01 November 2012

ဒီဆောင်းလ

Posted by blackroze at Thursday, November 01, 2012


 ဒီဆောင်းလ
==========

သြော်...ဒီရာသီဆောင်းလ
ငွေနှင်းမှုံခြုံကာလွှမ်းပါလို့
မောင်တရွာ
မယ်တမြို့
ဝေးလှတယ်လေး
ဘဝအရေး
အလေးပေးပါလို့
တူနှစ်ကိုယ်နီးချင်ပါငြား
ခွဲကာနေရရှာတယ်..
နောက်တဆောင်းသစ်လို့
နောက်တနှင်းကျရင်ဖြင့်
သဇင်ပွင့်ချိန် အမှီ
မောင့်ထံပါး
မယ်ရောက်အောင်
လှမ်းလာခဲ့ပါလို့
ရင်ခွင်နွေးနွေး
ထွေးပွေ့ပါလို့
ကြိုလှည့်ကွယ့်လေးးးး   .....။။။။

ပစ်ပစ်
Am 2:01
1.11.2012
(တယောက်တနေရာစီခွဲနေရတဲ့ချစ်သူတွေအတွက် ခံစားပြီးရေးဖွဲ့ထားပါသည်)
ပုံလေးကို wallcoo.net ကနေယူသုံးပါသည်

12 comments:

တောက်ပကြယ်စင် on 1 November 2012 at 02:39 said...

ပစ်ပစ်ရေ ကဗျာလေးက အရမ်းမိုက်တယ်ဟ။ သူကြီးမင်းနဲ့ သိပ်မကွာဘူး။ တဂျီးမင်းလည်း အဲဒီလို "လေး"ပါတဲ့ ကဗျာတွေ အရမ်းရေးကောင်းတယ်နော်။ ချမ်းမြေ့ပါစေ
ခင်မင်လျက်

မြတ်မွန် on 1 November 2012 at 03:25 said...

ပစ်ရေ..
ဟက်ပီ သီတင်းကျွတ်လေးလား ပစ်ရေ..။

Cameron on 1 November 2012 at 18:14 said...

love your poem very much...

စံပယ်ချို on 1 November 2012 at 18:38 said...

တစ်ယောက်တနေရာစီခွဲနေရတဲ့သူများ မြန်မြန်လေးနီးစပ်ကြပါစေ
သီတင်းကျွတ်ရက်လေးတွေပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့

ညီလင်းသစ် on 2 November 2012 at 04:49 said...

အခု ခဏဝေးနေကြရတာ နောင်ကို တစ်ဘဝစာ နီးကြဖို့ အတွက်ပါပဲ ဆိုတဲ့ စကားလေး ကြားယောင်မိသွားတယ် ညီမရေ...။

အလွမ်းမြို့ on 2 November 2012 at 06:28 said...

ပစ်ပစ်ရေ

တကယ့်ကောင်းတဲ့ ကဗျာလေးနဲ့ စာသားလေးပါ။
အားရပါးရ ဖတ်ပြီး အားပါးတရ အားပေးသွားတယ်။


အလွမ်း

မဒမ်ကိုး on 3 November 2012 at 06:50 said...

ကဗျာလေးလဲဂွတ်တယ်
ပုံကလေးနဲ့အပ်တယ်

ဂွတ်ထ မီးလေး ဆက်လုပ်း)

မားမား

မောင်ဘုန်း on 3 November 2012 at 21:08 said...

ကဗျာလေးက လွမ်းနေသူကို ခက်ချေပြီ ..... ။

မင်းဧရာ on 5 November 2012 at 08:27 said...

အင်း.......
မျှော်စရာရှိတဲ့သူတွေ မျှော်ကြ
ခေါ်စရာရှိတဲ့သူတွေ ခေါ်ကြ

ပစ်ပစ်တို့လည်း တွေးပြီးပျော်ကြပေါ့း)။

မိုးနတ်ကြယ်စင် on 5 November 2012 at 23:12 said...

ဟယ်..တိုက်ဆိုင်လိုက်တာ..တိုက်ဆိုင်လိုက်တာ..
ဟင့် ငိုတောင်ငိုချင်တယ်...မပစ်ရယ်....
ညလေးငိုနေတယ် မချော့တော့ဘူးလား....ဟိ
အရမ်းကောင်းတယ်မ...အသုံးအနှုန်းလေးရော.
ရေးဖွဲ့ပုံလေးရော...ကြိုက်တယ်....
ချစ်တဲ့...မိုးနတ်

ကိုကိုမောင်(ပန်းရနံ့) said...

နောက်တစ်နှင်းကျရင် နောက်တစ်နှင်းကျရင်နဲ့
လေးငါးနှစ်တောင် ရှိနေပြီကော။ အပျိုကြီးဖားဖား ဖြစ်မှန်းမသိ ဖြစ်သွားရောပေါ့။း))
မည်သို့ပင်ဆိုစေကာမူ နောက်တစ်နှင်းကျရင် ဆန္ဒတွေ ပြည့်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မြတ်ပန်းနွယ် (Myat Pan Nwe) on 10 November 2012 at 19:33 said...

နောက်တဆောင်းထိအောင် ကိုယ်မစောင့်နိုင်တော့ ပစ်ပစ်ရယ်..
ဒီဆောင်းမှာတင် နှင်းမကွဲခင် ကိုယ်လှမ်းလာခဲ့ပါ့မယ်။ အဟဲဟဲ..:D

ချစ်ခင်လျက်
မြတ်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei