28 July 2010

အရင်ကလိုဘဲ....

Posted by blackroze at Wednesday, July 28, 2010

အရင်ကချစ်သူ

မရှိတော့ပေမဲ့

အရင်ကအချစ်တွေက

ဒီရင်ထဲမှာကျန်နေဆဲမို့

အရင်လိုဘဲ...အရင်အတိုင်းဘဲ

ရင်ထဲကချစ်တတ်နေဆဲ.....

အရင်ကအချိန်တွေ

ပြန်မရနိုင်တော့တာ

သေချာခဲ့ပေမဲ့.....

အရင်ကအလွမ်းတွေကိုတော့

မှတ်မိနေဆဲမို့


အရင်လိုတော့

တခါတခါ............

လွမ်းနေချင်တုန်းဘဲ

အရင်လူကိုမေ့ထားလိုက်ပေမဲ့

အရင်ကပျော်ရွှင်မှု့မျိုးကိုတော့

ခဏလောက်ဖြစ်ဖြစ်

ပြန်လိုချင်သေးတယ်...

အရင်ကအချစ်မျိုးကို

ပြန်မတမ်းတချင်တော့ပေမဲ့

အရင်ကခံစားမှု့မျိုးနဲ့

တခါလောက်တော့

အရင်လိုဘဲ

ပြန်ချစ်ကြည့်ချင်သေးတယ်.........။။။


(28.7.2010 AM 1:15 )

14 comments:

မြတ်မွန် on 28 July 2010 at 03:23 said...

အရင်က ချစ်သူက
အရင်လိုပဲ
ချစ်နေသေးတယ်ဆိုရင်ပေါ့။
တကယ်လို့များ.....
အရင်လို သူတစ်ယောက်ထဲမဟုတ်တော့ဘူးဆိုရင်တော့......
အရင်လို ကိုယ့်အချစ်တွေက
ထာဝရရှင်သန် နိုင်ပါတော့မလား.....။

နက်ရေ..
ခံစားမိပါတယ်..။

မိုးစက်အိမ် on 28 July 2010 at 03:44 said...

အရင်လိုချစ်နေသေးတာ လေးစားပါတယ်ဗျာ
နို့ ပေမဲ့လောကမှာ ကိုယ်လျောက်မဲ့လမ်းက
အရှည်ကြီးကျန်သေးတာဆိုတော့ အတိတ်ကို
ကြီးရင်ဖွင့်မလျောက်ပါနဲ့  အနာဂါတ်မှာလှပ
တဲ့ နေ့ ရက်လေးတွေနဲ့ ကဗျာဆန်နိုင်ပါစေဗျာ

လသာည on 28 July 2010 at 06:03 said...

ကဗျာလေးက နူးညံ့လိုက်တာ။
“အရင်ကအချစ်မျိုးကို
ပြန်မတမ်းတချင်တော့ပေမဲ့
အရင်ကခံစားမှု့မျိုးနဲ့
တခါလောက်တော့
အရင်လိုဘဲ
ပြန်ချစ်ကြည့်ချင်သေးတယ်.........။။။”
အဲ့ အပိုဒ်က အခိုက်ဆုံးပဲ.. ။

နေ၀သန် on 28 July 2010 at 09:05 said...

လှလိုက်တဲ့စကားလုံးတွေ....း)

အရင်လိုတော့ ပြန်မချစ်ကြည့်ပါနဲ့တော့..
အရင်ကလို ခါးသီးမှုတွေ ပြန်ရမှာ မကြောက်ဖူးလား

ခင်မင်တဲ့
နေ၀သန်

ခိုင်နုငယ် on 28 July 2010 at 09:29 said...

“အလင်းရောင်လေးတွေမင်းမြင်နေချိန်မှာ..မီးစာလေးလို
ကျွမ်းလောင်နေတာငါ..လှေကားလေးလိုရင်ကိုနင်းတက်သွား
လည်းကြည်ဖြူစွာ..ငါကအဖြည့်..အရင်လိုပဲ...အရင်တိုင်းပဲ”
ရေဗက္ကာဝင်းကအဲလိုဆိုထား
သွားသတိရတယ်။
အရင်ကချစ်သူကို..အရင်လိုပြန်ချစ်ကြည့်ဖို့
မလွယ်ဘူးထင်ပ။
ဟိုးအပေါ်ကမမြတ်မွန်ပြောသလို..သူတစ်ယောက်တည်း
မဟုတ်ပဲ..အပိုတွေပါလာရင်ဘယ့်နှယ့်လုပ်ပ။း)း)

ခင်မင်စွာဖြင့်
ခိုင်နုငယ်

ချော(အစိမ်းရောင်လွင်ပြင်) on 28 July 2010 at 12:59 said...

ပထမတစ်ခါကော်မန့်ရေးတာ ပျောက်သွားတယ်
ဘယ်ရောက်သွားပါလိမ့်..
အရင်လူကို အရင်နေရာမှာ ထားခဲ့ပြီး အရင်လူနဲ့တူတဲ့ အသစ်လေး ကို အရင်လူလို အရင်လိုအရင်မျိုးနဲ့ ချစ်ရင်ရော မကောင်းဘူးလား
း)
ခင်တဲ့
မချော

blackroze said...

အဲလိုချစ်ချင်တာလေမကြီးချောရဲ့..အဟီးးးးးး

Maung Myo on 28 July 2010 at 18:36 said...

ချစ်ကြည့်လိုက်ပါဗျား)

ညိမ်းနိုင် on 28 July 2010 at 18:42 said...

ဟုတ်တယ်...အရင်က ခံစားမှုမျိုး၊အရင်က အချစ်မျိုးတွေ နဲ့ ပြန်ချစ်ချင်၊
ပြန်ခံစားချင်မိသေးရဲ့...ဒါပေမယ့်....

သူကြီးမင်း (တုံးဖလား) on 28 July 2010 at 23:54 said...

အရင်က အခုလိုကဗျာမျိုးကို မဖတ်ဖူးပေမဲ့ အရင်လိုကဗျာမျိုးမဟုတ်တဲ့ အခုကဗျာလေးကိုဖတ်ပြီး အရင်က အဖြစ်ကို အရင်လိုသတိရမိပြီး အရင်လိုဘဲ ခံစားသွားမိပါတယ်။းဝ)

ပေါ့ဆိမ့် on 29 July 2010 at 00:58 said...

မနေ့က မန့်လို့ မရလို့ တစ်ခါပြန်လာ မန့်တာ...
အရင်ကလို ဖြစ်နေရင် တော့ ဒုက္ခ ..
ကဗျာလေးကို အရင်ကလို ပဲ ခံစားသွားပါတယ် ...

ညလင်းအိမ် on 29 July 2010 at 01:04 said...

လာပြန်ပြီ ဒီအလွမ်းတွေက မလွတ်နိုင်တော့ဘူး ...
ကျုပ်ကို အသေသတ်နေကြတာလားဟင် ... :P

ကဗျာလေးကောင်းဧ။် ...

သဒ္ဓါလှိုင်း on 29 July 2010 at 12:03 said...

အရင်လိုအချစ်တွေနဲ့အရင်လူလိုပဲအရင်လိုပြန်ချစ်နိုင်ပါစေ..။

ခင်တဲ့
သဒ္ဓါ

Cameron on 29 July 2010 at 16:04 said...

အဟားးး အလွမ်းမင်းသားညလင်းအိမ် ဒုက္ခရောက်၏...

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei