26 January 2012

ဘရိတ်ကင်းနယူး

Posted by blackroze at Thursday, January 26, 2012




ယမန်နေ့ ည ခန့်မှန်းခြေ  ည 11နာရီ ပတ်ဝန်းကျင်တွင် CIA ငှာနမှ အထူးသတင်းတရပ်ရရှိခဲ့ပါသည်..။။
အဆိုပါသတင်းမှာ... စင်ကာပူစန်တိုစာ တွင် ညက်မှန်အမဲတပ်ထားပြီး..အကျီအနီရောင်တွင် 
အဖြူနှင့်အမည်းစင်းကျားပါသော..ညက်မမြင်လို့ ထင်ရသူတဦးသည်...
ဖောက်ခွဲရန်အိမ်သာလိုက်ရှာနေကြောင်း  စင်ကာပူ အေးဂျင့်ထံမှသတင်းပေးပို့ခြင်းဖြစ်ပါသည်  ။။

ထိုဖောက်ခွဲရေးသမား  ကိုအချိန်မီ တားဆီးနိုင်ရန်အေးဂျင့်  jerry pigpig အား  အချိန်မီစေလွတ်ခဲ့ပါသည်
သို့သော်  အိမ်သာတကာတွင်လိုက်ဖောက်ခွဲနေကြ  အဆိုပါဖောက်ခွဲရေးသမားသည် 
အေးဂျင့် jerry pigpig မတားဆီးနိုင်မီ အချိန်ပိုင်းလေးမှာပင်  သူ၏ဖောက်ခွဲမှု့အား
အောင်မြင်စွာ  ဆောင်ရွက်နိုင်ခဲ့ပါသည် ...။။

အေးဂျင့်  jerry pigpig ရောက်ရှိသွားချိန်တွင်   ထိုသူ၏  ဖောက်ခွဲမှု့အား  စန်တိုစာ တခုလုံးအနံတထောင်းထောင်းထနေ  အောင်  ခံစားခဲ့ရပြီးဖြစ်ပါသည်..။။
ထိုဖောက်ခွဲမှု့ကြောင့်   စန်တိုစာ ၏အိမ်သာသန့်ရှင်းရေးဝန်ထမ်းများအားလုံး  အနံအသက်မခံနိုင်
ခြင်းကြောင့်   အရေးပေါ်ဆေးခန်းသို့သွားရောက်ခဲ့ကြရပါသည် ..။။

   သွားရောက်စုံစမ်းသော  အေးဂျင့် jerrypigpig သည်  အလွန်တရာမှပုပ်ဟောင်ပြင်းထန်သော
အနံအသက်များကိုရူရှိုက်ခဲ့ရသောကြောင့် ယခုအခါ     ငှာနမှ ခွင့်တလတိတိယူကာ အနားယူနေရ
ကြောင်း သတင်းထုတ်ပြန်ကြေငြာအပ်ပါသည်...။။။

အဆိုပါဖောက်ခွဲမှု့ဖန်တီးသူအား  ဆုကြေးငွေ တရပ်ထုတ်ထားကြောင်းလည်းသိရှိရပါသည်..။။

ဝစ္စနှစ်လုံးပေါက်  ပီ ....  ဝစ္စနှစ်လုံးပေါက်  ဒီ  ဟီးးဟီးးး
တရားခံ ဘူလည်းဆိုတာ  အားလုံးသိကြတယ်မှတ်လား....ဟင်းးဟင်းးးဟင်းးးဟင်းးးးးး


ဘူ့ကိုရေးထားတယ်ဆိုတာ  ကွကိုတိနော် ....ဟီးးးဟီးးးးဟီးးးး


(မားမားကိုနိုင်ကျင့်လို့ ပစ်ပစ်က  မားမားအတွက် ကဲ့ စားချေပေးတာ...ဟဲဟဲ )
ပစ်ပစ်

26.1.2012  AM 1:08
ပုံကိုတော့  google ကနေယူသုံးပါသည်

22 comments:

မိုးသက် on 26 January 2012 at 01:26 said...

ဂယ်ကြီးလား မပစ်.. ဆွေမျိုးမေ့သွားတယ်ထင်တယ်.....။း)

Anonymous said...

အောင်မလေး မမပစ်ရယ် အသည်းအသန် ဂဲမှန် ဆိုပီး သတင်းထူးလာဖတ်တာ သူတို့ သာအမိ ကိုင်ပေါက်လိုက်ပြန်ကောက်လိုက်လုပ်နေကြတာကိုး စကားမစပ် အေးဂျင့်ကို ရည်းစား၇ှာဖို့  အပ်ချင်ပါတယ်ခင်ည..ပုံ မောင်တလုံး

မဒမ်ကိုး on 26 January 2012 at 01:59 said...

လိမ်မာလိုက်တဲ့ မိုင်ဒီးယား ဒေါတားလေး မွ မွ မွး)

Angelhlaing(May everybody be happy and healthy! on 26 January 2012 at 02:16 said...

မမက ဒါမျိုးလဲ ရတာပဲ :):)

mstint on 26 January 2012 at 09:39 said...

၂ခေါက်လောက်ဖတ်ပြီး နားလည်သဘောပေါက်အောင်
အတော်လေးကြိုးစားဖတ်သွားရတယ် ပစ်ပစ်ရေး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နေ၀သန် on 26 January 2012 at 09:53 said...

အွန်...း)

ကိုကိုမောင်(ပန်းရနံ့) said...

ကျား+မ ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ
တံမြက်စည်းတစ်ချောင်းနဲ့ အလုပ်ရှုပ်နေပုံဘဲ။း)

ကိုထွဋ် on 26 January 2012 at 11:04 said...

အော်... ဒင်းကိုး သိတယ်သိတယ်.. ပန်းနီနီတွေကို ကင်မရာအမည်းနဲ့ရိုက်တဲ့ တာလီဘန် ကြီးလေ... :D :P

ညီရဲ on 26 January 2012 at 11:20 said...

အဲဒီဓာတ်ပုံက နာရိုက်ပေးလိုက်တာလေ... မရည်ရွယ်သော်ငြားလဲ ကုန်းကုန်းကြီးနောက်က ပါလာတယ်... ဟီ ဟိ...

Cameron on 26 January 2012 at 11:31 said...

တိဒယ် တိဒယ် ခုလေးတင် ဖဘမှာ သွားကြည့်လာတာ...ဟိ..။

ညိမ်းနိုင် on 26 January 2012 at 20:19 said...

အန်.......အွန်.......အွတ်........ဘရတ်ကင်းနယူးဆိုလို့အမြန်လာဖတ်တာ....
ခုကျတော့.....ခုကျတော့.......ဘာပြောရမှန်းကိုတိတော့ပါဘူး....၊ဘာပဲပြော
ပြော အဲ့ဖောက်ခွဲရေးသမား ဘယ်လောက်တော်သလဲကြည့်...၊CIA က အထူး
ထောက်လှမ်းရေးတာဝန်ခံဂျီးတောင် ချာလပတ်ရမ်းသွားတယ်ဟုတ်.....:P :D

မဒမ်ကိုး on 26 January 2012 at 22:15 said...

ဘာဘဲပြောပြော ပန်းခြုံထဲမှာဖင်ဂျီးကုန်းလို့ အဲလေ ခါးကြီးကုန်းလို့း)

Han Kyi on 26 January 2012 at 23:42 said...

အလိုလေး . . .သတင်းကောင်းပဲ ပစ်ပစ်...
လေမလည် သေဖွယ်ရှိသတဲ့...လေလည်တော့လည်း ပြေလည်သွားမှာပေါ့ကွယ်...း)

ခပ်ငယ်ငယ်က ဆရာတစ်ယောက်ပြောဖူးတယ်...ပစ်ပစ်ပြောသလို ဖောက်ခွဲလိုက်တာ အနံ့ပြင်းလွန်းလို့ ဆူကြတော့ ဆရာက ဘာပြောတယ်မှတ်လည်း “ ဟေ့ကောင်တွေ နံတုန်းရှူထားကြ...မွှေးလာရင် မင်းတို့ကို မရှူခိုင်းတော့ဘူးတဲ့ ဗူးသွတ်ပြီး ရောင်းစားလိုက်မယ် ” တဲ့..း)

နံတုန်းသာ ရှူထားပေရော့ ပစ်ပစ်ရေ ...

Candy on 27 January 2012 at 02:21 said...

ဟဟဟ.. မမသတင်းတခုကျန်သွားတယ်.. အဲ့ဖောက်ခွဲသူကြီး ပန်းပင်တွေကြား ဖြဲယဲပြီး ပုရွက်ဆိတ်ရဲ့ နှုတ်ခမ်းမွှေး ရှာရိုက်နေတာ မပါတွားဘူး.. ဟီးဟီး :P

တောက်ပကြယ်စင် on 27 January 2012 at 16:37 said...

ဂယ်လား...

မြစ်ကျိုးအင်း on 28 January 2012 at 03:26 said...

ဖဘမှာ တွေ့လိုက်သလိုလိုပဲ :)

Anonymous said...

ဒါကြောင့်ထင်တယ်
အစ်မအိမ်ထဲဝင်တော့
အနံ့တစ်မျိုးရတယ်း)
စီအိုင်အေကတော့
တစ်နေ့တစ်ခြား
နာမည်ကြီးလာတော့တာပဲနော်း)

ချစ်ခင်လျှက်
မိစံ

ဘိုဖြူ on 28 January 2012 at 20:14 said...

ရယ်ရပါတယ်ဗျာ
ဖတ်ပျော်တဲ့ပိုစ့်လေးတစ်ပုဒ်ပါပဲ

San San Htun on 29 January 2012 at 13:55 said...

သိတယ်..သိတယ်..ဘယ်သူဆိုတာ...:P

အဖြူရောင်နတ်သမီး on 29 January 2012 at 20:16 said...

ဟိဟိ..

လွင်ပြင်လှိုင်းငယ် on 29 January 2012 at 22:14 said...

ဟီ ရီရတယ်

Anonymous said...

သိသလိုလိုရှိ။ ရယ်စရာ တကယ်ရေးတတ်တယ်။ :D
myatkyi

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei