04 May 2012

Happy Birthday ..ပါ အစ်မ

Posted by blackroze at Friday, May 04, 2012
အားလုံးမင်္ဂလာပါလို့ နှုတ်ဆက်ပါရစေ....
ကျမစာမရေးဖြစ်တာတော်တော်လေးကြာပါပြီ   ...ဘလော့ဂါတယောက်ရဲ့ စိတ်ဓါတ်လည်း
ပျောက်ဆုံးနေတာ တော်တော်ကြာပြီဆိုပါတော့ ...ကျမအားလုံးကိုသတိရပါတယ်...တင်သမျှသော
ပိုစ့်တွေကိုလည်း  နိုင်သလောက်ဖတ်ဖြစ်ပါတယ်...တခါတလေ..ဖတ်ပြီးပေမဲ့ကောမက်မရေးခဲ့တာ
မျိုးလောက်တော့ရှိတာပေါ့ ...။

ဒီနေ့ ကိုအမှတ်တရနေ့အဖြစ် သတ်မှတ်ပြီး..ကျမ ပိုစ့်လေးတပုဒ်လောက်ရေးပါရစေ..။။
ကျမအမအရင်းတယောက်လိုခင်မင်ချစ်ခင်ရတဲ့အမတယောက်ရဲ့မွေးနေ့လေးပါ...
အမနဲ့ကျမသွေးသားမတော်စပ်ပေမဲ့  ကျမစိတ်ထဲမှာတော့ ကျမရဲ့  အမအရင်းအချာတယောက်လိုပါဘဲ

ကျမစိတ်ညစ်စရာတွေကြုံတိုင်း   ကျမကိုအားပေးခဲ့တာတွေ....
ကျမရဲ့အခက်ခဲတွေကို တတ်နိုင်သလောက်  ကူညီပေးခဲ့တာတွေ...
ကျမရဲ့  ပြသနာမှန်သမျှကို  မျှဝေယူပေးခဲ့တာတွေ...
အရာအားလုံးအတွက်  ကျေးဇူးအများကြီးတင်ပါတယ်လို့   ကျမပြောပါရစေ ...။

မှတ်မှတ်ရရပါဘဲ...အမနဲ့ကျမစကားစပြောဖူးခဲ့တာ  ပြီးခဲ့တဲ့  2011 ..7 လပိုင်း 22 ရက်နေ့ပါဘဲ...
အဲနေ့ကထဲကနေစလို့  ဒီနေ့ထိတိုင်အောင်ပါဘဲ...ကျမခံစားရသမျှကို  အမနားထောင်ပေးခဲ့ရတယ်..
ကျမကိုကူညီပေးခဲ့ရတယ်...ကျမကိုအားပေးခဲ့ရတယ်....
ပြသနာပေါင်းစုံနဲ့သွေးရူးသွေးတန်း ဖြစ်နေတဲ့ကျမကို  ဘာလုပ်သင့်တယ်..ဘယ်လိုဖြစ်သင့်တယ်...
 ကျမကိုနားလည်အောင် ပြောပြခဲ့တယ်....ကျမအတွက် ဒီကာလအတောအတွင်းမှာ  ဆုံးရှုံးသွားတာတွေ
အများကြီးပါ ..။လူတွေမြင်သာတဲ့ဆုံးရှုးံမှု့တွေရှိသလို   လူတွေမမြင်နိုင်တဲ့  ကျမရင်ထဲမှာလည်း ဆုံးရှုံးကြေမွသွားတဲ့အရာတွေ   အများကြီးပါ ...
အဲဒီဆုံးရှုံးမှု့တွေထဲကနေ   ကျမ အမတယောက်ကိုပြန်ရခဲ့ပါတယ်...

ဒီနေ့သူရဲ့မွေးနေ့လေးပါ..ကျမအမအတွက်  အမှတ်တရ တခုခုပေးချင်ပါတယ်...
ငွေကြေးနဲ့တန်ဘိုးဖြတ်လို့ ရတဲ့ အရာတွေထက်  ကျမရင်ထဲက ဖြစ်လာတဲ့
ဆုတောင်းကဗျာလေးတပုဒ်   လက်ဆောင်ပေးပါရစေ....

အစ်မ
မေလ..၃ရက်
်မွေးနေ့ေ၇ာက်လို့
ပျော်ရွှင်စေကြောင်း
ဆုတောင်းပါ၏
ဒီနှစ်မွေးအစပြုလို့
နောင်လာမဲ့
နှစ်ပေါင်းအသေင်္ချေတိုင်အောင်
လိုရာဆန္ဒပြည့်စုံစေကြောင်း
ဆုတောင်းပါ၏
ကိုယ်..စိတ်..နှစ်ဖြာ
ကျန်းမာသုခ
ချမ်းသာသုခ
ပြီးပြည့်စုံပြီး
မိဘကျေးဇူး
ဆပ်နိုင်တဲ့ သမီးကောင်းသမီးမြတ်
တယောက်ဖြစ်နိုင်ပါစေ...
ဆုတောင်းပါ၏... ....။။။။

ချစ်တဲ့ pigpig



(အစ်မရေ..စိတ်ထဲ ပြောချင်တာလေးတွေ  စာစီပြီးကဗျာလေးရေးပေးလိုက်ပါတယ်...
ခါတိုင်းဆိုရင်တော့  ကဗျာလေးလည်းရှည်ရှည်ရေးဖြစ်မယ်ထင်ပါတယ်...
အခုအခြေအနေကတော့    ကဗျာတိုလေးဘဲ ရေးပေးပါရစေ..)

အမအတွက် ပစ်ပစ်ရဲ့ မွေးနေ့လက်ဆောင်ကိတ်လေးပါ...
 အမအတွက်ပန်းလက်ဆောင်လေးပါ..

အမရေ..ပစ်ပစ်ပေးတဲ့လက်ဆောင်လေးတွေက  တကယ်တော့ တန်ဘိုးမရှိလှပါဘူး..

ဒါပေမဲ့အမအတွက် အမှတ်တရ ဖြစ်တယ်ဆိုရင်  ကျေနပ်ပါပြီ...။။

အမက ပစ်ပစ်ဘဝထဲမှာအမြဲထင်ကျန်နေမဲ့ ပုံရိပ်တစ်ခုပါအမ.. ။။

""  ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ ""  လို့  ပစ်ပစ်ဆုတောင်းပေးပါတယ်  အမ...

ပစ်ပစ်
4.5.2012   AM 2:59 
(ပုံတွေကို Google ကနေယူပါတယ်.. )


23 comments:

မိုးသက် on 4 May 2012 at 03:47 said...

ဇွန်လကို ကျောင်းဖွင့်သော လအဖြစ် သတ်မှတ်ရလျှင်..။ မေလကို ကလေး မွေးသော လအဖြစ်သတ်မှတ်ရမည်လား မသိပါ.။ ဟီးဟီး.။ မေလ မွေးတဲ့သူတွေပေါတယ်နော်.။ ဒါမှ မဟုတ် မေလမွေးတဲ့သူတွေကပဲ နာမည်ကြီးကြတာထင်တယ်.။ ခနခန တွေ့တယ်.။ ပျောက်နေတာကြာပြီနော် အစ်မပစ်ပစ် .. ။ ချယ်လ်ဆီးပွဲပြီးကတည်းက..။ ဖိုင်နယ်ကျရင်. ပြန်ဆုံမယ်.။ ငှဲငှဲ.။

မိုးသက် on 4 May 2012 at 04:14 said...

အော်မေ့သွားတယ်.။ အစ်မဂျယ်ရီပစ်ပစ်.ခေတ္တ စီအိုင်အေ ရဲ့ ချစ်မမကြီး
(နာမည်မသိလို့ မမကြီးလို့ပဲရေးသွားတယ်နော်.။)ကျွန်တော့်ကောင်မလေးနဲ့ အတူတူ တစ်ရက်တည်းမွေးတဲ့..အစ်မ ။ မေလ ၃ ရက်နေ့မှာကျရောက်သော မွေးနေ့ မှ ပျော်ရွှင်မှုများသည်.။ နောက်ထပ်..။ +၁၀၀ တိုင်ပါစေဗျာ.။

unity on 4 May 2012 at 05:01 said...
This comment has been removed by the author.
ကိုရင် on 4 May 2012 at 05:02 said...

သက်ရှည် ထီပေါက် နိဗ္ဗာန်ရောက်ပါစေ မွေးနေ့ရှင်...

ညီလင်းသစ် on 4 May 2012 at 05:31 said...

ဆုံးရှုံးမှုတွေနဲ့ လဲလှယ်ပြီး ပြန်ရခဲ့တယ်ဆိုတဲ့ ညီမ blackroze ရဲ့ မွေးနေ့ရှင် အမအတွက် မင်္ဂလာရှိသော၊ ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်...။

ချစ်စံအိမ် on 4 May 2012 at 06:24 said...

ပစ်ပစ်ရေ ဘလော့ပေါ်မှာပြန်တွေ့ ရလို့ဝမ်းသာမိပါကြောင်းနှင့်
မွေးနေ့ရှင် မမလည်းပျော်ရွှင်သောမွေးနေ့ကိုနှစ်တိုင်းစိတ်ချမ်းသာကိုယ်ကျန်းမာ
စွာဘ၀ကိုဖြတ်သန်းနိုင်ပါစေ
ပစ်ရေ လမင်းသတိရပါတယ် မအားတာရယ် အားတော့ပစ်မရှိတော့တာရယ်
ကြောင့်ပါ..

mstint on 4 May 2012 at 08:06 said...

ပစ်ပစ်ရဲ့ အစ်မ မွေးနေ့ရှင်လေးရေ-
မွေးနေ့ရက်မြတ် မင်္ဂလာမှသည်
နောင်နှစ်ပေါင်းများစွာ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်လို့
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြစွာဖြင့်
ချမ်သာသုခ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်တယ်နော်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး on 4 May 2012 at 08:33 said...

ပစ်ပစ်လေးချစ်သောအမရဲ့မွေးနေ့ရက်မြတ်မှသည် သက်ဆုံးတိုင် ပျော်ရွှင်မှု့တွေနဲ့အတူ ချစ်တဲ့သူတွေနဲ့အတူတကွဖြတ်သန်းနိုင်ပါစေ .

ချစ်တဲ့

အမမဒိုးကန်

လွင်ပြင်လှိုင်းငယ် on 4 May 2012 at 13:11 said...

ပစ်ပစ်လေးနဲ့အတူ မွေးနေ့ရှင်လေးလဲ ပျော်ရွှင်ပါစေနော်

ခင်တဲ့
လွင်ပြင်လှိုင်းငယ်

မောင်မောင် on 4 May 2012 at 13:51 said...

အစ်မ ပစ်ပစ်ချစ်တဲ. မမ တစ်ယောက် မွေးနေ.လေးမှာ အစ်မပစ်ပစ်နဲ.အတူတူ ပျှော်ရွှင်နိုင်ပါစေ။ ဆန္ဒနဲ.ဘ၀ထပ်တူထပ်မျှ ကျနိုင်ပါစေ။ အစ်မ ပစ်ပစ်လည်း စာပြန်ရေးနော်။ အမြဲအားပေးနေပါတယ်။
ခင်မင်စွာဖြင်.
မောင်မောင်

Anonymous said...

ပစ်ပစ် ရဲ့ မမ အတွက် Happy Birthday ပါ

ချစ်တဲ့ အမရွှေစင်

Cameron on 4 May 2012 at 14:09 said...

ပစ်ပစ်ချစ်ခင်ပါသော ပစ်ပစ်ရဲ့ မမ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော မွေးနေ့လေးဖြစ်ပါစေနော်...း)

AH on 4 May 2012 at 14:14 said...

ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေကြောင်း ပစ်ပစ်နှင့်အတူ ဆုတောင်း လိုက်ပါဒီ...

စီအိုင်ဒီမှ အမည်မဖော်လိုသူ

Anonymous said...

မွေးနေ့ ၇ှင်နှင် စီအိုင်ဒီမမ အတူတကွ ပျော်ရွှင်ပါစေဗျာ

ကိုတူး on 4 May 2012 at 19:08 said...

--*--Happy Birth Day --*--
မွေးနေ့ရှင်လေးရေ ပျော်ရွှင်သောဘ၀ သို့ အေးချမ်းစွာ လျောက်လှမ်းပြီး ငြိမ်းချမ်းစွာ ပျော်ရွှင်နိုင်ပါစေ ...
မွေးနေ့မှ စပြီး နောင်ရာသက်ပန် ကာလတစ်လျောက်လုံး စိတ်နှလုံး ထာဝရရွှင်ပြုံးနိုင်ပါစေ။ ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာပါစေ ..... --*--Happy Birth Day --*--

စံပယ်ချို on 4 May 2012 at 20:04 said...

ပစ်ပစ်ရဲ့ မမမွေးနေ့ရှင်ရေ
ခုမှသိရလို့လာတာနောက်ကျနေပြီ ခွတ်လွတ်ပါတောင်းပန်ရင်းနဲ့
ဒီနေ့ဒီရက်မှ နောင်နှစ်ပေါင်းများစွာ
မင်္ဂလာရှိသောနေ့များသာပိုင်ဆိုင်ပါစေလို့
စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာပါစေရှင် ။
ပစ်ပစ်ရ ကြိုမပြောတော့နောက်ကသွားတာခွင့်လွတ်ပါနော်
ခုမှ သိရတာ သိသိခြင်းပြေးလာတာပါပဲ

Anonymous said...

အစ်မပစ်ရဲ့..ချစ်စွာသော..အစ်မ
မွေးနေ့မှသည်..နှစ်ပေါင်းများစွာသက်ရှည်ကျန်းမာစွာနဲ့
ပျော်ရွှင်စရာနေ့ပေါင်းများစွာပိုင်ဆိုင်ပါစေ...


ချစ်ခြင်းအားဖြင့်
မိစံ

Snow May on 4 May 2012 at 22:53 said...

မမရဲ့ဘလော့ကို အရင်က စာလာဖတ်နေကျပါ.. မရေးတာကြာလို့ စာတွေဖတ်ချင်နေခဲ့တာ အခုမှပဲ တွေ့တော့တယ်.. နောက်လည်း ကဗျာလှလှလေးတွေ မျှော်နေပါဦးမယ် အစ်မ.. ပျော်ရွှင်ပါစေ :)
ခင်တဲ့ Snow

Candy on 4 May 2012 at 23:09 said...

မမပစ်ပစ်ရဲ့ ချစ်မမ မွေးနေ့မှာ ပျော်ရွင်ပါစေလို့ ကန်ဒီဆုတောင်းခဲ့တယ်နော် :D

စာတွေရေးပါဦး.. မျှော်နေတာနော် အမြဲ

ညိမ်းနိုင် on 4 May 2012 at 23:46 said...

အိမ်း....စီအိုင်အေပစ်ပ်စရဲ့ချစ်မမ မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း
ပါဗျာ....။နောက်ကျတာခွင့်လွှတ်ပါ စီအိုင်အေအေးဂျင့်ရေ....၊ညေးလဲ
ပျော်ရွှင်ချမ်းမြေ့ပါစေနော့......။

...အလင်းစက်များ on 5 May 2012 at 00:22 said...

ဆီအိုင်အေ ပစ်ပစ်နဲ့  ထပ်တူ မွေးနေ့ ရှင်အတွက် ဆုတောင်းပေးလိုက်ပါသဗျား။ လူဘ၀ရဲ့ နောင်လာမယ့် အချိန်တွေကို ပျော်ရွှင်စွာနဲ့  အားရပါးရ ဖြတ်သန်းနိုင်ပါစေကြောင်းဗျာ။

မောင်ဘုန်း on 5 May 2012 at 01:09 said...

ကဆုန်းလွှမ်းတဲ့ တစ်နေ့ 


လ ကဆုန် နွေဟန် က
မှိုင်းရီ လို့  ဟန်ပြင်
မိုးငယ် ဖြာ လေကြမ်းရယ် နဲ့ 
ထုံရနံ့  သွင် သွင်
အလှ ဟန်ဆင် ….. ။

သည် ကဆုန် တုနှိုင်းဖက် တော့
ဆန်းလ ရယ် သာ
ဆယ့်နှစ်ရက် အခါ
ယှဉ်ကာပြိုင် ငွေလ ရောင်ဖြင့်
ထွန်းတဲ့  မင်္ဂလာ …. ။

သည် မင်္ဂလာ အရောင် ဆန်း မှာ
မိတ်သဟာ ဆွေရင်း အစ်မ
ရွှင်ကာ ဖြာ ဘဝ လမ်းနှင့်
စိတ်အသွင် မြူနှင်း ဝေ လို့ 
ပျော်ရွှင်ဖွယ် မွေးနေ့ လေး ဖြစ်ပါစေ …… ။


ကျနော် မိတ်ဆွေ ပစ်ပစ် နှင့် ထပ်ထူ ဆုတောင်းရေးဖွဲ့  မိပါတယ် ။

ခင်မင်စွာဖြင့်

မောင်ဘုန်း

San San Htun on 5 May 2012 at 23:53 said...

ပစ်ပစ် ချစ်တဲ့ မွေးနေ့ ရှင် အစ်မ ကျန်းမာပျော်ရွှင်ပါစေ..

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei