15 July 2012

ကျောင်းဒကာ ကျောင်းအမအဖြစ် ခံယူပွဲ (သို့) အလှုဖိတ်ကြားခြင်း

Posted by blackroze at Sunday, July 15, 2012 3 comments
အားလုံးမင်္ဂလာပါခင်ဗျား...
လောကမှာ အစားကောင်းအသောက်ကောင်းလေးများ စားသောက်ဖို့ ကြုံကြိုက်တဲ့အခါဖြစ်ဖြစ်၊ နေရာကောင်း အရိပ်ကောင်းလေးတစ်ခုကို ခိုလှုံဖို့ ကြုံကြိုက်တဲ့အခါပဲဖြစ်ဖြစ် မိတ်ဆွေကောင်းတွေကို သတိရတတ်ကြတယ်ဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်များ၊ ဘလော့ဂါ အကိုအမများကို ဒီပိုစ့်လေးနဲ့အတူ သတင်းကောင်းလေးတစ်ခု ပါးပါရစေခင်ဗျား..။မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ တတိယအကြိမ်မြောက် လှုပ်ရှားမှုဖြစ်တဲ့ အလှုနှင့်အတူ မိမိတို့ ချွေးနဲစာထဲမှ တတ်နိုင်သလောက် မျှဝေလှုဒါန်းလိုက်ရုံဖြင့် ရာသက်ပန် ကျောင်းဒကာ၊ ကျောင်းဒကာမအဖြစ် ခံယူနိုင်မည့်အကြောင်းလေးကို ၀မ်းမြောက်ဝမ်းသာစွာဖြင့် အသိပေးမျှဝေပါရစေခင်ဗျား..။မင်္ဂလာတောင်ညွန့်၊ စက်ဆန်းကတို့ဆိပ်ပေါက်ကွဲမှုအလှု၊ မရမ်းချောင်းကျေးရွာ အနာကြီးရောဂါသည်များ စောင့်ရှောက်ရေးဂေဟာသလို့အလှုများဖြင့် အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ မြန်မာမုဒိတာ -လူငယ်များအဖွဲ့ (MMYG) ရဲ့ တတိယအကြိမ်မြောက်အလှုတစ်ခု စတင်ပြန်ပါပြီခင်ဗျား။
ရန်ကုန်မြို့တစ်ဖက်ကမ်း သန်လျင်မြို့ မြန်မာ့ရေနံရက်ကွပ်မှာရှိတဲ့ သာယာကုန်းဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းလေးနဲ့ ဦးစွာ မိတ်ဆက်ပေး ပါရစေ..။
 ကျောင်းထိုင်ဆရာတော် ဦးတိက္ခဥာဏမှာ ၂၀၀၅ခုနှစ်မှာ ကိုယ်တိုင်ရုန်းကန်ပြီး စတင်ခဲ့တဲ့ ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်းလေး ဖြစ်ပါတယ်ခင်ဗျား။အခက်အခဲအမျိုးမျိုးနဲ့ စတင်ခဲ့ပြီး လက်ရှိပညာသင်နှစ်မှာတော့ သူငယ်တန်းမှ ခုနစ်တန်းအထိ ဆင်းရဲချို့ တဲ့တဲ့ ကလေးငယ်တွေနဲ့ မိဘမဲ့ကလေးငယ် ကျောင်းသူကျောင်းသားပေါင်း ၃၀၀ကျော်ကို အခမဲ့လက်ခံသင်ကြားပေးနေတဲ့ ပရဟိတပညာသင်ကြားရေးကျောင်းတစ်ခု ဖြစ်ပါတယ်။ဆရာ၊ ဆရာမဦးရေ စုစုပေါင်းဆယ်ဦးရှီပြီး တစ်ဦးလျင် လစဉ်စေတနာကြေးသုံးသောင်းကျပ်နှုန်းဖြင့် နှစ်ပေါက်အောင် ဆရာတော်မှ အဓိကကျားကန်ပေးထားတဲ့ ကျောင်းလည်းဖြစ်ပါတယ်။ကျောင်းမှ ခုနစ်တန်းအောင်မြင်ပြီဆိုရင်တော့ အစိုးရပညာသင်ကျောင်း ဆက်လက်တက်နိုင် -အောင် ဆက်လက်ထာက်ပံ့ပေးနေပါတယ်။လက်ရှိ ပညာသင်နှစ်အတွက် ဆယ်တန်းဖြေမဲ့ကျောင်းသားကျောင်းသူ ကိုးဦးရှိပါတယ်။ကလေးငယ်များ အားလုံးအား တတ်နိုင်သလောက် အဟာရဖြစ်အောင် ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးပြီး ခရီးဆက်နေတဲ့ ကျောင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဟုတ်ကဲ့..အခုတစ်ကြိမ်မှာ ကျွန်တော်တို့ အဲ့ဒီ ဘုန်းတော်ကြီးပညာရေးသင်ကြောင်းလေးကို လှုဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်.ဘာ့ကြောင့် ကျွန်တော်တို့ လှုဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြသလဲ..
 အလှုရှင်များခင်ဗျား..
သူတို့လေးတွေအတွက် နံပါတ်(၁) လိုအပ်ချက်ဖြစ်တဲ့ သူတို့တွေရဲ့ ထမင်းစားဆောင်ကို ကြည့်ရှုကြပါအုံး...။


အထက်မှာမြင်ရတဲ့ ရေပတ်လည်ဝိုင်းပြီး တဲသာသာရှိတဲ့ ကျောင်းဆောင်လေးဟာ ကလေးငယ်ပေါင်း (၃၀၀)ကျော်ကို ချက်ပြုတ်ကျွေးမွေးတဲ့ အဆောင်လေး ဖြစ်ပါတယ်။နေရာအခက်အခဲကြောင့် ကလေးငယ်များအား အယောက် (၅၀)စီ ငယ်စဉ်ကြီးလိုက် ခွဲပြီး ကျွေးရတယ်လို့ ဆရာတော်မှ မိန့်ဆိုပါတယ်။
 ချို့ တဲ့တဲ့နေရာနဲ့ မပြည့်စုံတဲ့ သူတို့ရဲ့ ထမင်းဝိုင်း.. ကလေးငယ်တွေ ဆိုတော့လည်း...
အလှုရှင်တွေ ကျန်းမာချမ်းသာစေဖို့ မစားခင် ဆုတောင်းပေးနေကြလေရဲ့..
ကလေးငယ်များ အပူအပင်ကင်းစွာ ပညာသင်ကြားနိုင်ရေးနဲ့ စားဝတ်နေရေး ပြေလည်နိုင်ရေးကိုသာ အဓိက အားထုတ်နေရလို့ ကျန်းမာရေးနဲ့ ထမင်းစားဆောင်ဟာ ကလေးငယ်များအတွက် ကျန်းမာရေးနဲ့ ညီညွတ်ကိုက်ညီမှုမရှိတာကို သိရှိပေမဲ့ လျစ်လျူရှုထားရတယ်လို့ ဆိုပါတယ်။ အလှုရှင်သာ ရှိမယ်ဆိုရင် ဆရာတော်က “သူကိုယ်တိုင် နေ့မနား ညမအားအမြန်ဆုံးပြီးအောင် ဆောက်လုပ်ပစ်ချင်တာ”လို့လည်း မိန့်ဆိုခဲ့ပါတယ်။
ဒုတိယလိုအပ်ချင်ကတော့ ဆရာဆရာမပေါင်း ဆယ်ဦးအတွက် စေတနာကြေး ( ၃၀၀၀၀ကျပ်) ထောက်ပံ့ပေးမဲ့သူမရှိတာပဲ ဖြစ်ပါတယ်။တတိယ လိုအပ်ချက်အနေနဲ့ ကလေးငယ်များအတွက် စာသင်ခုံလောက်ငှမှုမရှိဘူးလို့ ဆိုပါတယ်။ တစ်စုံလျှင် လေးသောင်းကျပ်နှုန်းခန့်ကျနိုင်ပြီး ယခုနှစ် သင်ကြားဆဲ ပညာသင်နှစ်အတွက် စာသင်ခုံ ( ၁၅)စုံခန့် လိုအပ်နေတယ်လို့ ဆိုပါတယ်။
နောက်ဆုံးလိုအပ်ချက်အနေနဲ့ကတော့ ကလေးငယ်များအတွက် ချုက်ပြုတ်ကျွေးမွေးစရာ ကုန်ခြောက်များနှင့် စာအုပ်ခဲတံများ၊ကိုရင်ငယ်လေးများ အတွက် သင်္ကန်းစသည်တို့ပဲ ဖြစ်ပါတယ်။
                                   သာယာကုန်းဘုန်းတော်ကြီး ပညာသင်ကြားရေးဆရာတော် ဦးတိက္ခဥာဏ...




မိဘရှိသော ကလေးငယ်များရဲ့ အိမ်
အလှုရှင်များခင်ဗျား..အထက်မှာ ကျွန်တောပြောပြခဲ့တဲ့ ဆရာတော်အတွက် လိုအပ်နေတဲ့ကျောင်းဆောင် (သို့) ကလေးငယ်တွေအတွက် ချို့ တဲ့နေတဲ့ ထမင်းစားဆောင်ကို ကျွန်တော်တို့ အဓိက ပြုပြင်ပါမယ်။ ဆရာတော်က အလှုရှင်ရှိတာနဲ့ အထက်ပါ ရွက်ထည်တဲနေရာမှာပဲ (၁၅ x ၃၀)ပေအကျယ် -ကျောင်းဆောင်တစ်ခု ဆောက်လုပ်မှာပါ။ ချစားမြေဖြစ်တာကြောင့် အုတ်နဲ့ ဖောင်ဒေးရှင်းချပြီး လေးပေအမြင့်အထိ အုတ်တက်ပါမယ်။ လေးပေ အထက်ကိုတော့ သံဇကာကာရံပြီး အပေါ်ကသွပ်မိုးမယ်ဆိုရင် ကလေးငယ်တွေအတွက် အန္တရာယ်ကင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထမင်းစားဆောင် (သို့) ကျောင်းဆောင်အတွက် လိုအပ်တဲ့ အဆောက်အဦးပုံကြမ်းလေးတစ်ခု အခိုင်အမာရရှိနိုင်ပြီလို့ဆိုပါတယ်။ ဆရာတော်ပြောတဲ့ အဲ့ဒီအထိ အဆောက်အဦးရဲ့ ကုန်ကျစရိတ်ကို ကျပ် ၃၅သိန်းမှ ၄၅သိန်းကြားလို့ ခန်မှန်းတွက်ချက်ပြပါတယ်..။ပြီးဆုံးတာနဲ့ အလှုရှင်အားလုံးရဲ့ အမည်နာမကို ဆရာတော်ရဲ့ဆန္ဒအရ သဘောင်္ဆေးနဲ့ရေးပြီး ချိတ်ဆွဲကာ ရေစက်ချပွဲကိုအလှုရှင်များနဲ့အတူ ဆင်နွှဲပါမယ်။
ဒီကိစ္စအတွက် ကျွန်တော်တို့အနေနဲ့က တစ်ကစပြီး အလှုခံရမှာဖြစ်တာမို့ ကလေးငယ်တွေအတွက် လိုအပ်တဲ့ကျောင်းဆောင်လေး ဆောက်လုပ်ပေး နိုင်ဖို့တော့ အာမခံပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အကယ်၍ မြန်မာမုဒိတာလူငယ်များအဖွဲ့အနေနဲ့ အလှုခံတဲ့ရက်မှစပြီး အလှုပိတ်သိမ်းချိန်အထိ ရရှိလာမဲ့အလှုငွေဟာ အထက်ပါပမာဏကို ပြည့်မှီတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဆရာတော်နဲ့တိုင်ပင်ပြီး ကျောင်းဆောင်ကို တာဝန်ယူကာ ဆရာတော်ရဲ့အစီအစဉ်နဲ့ အမြန်ဆုံးဆောက်လုပ် လှုဒါန်းပါမယ်။အကယ်၍ ရရှိလာတဲ့အလှုငွေဟာ ကျောင်းဆောင်အတွက် လိုအပ်တဲ့ပမာဏကို ပြည့်မှီခြင်း မရှိခဲ့ဘူးဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ တခြားလိုအပ်ချက်တွေဖြစ်တဲ့ ဆရာဆရာမများအတွက် လစဉ်စေတနာကြေး၊ စာသင်ခုံနဲ့ မီးဖိုချောင်ပစ္စည်းများကို ထည့်ဝင်လှုဒါန်းပြီး ပိုလျှံတာကို ကျောင်းဆောင်အတွက် မတည်ငွေထားပေးခဲ့ပါမယ်။
ဒီနေ့ (၁၃.၇.၂၀၁၂၊ သောကြာနေ့)မှ စတင်ပြီး ကလေးငယ်များအတွက် လိုအပ်နေတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ထမင်းစားကျောင်းဆောင်လေး -ဆောက်လုပ် လှုဒါန်းပေးဖို့ဆိုတာကို အဓိကဦးတည်ပြီး ကျွန်တော်တို့ အလှုခံပါပြီ။ အလှုရှင်များလက်ထဲသို့ ၀ကွက် အပ်နှင်းပါပြီခင်ဗျား။ နောက်ဆုံး အလှုပိတ်ရက်ကိုတော့ (၁၅.၈.၂၀၁၂-ဗုဒ္ဓဟူးနေ့အထိ) ဖြစ်ပါတယ်ခင်ဗျား။အကယ်၍ ပိတ်သိမ်းချိန်တွင် ရရှိလာမဲ့အလှုငွေဟာ ကျောင်းဆောင်လေး -ဆောက်လုပ်နိုင်မဲ့ ပမာဏကိုပြည့်မှီဖို့ အနည်းငယ်သာသာလိုအပ်တယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ပိတ်သိမ်းမဲ့ရက်ကို ရွှေ့ ဆိုင်းပြီး ပြည့်မှီတဲ့အထိ စောင့်ဆိုင်းကာ ကျောင်းဆောင်ဆောက်လုပ်ဖို့ကို ပြီးဆုံးတဲ့အထိ အပြည့်အ၀ တာဝန်ယူ ဆောက်လုပ်ပေးသွားမှာ ဖြစ်တဲ့အကြောင်း အလှုရှင်များအား အသိပေးအပ်ပါတယ်ခင်ဗျား..။
မြန်မာမုဒိတာလူငယ်များအဖွဲ့အနေနဲ့ မရမ်းချောင်းအနာကြီးရောဂါစောင့်ရှောင့်ရေးဂေဟာသို့ လှုဒါန်းစဉ်က ကျန်ရှိတဲ့လက်ကျန်အလှုငွေစုစုပေါင်း ၈၁၇၁၄.၅၀ကျပ်ဖြင့် သာယာကုန်းရွာ ဘုန်းတော်ကြီးပညာသင်ရေးကျောင်းအတွက် အလှုခံခြင်းအား စတင်ဖွင့်လှစ်ပါပြီခင်ဗျား..
နိုင်ငံအသီးသီးမှ အလှုရှင်များအနေနဲ့ အောက်ပါအကျိုးတော်ဆောင်များထံမှာ ထည့်ဝင်လှုဒါန်းနိုင်ပါတယ်ခင်ဗျား..။
ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ) venjanaka@gmail.com +၄၄ ၇၇၄၀ ၉၈၃၉ ၄၂ (Barclays Bank account)   MR U JANAKA Sort Code: 20-42-73    10039764 
အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို lynnkhitdeno301@gmail.com +၁၂၀ ၁၈၈၈ ၉၇၅၁
ဂျပန်နိုင်ငံ အကျိုးတော်ဆောင် ရန်နိုင် @ နေ၀သန် nay.naywathan@gmail.com +81 80 3852 5214 
http://www.facebook.com/nayyannaing 
စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ် eikunaing@gmail.com +၆၅ ၉၀၂၂ ၁၈၀၇ +၆၅ ၉၈၈၂ ၉၀၇၈
၂။ကိုရင် + မဒမ်ကိုး celestial.whiteangle@gmail.com +၆၅ ၈၃၇၅ ၁၀၆၉
ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ် +၈၈၆ ၉၃၀ ၄၁၃ ၂၂၀ jerrypigpig@gmail.com
မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်) +၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway) lwinpyinhlaingnge@gmail.com +၆၀ ၁၄၆၆ ၃၀၁ ၇၃
၃။ကိုမင်းဧရာ(kl) moekyawthu0001@gmail.com +၆၀ ၁၇၃၀ ၄၇၇ ၃၅
၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁
၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
http://www.facebook.com/profile.php?id=100003084986957
မြန်မာနိုင်ငံ အကျိုးတော်ဆောင်များ
၁။andrew @ကျော်စွာစိုးမြတ် andrewkc189@gmail.com +၉၅ ၉၄၂၁ ၀၅၉၈ ၂၇
၂။သမီးစံ
sandartinmyint@gmail.com
+၉၅ ၉၄၂၀ ၀၈၇၄ ၃၅
http://www.facebook.com/profile.php?id=100003084986957#!/mi.san1
လေးစားစွာဖြင့်
မြန်မာမုဒိတာလူငယ်များအဖွဲ့ကိုယ်စား
ကိုရင်
01:37 ( GMT)
                                                     ....................... ။။။။။။။။။ .....................  
ပစ်ပစ်..
Am 1:28
15.7.2012


18 June 2012

အမှတ်တရ ခံစားချက်များ

Posted by blackroze at Monday, June 18, 2012 16 comments
ကျမစီမှာ အမှတ်တရတွေအများကြီးပါဘဲလေ..
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ ဆရာမဂျူးရဲ့ အမှတ်တရ ဆိုတဲ့ ဝတ္ထုလေး ပြန်သွားဖတ်မိတယ်...
အလုပ်ကပြန်လာလို့ Facebook ထဲဝင်လိုက်တဲ့အချိန် မိုးသက်နဲ့ မိစံတို့က ဝတ္ထုစာအုပ်လင့်တွေ တင်ထားတယ် .... ကျမလည်းမနက်ဖန်အလုပ် 2ရက်ဆက်တိုက် နားရမယ်...နောက်ပြီး မိုးလေဝသ ကလည်း မိုးရွာမယ်လို့ကြေငြာထားတော့ စာအုပ်ဖတ်တာ အကောင်းဆုံးဘဲဆိုပြီး စာအုပ်တွေပို့ပေးလို့ မိစံစီကနေ တောင်းလိုက်မိတယ်...

ဆရာမ ဂျူး ရဲ့ အမှတ်တရ ဆိုတဲ့ ဝတ္ထု ကို ကျမဖတ် ဖူးတာကြာပါပြီ ..။။အဲဒီတုန်းကတော့ ဝတ္ထုထဲက ဆရာမရဲ့ ဇာတ်ကောင် ဆရာဝန်မလေး စုစုထွေးရဲ့ ခံစားချက်တွေ ကို ဖတ်ခဲ့ရတာပေါ့.. အဲတုန်းကလည်းဖတ်၇င်းနဲ့ မျက်ရည်ကျမိတယ် ထင်တယ်...
ကျမမြန်မာပြည်မှာကျောင်းသူ ဘဝထဲကဆိုတော့ နဲနဲတော့ကြာပြီလေ..အခု ကျမ ဒီဝတ္ထုလေး ကို ပြန်ဖတ်မိတယ်...ဒီတခါ ဖတ်မိတဲ့အချိန်မှာ ဝတ္ထုထဲက ဆရာဝန် မလေးရဲ့ ခံစားချက်တွေ အပြင် ကျမရဲ့ ကိုယ်ပိုင် ခံစားချက်တွေ ကိုပါ ကျမရောထွေးခံစားမိတယ်....။။

ကျမစာအုပ်ကိုသာဖတ်နေရတယ်...စိတ်ထဲမှာ စာအုပ်ထဲက ရေးထားတဲ့ စကားလုံးတွေအပြင် ကျမစိတ်ထဲ ခံစားမိတာတွေကိုပါ ..ကျမပြန်ဖတ်နေရ သလိုဘဲ....။ အရင်တခေါက်ဖတ် ခဲ့တုန်းကတော့
ဆရာဝန်မလေး ရဲ့ ခံစားချက်တွေကို ဖတ်ပြီး ကျမငိုခဲ့ရတယ်....။။အခုတခေါက်ဖတ်ရတဲ့အခါမှာ
ကျမရဲ့ ခံစားချက်တွေ... ကျမခံစားမိနေတာတွေ .... သိပ်မကြာသေးတဲ့ အချိန်ကာလတခုစီက ကျမရဲ့အမှတ်တရတွေ ..ကျမမျှော်လင့်တကြီးမက်ခဲ့ဖူးတဲ့ အိပ်မက် တွေ ....နောက်ဆုံးမှာ တစစီရိုက်ချိုး ပြစ်တာ ခံလိုက်ရတဲ့ ကျမရဲ့ အချစ်တွေ ..အဲတာတွေကိုခံစားမိပြီး ကျမငိုခဲ့ရတယ်..
ကျမအဲဒီဝတ္ထု ကိုဖတ်ရင်းနဲ့ ငိုခဲ့ရတယ်....အခုတခေါက် ငိုရတာက ကျမရဲ့ ကိုယ်ပိုင် ခံစားချက်တွေကြောင့် ကျမရဲ့ ကိုယ်ပိုင် အမှတ်တရတွေကြောင့် ငိုခဲ့ရတာ....။။။
ဆက်မဖတ်ပါနဲ့တော့ လို့ မိစံကပြောတယ်.....။။

ဒါပေမဲ့ ကျမစဖတ်ကထဲက ပြီးအောင်ပြန်ဖတ်မယ်လို့ ဆုံးဖြတ်ထားပြီးသား...ငိုရင်းနဲ့ဘဲ..
ပြီးအောင်ဖတ်ခဲ့တယ်...ရွေးချယ်သွားတဲ့ သူတယောက်နဲ့ ရွေးချယ်ခံလိုက်ရတဲ့ သူတယောက်...။။

ကျမနားထဲပြန်ကြားယောင်မိတယ်...တိုင်းရင်းသားသံခပ်ဝဲဝဲ နဲ့ ပစ်ပစ်လို့ ခေါ်လိုက်တဲ့
ခေါ်သံတစ်ခု...။။ ပါးချိုင့်နှစ်ဘက် ပေါ်အောင် ပြုံးလိုက်တဲ့ အပြုံးတစ်ခု....မကျေနပ်တာ တခုခု ရှိနေရင် ပြုံးနေရင်းနဲ့ ခပ်စိုက်စိုက်ကြည့်တတ် တဲ့ အကြည့်တွေ ...အရာရာကိုမြိုသိပ်နိုင်တဲ့
လူတယောက် ....လူတဘက်သားကိုအားနာလွန်းလို့ အဲလောက်အားမနာပါနဲ့လို့ တောင်
တားယူရတဲ့ လူတယောက်..(သူကသူများကိုသာ အားနာတာပါ..ကျမကိုကျတော့ နဲနဲလေးမှတောင် အားမနာဘူးလေ...ရက်ရက်စက်စက်ကိုထား ခဲ့တာ )

ကျမအဲဒီ ပုံရိပ်တွေ..အဲဒီအပြုံးတွေ...အဲဒီအကြည့်တွေ ..အဲဒီခေါ်သံတွေကို
ပြန်ကြားယောင်မိနေတုန်းဘဲ ပြန်မြင်ယောင်နေမိတုန်းဘဲ ပြန်တမ်းတမိနေတုန်းဘဲ....
အဲဒီပုံရိပ်တွေ အကြည့်တွေ အပြုံးတွေ အသံတွေက ကျမကိုအကြိမ်ကြိမ် ဖြတ်ရိုက်နေသလိုပါဘဲ
အဲလိုခံစားချက်တွေကြောင့် ကျမပုံရက်သားလဲနေပြီ...ကျမ ခံနိုင်ရည်ရှိအောင်ဘယ်လောက်ဘဲ
တည်ဆောက်တည်ဆောက် တိုက်ဆိုင်မှု့ တခုတလေနဲ့ဆုံတာတောင် ခံနိုင်ရည်မရှိချင်ဘူး...
နေ့ရက်တွေ အချိန်တွေ ကို အားတင်းပြီး ကျမရအောင်ဖြတ်သန်းနေတယ်....

ဒါပေမဲ့ ကိုယ့်ကိုကိုယ် ဘဲသိတယ် ခံနိုင်ရည်ဆိုတာ တစက်လေးမှတောင် မကျန်တော့ဘူး..
မှုံဝါးဝါး မထင်ရှားတဲ့ အိပ်မက်တွေနဲ့ နိုးထလာတဲ့ ညတွေဆိုတာ မနည်းတော့ဘူး..
အိပ်မပျော်လို့ တယောက်ထဲ အမှောင်ထဲ ငုတ်တုတ် ထိုင်ရင်းမိုးလင်းခဲ့ရတဲ့ ညတွေဆိုတာ
မနည်းတော့ဘူး... အလုပ်မှာ လူတွေမသိအောင် ကြိတ်ငိုနေရတဲ့ နေ့တွေ
အိမ်မှာ လူတွေမသိအောင် ကြိတ်ငိုနေရတဲ့ ညတွေ ...ချည်နဲ့နဲ့ နဲ့ ပြန်တည်ဆောက်နေရတဲ့
ကျမရဲ့အနာဂတ်တွေ ..တစစီလိုက်ကောက်နေရတဲ့ ကျမရဲ့ မျှော်လင့်ချက်လေးတွေ
အဝေးကြီးကိုလွှင့်ပြစ်တာခံလိုက်ရတဲ့ ကျမရဲ့ အချစ်တွေ ...။။။

ကျမစီမှာ ဘာမှကိုမရှိတော့ဘူး
ဘာမှကိုမကျန်တော့ဘူး...အစိတ်စိတ်အပိုင်းပိုင်း ကျိုးပြက်သွားတဲ့ နှလုံးသားတစ်ခုဘဲကျန်တော့တယ်
ကယောင်ချောက်ချား ဖြစ်နေတဲ့ အတွေးတွေဘဲကျန်တော့တယ်..
ကျမအတွက်ဒီခံစားချက်တွေကတော့  တကယ်ကို အမှတ်တရပါဘဲ...တသက်လုံးအတွက်ပါဘဲလေ..
ဒါတွေဟာ ဝဋ်ကြွေးတွေဆိုရင်  ဒီဝဋ်ကြွေးတွေအကုန်လုံးကို  ဒီဘဝမှာဘဲ  ကုန်အောင်ဆပ်ခဲ့ပါရစေလို့
ကျမဆုတောင်းတယ်......။။

သူသာကြားနိုင်မယ်ဆိုရင်
ကျမကိုဘာလို့အဲလောက်ရက်စက်ခဲ့ရတာလည်း
ဘာလို့အဲလောက် ခံစားရအောင် လုပ်ခဲ့ရတာလည်း
ဘာလို့ငိုရအောင်လုပ်ရက်ရတာလည်း
ကျမမေးလိုက်ချင်တယ် ..... ....... .... ..... ....။။။။

ပစ်ပစ်
18.6.2012 AM 4:08

04 June 2012

၂ နှစ်ခရီးစတင်ခြင်း...

Posted by blackroze at Monday, June 04, 2012 12 comments
ကျမကသွားတွေမလှပါဘူး...
ငယ်ကထဲက   သူများတွေ    သွားတွေညီညီညာညာလေးဆိုရင်   အရမ်းသဘောကျတယ်...ကျမသွားတွေက
ထပ်တယ်..မညီဘူး... မညီတော့ ခေါထွက်တဲ့အချောင်းက ခေါတယ်... အထဲဝင်နေတဲ့အချောင်းက ဝင်နေတယ်.... အစွယ်ဖြစ်နေတဲ့အချောင်းက အစွယ် လိုလိုဘာလိုလို  နဲ့လေ.....

ကျမသွားတွေကိုပြင်မယ်  ပြင်မယ်နဲ့  ပိုက်ဆံနှမြောတာရော...  လူလည်းအနာမခံချင်တာရော  ..ကြောက်တာရော...အစုံပေါင်းပြီး..ဘာမှမလုပ်ဖြစ်ပါဘူး...အဲလိုနဲ့ဘဲအချိန်ဆွဲလာတာ 
3 ..4  နှစ်ပါဘဲလေ... 

အခုတော့ကျမဆုံးဖြတ် လိုက်တယ်  ဒီအချိန်မှမပြင်ရင် ကျမအတွက် အချိန်ဆိုတာ နောက်ကျသွားမှာ
စိုးးးးးးးးးလို့ပါ ..အဟဲ..လှချင်တာပေါ့နော်...

အဲတာနဲ့  Taipei တခွင်  ဆရာဝန် စုံစမ်းပါတယ်.... ဘယ်ဆရာဝန်က ဘယ်လောက်ယူတာ
ဘယ်လိုအာမခံတာ...ဘယ်လိုကောင်းတယ်.. အင်တာနက်ကနေ ရှာတယ်...
နောက်ဆုံးတော့  ဆရာဝန် တစ်ဦးတွေ့ပါတယ်...ဈေးလည်း ကျမဆစ်သလောက်ရတယ်
စိတ်လည်းရှည်တယ်...သဘောလည်းကောင်းတယ်...ဆေးခန်းကလည်းသန့်တယ်..
သန့်ဆို ဖွင့်တာမှမကြာသေးတာလေ..အသစ်စက်စက်ဆေးခန်း..ဆရာဝန်ကလည်း အမေရိကား
ကပြန်လာတာမကြာသေးဘူး...

သူကလည်း ဆေးခန်းဖွင့်စ မိတ်ဆွယ်တဲ့အချိန်..ကျမလည်းဈေးဆစ်လို့ရတဲ့ဆေးခန်း
ရှာတဲ့အချိန်...အဆင်ပြေသွားတယ်ဆိုပါတော့လေ....

အဲတာနဲ့ သွားပြ လိုက်တယ်..ဆရာဝန်က သွား4ချောင်းနှုတ်ခိုင်းတယ်...
ကျမသွားတွကသိပ်ထပ်နေလို့ပါ  .....ကိစ္စမရှိပါဘူး...  ပစ်ပစ်ဆိုတဲ့ကျမကလည်း  လှချင်တာ
စက်စက်ယို ဆိုတော့ နှုတ်မယ်..ကိစ္စမရှိဘူး...လှဖို့ကအဓိက ဆိုတဲ့ မူ   ...လက်ကိုင်ထားလို့
သွားကိုအပေါ်နှစ်ချောင်း   အောက် နှစ်ချောင်းကိုနှုတ်ပြစ်လိုက်ပါတယ်....

သွားနှုတ်တော့ဆရာဝန်က ဘယ်လောက်သဘောကောင်းလည်းဆိုရင်  ကျမအလုပ်နားတဲ့ရက်
ဆန်းဒေးကို  ဆေးခန်းကို တကူးတက လာဖွင့်ပြီး... နှုတ်ပေးတာပါ..
 ( အဲဒီလက ကျမအလုပ်နားရက်က    ဆန်းဒေးပါ )

ဆေးခန်းသွားမဲ့ မနက်မှာတော့ ကြောက်တော့ ကြောက်တာပေါ့...ဒါပေမဲ့မကြောက်ပါဘူး..
လှဖို့အရေး အနာခံရမယ်ဆိုတဲ့မူ ကို ကိုင်ဆွဲလို့ ဆေးခန်းကိုချီတက်သွားပါတယ် ....
ဟိုရောက်တော့ထုံဆေးထိုး ...သွားဆေး.. ပြီးတော့ နှုတ်ပွဲကြီးစတင်ပါလေရော...
ကျမကထုံဆေးထိုးခံထားရတဲ့ သူဆိုတော့   မနာပါဘူး....ထုံဆေးအရှိန်နဲ့လေ...အပြင်က စောင့်နေတဲ့
ကျမညီမ ကတော့ ဂျစ်ဂျစ် ဆိုတဲ့ အသံတွေကြားနေရုံနဲ့တင်  ကြက်သီးတဖြန်းဖြန်းထနေလေရဲ့....
ကျမအပေါ်သွားက ဆရာဝန်ဆွဲထုတ်တဲ့အချိန်မှာ ကျိုးသွားတယ်  ..သွားအစက သွားဖုံးထဲမှာကျန်ခဲ့တယ်..
အဲတာနဲ့  ဆရာဝန်လည်း ဆွဲထုတ်ပေမဲ့   မထွက်ဘူးထင်ပါတယ်..သွားဖုံးကိုခွဲချလိုက်ပါလေရော...
သူလုပ်နေတာကျမဘာမှမနာဘူး..ဘာမှမသိဘူး...အစလည်းကုန်အောင်ထုတ်ပြီးရော..
သွေးတွေထွက်တော့ ပလုပ်ကျင်းခိုင်းတာ  ..ကျမ မှန်ကိုတချက်လှမ်းကြည့်တာ...
အမလေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အပေါ်သွားဖုံးက ဟက်တက်ကြီးကွဲနေတာနော်....ခံနိုင် ရည်ရှိအောင် ပြင်ဆင်ထားပါတယ်
ဆိုတာတောင်  တော်တော်ကျွတ်ကြဲ သွားတာပါ....မရတော့ဘူးလေ..အဲလိုနှုတ်ပြီးမှတော့
ရှေ့ဆက်ဖို့ဘဲ      ရှိတော့တာဘဲ...ဒါနဲ့ကျန်တဲ့  အောက်သွားကိုဆက်နှုတ်တယ်....
အောက်သွားကတော့ အေးဆေးပါဘဲနှုတ်ရတာ...
ဒါပေမဲ့အ ပေါ်သွားဖုံးကိုတော့ ပြန်ချုပ်လိုက်ရပါတယ်.... အိမ်ပြန်လာတော့ ထုံဆေးလည်းပျယ်ရော
အဲမှာစတွေ့တာပါဘဲ..နာလိုက်တာ....အမလေးတောင်တ ယူရတဲ့အထိပါဘဲရှင်...
တပါတ်နီးပါးကိုက်တာ.... အရမ်းနာရင် သောက်ဖို့ ဆိုပြီးဆေးပေးထားတောင် မလောက်ပါဘူး...
ကျမတော်တော် ခံစားလိုက်ရပါတယ်  နာကျင်မှု့ကို...ဒါပေမဲ့ကျမနောက်ဆုတ်လို့ မ၇တော့ပါဘူး
ရှေ့ဆက်ဖို့ဘဲရှိပါတော့တယ်....

နောက်ထပ်သွားနှစ်ချောင်း   နှုတ်တာကတော့  လွယ်ပါတယ်..ခွဲရတာ ချုပ်ရတာမရှိပါဘူး...
ဒါပေမဲ့ နှုတ်ပြီးအိမ်ပြန်လာတော့      သွေးမတိတ်ပါဘူး..သွေးတွေက    ပါးစပ်ထဲပြည့်လာလိုက်.
.ထွေးထုတ်လိုက်နဲ့...... .ရေခဲအိတ်ကို       ပါးတခြမ်းထုံနေအောင်    ကပ်ထားရပါတယ်  ...သွားအကောင်းတွေကို      နှုတ်ပြစ်ရတာ  တော်တော် ခံစားရဆိုးတာဘဲ...

နောက်တော့    ကျမရဲ့ သွားနှုတ်ခြင်း    ကိစ္စပြီးဆုံးသွားပါတယ်..လူလည်းမစားနိုင် မသောက်နိုင်နဲ့
မျောက်နာရုပ်လေးဖြစ်သွားပါတယ်...အမတယောက်ကစပါတယ်..ဖွားဖွားပစ်တဲ့လေ...
အိမ်ကညီမကတောင်  နင့်ကို       pigpig  ကနေ မျောက်မျောက် လို့ပြောင်းခေါ်ရတော့မယ်လို့
စတဲ့အထိပါဘဲလေ.....။။။။

3.6.2012  ဒီနေ့ သွားတွေကိုစတီးစဆွဲပါတယ်.....အရမ်းနာမှာစိုးလို့  ဆရာဝန်က  အပေါ်သွား
စဆွဲတာပါ...တော်တော်လေးခံစားရခက်တဲ့   ဝေဒနာပါဘဲလေ...စတီးကြိုးတွေတပ်ပြီးပြီးချင်း
ကျမမှန်ကြည့်တော့   အင်မတန်မှကိုရုပ်ဆိုးသွားပါတယ်...  နဂိုကမှ ကြည့်လို့အဆင်ပြေသေးတယ်..။။
ဆရာရယ်..ပြီးရင် လှမလှတော့မသိဘူး  အခုတော့ အရမ်းရုပ်ဆိုးတာဘဲဆိုတော့ ....
နင်ကလှချင်တာကိုးး...အခုလောက်တော့ သည်းခံရမှာပေါ့တဲ့လေ....
အစပိုင်းဘဲနာမှာပါတဲ့..နောက်တော့ နေတတ်သွားလိမ့်မယ်တဲ့လေ....
အခုတော့   ကျမအိမ်မက်ဆိုးတွေ   မက်နေရသလိုပါဘဲ...ကယောင်ချောက်ချားဖြစ်သလိုလို
ဘာလိုလို နဲ့လေ....၂ နှစ်ဆိုတဲ့ အချိန်ကာလကို  ကျမစိတ်ရှည်ခြင်း  သည်းခံခြင်းတွေကို  လက်ကိုင်
ထားပြီးကျော်ဖြတ်ရမှာပါ...ကျမရဲ့ခံနိုင်ရည်တခုကို  စမ်းသမ်မဲ့  ၂ နှစ်လို့ဘဲ သတ်မှတ်လိုက်ပါတယ်..
အခုတော့လား.....ဆန်ပြုတ်ပေါ့နော်...မမုန်းတမ်းသောက်နေရပါတယ်....မာတဲ့အစာကို
ယောင်လို့တောင်လှည့်ကြည့်လို့မရတဲ့ဘဝဖြစ်နေပါတယ်...

ဘာဘဲပြောပြောပါ...3.6.2012  ကနေ စရေတွက်ရင်  3.6.2014  ဒီ ၂နှစ်တာကာလကို
ကျမကျော်ဖြတ်ပြီးတဲ့အခါ   .....ကျမဘယ်လိုပြောင်းလဲသွားမလဲ...ဘယ်လောက်ပြောင်းလဲသွားမလဲ
ကြည့်ရဦးမှာပေါ့...
အခုတော့ နာကျင်ခြင်းတွေရင်ဝယ်ပိုက်ထားတယ်....
ရင်ထဲကလည်းနာတယ်....ပါးစပ်ထဲကလည်းနာတယ်...စိတ်ထဲကလည်းနာသလိုလိုရှိနေပြီ...။။
 လောလောဆယ်တော့  နာကျင်ခြင်းဆိုတာကိုဘဲ  တသီးတသန့် ခံစားနေတယ်....

( ကျမအမှတ်တရဖြစ်အောင် ပုံရိုက်ပြီး   Facebook မှာတင်ထားတယ်...)


ပစ်ပစ်
4.6.2012   AM  1:59 


23 May 2012

ကျမရဲ့ ဝရံတာလေး

Posted by blackroze at Wednesday, May 23, 2012 17 comments
ကျမမှာဝရံတာလေးတခုရှိပါတယ်...
ကျမပိုင်ဆိုင်တာမဟုတ်ပေမဲ့   ကျမနေတဲ့အိမ်မှာရှိနေတဲ့ဝရံတာလေးဆိုတော့   ကျမအမြဲတမ်းထိတွေ့
နေရတဲ့ နေရာလေးပါဘဲ  ...။

ကျမအလုပ်ကပြန်လာတိုင်း   အိမ်တံခါးဖွင့်ပြီးဝင်လိုက်တာနဲ့  တပြိုင်နက်  ပထမဆုံးလုပ်တာက
မီးခလုတ်ဖွင့်တာပါ  နောက်တော့ လွယ်ထားတဲ့  အိတ်ကို ခုံပေါ်တင်တယ်  ။ နောက်တော့ အိမ်နောက်ဖေးဘက်  လျှောက်သွားရင်းနဲ့ခြေအိတ်ချွတ်တယ်  ။ ရေချိုးခန်းထဲ ပြစ်ထည့်တယ်..
ပြီးရင်လက်ဆေးတယ်..။ ပြီးရင်နောက်ဖေးတံခါးလေး  ဖွင့်ပြီး  ဝရံတာလေးမှာ  ခဏတော့ရပ်မိတယ်..
နေ့တိုင်းပါဘဲ  အလုပ်ကနေပြန်လာတဲ့  အချိန်တိုင်း  ကျမမောရင် မောလာမယ်.. သူငယ်ချင်းတွေနဲ့
စကားပြောပြီး  ရယ်ရင်လည်းရယ်လာမိမယ်... တခါတလေ ဒေါသဖြစ်ပြီးပြန်လာရင် ပြန်လာမယ်  .ဒါပေမဲ့ဘယ်လိုခံစားချက်နဲ့ဘဲ  ပြန်လာလာ  နောက်ဖေးဝရံတာလေး  မှာ ရပ်လိုက်မိတိုင်း  ကျမခံစားမိတာ တခုထဲပါ ....အဲတာကတော့
အရာရာဟာ..တိတ်ဆိတ်ငြိမ်သက်နေတယ်ဆိုတာပါဘဲ ။။



တိတ်ဆိတ်ခြင်း  အေးစက်ခြင်း  ငြိမ်သက်ခြင်း  တစုံတခုကိုတမ်းတမိခြင်း  အရာရာအားလုံးဟာ..လှုပ်ရှားမှု့မ၇ှိဘဲ ငြိမ်သက်နေတယ်... ကျမအတွေးတွေလည်း တိတ်ဆိတ်ငြိမ်သက်နေတယ်  ..ကျမအသက်ရှုနေတဲ့အသံ   ကျမနှလုံးခုန်နေတဲ့အသံ
ကျမပြန်ကြားနေရသလိုဘဲ   ။ ကျမရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းတွေက ဘာမှမပြောင်းလဲပါဘူး ဒါပေမဲ့ ဝရံတာမှာ   ရပ်နေတဲ့  ကျမရင်ထဲမှာတော့   ခံစားချက်တွေအမျိုးမျိုး ပြောင်းလဲနေတယ်   ။
လွမ်းလွမ်းဆွေးဆွေးနဲ့  သတိရမိတယ်   ...နင့်နင့်သည်းသည်း တမ်းတမိတယ် ..
နာနာကျည်းကျည်း  နဲ့ရင်နာမိတယ်   ...မျက်နှာတခုလုံးစပ်ဖျင်းဖျင်းနဲ့  ပူလောင်လာအောင်ရှက်မိတယ်

ကျမရဲ့ဝရံတာလေးကနေကြည့်ရင်   အနောက်ဘက်မှာ  တိုက်အမြင့်ကြီးနှစ်တိုက်  ရှိတယ်...  အိမ်နောက်ဘက်မှာ  ကလေးကစားတဲ့     ရပ်ကွက်ကစားကွင်းလိုမျိုး    ကစားကွင်း
အသေးစားလေးတခုရှိတယ် ။ ကျမရဲ့ဝရံတာလေးကနေ ကြည့်လိုက်ရင်   ကောင်းကင်ကို  ရှင်းရှင်းလင်းလင်းတော့မမြင်ရပါဘူး   တိုက်အမြင့်ကြီးနဲ့ကွယ်နေလို့ပါ     ။ကျမတချို့ညတွေမှာ
ဝရံတာလေးကနေ  ကောင်းကင်ကိုမော့ကြည့်ပြီး    လမင်းကိုရှာမိတယ်  ။ သူဘယ်နေရာမှာများရှိနေပါလိမ့်လို့  ။သူဘယ်နေရာမှာများသာနေပါလိမ့်လို့   ...။။

တချို့ညတွေမှာ..ကျမဝရံတာလေးမှာရပ်ပြီး   အရင်တချိန်ကအသံတွေကို  ပြန်ကြားယောင်မိတယ်
ကျမရယ်မောခဲ့တဲ့အသံတွေ   ကျမကြည်ကြည်နူးနူးနဲ့  စကားပြောနေတဲ့အသံတွေ   ရယ်တာသူများ
တွေကြားမှာစိုးလို့   ပါးစပ်လက်နဲ့အုပ်ပြီး  တိုးတိုးလေးကြိတ်ရယ်နေတဲ့အသံတွေ ..
စိတ်ဆိုးပြီးဒေါသနဲ့  စကားပြောနေတဲ့အသံတွေ   ရှိုက်သံတဝက်နဲ့  စကားပြောနေတာတွေ
ကျမငိုနေတဲ့ အသံတွေ  တယောက်နဲ့တယောက်အခြေအတင်ပြောရင်းနဲ့  ဒေါသထွက်ပြီး  ကျယ်ကျယ်လောင်လောင် ပြောမိတဲ့အသံတွေ  ...ဝရံတာနံရံလေးမှာ   မှီထိုင်ပြီး
လက်ထဲမှာ   ဖုန်းကိုကျစ်ကျစ်ပါအောင်    ဆုပ်ကိုင်ပြီး   တယောက်ထဲကြိတ် ငိုနေတဲ့အသံတွေ   မိုးရွာတဲ့ညတွေမှာ..မိုးသံနဲ့အတူ ကျမရဲ့ငိုသံတွေ   ... မိုးရေစက်တွေနဲ့
အတူကျလာတဲ့ ကျမရဲ့  မျက်ရည်တွေ  ..။။တချိန်တုန်းက အသံတွေ ..ပြီးဆုံးသွားခဲ့တဲ့  အတိတ်ကအသံတွေ   ...ကျမ ရဲ့ တချိန်တုန်းကအသံတွေ   ...။။

ဝရံတာလေးမှာ ရပ်မိတိုင်း  ကျမအဲလိုအသံတွေကို    တိတ်တိတ်လေးပြန်ရှာမိတယ်   တိတ်တိတ်လေးပြန်ကြားယောင်မိတယ်  ...ရင်ထဲမှာနင့်နင့်သည်းသည်းကိုခံစားမိတယ်..။။

ဒီနေ့လည်းကျမအလုပ်ကပြန်လာတယ်   ..သူငယ်ချင်းနဲ့ ရန်ကုန်မှာတုန်းကရုပ်ရှင်သွားကြည့်တုန်းက
အကြောင်းတွေပြောပြီးရီလာတာ...အိမ်ပြန်ရောက်တယ်... တံခါးဖွင့်တယ်.. မီးခလုတ်ဖွင့်တယ်..
ခြေအိတ်လေးချွတ်တယ်...နောက်တော့ ဝရံတာတံခါးလေးဖွင့်ပြီး  ထွက်ရပ်မိတယ်  ..
ဝရံလေးစီရောက်သွားတဲ့အချိန်မှာဘဲ   တပြိုင်နက်  အရာအားလုံးဟာ  တိတ်ဆိတ်ငြိမ်သက်သွားတယ်
ကျမရှေ့မှာမြင်နေရတဲ့  တိုက်အမြင့်ကြီးမှာ  တချို့အခန်းတွေက  မီးလင်းလို့ ..
 ..တချို့အခန်းတွေက မှောင်မည်းလို့   ... အလင်းအမှောင်ကလည်း  မညီမျှလိုက်တာလေ  ။။
လှမ်းမြင်နေရတဲ့  ကစားကွင်းလေးကလည်း  တိတ်ဆိတ်လို့
(  အင်းလေ..ကျမအလုပ်ကပြန်လာတဲ့ အချိန်ကညသန်းကောင်ဖြစ်နေပြီဟာ..
ကစားကွင်းမှာဘယ်သူရှိတော့မှာလဲနော်....ကစားကွင်းကတိတ်ဆိတ်နေမှာဘဲလေ..
ကျမကလည်းတခါတလေ  အမှန်တရားကိုသိသိကြီးနဲ့လက်မခံချင်ဘူး..ခေါင်းမာတာလေ..)

အရာအားလုံးတိတ်ဆိတ်နေလိုက်တာ ..။။  ကျမဝရံတာလေးမှာရပ်မိတာ  တော်တော်ကြာတယ်...
 လူကသာ  ဝရံတာလေးမှာရပ်နေတာ  စိတ်ကတော့  ဟိုးအဝေးကြီးကို လွင့်ထွက်သွားလိုက်တာ
ကျမကိုယ်တိုင်တောင်     လိုက်ဖမ်းမမိနိုင်တဲ့    နေရာတခုကိုရောက်သွားသလိုပါဘဲ  ။
ကျမအသက်ရှုနေတဲ့အသံ   ကျမနှလုံးခုန်နေတဲ့အသံလေး  ကျမဘာသာပြန်ကြားနေသလိုဘဲ  ..။
နောက်တော့  ကျမချမ်းလာတယ်...လေတိုက်နေတဲ့အသံ  သစ်ရွက်လှုပ်သံလိုလို
 ကြားနေရသလိုဘဲ..လေတိုက်လို့ချမ်းစိမ့်စိမ့်ဖြစ်လာတယ် ...အဲဒီအချိန်မှာ ကျမကိုတယောက်ယောက်က လှမ်းပြောလိုက်တယ်  ..။။အိမ်ထဲပြန်ဝင်သင့်ပြီတဲ့  ..။ဆက်ရပ်နေရင်ဖျားသွားလိမ့်မယ်တဲ့  ...။
ဘယ်သူလှမ်းပြောလိုက်တာလည်း  ကျမမသိဘူး... ဘယ်နေရာကနေ   လှမ်းပြောလိုက်တာလည်း  ကျမမသိဘူး..ဒါပေမဲ့  ကျမစိတ်ထဲ တယောက်ယောက်  ပြောလိုက်တယ်...
ကျမစိတ်ထဲကြားလိုက်တယ်...။။

နောက်တော့  ကျမအိမ်ထဲပြန်ဝင်လာတယ်  ကျမရဲ့ဝရံတာတံခါးလေးကို
အသာလေးပြန်ပိတ်လိုက်တယ် ..  ။။

ပစ်ပစ်
23.5.2012  AM 3:29

(ပုံလေးကို  google ကနေယူသုံးပါတယ်  )



  

15 May 2012

အခုဖြစ်နေတဲ့ဆန္ဒ

Posted by blackroze at Tuesday, May 15, 2012 12 comments
မနက်ဖန်.....  ကျမဘဝရဲ့ တဆစ်ချိုးလို့ပြောလို့ရတဲ့နေ့ကလေးတနေ့ပါ
ဒီနေ့......ကျမဘဝမှာကြေကွဲရဆုံးနေ့လေးတနေ့ပါ..
မနေ့က...ဆိုတာ.. ကျမဘဝရဲ့  ပြီးဆုံးသွားတဲ့နေ့ကလေးတွေပါ
               ဘယ်တော့မှပြန်မရနိုင်တော့တဲ့  နေ့တွေပါ

အဲလိုမနေ့ကပေါင်းများစွာကို   ကျမဖြတ်ကျော်ခဲ့ပြီးပြီ
ဒီနေ့လိုရက်ပေါင်းများစွာမှာလည်း   ကြေကွဲခံစားခဲ့ပါတယ်
မနက်ဖန်လို ဘဝတဆစ်ချိုး လို့ပြောလို့ရတဲ့နေ့တွေကိုရင်ဆိုင်ခဲ့ဖူးပေါင်းလည်းများပါပြီ

ဒါပေမဲ့  ကျမအခုချိန်တိုင်အောင်ပါဘဲ  မရင့်ကျက်သေးပါဘူး...
ခံစားလွယ်နေတုန်းပါဘဲ...မတည်ငြိမ်သေးပါဘူး....
စိတ်သွားရာနောက်ကို ခံစားချက်တွေကလိုက်နေတုန်းဘဲ..

ကျမတည်ငြိမ်ရင့်ကျက်တဲ့သူတယောက်ဖြစ်ချင်လိုက်တာလေ...
ကျမအရာရာ ကိုပြတ်သားချင်လိုက်တာလေ...

အလုပ်ထဲမှာတော့ ကျမသူငယ်ချင်းတွေက  ကျမကို ပြောကြတယ်..
နင်မျက်ရည်  အရမ်းခိုင်တယ်တဲ့  ....တခုခုဆိုအရမ်းသွေးအေးတယ်တဲ့...
အရာရာကို နင့်မျက်နှာမှာ  မပေါ်အောင် ဖုံးထားနိုင်တယ်တဲ့....
နင်ခံနိုင်ရည်အရမ်းရှိတာဘဲတဲ့...

သူတို့တွေအားလုံးထင်နေတာမှားတယ်...

အလုပ်ကနေပြန်လာတာနဲ့
အိမ်ပြန်ရောက်တာနဲ့တပြိုင်နက် ကျမဟာသူတို့ထင်နေသလို ခံနိုင်ရည်ရှိတဲ့
ခပ် ထက်ထက်မိန်းမတယောက်မဟုတ်တော့ဘဲ...
နဲနဲလေးမှ ခံနိုင်ရည်မရှိတဲ့..အင်မတန်ပျော့ညံတဲ့...ဘာမှကိုမစဉ်းစားတတ်တဲ့
တခုခုဆိုမျက်ရည်ကျဖို့အရင်ဆုံးစဉ်းစားတတ်တဲ့   အင်မတန်မှကို $ သုံးမကျတဲ့
မိန်းမတယောက်ဆိုတာသူတို့တွေမသိကြဘူး....

ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အရူးမတယောက်လိုဘဲဆိုတာ  ကျမသူငယ်ချင်းတွေမသိကြဘူး...
အခုကျမဘာဆိုတာ  ကျမပြောပြလို့အားလုံးသိကြပြီမှတ်လား..
ကျမကိုနစ်နာအောင် တခုခုပြောခဲ့ကြစမ်းပါ....
ကျမကိုမြင်တဲ့အတိုင်း  ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခဲ့စမ်းပါ...
ကျမလူတွေရဲ့ဝေဖန်မှု့ကိုသိချင်လို့ပါ..
စိတ်ထဲရှိသလိုသာရေးခဲ့ကြပါ..



Pigpig
15.5.2012   AM 4:23  (tuesday )

06 May 2012

CHELSEA...

Posted by blackroze at Sunday, May 06, 2012 10 comments






04 May 2012

Happy Birthday ..ပါ အစ်မ

Posted by blackroze at Friday, May 04, 2012 23 comments
အားလုံးမင်္ဂလာပါလို့ နှုတ်ဆက်ပါရစေ....
ကျမစာမရေးဖြစ်တာတော်တော်လေးကြာပါပြီ   ...ဘလော့ဂါတယောက်ရဲ့ စိတ်ဓါတ်လည်း
ပျောက်ဆုံးနေတာ တော်တော်ကြာပြီဆိုပါတော့ ...ကျမအားလုံးကိုသတိရပါတယ်...တင်သမျှသော
ပိုစ့်တွေကိုလည်း  နိုင်သလောက်ဖတ်ဖြစ်ပါတယ်...တခါတလေ..ဖတ်ပြီးပေမဲ့ကောမက်မရေးခဲ့တာ
မျိုးလောက်တော့ရှိတာပေါ့ ...။

ဒီနေ့ ကိုအမှတ်တရနေ့အဖြစ် သတ်မှတ်ပြီး..ကျမ ပိုစ့်လေးတပုဒ်လောက်ရေးပါရစေ..။။
ကျမအမအရင်းတယောက်လိုခင်မင်ချစ်ခင်ရတဲ့အမတယောက်ရဲ့မွေးနေ့လေးပါ...
အမနဲ့ကျမသွေးသားမတော်စပ်ပေမဲ့  ကျမစိတ်ထဲမှာတော့ ကျမရဲ့  အမအရင်းအချာတယောက်လိုပါဘဲ

ကျမစိတ်ညစ်စရာတွေကြုံတိုင်း   ကျမကိုအားပေးခဲ့တာတွေ....
ကျမရဲ့အခက်ခဲတွေကို တတ်နိုင်သလောက်  ကူညီပေးခဲ့တာတွေ...
ကျမရဲ့  ပြသနာမှန်သမျှကို  မျှဝေယူပေးခဲ့တာတွေ...
အရာအားလုံးအတွက်  ကျေးဇူးအများကြီးတင်ပါတယ်လို့   ကျမပြောပါရစေ ...။

မှတ်မှတ်ရရပါဘဲ...အမနဲ့ကျမစကားစပြောဖူးခဲ့တာ  ပြီးခဲ့တဲ့  2011 ..7 လပိုင်း 22 ရက်နေ့ပါဘဲ...
အဲနေ့ကထဲကနေစလို့  ဒီနေ့ထိတိုင်အောင်ပါဘဲ...ကျမခံစားရသမျှကို  အမနားထောင်ပေးခဲ့ရတယ်..
ကျမကိုကူညီပေးခဲ့ရတယ်...ကျမကိုအားပေးခဲ့ရတယ်....
ပြသနာပေါင်းစုံနဲ့သွေးရူးသွေးတန်း ဖြစ်နေတဲ့ကျမကို  ဘာလုပ်သင့်တယ်..ဘယ်လိုဖြစ်သင့်တယ်...
 ကျမကိုနားလည်အောင် ပြောပြခဲ့တယ်....ကျမအတွက် ဒီကာလအတောအတွင်းမှာ  ဆုံးရှုံးသွားတာတွေ
အများကြီးပါ ..။လူတွေမြင်သာတဲ့ဆုံးရှုးံမှု့တွေရှိသလို   လူတွေမမြင်နိုင်တဲ့  ကျမရင်ထဲမှာလည်း ဆုံးရှုံးကြေမွသွားတဲ့အရာတွေ   အများကြီးပါ ...
အဲဒီဆုံးရှုံးမှု့တွေထဲကနေ   ကျမ အမတယောက်ကိုပြန်ရခဲ့ပါတယ်...

ဒီနေ့သူရဲ့မွေးနေ့လေးပါ..ကျမအမအတွက်  အမှတ်တရ တခုခုပေးချင်ပါတယ်...
ငွေကြေးနဲ့တန်ဘိုးဖြတ်လို့ ရတဲ့ အရာတွေထက်  ကျမရင်ထဲက ဖြစ်လာတဲ့
ဆုတောင်းကဗျာလေးတပုဒ်   လက်ဆောင်ပေးပါရစေ....

အစ်မ
မေလ..၃ရက်
်မွေးနေ့ေ၇ာက်လို့
ပျော်ရွှင်စေကြောင်း
ဆုတောင်းပါ၏
ဒီနှစ်မွေးအစပြုလို့
နောင်လာမဲ့
နှစ်ပေါင်းအသေင်္ချေတိုင်အောင်
လိုရာဆန္ဒပြည့်စုံစေကြောင်း
ဆုတောင်းပါ၏
ကိုယ်..စိတ်..နှစ်ဖြာ
ကျန်းမာသုခ
ချမ်းသာသုခ
ပြီးပြည့်စုံပြီး
မိဘကျေးဇူး
ဆပ်နိုင်တဲ့ သမီးကောင်းသမီးမြတ်
တယောက်ဖြစ်နိုင်ပါစေ...
ဆုတောင်းပါ၏... ....။။။။

ချစ်တဲ့ pigpig



(အစ်မရေ..စိတ်ထဲ ပြောချင်တာလေးတွေ  စာစီပြီးကဗျာလေးရေးပေးလိုက်ပါတယ်...
ခါတိုင်းဆိုရင်တော့  ကဗျာလေးလည်းရှည်ရှည်ရေးဖြစ်မယ်ထင်ပါတယ်...
အခုအခြေအနေကတော့    ကဗျာတိုလေးဘဲ ရေးပေးပါရစေ..)

အမအတွက် ပစ်ပစ်ရဲ့ မွေးနေ့လက်ဆောင်ကိတ်လေးပါ...
 အမအတွက်ပန်းလက်ဆောင်လေးပါ..

အမရေ..ပစ်ပစ်ပေးတဲ့လက်ဆောင်လေးတွေက  တကယ်တော့ တန်ဘိုးမရှိလှပါဘူး..

ဒါပေမဲ့အမအတွက် အမှတ်တရ ဖြစ်တယ်ဆိုရင်  ကျေနပ်ပါပြီ...။။

အမက ပစ်ပစ်ဘဝထဲမှာအမြဲထင်ကျန်နေမဲ့ ပုံရိပ်တစ်ခုပါအမ.. ။။

""  ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ ""  လို့  ပစ်ပစ်ဆုတောင်းပေးပါတယ်  အမ...

ပစ်ပစ်
4.5.2012   AM 2:59 
(ပုံတွေကို Google ကနေယူပါတယ်.. )


 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei