20 January 2014

မိန်းကလေးနဲ့ အလှတရား

Posted by blackroze at Monday, January 20, 2014
ကျမ ဆယ်ကျော်သက်အရွယ်တုန်းက  စာရေးဆရာမကြီး  ခင်နှင်းယု ရဲ့  ဝတ္ထု ထဲမှာ
ရေးထားတာလေး  ဖတ်ဖူးတယ်..
မိန်းကလေးတွေဟာ..  ကိုယ့်ချစ်သူကို မပိုင်ဆိုင်ရသေးခင်မှာ အရမ်းစိတ်ပူတတ်ကြတယ်တဲ့
ပိုင်ဆိုင်ခွင့်မရတော့မှာ ကိုပေါ့
ဒါပေမဲ့ အဲဒီအယူအဆ က မှားတယ်တဲ့   ...တကယ်တမ်း ပိုင်ဆိုင်ပြီးကာမှ စိတ်ပူပင်ရ
သောကများရတာတွေက  စတင်လာတာတဲ့..

အဲဒီတုန်းကတော့  ဘာရယ်မဟုတ်ဘူး...စာဖတ်လိုက်တယ်..ပြီး သွားတယ်..  ပြီးတော့လည်း
မေ့မေ့ ပျောက်ပျောက် နဲ့  နေလာလိုက်တာ...အခုဆို နှစ်ဆယ်တောင် ကျော်လာလို့
သုံးဆယ်တောင်  ဖြစ်လာပြီ...

ဘဝဆိုတာကိုလည်း တကယ်တမ်း ရင်ဆိုင်ဖြတ်သန်းနေရ ပြီ
ကိုယ်ဖြတ်သန်းခဲ့ ရတဲ့ အနေအထားတွေ  ကာလအပိုင်းအခြားတွေ
မြင်တွေ့ ခဲ့ရတာတွေ ကို ပြန်စဉ်းစားမိတဲ့
အခါမှာ  ဆရာမကြီးရဲ့  စာတွေကိုသတိရလာတယ်..အဲဒီထဲကမှာ  ကျမ အစောကရေးထားတဲ့
စာကြောင်းလေး  ခေါင်းထဲချက်ချင်းရောက်လာတယ်..
ချစ်သူ သို့ မဟုတ်  ခင်ပွန်းကို ပူပင်ရတဲ့ စိတ်ဒုက္ခ ...
အဲဒီဝေဒနာ ကတော်တော်ဆိုးတယ်...
အခုခေတ်က ပွင့်လင်းမြင်သာတဲ့ ခေတ် ဆိုတော့  ရည်စားမထားဖူးတဲ့သူတော့ ရှိမယ်မထင်ပါဘူး..
အချစ်ကိုတော့ ထိတွေ့ ဖူးကြ မှာပါ...

ကျမပြောချင်တာကတော့ မိန်းကလေး ဘက်က အတွေး တခုပေါ့လေ...
ယောက်ကျားလေး တွေက လှတာကို နှစ်သက်ကြတယ်..
ကိုယ့်ရည်းစား က ချောနေ လှနေတာကို  လိုချင်ကြတယ်..
အဲဒီနေရာမှာ တချို့သော မိန်းကလေးများက ဆုတောင်းကောင်းလို့  နဂိုရည်  လှပြီးသားလေး
တွေက က ပြသနာမရှိပေမဲ့ ..သာမန်ရုပ်ရည်မိန်းကလေးမျိုးတွေကျတော့
ကိုယ့်ရည်စားက ကိုယ့်ထက်လှတဲ့သူ ကိုချစ်သွား မှာတို့
ကိုယ့်ထက်ပိုလှသူနောက် ပါသွားမှာတို့ ကိုစိတ်ပူလာရရော..
လမ်းသွားရင်တောင် ကိုယ်ထက်ပိုလှတဲ့  ပိုစတိုင်ကျတဲ့  မိန်းကလေးတွေကို တွေ့မိရင်
စိတ်ထဲအားငယ်မိတာမျိုး တွေဖြစ်လာတတ်တယ်..
ဒီကြားထဲ ဘေးနားက ပါလာတဲ့ သကောင့်သားက မသိမသာ လှမ်းငမ်းနေတာမျိုးပါ
တွေ့လိုက်ရရင်  မိန်းကလေးခမျာ ရင်ကွဲ ရော ..
အဲလိုခံစားချက်တွေလည်း  ခံစားဖူးတဲ့ မိန်းကလေးတွေ လည်းရှိကြမှာပါ...

ကျမဆိုလိုချင်တာက   ချစ်သူဘဝမှာဘဲ ဖြစ်ဖြစ် အိမ်ထောင်သည်ဘဝ မှာဘဲ ဖြစ်ဖြစ်
ကိုယ့်ဘာသာကို လှအောင်နေပါ...မင်းသမီးတွေ မော်ဒယ်တွေလို လှနေမှ  လို့မဆိုလိုပါဘူး..
ကိုယ့်ကို ကိုယ်မြင်အောင်ကြည့်ပါ..ငါဘယ်နေရာက ဆွဲဆောင်မှု့  ရှိတယ်...ငါက ဘယ်လိုအမူယာ
မျိုးလေး နဲ့ ပြောရင် ကြည့်လို့ကောင်းသလည်း.. ဘယ်လိုအနေအထားလေးနဲ့ဆို ပိုလှသလည်း
ကိုယ့်အလှကို ကိုယ့်ဘာကို အရင် ရှာကြည့်ပါ...

မိန်းကလေးတယောက်က ပြီးပြည့်စုံနေတဲ့
အလှဆိုတာတော့ မရှိကြပါဘူး..လိုတဲ့နေရာ ဖြည့် ပြီး ပြင်ဆင်ကြရတာပါဘဲ...
ဒါက မိန်းကလေးတိုင်းပါဘဲ... ကိုယ် က ဘယ်လိုဆံပင် ပုံစံနဲ့ လှတယ်..ဆံပင်ကိုဘယ်လိုလေး
လုပ်ထားရင်  လူတွေက ပိုသတိထား မိတတ်ကြလည်း ..ဘယ်လိုအကျီဝတ်တဲ့နေ့ ဆိုရင်
လမ်းသွားတဲ့အချိန်  လူတွေက ကြည့်လည်း..အဲတာမျိုးလေးတွေ ကိုမြင်အောင်ကြည့်ပါ..
ကိုယ့်အလှကို လူတွေက ခံစားကြတာ..ကိုယ်ဘယ်လိုပုံစံ ဘယ်လိုစတိုင်လေး ဆိုရင်
ပိုစိတ်ဝင်စားကြလည်း.. အဲလိုအချက်လေးတွေကို မြင်တတ်အောင်ကြိုးစားပါ...

တချို့သောမိန်းကလေးတွေက မိန်းမဆန်ဆန်  အကျီမျိုး ပုံစံမျိုးနဲ့  လိုက်တယ်..
နူးနူးညံညံ  ပုံစံမျိုးပေါ့လေ...
တချို့ သော မိန်းကလေးတွေက ခပ်ထက်ထက်ပုံစံမျိုး
အဲလိုမိန်းကလေးကျတော့ မိန်းမသိပ်ဆန်လွန်းတဲ့ ပုံစံမျိုးနဲ့ မလိုက်ဖက်ဘူး..
ရှပ်အကျီ ကြီးဘဲတချိန်လုံးဝတ်နေရင်လည်း ယောက်ကရှာလို ပုံစံထွက်သွားလိမ့်မယ်..
အဲဒီတော့ကိုယ်နဲ့  လိုက်ဖတ်တဲ့  ဝတ်စားဆင်ယင်မှု့မျိုးပို  ရွေးချယ်တတ်အောင်ကြိုးစားပါ
မိန်းကလေးတယောက်ရဲ့  ဆွဲဆောင်မှု့ ဆိုတာ ရုပ်လေးတခုထဲနဲ့ မဆိုင်ပါဘူး..
အမူယာ ဝတ်စားဆင်ယင်ပုံ  အပြောအဆို နဲ့လည်း အများကြီးဆိုင်ပါတယ်..

ခါးသေးရင်ချီ ဗိုက်ချပ်ချပ်လေး မဖြစ်နေရင်တောင်မှ   မြင်လိုက်ရင် မျက်စိထဲ
တန်းခနဲ ဝင်လာတဲ့ အလှမျိုးလေးတော့ ဖန်တီးနိုင်ရမယ်...
ကိုယ်က ဗိုက်ချပ်ချပ်လေးဆိုရင်  ဘာဘဲဝတ်ဝတ် အဆင်ပြေနေပေမဲ့ ဗိုက်သားလေး အနည်းငယ်
ပူတယ်ဆိုရင်..ဗိုက်နေရာကို စည်းကျပ်နေတာမျိုးတွေ ဝတ်တာကို ဆင်ခြင်သင့်တယ်..
တန်ဖိုးကြီးတာတွေ နာမည်ကြီးတံဆိပ်တွေဝတ်မှ  အလှအပတရားပေါ်လွင်တာ မဟုတ်ပါဘူး
ကိုယ့်ရဲ့  အလှကို ကိုယ့်ဘာသာ ပေါ်လွင်အောင် လုပ်တတ်ဖို့သာ အဓိကပါ...


စကားပြောတဲ့ အခါမှာဆိုလည်း  ဘယ်လိုလေယူလေသိမ်းလေးက ဆွဲဆောင် မှု့  ရှိလည်း
ချွဲနွဲ့  ပြီး ပလီပလာပြောတတ်ရမယ်လို့  မဆိုလိုဘူးနော်...စကားကို သူတပါးနားဝင်အောင်
ပြောနိုင်တာလည်း ပညာတမျိုးဘဲ..

 မိန်းကလေးတွေက  အိမ်ထောင်မကျခင် အပျိုဘဝမှာတော့  ဘယ်သူမဆို လှပ အောင်
ပြင်ဆင်ကြတယ်... လှချင်တဲ့စိတ်ထားလေး ပိုရှိတယ်ပေါ့
အိမ်ထောင်သည်ဘဝ ရောက်သွားတဲ့ အခါမှာ ..တချို့သော မိန်းကလေး တွေက လွဲရင်
အများစုက အိမ်ထောင်တာဝန်  သားသမီးတာဝန် ..ခင်ပွန်းသည်တာဝန်တွေနဲ့
ကိုယ့်ဘာကိုယ် လှပ ဖို့ထက် ကျန်တဲ့ အရာတွေကို ဦးစားပေးသွားတတ်ကြတယ်..
ကျမ အမြင်တော့  အဲတာဟာ မှားယွင်းပါတယ်..

 အိမ်ထောင်ကျပြီးလည်း  တချိန်လုံးအလှပြင်
နေရမယ် မဆိုလိုပါဘူး...ဒါပေမဲ့ အလှတရားဆိုတာကိုလည်း ဂရုစိုက်သင့်တယ်လို့
ထင်ပါတယ်... ယောက်ကျားဆိုတာမျိုးက  ကိုယ့်အိမ်သူ သက်ထားကို သပ်ရပ်လှပ နေတာ
မျိုး  အမြဲတမ်းတွေ့  မြင်နေချင်ကြတဲ့သူမျိုးပါ.... ( ဖတ်မိသမျှသောစာအုပ်များမှ တွေ့ရှိချက်အရ )
ဒါကြောင့် အိမ်မှု့ကိစ္စတခုထဲကျေပွန် နေရုံနဲ့  မရတော့ပါဘူး..
ပြောရရင်တော့ မနက်မိုးလင်း မနက်စာအဆင်သင့်  ရုံးသွားဖို့ ထမင်းဘူးအဆင်သင့်
ကလေးတွေရေချိုးသနပ်ခါးလိမ်းပေးပြီး  ကျောင်းသွားဖို့ အဆင်သင့်  ပြင်ဆင်ထားပေးနိုင်ပေမဲ့
အိမ်ရှင် မ ကိုယ်တိုင်ကတော့   မျက်နှာပြောင် အဆီတဝင်းဝင်း  ဆံပင်ဖွာလန်နဲ့
ဘိုသီဘတ်သီ  ပုံစံဆိုရင်  အိမ်ရှင်ထီးက အနားကပ်ချင်တော့မယ်မထင်ပါဘူး..
ဒါဟာလည်း ယောက်ကျားတွေရဲ့  အတ္တ တရားတခုပါဘဲ
(ဖတ်မိသမျှသော စာအုပ်များမှ တွေ့ ရှိချက်အရ ပြောခြင်းဖြစ်ပါသည်)

အဲလိုမျိုးတွေးမိပြန်တော့  ဆရာမကြီး ခင်နှင်းယုရဲ့  စာအုပ်ထဲက အိမ်ထောင်ကျပြီးကာမှ
ပူပန်ရတဲ့ ဒုက္ခ ကပိုပါတယ်ဆိုတာ အရမ်းကို မှန်ပါတယ်...
မယူခင်တုန်းကတော့ သူလည်းရွေးချယ်ခွင့် တခုရှိသလို ကိုယ်လည်း ရွေးချယ်ခွင့် တခုရှိပါတယ်..
ယူပြီးသွားတဲ့အခါမတော့  ကိုယ့်မှာ ရွေူးချယ်ခွင့်ဆိုတာ လုံးဝမရှိတော့ပါဘူး
ဒါပေမဲ့  သူကတော့  အိမ်က မိန်းမ စိတ်ကုန်လိုက်တာကွာ ဆိုပြီး  တိတ်တိတ်ပုန်း
နောက်ထပ်ရွေးချယ်မှု့  တွေ    ရှိကောင်းရှိလာနိုင်ပါတယ်...

ဒါကလည်းလောကကြီးထဲမှာ တော်တော်များများ ဖြစ်နေတတ်တာမျိုးပါ
ဒီတော့ မိန်းကလေးတိုင်း  အလှတရားကို  ဂရုစိုက်သင့်ပါတယ်...
ဘယ်အရာမဆို သူ 50 ကိုယ် 50  ဘဲသတ်မှတ်ထားသင့်ပါတယ်..
လှပတဲ့ မိန်းမတယောက်  ထက်မြက်တဲ့ မိန်းမတယောက်  ဟာ ဘယ်နေရာမဆို ပွဲလည်တင့်ပါတယ်
မိန်းကလေးတိုင်း ပျိုတယ် အိုတယ်ဆိုတဲ့  ကန့်သတ်ချက်မထားဘဲ  အလှတရားကို  ရှာဖွေဆင်ယင်တတ်ကြပါစေလို့   ဆန္ဒပြု  ချင်ပါတယ်...


ပစ်ပစ်
Am 3:36
20.1.2014


( ကျမက ရုပ်ဆိုးတဲ့ သူဆိုတော့ မိန်းကလေးတိုင်းကို လှစေချင်တဲ့ စိတ်ကလေးနဲ့ ရေးထားတာပါ )

6 comments:

သူကြီးမင်း said...

ဝက်မလေးလဲ ရုပ်မဆိုးပါဘူး။ လှပါတယ်။
ထောက်ခံပါ၏။ ရေထားတဲ့ စာတွေကို။ ကျားကျားမမ အလှကြိုက်တတ်တာချင်းတော့ တူပါတယ်။ အလှအပ သန့်ရှင်းမှု ကြင်နာမှု အားလုံး လိုအပ်ပါတယ်။ ဒါပေမဲ့ တချို့ လှလွန်းထက်လွန်းတော့ မိန်းခလေးမျိုးတွေကျတော့လဲ ရည်းစား လင်ယောက်ျားကို သိပ်ဂရိုက်မစိုက် ထည့်မတွက်တတ်တာမျိုးလဲ ရှိတတ်ပါတယ်။ အလှမာန် ပညာမာန် ဓနမာန် စသဖြင့်ကြောင့်ပေါ့။ ၀က်မလေးလဲ ဘာလိုလိုနဲ့ အပျိုဟိုင်းကြီး ဖြစ်ခါနီးလာပြီ။း))

မြတ်ပန်းနွယ် (Myat Pan Nwe) on 21 January 2014 at 07:13 said...

သဘောတူတယ် ပစ်ပစ်ရေ...။ အိမ်ထောင်ကျပြီး ဖြစ်ကတတ်ဆန်း နေတာကိုလည်း လုံးဝ သဘောမကျဘူး။ အလှပကို ဦးစားမပေးဘူး.. စာမှစာဆိုတာမျိုး၊ ဦးနှောက်ထက်မြက်ရင် တော်ပြီပေါ့ ဆိုတာကိုလည်း လုံးဝ သဘောမတူဘူး။ မိန်းကလေးဆိုတာ ညဏ်ရည်လည်း ထက်မြက်ရမယ်.. ပြီးတော့ ပြင်ပြင်ဆင်ဆင်နဲ့ တင့်တင့်တယ်တယ်လည်း ဖြစ်နေရမယ်။မွေးရာပါ ရုပ်ရည်ကို နေထိုင်ဝတ်စားပြင်ဆင်တတ်ခြင်းအားဖြင့် တင့်တယ်အောင် ဖန်တီးယူလို့ရပါတယ်။ ဒီပို့စ်လေးကို မြတ် အရမ်းပဲ နှစ်သက်ပါတယ်။

စံပယ်ချို on 22 January 2014 at 05:28 said...

ပိုင်ဆိုင်ပြီးကာမှ စိတ်ပူပင်ရ
သောကများရတာတွေက စတင်လာတာတဲ့..
အဲဒီစကား ကအမှန်ဆုံးလို့ထင်တာပဲပစ်ပစ်ရေ

sosegado on 22 January 2014 at 21:42 said...

အိမ်ရှင် မ ကိုယ်တိုင်ကတော့ မျက်နှာပြောင် အဆီတဝင်းဝင်း ဆံပင်ဖွာလန်နဲ့
ဘိုသီဘတ်သီ ပုံစံဆိုရင် အိမ်ရှင်ထီးက အနားကပ်ချင်တော့မယ်မထင်ပါဘူး....အိမ်ရှင်မ မှမဟုတ်ပါဘူး မိန်ကလေးအားလု့း

ထရီဆာ (Teresa) on 30 January 2014 at 12:05 said...

အင်းနော်..မှန်တယ် ပစ်ပစ်ရေ၊ အလှအပနဲ့ ကျန်းမာရေးဆိုတာ ဆက်နွယ်နေတာမို့ အလှအပ ကို တကိုယ်ရေးကျန်းမာရေးအတွက်တော့ လိုက်စားသင့်တယ်၊ ဒို့လဲ မမြတ်လိုပဲ အိမ်ထောင်သည်အမျိုးသမီးအများစု ဖြစ်ကတက်ဆန်းနေတာကို မကြိုက်ဘူး၊ အပျိုဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ၊ နောက်ဆုံးကွာ အဘွားကြီးဖြစ်နေပါစေအုန်း သန့်ရှင်းသပ်ရပ်စွာ တော့နေထိုင်သင့်တယ်၊ နောက် တခုကလေ .. ယောက်ျားလေးတိုင်း မိန်းကလေးတိုင်း အလှအပကို သူ့အတိုင်းအတာနဲ့သူတော့ နှစ်သက်ကြတယ်၊ ဒါကလဲ ရုပ်ပိုင်းဆိုင်ရာနဲ့ မသက်ဆိုင်လို့ ထင်တယ်၊ တကယ့်အလှစစ်က နှလုံးသားထဲမှာပါ၊ နှလုံးသားလေး လှနေရင် ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်ပဲဆိုးတယ်မြင်နေရပါစေ...သိပ်လှတဲ့ ရုပ်လေးပါ :) ..ဒါကတော့ ကိုယ့်ခံယူချက်လေးကို မျှဝေပြသွားတဲ့သဘောပါကွယ် ...

ရွှေယွန်းဝါ on 5 February 2014 at 10:04 said...

ပစ်ဆီမှာ သင်တန်းလာတက်ရမလိုဖြစ်နေပြီ။
ပစ်ပစ်ရေးထားတဲ့ထဲမှာ အမနဲ့မညီနေတာတွေကြီးဘဲ။ ကိုယ့်ကိုယ်မြင်ယောင်ပါတယ် ၊ အပြိုကြီးဘဲဖြစ်မယ်ထင်တယ်။ :))

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei