, September 06, 2010
ဟိုစဉ်တစ်ချိန်.....
ဆောင်းတစ်ညနေမှာ
မင်းနဲ့နှစ်ယောက်ထဲ
လက်ချင်းတွဲလို့
အင်းလျားလမ်းထက်
လျှောက်ခဲ့ဖူးတယ်.....

ခေမရဌ်မှာ
မျက်နှာချင်းဆိုင်
ချစ်စကားခွန်းတုံ့ ဆိုခဲ့ဖူးတယ်....

မြူနှင်းရောတဲ့
မှုံရီရီညနေလေးမှာ
ကန်ဘောင်ထက်
လှိုင်းပုတ်သံနားဆင်လို့
မင်းရင်ခွင်မှာ ခိုခဲ့ဖူးတယ်......

နေလုံးပြပြ
မမြင်ရတော့တဲ့
ညနေအို...ဆည်းဆာချိန်လေး
မကုန်ဆုံးခင်တခဏ
မင်းမျက်နှာလေး ကြည့်လို့
အချစ်သီချင်း..သံစဉ်ချိုတွေ
နှစ်ယောက်အတူ
ဆိုညည်းဖူးတယ်.......


အရမ်းလှတဲ့
ညနေလေးတွေ
ရှိခဲ့ပါရဲ့
အပြုံးတစ်ခုရဲ့
ညှို့ငင်မှု့အောက်.....
အဖန်ဖန်အခါခါ.....ကျရှုံးလို့........
နှောင်ကြိုးထဲက
ဘ၀တစ်ခုမှာ....
ပျော်နေခဲ့ဖူးတယ်....

နှင်းတခါဝေ
မိုးတခါစွေ
ရွက်တခါကြွေလို့
ဒီသုံးရာသီ
တစ်ပတ်လည်လေသောအခါ

ူဖြည်မှန်း မသိ
ပြေသွားရှာတဲ့
နှောင်ကြိုးပြေ ကြား
နှလုံးသား..
အပိုင်းအစ
ပြန်ကောက်ရင်း......နဲ့

သံစဉ်မချို
ဆည်းဆာမလှ
ဆောင်းတစ်ညမှာ
အင်းလျားလမ်းက
ပုံရိပ်ဟောင်းများ
တစ်ယောက်ထဲ.....
ပြန်ရှာနေမိတယ်.....။။။။။။။။။



(7.9.2010 AM 2း25 )


ဟိုးအရင်ကရေးဖူးတဲ့ကဗျာလေးတပုဒ်ပါ
အခုမှစိတ်ကူးပေါက်လို့တင်လိုက်တာပါ...

11 comments:

blackcoffee on 6 September 2010 at 02:38 said...

ပုံရိပ်ဟောင်းလေးတွေ ပြန်တွေ့ နိုင်ဖို့ ဆုတောင်း ပေးခဲ့တယ် သူငယ်ချင်း။

စိတ်၏ဖြေရာ on 6 September 2010 at 03:08 said...

ဆည်းဆာအလှဆောင်းတစ်ညမှာ
သံစဉ်ချိုမြပုံရိပ်စကိုချစ်သောညီမ
ပြန်ရနိုင်စေတောင်းဆုချွေ၏။

ပန်းနုနှင်းဆီ on 6 September 2010 at 06:53 said...

တစ်ခါတစ်ခါမှာတော့ ပုံရိပ်ဟောင်း အတိတ်ဟောင်းတွေဟာ ပြန်လည်ရှာဖွေတဲ့အခါ လွမ်းချင်စရာကောင်းနေတတ်တယ်နော်
ဒါပေမဲ့ ပြန်သတိရချင်စရာ မကောင်းတဲ့ အတိတ်ဆိုရင်တော့ ပုံရိပ်ဟောင်းတွေလဲ ပြန်မရှာချင်တော့တာ အမှန်ပါ။

မြတ်မွန် on 6 September 2010 at 08:08 said...

အနက်..
ကဗျာလေးကောင်းတယ်။
အတိတ်ကို သတိရစေတယ်။
အင်ယားမှာ စွန်လွတ်ခဲ့ဘူးတယ်။

Cameron on 6 September 2010 at 10:07 said...

ကဗျာလေးအရမ်းကောင်းတာပဲ ညီမလေး....နှောင်ကြိုးဆိုတာ တစ်ချိန်လုံးချည်ထားဖို့မဟုတ်ဘဲ အချိန်တန်ရင် ပြေသွားတတ်တာမျိုးပဲနော်...ထပ်တူခံစားသွားပါတယ်...။

ခင်တဲ့
မိုးငွေ့

သိင်္ဂါကျော် on 6 September 2010 at 13:59 said...

ပုံရိပ်ဟောင်းဆိုတာ ကြာတော့လည်း ဝိုးတိုးဝါးတား ဖြစ်သွားမှာပါ...

Maung Myo on 6 September 2010 at 15:02 said...

ဖြစ်ရပ်မှန်ကဗျာလေးလား အစ်မး) ကြည်နူးစရာလေး ရင်ဘတ်ထဲ လှိုင်းထသွားတယ် ဘာမဆိုင်ညာမဆိုင် ဟဟား ။

ယွန်း on 6 September 2010 at 15:17 said...

ကဗျာလေးကောင်း၏ ။ ပုံရိပ်ဟောင်းလေးတွေက ပြန်တွေး၇င် ရင်ခုန်စရာလေးတွေပါ..။

Anonymous said...

ဟိုးအရင်က ရေးထားတာတောင်
မနာလိုစရာ ကောင်းအောင်လှနေတာ
ခုများ ရေးလိုက်ရင်....
အားပေးပါတယ်..ကဗျာသမားမို့ ကဗျာလေး
တွေဆို ဖန်တီးသူတိုင်းကို လေးစားတယ်

ချော(အစိမ်းရောင်လွင်ပြင်) on 6 September 2010 at 17:08 said...

အရင်က ရေးခဲ့တယ်ဆိုပေမဲ့ ခုချိန်ပြန်ဖတ်လဲ ခံစားရတာဘဲမဟုတ်လား
အင်းယားဆိုတော့ ကိုယ်တွေတောင် အတိတ်ကို ပြန်သတိရသွားပြီ
တိုဟူးကြော်နဲ့ ရှမ်းခေါက်ဆွဲ သွားစားကြတာကိုပြောတာပါ။
ကန်ရေပြင်ကိုလဲ ငေးခဲ့ဖူးတာပေါ့
သူငယ်ချင်းတွေတစ်အုပ်ကြီးနဲ့လေ

အုပ်ကြီး on 6 September 2010 at 23:15 said...

"...နေလုံးပြပြ
မမြင်ရတော့တဲ့
ညနေအို...ဆည်းဆာချိန်လေး
မကုန်ဆုံးခင်တခဏ
မင်းမျက်နှာလေး ကြည့်လို့  ...."

အင်း ..ကျွန်တော်လည်း ကြည့်ဖူးသလိုလိုပဲဗျာ ..
အခုတွေးရင်း အခုလွမ်းမိတယ်နော် ..

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei