29 November 2011

ချစ်သူလာတဲ့ည

Posted by blackroze at Tuesday, November 29, 2011 19 comments
ဒီနေ့ အမှတ်တရနေ့လေးတနေ့ပါ..
မမျှော်လင့်ဘဲသူနဲ့ဒီနေ့တွေ့လိုက်ရတယ်...


(၁)
နေ့ရယ်ညရယ်..စဉ်ဆက်မပြတ်
တမ်းတခဲ့တဲ့..
ချစ်သူရုပ်လွှာ..ဒီမျက်နှာကို
တွေ့ရအခိုက်..
ရင်ထဲလှိုက်ဖို..မျက်ရည်စို၏

(၂)
ချစ်သူသံကြား..
သူ့စကား
ကြားစဉ်ခဏ..
ကြည်နူးမျက်၇ည်ကျမိ၏

(၃)
အချိန်ရယ်ကုန်ဆုံး
သူပြန်တော့မည်
ပြန်ဖို့ဟန်ပြင် နှုတ်ဆက်စဉ်..
ဝမ်းနည်းမျက်ရည်..ကျမိုးစွေ၏..

(၄)
သြော်....အချစ်..အချစ်...
ဒီအချစ်သည်...
ကြည်နူးပူဆွေး
ငိုကြွေးရခြင်းမည်ပေတကား...။။။


သူဒီနေ့ကျမကိုလာတွေ့တယ်... ဖုန်းဆက်လိုက်တဲ့အချိန်..ကိုကိုလာခဲ့မယ်...ဆိုပြီး ခဏလောက်နေတော့
ကျမအရမ်းမျှော်လင့်ခဲ့ရတဲ့ ကျမကိုယ်တိုင်သူ့နစ်ကလေးကိုဖွင့်ကြည့်တာ မဟုတ်ဘဲ သူကိုယ်တိုင်ဖွင့်
ပြီးခေါ်လာပါတယ်...

9:23 PM ကိုကို: ကိုကိုရောက်ပီ
ရှိနေလား

တဲ့လေ...ချက်ချင်းပြန်မဖြေမိဘူး.....သူနောက်တခါထပ်ခေါ်မှ


me: အင်းးကို
ုမိုက်ခေါ်လိုက်မယ်
ကြားရလား ။

ပြန်ထူးမိတယ်.....စကားတွေအများကြီးဘဲပြောကြတယ် ။။ဖုန်းဆက်တိုင်းလည်းပြောနေကြ
စကားတွေပါဘဲ ။။အင်တာနက်မှာဆိုတော့ VZO ကနေ လူကိုပါကြည့်လို့ရတာ တခုပိုကောင်း တာပေါ့လေ။။။သူပိန်သွားတယ်...အသားတွေမည်းသွားတယ်...
မနက်ဖန်ကလောသွားရမယ်လို့ပြောတယ် ။။သူအခုအုံးလွဲနေတယ်လို့ပြောသွားတယ်..
ကျမကိုဆေးမှန်မှန်သောက်လားမေးတယ်..


me: အသားမည်းတဲ့ကုလားလေးဖြစ်နေပါရောလားကွယ်..
အသားဖြူတဲ့ရှမ်းလေးမဟုတ်တော့ဘူးနော်..
9:52 PM ကိုကို: အင်း
ဟုတ်တယ်
အသားတွေတော်တော်မဲပီး
ပိန်နေပီအလုပ်ကောအဆင်ပြေနေလားပစ်ပစ်
ကိုကို: ဆေးကောပုံမှန်သောက်လား
me:အလုပ်ကအဆင်ပြေပါတယ်ကို..
ကိုကို: အေးနေပီဆိုတော့ စောင်ထူထူ ခြုံအိပ်နော်
9:55 PM me: ဆေးကတော့ကိုမရှိတော့သေချာတိုက်မဲ့သူမရှိတော့လို့
သောက်တလှည့်မသောက်တလှည့်ဘဲ
ကိုကို: အဲ
me: ပစ်ပစ်ကျောင်းလည်းမတက်ဖြစ်တော့ဘူးသိလား
ကိုကို: ကိုကို မှာထားတာကို
ကိုကို့ ကိုချစ်ရင်ဆေးပုံမှန်သောက်ပါလို့လေ
me: သောက်ပါတယ်ကိုရဲ့
စိတ်ချနော်..
ကိုကို: ကျောင်းတက်ဖို့အချိန်မပေးနိုင်တော့လို့လားပစ်ပစ်
9:56 PM me: မဟုတ်ဘူးကို
မတက်ချင်တော့တာ
ကိုကို: အင်း
အလုပ်ကတဖက်နဲ့ဆိုတော့
အဆင်ပြေသလိုလုပ်ပါပစ်ပစ်
me: ကို့ ကိုကြည့်ရတာ..တအားပင်ပန်းနေသလိုဘဲကိုရယ်..

သူ့ကိုကြည့်ပြီးကျမစိတ်မကောင်းဘူး...အရင်ကကျမတွေ့ခဲ့တဲ့ သူဆိုတာနဲ့ အခုကျမတွေ့
နေရတဲ့ သူ ဆိုတာ တယောက်ထဲမဟုတ်တော့သလိုဘဲလေ ...။။
အရင်ကကျမသူ့မျက်ဝန်းတွေထဲမှာ..တက်ကြွခြင်းတွေ..မျှော်လင့်ခြင်းတွေ
အများကြီးနဲ့လက်လက်တောက်နေတာကို တွေ့မြင်နေကြ....

အခုတော့ကျမသူ့မျက်နှာကိုသေချာကြည့်တာ..သူရီလိုက်ရင်ပါးချိုင့်ပေါ်လာတာကလွဲလို့
အရင်ကသူဆိုတာ ဟုတ်မှဟုတ်ရဲ့လားလို့ တွေးနေရတယ် ...
ကျမအခုတွေ့နေရတာက..နွမ်းဖတ်ဖတ် ညှိုးရော်ရော်နဲ့ ချောင်ကျကျမျက်နှာတခုနဲ့
လူတယောက်...လေးလဆိုတဲ့အချိန်အတွင်းမှာ တအားပြောင်းလဲသွားတယ်...
မနက်ဖန်အစောကြီးခရီးသွားရမယ်တဲ့...ဆိုင်ကယ်သေချာမောင်းဖို့
ဂရုတစိုက်နဲ့သွားဖို့မှာလိုက်တယ် ။။

အတူတူမနေနိုင်သေးတော့ စိတ်ပူလည်း ဘယ်လိုနေပါဆိုပြီး မှာတာကလွဲလို့ကျမလည်းကျန်တာလုပ်
မပေးနိုင်ဘူးလေ...ကျမသူတာဝန်ကျတဲ့နေရာမသွားခင် တွေ့လိုက်ရသေးတယ်..အဲနောက်ပိုင်း လုံးဝမတွေ့ရတော့ဘူး သူလည်းလုံးဝလာမတွေ့ဘူး....ဖုန်းလေးဆက်ရုံလောက်ကလွဲလို့ အခုလိုတွေ့
ကိုမတွေ့ဖြစ်တာ 4လနီးပါးဘဲ....အခုသူလာတွေ့တော့ ကျမအရမ်းအံသြမိတယ်...တအားပြောင်းလဲသွားတယ် ....အရင်ကနဲ့အခုဆိုတာ တယောက်စီသပ်သပ်ဖြစ်သွားသလိုဘဲ ...။။အစကတော့ သူလာရင် ကျမရန်လုပ်မလို့ပါ..ဘာတွေများ
မအားမလပ်ဖြစ်နေရတာလဲဆိုပြီးတော့ပါ.....အခုတော့ကျမရန်တွေ့မယ်လို စိတ်ကူးထားတဲ့စကားလုံးတွေက
အငွေ့ပျံပြီးပျောက်သွားလေရဲ့လေ ..။။ရန်မတွေ့ရက်တော့ဘူး....။။အခုနေခါ ကျမသူ့ကိုဘာမဆို အရာရာ
နားလည်ပေးလိုက်ဖို့အဆင်သင့်ပါဘဲ.....။။

သူလာတွေ့တယ်
စကားတွေပြောကြတယ်..
သူပြန်သွားတယ်
ကျမရင်ထဲ
စိတ်မကောင်းခြင်းများစွာ
ကျန်နေခဲ့တယ်.....

ပစ်ပစ်
29.11.2011 AM 2:40

26 November 2011

jerry pigpig's Rhythm

Posted by blackroze at Saturday, November 26, 2011 13 comments












အရမ်းလွမ်းတယ်..

အများကြီးလွမ်းတယ်..
အကြီးကြီးလွမ်းတယ်..
အသည်းနှလုံးထဲကနေကိုလွမ်းနေတယ်..

စက္ကန့်တိုင်းသတိရတယ်..
မိနစ်တိုင်းသတိရတယ်..
နာရီတိုင်းသတိရတယ်...
အချိန်တိုင်းသတိရတယ်...

အရမ်းချစ်တယ်..
အများကြီးချစ်တယ်..
အကြီးကြီးချစ်တယ်..
အသည်းနှလုံးထဲကနေချစ်တယ်...

အရမ်းတွေ့ချင်တယ်
အချိန်တိုင်းတွေ့ချင်တယ်..
နေ့တိုင်းတွေ့ချင်တယ်
ညတိုင်းတွေ့ချင်တယ်...
အမြဲတမ်းတွေ့ချင်တယ်..

အချိန်တိုင်းတူတူနေချင်တယ်..
နေ့တိုင်းတူတူနေချင်တယ်..
ညတိုင်းတူတူနေချင်တယ်..
အမြဲတမ်းတူတူနေချင်တယ်..
တဘဝလုံးတူတူနေချင်တယ်....

ပစ်ပစ်
26.11.2011 AM 4:03

23 November 2011

အော်...ရယ်

Posted by blackroze at Wednesday, November 23, 2011 17 comments
ကဲ...အားလုံးဘဲပျော်ပျော်ပါးပါးလေးဖြစ်သွားအောင်ပေါ့နော်....

အော်....ရယ်




နောက်ထပ်နားထောင်ချင်သေးတယ်ဆိုရင် ပိတ်သတ်ကြီးတောင်းဆိုနိုင်ကြပါတယ်ရှင်..
အော်..ရယ်..
jerry pigpig
23.11.2011 AM 00: 44

22 November 2011

အချစ်ဆိပ်

Posted by blackroze at Tuesday, November 22, 2011 12 comments


အခုတလော ကြားမိတဲ့စိတ်မကောင်းစရာ သတင်းလေးကတော့ စင်ကာပူကညီမလေး တယောက်
တိုက်ပေါ်ကခုန်ချသွားတဲ့ သတင်းပါဘဲ... အဲသတင်းကိုစပြောပြတဲ့သူက အမ မဒမ်ကိုးပါ ..
" " ပစ်ပစ်ရေ အမ....မအိပ်ရဲဘူးဖြစ်နေတယ် ကြောက်လို့"" တဲ့လေ ။အမရယ်..ဘာလို့အဲတာတွေသွားဖတ်ရတာလဲ
ချောက်ချားစရာတွေ မဖတ်ပါနဲ့လေ...အမက ကျန်းမာရေးလည်းကောင်းသေးတာ မဟုတ်ဘူးလေ လို့
ပြောသာပြောလိုက်ရတယ်..ကျမကိုယ်တိုင်ကအရမ်းသိချင်နေပါပြီ...ဘယ်သူလဲ..ဘာအတွက်ခုန်ချတာလဲ
နောက်ဆုံး အွန်လိုင်းမှာ ကိုရင့်ကိုတွေ့တာနဲ့ အတော်ဘဲဖြစ်သွားတယ် ဘယ်သူလဲ ပြောပြစမ်းပါဦးလို့မေးစမ်းရတယ်..link လေးပေးပါလို့တောင်းရတယ်..

ပစ်ပစ်: လင့်ကလေးပေးပါကိုရင်
ကိုရင်: တိုက်ပေါ်က ခုန်ချတယ်တဲ့
ပစ်ပစ်: သူကဘယ်ကလဲ
ကိုရင်: link
အမက FBI ကလား
ကျွန်တော် တွန်းချတာ မဟုတ်ဘူးနော်
ကျွန်တော့်မိန်းမ တွန်းချတာလည်း ဟုတ်ဘူး
:D
11:24 PM ပစ်ပစ် : မဟုတ်ပါဘူးရှင် ကျမက အမေရိကန် CIA ကပါ..
ဒီအမှု့ကိုစုံစမ်းဖို့တာဝန်ပေးခံရတဲ့ jerry pigpig 007
ပါ :P

လင့်မပေးခင် ...သူမဟုတ်တဲ့အကြောင်း ကျမကိုရှင်းပြနေတာပါ...နောက်ဆုံးလင့်ကလေးရတော့
ကမန်းကတန်းသွားစပ်စုရပါတယ်...အချစ်ကြောင့်ခုန်ချတယ်ဆိုပါတော့...
သူ့FB လည်း သွားကြည့်ခဲ့ပါတယ် ...ကောင်မလေးကိုကရုဏာဒေါသ ဖြစ်မိပါတယ်...ဒီလိုယောက်ကျားအတွက် ဒီလောက်ပေးဆပ်ဖို့မလိုပါဘူး...ကျမလည်း ငယ်ငယ်ကချစ်ဖူးပါတယ် အသည်းလည်းကွဲဖူးတာဘဲ....အခုလည်းချစ်နေဆဲပါဘဲ..
တခါတလေ အဆင်မပြေတာတွေလည်း ရှိနေဆဲပါဘဲ...။။
မိန်းကလေးဆိုတော့ ချစ်သူနဲ့အဆင်မပြေရင်
ဝမ်းနည်းမယ်.. ခံစားမယ်.. ငိုမယ်...သတိရမယ်.. အဲတာသဘာဝပါဘဲ ..ဒီထက်ပိုပြီးတော့ မစဉ်းစားခဲ့သလို
မစဉ်းစားသင့်ဘူးလို့လည်းထင်ပါတယ်... အသက်တချောင်းဆိုတာ မိဘကဖန်တီးပေးလိုက်ရုံတင်မကပါဘူး
အဲဒီအသက်တချောင်း လောကကြီးထဲမှာရှင်သန်ခွင့်ရအောင် အချိန်အကြာကြီး အပင်ပန်းခံပြီး ပြုစုပျိုးထောင် ပေးခဲ့ရပါသေးတယ်..ချစ်သူကြောင့် ဒီလိုစိတ်တွေတွေးမိရင်တောင်မှ မိဘကိုထည့်စဉ်းစားသင့်ပါသေးတယ် ...ငါ့မိဘ အတွက် ဘာလုပ်ပေးခဲ့ပြီးပြီလည်း... ဘာလုပ်ပေးရဦးမလဲ သူတို့ဘာလိုအပ်နေသေးလည်း... ပြန်ပေးဆပ်သင့်ပါတယ်...
မိဘပေးခဲ့တဲ့အသက်အတွက် ပြန်မဆပ်နိုင်သေးရင်တောင်မှ ပညာသင်ပေးခဲ့တဲ့ ကျေးဇူးတရားကို
ပြန်ကြည့်သင့်တယ်.. ခုတော့ပညာလည်းတတ် ဝင်ငွေလည်းရရော...ချစ်သူအတွက် တိုက်ပေါ်ကခုန်ချတယ်
ဆိုတာ ကြားရတဲ့သူအဖို့ကတော့........... ဘာမှကိုမပြောချင်တော့ပါဘူး။။။

ချစ်သူကထားခဲ့တယ် ဆိုရင်တောင်မှ ကိုယ်ကငိုကြွေေးနရုံနဲ့ ပြီးသွားမှာလား....အသစ်တဖန် ပြန်မစတော့ဘူးလား ....သဘာဝတရားအရတော့ မိန်းကလေးတွေက စိတ်နုတာများပါတယ်..
ဒါကြောင့်ရည်းစားပြတ်ကြရင် မိန်းကလေးကပိုခံစားရတာများပါတယ်...အချစ်အတွက်ခံစားတယ်
ဆိုတာ အဆန်းမဟုတ်ပါဘူး ....နေရာတိုင်းမှာ သတ်မှတ်ချက်လေးတော့ ထားသင့်တာပေါ့လေ...။။
အခုခေတ်ကြီးမှာ ချစ်လိုက်ကြ ပြတ်လိုက်ကြဆိုတာ အဆန်းတကျယ်တော့ မဟုတ်တော့ပါဘူး...
တယောက်တယောက် သစ္စာရှိရှိနဲ့ လက်တွဲသွားကြတဲ့သူတွေရှိသလို
(၁)အယူအဆမတူလို့
(၂) မိဘအနေအထားကြောင့် ....
(၃) ငွေကြေးအခြေအနေအရ
(၄)ဘာသာမတူလို့
(၅)သဘောထားချင်းမတိုက်ဆိုင်ကြတော့လို့ စတဲ့အကြောင်းတွေကြောင့် နှစ်ဦးနှစ်ဘက် လမ်းခွဲကြတာ
ရှိသလို ...တဘက်ဘက်က သစ္စာဖောက်ပြီး အသစ် တွေ့သွားလို့ လမ်းခွဲကြတာတွေလည်းရှိပါတယ်..

ဘယ်လိုအကြောင်းကြောင့်နဲ့ ချစ်ချစ် ဘယ်လိုအကြောင်းကြောင့်နဲ့ပြတ်ပြတ် အသက်သေလောက်တဲ့
အထိတော့ အချစ်ကိုမကိုးကွယ်သင့်ပါဘူး....အချစ်ကို အဆိပ်မဖြစ်စေသင့်ပါဘူး..

ကာယံကံရှင်ရဲ့ မိဘတွေတော့ဘယ်လောက်ယူကြုံးမရ ဖြစ်နေမလဲ မသိပါဘူး...ကျမတို့လိုကြားရတဲ့သူ
တွေအဖို့ကတော့ စိတ်ထဲတနုံနုံ နဲ့ စိတ်မကောင်းဖြစ်နေမိပါတယ်...

ဘယ်လိုအခက်ခဲတွေနဲ့ဘဲရင်ဆိုင်နေရပါစေ နောက်ဆုံးမှာတော့ ပြီးဆုံးခြင်းဆိုတာရှိပါတယ်..
အဲဒီခံစားမှု့တခုက သေတဲ့ အထိရင်ထဲမှာရှိမနေပါဘူး..အချိန်တန်ရင် လွင့်ပါးသွားမှာပါ...
ကိုယ်ကခံနိုင်ရည်ရှိဖို့ဘဲလိုပါတယ်.. အခက်အခဲဆိုတာ နေရာတိုင်းမှာရှိပါတယ်....အချိန်တိုင်းမှာရှိတတ်ပါတယ်...အောင်မြင်ခြင်းဆိုတဲ့အရာ ကအခက်အခဲတွေရဲ့
နောက်မှာဘဲရှိနေတတ်တာပါ ..။။။ကိုယ့်ရဲ့ခံနိုင်ရည် ကိုစမ်းသပ်နေတယ်လို့ဘဲ သဘောထားတတ်ဖို့
လိုပါတယ်...

အချစ်ရေးအဆင်မပြေရင် ဘာကိုမှ မစားချင်မသောက်ချင် ဖြစ်တတ်တာက သဘာဝပါ....ဘာဆက်လုပ်ရမလဲ ဘာဆက်လုပ်သင့်လဲ ဘာတွေဖြစ်ကုန်ပြီလဲ ဆိုတဲ့ အတွေးပေါင်းစုံနဲ့
တော်တော်ခံစားရတာပါ..ကျမလည်းခံစားဖူးပါတယ်...အဲလိုအခါမျိုးမှာ တယောက်ယောက်ကို ရင်ဖွင့်လိုက်ပါ ..ကိုယ့်ရင်ထဲရှိတာကို အကုန်ပြောပြပြီး သူ့ကိုမျှဝေပေးလိုက်ပါ...

(တကယ်လို့များ တစုံတယောက်က သင့်ကို သူရဲ့ခံစားချက်တွေကို ရင်ဖွင့်လာမယ်ဆိုရင် အချိန်ပေးပြီး သေချာနားထောင်ပေးပါ ။သူ့ရဲ့ခံစားချက်ကို မျှဝေယူပေးလိုက်ပါ..ဒါဟာ သင်လူတယောက်ကို ကူညီရာရောက်ပါတယ်.. ကူညီတယ်ဆိုတာ ငွေကြေးအရ လူမှု့ရေးအရ လိုက်ပါကူညီပေးမှ ကူညီတယ်လို့ သတ်မှတ်တာ မဟုတ်ပါဘူး..စိတ်ဓါတ်အင်အား အရ အားပေးကူညီပေးတာလည်း ကူညီမှု့တခုပါဘဲ)

တိုက်ပေါ်ကလွယ်လင့်တကူ ခုန်ချလိုက်ဖို့ကိုတော့ မစဉ်းစားကြပါနဲ့....မိဘတွေရဲ့ ခံစားမှု့ကို
ထည့်စဉ်းစားကြပါလို့ ပြောချင်ပါတယ်.. အချစ်ဆိုတဲ့အရာက ချစ်နေတဲ့အချိန်မှာ အရမ်းချိုမြိန်ပါတယ်...
တခါတလေ အဆင်မပြေတာတွေနဲ့ တိုက်ဆိုင်မိချိန်မှာတော့ ချိုမြန်တဲ့ အရာသာပျောက်သွားတတ်ပါတယ် ။။။ဒါဟာလည်း ဖြစ်တတ်တဲ့သဘာဝတခုပါဘဲ အရာအားလုံးဟာ
အချိန်တိုင်းပြီးပြည့်စုံ လှပနေတယ် မရှိပါဘူး ။။ တခါတလေမှာ ခါးတဲ့အရသာကိုလည်း ခံစားနိုင်ရမယ်..။
အချစ်ကို အချစ်လို့ဘဲခံစားစေချင်ပါတယ် ..။။။ အဆိပ်တခွက်တော့မဖြစ်စေချင်ပါဘူး...
မိန်းကလေးတိုင်းကို အချစ်ဆိပ်မသင့်စေချင်ပါဘူး....။။။

jerry pigpig
22.11.2011 PM 7:43

14 November 2011

ဒေါသတရားနဲ့တနေ့တာ..

Posted by blackroze at Monday, November 14, 2011 18 comments
ဒီတပါတ်ထဲမှာ အလုပ် 5ရက်ဆက်တိုက်နားပါတယ် ..။ တခါမှအဲလောက် နား၇က်မရဘူးပါဘူး ..။ ကျမအလုပ်က holiday ကို sat sun ပေးတာမဟုတ်ဘဲ ကြားရက်တရက်ကို အလှည့်နဲ့ day off ယူပေးရတာပါ ။ အခုလမှာနားရက် အပြောင်းနဲ့ဆိုတော့ sun mon နှစ်ရက်ရတယ် ...။နောက်ပြီးကျမတနှစ်မှာ ၇တဲ့ခွင့် ရက်တွေကို အခု 12လပိုင်းမကုန်ခင် အပြီးသုံးပေးရမယ် ။အဲတာနဲ့အကုန်ပေါင်းလိုက်တာ့ 5ရက်တိတိ နားခွင့်ရသွားပါတယ်....။

ဒီရက်တွေမှာဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်ဆိုပြီး အစီအစဉ်တွေအများကြီးဆွဲထားပေမဲ့ တကယ်တကယ်တော့ သေချာဘာမှမလုပ်ဖြစ်သလိုလိုဘဲ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အခုဆိုရင် 3ရက်တိတိ နားပြီးသွားပါပြီ..အဲ...အမြဲတမ်းမှန်မှန်လုပ်နေတာကတော့ ညတိုင်းအွန်လိုင်းမှန်မှန်တက်နေတာပါဘဲ..ဟိုကြည့်ဒီကြည့်နဲ့ ဟိုဟာလိုက်ဖတ် ဒီဟာလိုက်ဖတ်နဲ့
အဲတာခုဘဲမှန်မှန် လုပ်ဖြစ်ပါတယ်....ပြောချင်နေတဲ့အကြောင်းကိုဘဲရောက်အောင်ပြောပါတော့မယ်လေ..

ဒေါသတရားနဲ့တနေ့တာ(မနက်ပိုင်း)

ဒီနေ့ မနက်အိပ်ယာကစောစောထပါတယ်....ဒီနေ့လုပ်စရာနှစ်ခုရှိပါတယ် ..တခုက ဆံပင်ညှပ်ဆိုင် သွားမလို့ပါ ဆံပင်လည်းမညှပ်ဖြစ်တာ 5လနီးပါးရှိတော့မယ် .. ဒုတိယတခုက သူ့စီဖုန်းခေါ်ရမှာပါ ...။
ဆံပင်ညှပ်ဆိုင်တခုဘဲသွားစရာရှိရင် 11 နာရီ 12 လောက်မှသွားလည်းရပါတယ်..ဒါပေမဲ့ ဖုန်းဆက်ရမဲ့ကိစ္စက မနက် အစောပိုင်းဘဲဆက်လို့အဆင်ပြေတာပါ..ဒါကြောင့်အိပ်ရေးပျက်ခံပြီးစောစောထရပါတယ်..
မနက် 9နာရီဆိုတာ ကျမလိုခါတိုင်း 12နာရီလောက်မှထနေကြသူအဖို့အ၇မ်းစောပါတယ်...။။ဒါပေမဲ့ ကျမထပြီး ဖုန်းခေါ်ပါတယ်...ထုံးစံအတိုင်းပါဘဲ သကောင့်သားက မရှိပါဘူး ..ဖုန်းကိုင်တဲ့သူက
ခုနကတော့သူ့ဖုန်းလာစရာရှိတယ်ဆိုပြီး စောင့်နေတယ်တဲ့ အခုဘယ်ထွက်သွားလဲမသိဘူးတဲ့
ကျမကိုဖုန်းဆက်ခိုင်းထားပြီးမဆက်မချင်းထိုင်စောင့်နေလေ..ဘာလို့ဒီလိုဖြစ်နေရတာလဲ...
ရင်ထဲမှာဒေါသကဟုန်းခနဲ တောက်လာတာပါ...သူသိပ်လွန်နေပြီ...


မနေ့ကလေးတင် တယောက်နဲ့တယောက် အခြေအတင် ပြောဆိုရန်ဖြစ်ပြီးသွားပြီး...ဒီလိုမကြိုက်ပါဘူးဆိုတာပြောထားရဲ့သားနဲ့ ဒီလိုပုံစံလာထပ်လုပ်ပါတယ်...ပြောလိုက်ရင် မေးလိုက်ရင် တာဝန် ဆိုတဲ့ခေါင်းစဉ်ကိုအကြောင်းပြပါတယ် ..သူကတာဝန်နဲ့အမိန့်ကိုနာခံရတဲ့သူမို့ပါတဲ့ ...အဲဒါကြောင့်နားလည်ပေးပါနော် ဆိုတဲ့ စကားကိုလက်ကိုင်ထားပါတယ် ....။ကျမကရော တာဝန်တွေ အမိန့်တွေမရှိဘူးလား...ကျမကရော..အားနေလို့လား ...ကျမသူ့စီဖုန်းတခါဆက်ဖို့ အိပ်ေ၇းပျက်ခံရတယ် ဖုန်းကဒ် တကဒ်ကို TWN $ 180 ပါ ...ပိုက်ဆံအကုန်ခံရပါတယ် တခါတလေ..ကဒ်နဲ့ခေါ်လို့မဝင်ရင်စိတ်မရှည်ဘဲ Hand phone နဲ့ဘဲဒီတိုင်းခေါ်ပလိုက်တာပါ...ဒီလကုန်ရင်လာမဲ့ phone bill တောင် မကြည့်ရဲလောက်အောင်ပါဘဲ အနည်းဆုံး တထောင်ကျော်မယ်ဆိုတာသိနေလို့ပါ ..ဒါတောင်ကဒ်ဝယ်ထားတာတွေမပါသေးဘူး...
ကျမဘက်ကဒီလောက် အဆင်ပြေအောင်လုပ်နေရဲ့သားနဲ့ သူ့ဘက်က အခုလိုပုံစံကို ကျမလုံးဝဆက်သည်းမခံနိုင်တော့ပါဘူး....နင်ဒီလိုဖြစ်ချင်နေတာလား အဲဒီစကားကိုငါစပြောမယ်..နင်ဘက်ကအင်းးလို့သာခေါင်းညိတ်လိုက်ဆိုတော့လည်း မဟုတ်ရပါဘူး..မလုပ်ရပါဘူး ဆိုပြီးလုံးဝလက်မခံပါဘူး.....။။

ကျမကိုတာလီဘန်ဆန်ဆန် လာဆက်ဆံနေလို့ကတော့ ကျမလည်းအမေရိကန်လို တုံပြန်ဖို့ ဝန်မလေးတော့ပါဘူး...

ဖုန်းကိုင်တာဘယ်သူမှန်းလဲသေချာမသိပါဘူး...ကျမလည်းပေါက်ကွဲပြီး ပြောချင်တာတွေပြောပလိုက်တယ်..
အခုမှပြန်စဉ်းစားမိတော့ ဖုန်းကိုင်တဲ့သူနဲ့ကဘာမှတော့မဆိုင်ပါဘူး..သူနဲ့ဘဲဆိုင်တာပါ ..ဒေါသဖြစ်နေတဲ့အချိန်မှာတော့ စိတ်ထဲဘာမှမသိတော့ဘူး...နာရီဝက်နေရင် ထပ်ဆက်မယ်...
နာရီဝက်နေပြီးထပ်ဆက်လို့ မရှိရင် ဘယ်တော့မှဒီဖုန်းကိုထပ်မဆက်တော့ဘူး...နာရီဝက်အတွင်းသူ့ကိုဖုန်းလာကိုင်ခိုင်းပါလို့ ခမ်မာမာဘဲ အမိန့်ပေးပလိုက်တယ် ...။

အဲဒီအချိန်ကျမဆံပင်ညှပ်ဆိုင်ရောက်နေပါပြီ...ဆံပင်လုပ်မဲ့ကိစ္စကို ခဏနေပါဦးလို့ ပြောထားပြီး..ဖုန်းတလုံးနဲ့ ရုပ်ရှင်ရိုက်နေရတာပါ ..။။နာရီဝက်တိတိနေလို့ ထပ်ဆက်တဲ့အချိန်မှာတော့
ပထမတယောက်မဟုတ်ဘဲ တခြားတယောက်ကဖုန်းကိုင်ပါတယ် ..
ခဏလေးညီမ စီနီယာအရာရှိကိုယ်တိုင် လိုက်ခေါ်ပေးနေတယ်...10မိနစ်လောက်ထပ်စောင့်ပေးပါနော်..နော်.......တဲ့...
အဲတော့မှ ခုနကဖုန်းကိုင်တာဘယ်သူလဲလို့မေးလိုက်တော့ " ......... "ဘယ်သူပါလို့ပြန်ဖြေတယ်..

ဘုရား ဘုရား ငါ နင်းကန်ပြောလိုက်မိတာ မှားတွားပြီ...အဲလူကြီးစိတ်ချိုးသွားရင်ပြသနာ....
သမီးကမသိလို့အော်မိတာပါနော်..

လာနေပြီ လာနေပြီ ခဏလေး ဆိုပြီး သူဟောဟဲလိုက်နေတဲ့အသံနဲ့ ဖုန်းလာကိုင်ပါတယ်...
" ပစ်ပစ်.." ဆိုပြီးလေသံပျော့လေးနဲ့ခေါ်ပြီး
ထုံးစံအတိုင်းပေါ့ ....နော်....complain အများကြီးနဲ့ဖြေရှင်းပါတယ်..

ဟားးဟား ဒီတခါတော့ မရတော့ပါဘူး တချက်မှမျက်နှာသာမပေးဘဲ .. အမေရိကန်ဆန်ဆန်ကို တိုက်ပွဲဝင်ပလိုက်ပါတယ်....။

ကျမတရစပ်ပေါက်ကွဲနေတဲ့စကားလုံးတွေကို သူအတင်းလိုက်ပြီးဖြေရှင်းပါတယ်...
ဆံပင်ညှပ်ဆိုင်ကလူတွေလည်း ကျမပေါက်ကွဲနေတာကို တအံတသြနဲ့ ငေးမောလို့...။။။
ကျမမြန်မာလိုပြောနေတာဆိုတော့ သူတို့လည်းနားမလည် ပါးမလည်နဲ့နားထောင်နေကြတာပါ...။
အကုန်လုံးကိုဝိုင်းနားထောင်နေကြတာပါ...
သိတယ်မှတ်လား Jerry pigpig ကမင်းသမီးဆိုတော့ ထိုင်လိုက် ထလိုက်...ဟိုဘက်ဒီဘက်လမ်းလျှောက်လိုက်နဲ့ မျက်၇ည်ကျတာကိုတစ်ရှုးနဲ့ဆွဲသုတ်လိုက်နဲ့..
တော်တော်လေးကို အိုက်တင် ကျင့်ပလိုက်တာပါ..အခုမှပြန်စဉ်းစားစာမိတော့လေ..
ရှက်ထှာ..ရှက်ထာ..
နောက်ဆုံးတော့လည်း မနက်ဖန်ဖုန်းထပ်ဆက်ပါနော် ပစ်ပစ် .... ကိုအိပ်ယာကထ..တန်းစီပြီးတာနဲ့ လာထိုင်စောင့်နေပါ့မယ်နော်...ပစ်ပစ်မကြိုက်တာထပ်မဖြစ်စေရပါဘူးနော်တဲ့......
အဲတာနဲ့လေ....အဲတာနဲ့ပေါ့နော်... မနက်ဖန်ဖုန်းဆက်ရင်နော် ကို့အသံကိုဘဲအရင်ဆုံးကြားချင်တယ်နော်... ဒီနေ့လိုလိုက်ခေါ်ခိုင်းနေရရင်တော့သိတယ်နော် ပြောထားပြီးသားနော်..နောက်မှအပြစ်မပြောနဲ့နော် ဘာညာပေါ့လေ...အဲတော့သူကလည်း..စိတ်ချပါ ပစ်ပစ်ရဲ့ အခုစိတ်မဆိုးနဲ့တော့နော် ဘာညာပေါ့.........အဲတာနဲ့ဖုန်းချခါနီးငြိမ်းချမ်းရေးယူလိုက်ကြတယ်ပေါ့လေ...

အခုလိုပြန်ပြေလည်သွားတာ ကျမနဲ့ သူနဲ့ကြားမှာအချစ်တွေရှိနေသေးလို့ပေါ့နော် ...။။။
( ဒါကတော့မနက်ပိုင်းမှာ ချစ်သူနှစ်ယောက်ရဲ့ရန်ပွဲလေးပေါ့လေ....။။။။။)




ဒေါသတရားနဲ့တနေ့တာ(ညနေပိုင်း)

အဲတော့မှ ဆံပင်ညှပ်ဆိုင်က လူတွေကလည်း ကျမခေါင်းကို လျှော်လိုက် ဆေးတင်လိုက် စက်ဆွဲလိုက်
လုပ်ပါတော့တယ်...ကျမဆံပင်သွားလုပ်တဲ့ ဆိုင်က နာမည်ြကီးဆံပင်ညှပ်ဆိုင်က ညှပ်ဆရာကကိုယ်ပိုင်ဆိုင်
သီးသန့်ဖွင့်ထားတဲ့ ဆိုင်ပါ...လင်မယားနှစ်ယောက် ကအကူမိန်းကလေးနှစ်ယောက်ခေါ်ပြီး ဆိုင်ဖွင့်ထားတာပါ ...။ ကျမညီမညှပ်ထားတာတော့ မဆိုးပါဘူး..

မိန်းမလုပ်တဲ့သူကစကားတော်တော်လေးများပါတယ်....ကျမကမြန်မာလိုဖုန်းပြောတာကြားထားတော့
ဘယ်ကလာလဲလို့မေးပါတယ်....ကျမကမြန်မာကပါဆိုတော့ ကျမကိုမြန်မာအကြောင်းမေးပါတယ်...
နောက်ပြီးသူက အခုတလောသတင်းကြီးနေတဲ့ ပြည်မကြီး ဟိုင်နန်ကျွန်းသူ ဆိုပါတော့..ပြည်မကြီးကတရုတ်မတွေတကယ်မလွယ်ဘူးဆိုတာ ဆိုတာဒီနေ့လုံးဝလက်ခံသွားပါပြီ
ပြောလိုက်တဲ့အကြောင်းအရာတွေဆိုတာ အစုံပါဘဲလေ...ကျမကလည်းကိုယ့်စိတ်ကူနဲ့ကိုယ်နေချင်ပါတယ်... သူကလည်းရေလည်စကားများပါတယ်..
အစပိုင်းကတော့ကျမလည်း အလိုက်သင့်ပေါ့ ...သူပြောတဲ့အကြောင်းအရာကိုလိုက်ပြီးအလိုက်အထိုက်ပြောတာပေါ့ သူကတရုတ်ပြည်ကလာတာ 7နှစ်ရှိပြီတဲ့...citizen ရပြီလားလို့မေးလိုက်တော့ သူကမလျှောက်တာတဲ့..ထိုင်ဝမ်မှာက အခုလောလောဆယ် အလုပ်မကောင်းတဲ့ကြောင်း.........စီးပွားရေးတအားကျနေတဲ့အကြောင်း နိုင်ငံသားအဖြစ်ခံယူလိုက်ရင်လည်း ဘာမှအကျိုးခံစားခွင့်မရှိတဲ့အကြောင်း အိမ်ဈေးတွေမတရားကြီးတဲ့အကြောင်းပြောပါတယ်....တရုတ်အစိုးက အခုသူတို့ပြည်သူတွေကို အသက်ကြီးလာတဲ့အခါထောက်ပံကြေး ပေးတယ်တဲ့ ..သူကအဲကြောင်းပြောပါတယ်...အဲဒီအကြောင်းအရာလေးကတော့ စိတ်ဝင်စားဖို့ကောင်းလို့ ကျမသေချာမေးမိပါတယ်.. တရုတ်အစိုးရက အခုသူတို့ပြည်သူတွေ အသက်ကြီးလာတဲ့အခါ အမျိုးသမီးဆိုရင် အသက် 50 အမျိုးသားဆိုရင် 55နှစ်ကစပြီးထောက်ပံကြေး စပေးပါတယ် ...
ပေးတဲ့နေရာမှာ မိသားစု အသိုင်းအဝိုင်းအနေအထား လုပ်ကိုင်တဲ့ အလုပ်အဲတာ ကိုကြည့်ပြီး အမျိုးအစားသုံးမျိုး ခွဲပေးပါတယ် ... အနိမ့်ဆုံးက 3000 ကနေ အမြင့်ဆုံး 7000 ထိပေးပါတယ်တဲ့...အသက်70ကျော်သွားတဲ့သူဆိုရင် ရနေတဲ့ ထောက်ပံကြေးအနေအထားကိုကြည့်ပြီး နှစ်ဆတိုးပေးတာရှိပါတယ်တဲ့ ။။။သူ့အဖေ ဆိုရင် တလကို အမြင့်ဆုံးထောက်ပံကြေး (ရတဲ့ပိုက်ဆံကို ထိုင်ဝမ် ငွေနဲ့တွက်ရင်) 7000လောက်ရတယ်တဲ့ ...အဲတာကြောင့် သူကထိုင်ဝမ်နိုင်ငံသားအဖြစ်မလျှောက်တာတဲ့..
တရုတ်နိုင်ငံသားအဖြစ်နေရတာ ပိုကောင်းတယ်တဲ့...
( ပေါက်ဖော်ကြီး သူ့လူမျိုးတော့ သူစောင့်ရှောက်သားဘဲ )

နောက်ပြီးပြောရင်းပြောရင်းနဲ့ အိမ်ထောင်ရေးအကြောင်း သူကဆက်ပြောပါတယ်..သူ့သူငယ်ချင်းတွေရဲ့ အိမ်ထောင်ရေး...သူအကိုရဲ့ အိမ်ထောင်ရေး...ကျမလည်း အင်းး လိုက် အဲ လိုက်..တအံတသြလေးလုပ်ပြလိုက် နဲ့ပေါ ( ကျမကလည်းတရုတ်စကားကို စပါယ်မကျွမ်းပါဘူး )
သူပြောတဲ့စကားလုံးတိုင်းကိုနားလည်အောင် သေချာအာရုံစိုက်ထားရတာပါ ...
ပြောရင်းနဲ့ သူ့အိမ်ထောင်ရေးအကြောင်း ရောက်သွားပါတယ် ....။ သူ့ယောက်ခမ မကောင်းကြောင်းစပြောပါတယ် ။အဲတာကျတော့ ရှော့ခ် ရှိပါတယ် သူ့ယောက်ကျားကဘေးမှာ
ရှိနေတာလေ.....ကျမတော်တော်အံသြသွားပါတယ် ။။ ယောက်ခမမကောင်းကြောင်းကို ယောက်ကျားရှေ့မှာဘဲ တစိမ်းတယောက်ကို အိတ်သွန် ဖာမှောက်ပြောပြနေတာပါ ...ကျမလည်းသူ့ယောက်ကျားကို အားနာတာနဲ့ သူပြောတာကို နားဘဲထောင်နေလိုက်တယ်....။။
ဘာမှပြန်မပြောတော့ဘူး....ဝေဖန်ခြင်းလည်းမလုပ်တော့ဘူး...
သူ့ယောက်ကျားကြည့်ရတော့ စိတ်တိုနေပုံရပေမဲ့ ဘာမှတော့ဝင်မပြောပါဘူး....
သူကျမဆံပင်ကို စက်ဆွဲပြီးတော့ သူ့ယောက်ကျားက ဆေးနဲ့လုပ်ပေးပါတယ်....အဲအချိန် သူကအိမ်သာထဲဝင်နေပါတယ် ....နောက်တော့ သူယောက်ကျားကတစ်ရူးလိုချင်တာ သူ့ကိုလှမ်းခေါ်ရာကနေ ဘယ်ကနေ ဘယ်လို စပြီးစကားများကြတယ် မသိပါဘူး....တယောက်တခွန်းနဲ့
အော်ကြီးဟစ်ကျယ် ရန်ဖြစ်တော့တာပါဘဲ.. အမလေးလေး ကြောက်စရာကောင်းလိုက်တဲ့ ပြည်ကြီးမနော်
စကားလုံးတွေဆိုတာ ကြောက်စရာကောင်းလိုက်တာ စွာလိုက်တာ ဆိုတာ မပြောပါနဲ့တော့ ...


( တသက်တကိုယ် မြင်ဖူးတဲ့ နိုင်ငံခြားသူတွေထဲမှာ သူအစွာဆုံးပါဘဲ ...တကယ်ကိုနှုတ်သီးကောင်း
လျှာပါး ဆိုတာပါဘဲ)
ကျမ မနက်က ချစ်သူနဲ့ရန်ဖြစ်တာ စကားအခြေအတင်ပြောကြတာ..
ကျမသူ့ကိုမအော်ဘူး....လေသံနဲ့ပြောတာ....
အခုပြည်ကြီးမကတော့ ကျမရင်တောင်တုန်တယ် ရုပ်လေးနဲ့တောင်မလိုက်ဘူး...နောက်တော့ သူ့ယောက်ကျားက ကလေးကျောင်းကြိုဖို့ထွက်သွားပါတယ်...သူကတော့ ကျမကိုဆက်ပြောပါတယ်..
သူ့ယောက်ကျားက သူ့ကိုပြောတယ်တဲ့ မယူခင်တုန်းကတော့ သူကို့အရမ်းနွေးထွေးတယ်.. အရမ်းလိမ်မာတယ်ပေါ့.. အခုယူပြီးတဲ့နောက်ပိုင်း သူကအရမ်းကိုစွာတယ်ပေါ့ ..
အဲလောက်စွာမယ်လို့ထင်တောင် မထင်ဘူးလို့ သူ့ယောက်ကျားကပြောတယ်ပေါ့...ကျမကို နင်ဘဲစဉ်းစားလေ သူကရောငါ့အပေါ်ကိုမစွာဘူးလား..ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ ...ကျမ သူ့ကိုဘာပြန်ပြောရမလဲလေ....ဘာပြန်ပြောရမလဲမသိတော့ ဘာမှကိုပြန်မပြောခဲ့ပါဘူး.....
စိတ်ထဲမှာတော့ အတွေးတွေနဲ့ပါ တကယ်တော့ ချစ်သူဘဲဖြစ်ဖြစ် လင်မယားဘဲဖြစ်ဖြစ်......
နှစ်ဘက်စလုံး ဟန်ချက်ညီဖို့လိုပါတယ် ....

ညနေ သူယောက်ကျားကလေးကြိုပြီးပြန်လာတော့ သူတို့ပြန်တည့်သွားကြပါတယ်....
မိန်းကလေးတယောက်ဆံပင် လာညှပ်တော့ သူယောက်ကျားညှပ်ပေးနေတာကို.... (သူကျမဆံပင်ကိုလေမှုတ်ပေးနေရင်းနဲ့ ) မှန်ထဲကနေ တချိန်လုံးကြည့်နေတာပါ ဒီလောက်စကားများနေတဲ့ ပြည်ကြီးမ ကျမကိုစကားတလုံးမှ ကိုမပြောတော့ပါဘူး...သူစကားပြောနေရင်
သူယောက်ကျားနဲ့ ဟိုမိန်းကလေးနဲ့ ဘယ်လိုညှပ်ပေးပါ ဘယ်လိုလေးတိပေးပါ ပြောနေတာတွေသူဘာမှ ကြားမှာ မဟုတ်တော့ဘူးလေ....။အဲတာကြောင့်သူကျမကိုဘာစကားမှမပြောတော့ဘဲ သူ့ယောက်ကျားကိုဘဲ
တချိန်လုံးကြည့်နေတာပါ ။။
အဲတာ သူတို့နှစ်ယောက်ကြားမှာ အချစ်ရှိလို့ပေါ့နော်...
(ဒါကတော့ ညနေပိုင်းလင်မယားရန်ပွဲလေးပေါ့)



ဒီနေ့ကိုအဆုံးသတ်လိုက်တော့ မနက်က ဖုန်းကဒ် တကဒ်စာ 180 ...ဖုန်းကျသွားလို့ကဒ်နဲ့ ပြန်ခေါ်လို့
မရတာ နဲ့ဖုန်းလိုင်းနဲ့ဘဲခေါ်လိုက်တာ 15မိနစ်လောက်ရှိမယ်...15မိနစ်ဆိုတော့ 400နီးပါးလောက်၇ှိတယ်
ဟင်းးးးးးးးးးးးးးးးးးးး (အရင် နေ့တွေကခေါ်ထားတာက တနာရီ နီးပါးလောက် ရှိမလားဘဲ) ဘုရားဘုရား
ဒီလ phone bill မကြည့်ပါရစေနဲ့တော့ ...။။ဆံပင်ညှပ်ဆိုင်ကပြည်ကြီးမ ကိုပေးခဲ့ရတာက 1500...
..ဟူးးးးးးးးးး
အခုလောလောဆယ်တော့ ပြည်ကြီးမယောက်ကျားရဲ့ ကတ်ကြေးအစွမ်းပြမှု့ကြောင့် အင်မတိအင်မတန်ကို ကျမစိတ်ညစ်နေကြောင်းပါ ...
(ကျမဆံပင် ကိုပါးပလိုက်တာ နဂိုကရှိတဲ့ဆံပင်လေးက
ထူထူလေးရယ်..အခုတော့ ဆံပင်အရမ်းထူတယ်..နဲနဲပါးလိုက်မယ်နော်ဆိုပြီး...ပါးလိုက်တာ ဆံပင်တဝက်လောက်ဘဲကျန်တော့တယ်....တော်သေးတယ်..ဆံပင်အရှည်ကို လုံးဝမတိုစေနဲ့နော်..ဆိုပြီး
အထပ်ထပ်အခါခါပြောထားလို့ အရမ်းတိုမသွားတာ...)


( ဒါကတော့ မအိပ်ခင်လေး jerry pigpig ရင်တုန်သလိုလို စိတ်တိုင်းမကျသလိုလို
ဖြစ်နေတာလေးပေါ့ )

jerry pigpig
15.11.2011 AM 4:17

ပုံတွေအားလုံးကို www.google.com ကနေယူသုံးထားပါတယ်...

11 November 2011

စောပါသေးတယ် ချစ်သူ

Posted by blackroze at Friday, November 11, 2011 15 comments
ရာသီဥတုက
တဖြည်းဖြည်းအေးစက်လို့
ညတွေကချောက်ခြားဖို့ကောင်းလိုက်တာ

တချိန်တုန်းကတော့
ဒီလိုအေးစက်တဲ့ ညတွေကို
မေ့ထားလို့
နင့်စကားသံတွေနဲ့
ငါ့ရင်ထဲနွေးထွေးခဲ့ဖူးသားဘဲ

ခုတော့......
တရာသီမှ မပြောင်းသေးဘူး
နင်ပြောင်းလဲသွားပြီလား..
မယုံနိုင်လောက်အောင်
မြန်လွန်းလှတဲ့
ကံကြာမ္မာကို..
မယုံရဲပေမဲ့ ..
ငါ
လက်ခံလိုက်ဖို့
ဆုံး ဖြတ် ရ တော့ မ လား..

ရင်နာတယ်ဆိုတဲ့ ခံစားချက်
ခံစားလို့မကောင်းပေမဲ့
ငါ့ရင်ထဲမှာတော့အမြစ်တွယ်နေပြီ
ငါလေ..နင့်ကို ရင်ဘဲနာချင်တယ်
စိတ်မနာချင်ဘူး....ချစ်သူရယ်
အဲ တာ နင့် ကို သိ စေ ချင် တယ်

ငါ့သတိရခြင်းတွေကို
နင့်အသိအမှတ်မပြုရင်နေပါ
ဥပေက္ခာ ပြုဖို့မသင့်သေးပါဘူး
ငါ့ခံစားချက်တွေကို
နင့်နားမထောင်ချင်နေပါ
ကျော မ ခိုင်း သင့် သေး ပါ ဘူး..

ငါတို့နှစ်ယောက်
အရင်က
အတူတူပျော်ခဲ့ဖူးတယ်နော်
အတူတူရန်ဖြစ်ဖူးတယ်နော်...
အတူတူဂိမ်းဆော့ဖူးတယ်နော်
အတူတူထမင်းစားဖူးတယ်နော်
အတူတူသီချင်းဆိုခဲ့ဖူးတယ်နော်
နေ့တနေ့ကို အတူတူဖြတ်သန်းဖူးတယ်
ညတညကိုလည်း အတူတူဖြတ်သန်းဖူးတယ်..
ခုတော့....
မေ့သွားပြီလား ချစ်သူ
အတိတ်ကိုပြန်တူးဆွနေတာ
မဟုတ်ပါဘူး..
နင် မေ့ နေ မှာ စိုး လို့ ပါ

နင်မရှိတော့တဲ့
ငါ့ပတ်ဝန်းကျင် က
ဘာမှမပြောင်းလဲပါဘူး
နင်သိထားတဲ့ လှုပ်ရှားမှု့တွေအတိုင်းဘဲ
ငါဆက်လက်လှုပ်ရှားနေတာလေ

ငါပါဝင်ပတ်သက်ခွင့် မရှိတော့တဲ့
ပတ်ဝန်းကျင် အသစ်တခုမှာ
နင်..အဆင်ပြေရဲ့လား...
နေမှ ကောင်းရဲ့လား
တာဝန်တွေနဲ့များ
အရမ်းပင်ပန်းနေပြီလား..
ငါ .အမြဲတမ်းစိတ်ပူမိတယ်

ငါညစဉ်ဘုရားရှိခိုးတိုင်း
နင်အဆင်ပြေစေဖို့
နင်လုံခြုံစေဖို့
နင်အန္တရယ်ကင်းစေဖို့
အမြဲတမ်း ဆုတောင်းပေးမိတယ်...
င့ါ ဆုတောင်းတွေ နင်သိဖို့ မလိုပါဘူး..
ငါ့ဆုတောင်းတွေ နင့်အတွက်ပြည့်ဖို့ဘဲလိုတာပါ...

ငါတို့ နှစ်ယောက်အနာဂတ်တခုကို
အတူတူ ဖန်တီးဖို့
ဘဝနှစ်ခုကို ပေါင်းစပ်ဖို့
အတူတူကြိုးစားမယ်လို့
နှစ်ယောက်တူတူ ဆုံးဖြတ်ခဲ့ဖူးတယ်နော်...
အခုတော့
နင် ပြောင်း လဲ နေ ပြီ လား

နင်..အရင်ကပြောခဲ့ဖူးတဲ့စကားတွေ
နင် ..အရင်က ပေးခဲ့ဖူးတဲ့ကတိတွေ
ငါ မေ့ ပြစ် လိုက် ရ တော့ မ လား

သေချာခြင်း ဆိုတာ
နေရာတိုင်းမှာမရှိပါဘူး ချစ်သူ
မရေရာခြင်းဆိုတာလည်း
အချိန်တိုင်းမှာဖြစ်နိုင်ပါတယ်ချစ်သူ

ငါတို့နှစ်ယောက် ကြားမှာ
မရောရာတဲ့ သေချာခြင်း တခုဘဲ
ရှိတယ်ဆိုတာလည်း
ငါသဘောပါက် ပြီးသားပါ...

ဒါပေမဲ့...
အခုတော့လေ....
ငါ့..စိတ်ထဲမှာ...
နင်ထားခဲ့တာ
နည်း နည်း များ စော နေ သေး သ လား လို့ ......။။။။။



ပစ်ပစ်
11.11.2011 AM 2:50

06 November 2011

အားလပ်ရက်

Posted by blackroze at Sunday, November 06, 2011 9 comments
ဒီနေ့ နားရက်ပါ ။ အလုပ်သာနားတာပါ ။လူကမနားပါ ။မနက်မျက်စိလုံးလေး နှစ်လုံးဖွင့်လိုက်ကထဲက လုပ်ရမဲ့ဟာတွေက တန်းစီလို့ တခုပြီးတခုဆက်တိုက်ပါ ။ဒါပေမဲ့ တခုမှအဆင်မပြေပါကွယ်.....။
ဆေးခန်းသွားတယ် ။ဆေးခန်းပိတ်တယ် ။သူငယ်ချင်းတွေကတော့သတိပေးသား ဆေးခန်းပိတ်လောက်တယ်နော်တဲ့ နင့်သွားမဲ့နေ့က sunday နော် တဲ့ ။ဒါပေမဲ့ jerry pigpig တို့က
don't care ပါ ။ကိုယ်လုပ်ချင်တာလုပ်လိုက်ရရင် ပြီးတာဘဲလေ ။နောက်ပြီး အကြားအမြင်ဆရာမ ဆိုတာ
သွားမေးမလို့ နေ၇ာအတိအကျမသိတဲ့အတွက် စုံစမ်းရေးတာဝန်ကို jerry pigpig ကယူထား၇ပါတယ် ။
အဲတာလည်းအဆင်မပြေပါဘူးကွယ် ။first time အဆင်မပြေတော့ second time ပေါ့ ။စိတ်မလျှော့ပါဘူး..
ဆ၇ာမကလည်းဟောတာအရမ်းမှန်တယ်ဆိုဘဲ ။။ ဒီတော့ ရှေ့ဖြစ်နောက်ဖြစ်ကိစ္စကို ရအောင်မေးမြန်းကြမယ်လို့ အားလုံးကဆုံးဖြတ်ထားကြပါတယ် ။

ပြီးတော့သူငယ်ချင်းတယောက် အိမ်ကိုသွားပါတယ် ...သူက ကလေးတယောက်နဲ့ပါ ..သားလေးတယောက်ရှိပါတယ် ။ သူငယ်ချင်းနဲ့မှ
စကားမပြောရသေးဘူး အနှီသူ့သားလေးဆိုတော့ကောင်လေးက ဝင်ဂျီကျပါတယ် ။ အန္တီၤ သားကို
ဟိုပုံလေးဆွဲပေး ဒီပုံလေးဆွဲပေး ။ အော် ..သူ့အိမ်သွားလည်တာဆိုတော့ သူ့ကိုနဲနဲတော့သည်းခံရမယ်ပေါ့
ဆိုတဲ့ စိတ်ထားလေးထားလို့ ကလေးအလိုကျလိုက်လုပ်ပေးနေရပါတယ် ။jerry pigpig ကို ပန်းချီဆရာမများမှတ်နေလားမသိပါဘူး ။ အန်တီ သားကို ခွေးပုံဆွဲပေးပါ ...ခွေးပုံပြီးတော့ ခွေးနေဖို့ အိမ်လေးပါ ဆွဲပေးဦးတဲ့ ....ပြီးတော့ ယုန်ပုံဆွဲပေးပါတဲ့..ယုန်နေဖို့အိမ် ....( ဟင်းးး ) ရေခဲမုန့်ပုံလေးပါဆွဲပေးဦးနော် တဲ့ .....ပြီးတော့ဇွန်းပါတပ်ပေးဦးလေတဲ့ ...ရေခဲမုန့်က ဇွန်းမလိုပါ ဘူးဟယ်..ဆိုတော့ အလိုမကျတဲ့မျက်နှာလေးနဲ့ သားစားရင်ဇွန်းအမြဲတပ်စားတယ်တဲ့ ..
jerry pigpig ကိုဒီလိုလာလုပ်လို့ဘယ်ရမလဲလေ ။။။အန်တီရေခဲမုန့်စားရင်တော့ ဇွန်းမတပ်ဘူးသားရယ်..
အဲတော့ဇွန်းပုံမဆွဲတတ်ဘူးလို့ ပြောပလိုက်တာပေါ့ ...ဟားဟားဟား ဘယ်ရမလဲလေ ..အဲတော့ သူ့အမေဘက်လှည့်သွားပါတယ် ...မားမား ဇွန်းပုံဆွဲပေးပါတဲ့ ..နောက်ဆုံးတော့ အဲဒီဇွန်းက jerry pigpig ဘဲတပ်ပေးလိုက်ပါတယ် ရေခဲမုန့်မှာ ။။ အော်...အခုစိတ်ရှည်သည်းခံနေတာ နောင်တချိန်အတွက် အလေ့အကျင့်ယူနေတယ်လို့ဘဲ သဘောထားလိုက်ပါတယ်လေ ။။ကဲ..ပုံဆွဲခြင်းအမှု့ ကိစ္စပြီးတဲ့အခါ
ကာတွန်းကားကိစ္စလာပြန်ပါတယ်....။အော် ကလေးတယောက်ရှိတာ တော်တော်မလွယ်တာပ်ါလားနော် ။
နောက်ဆုံးတော့ သူငယ်ချင်းနဲ့အလောသုံးဆယ် စကားမြန်မြန်ပြောပြီး တာ့တာ့ ဆိုပြီးပြန်ခဲ့ပါတယ် ..။။
နောက်ခါ ဒင်းကျောင်းပိတ်တဲ့ရက်ဘယ်တော့မှ မသွားဘူး ...ဒင်းကျောင်းဖွင့်တဲ့ရက် ဘဲသွားမယ် ..
လူကိုပုံနင်းကန်ဆွဲခိုင်းလွန်းလို့ ...ဟွန့် ....
ပြန်ခါနီးတော့မှ သူငယ်ချင်းကမျက်၇ည်အဝဲသားနဲ့ ရင်ဖွင့်ပါတယ်.... သူ့သားကျောင်းကလေ့လာရေးသွားတယ် ဟိုရက်ပိုင်းကဆိုပါတော့ ..ခါတိုင်းဆိုလည်း ပြင်ဆင်ပြီး ကလေးကိုထည့်ပေးနေကြ..။ဒီတခေါက်ကျတော့ ကလေးက သူ့ကိုဘာပြောလဲဆိုတော့
မားမား သားတို့ကျောင်းကလေ့လာရေးသွားရင် မားမားမလိုက်ခဲ့နဲ့နော် တဲ့

..သားကျောင်းကဆရာမတွေလည်းပါတယ်သားသူငယ်ချင်းအမေတွေလည်းပါတယ် တဲ့ မားမားလိုက်စရာမလိုဘူးလို့

ပြောတယ်တဲ့ အမေတယောက်အနေနဲ့ ကျမသူငယ်ချင်းအရမ်းစိတ်မကောင်း ဖြစ်နေတယ် ဆိုတာ ကျမသိပါတယ်..
သူ့ကိုနှစ်သိမ့်ဖို့ ကျမစီမှာလည်း စကားလုံးတွေ မရှိပါဘူး ...။သူငိုတာကို ကျမဒီတိုင်းဘဲကြည့်နေရပါတယ် .ကျမသူငယ်ချင်းက သူ့သားကိုအရမ်းချစ်ပါတယ် ။သူ့ဘယ်နေရာသွားသွား အမြဲခေါ်နေကြပါ ။ကလေးကို ရန်ကုန် မှာကျောင်းပြန်ထားတာတောင် မခွဲနိုင်လို့ဆိုပြီး ထိုင်ဝမ်ပြန်ခေါ်လာတာပါ ...သူငယ်ချင်းတွေအားလုံးက သူ့ကိုကွယ်ရာမှာဝေဖန်ကြပါတယ် ။သူလုပ်နေတာတွေ မှားနေပြီ ဆိုပြီးတော့ပါ ။အားလုံးကလည်းဝိုင်း အကြံပေးတာက အကောင်းဆုံးက ကလေးကို ရန်ကုန်မှာဘဲကျောင်းထားဖို့ပါ ။ပညာရေးတိုးတက်တာတွေ မတိုးတက်တာတွေ အပထား ...ယဉ်ကျေးမှု့ ဆိုတာတခုနဲ့တင် ရန်ကုန် ပြန်ကျောင်းထားသင့်တာပါ ။။ကလေးကအခုမှ 5နှစ်သားလေးရှိသေးတာပါ ။အခုတော့ 5နှစ်သားလေး
ပြစ်လိုက်တဲ့ မြှားက သူ့ရင်ကိုခွင်းသွားပါပြီ ။။ကျမပြန်ခါနီးတော့ သူ့ကို (အများကြီးမစဉ်းစားနဲ့ အများကြီးမမျှော်လင့်နဲ့ ) 不要想太多不要希忘太多 လို့ဘဲ ပြောခဲ့ပါတယ် ။။

အိမ်ပြန်ရောက်တော့ ကျမ စိတ်တွေက တိမ်တွေလိုလွင့်မျောလို့နေပါတယ် ။။အတွေးပေါင်းစုံက
ခေါင်းထဲမှာအပြည့်နေရာယူထားပါတယ် ...
အော် လောကကြီးမှာ ဘာလို့ အခုလိုမျိုးတွေဖြစ်တတ်လာတာလဲ လို့ တွေးမိပါတယ် ။ကျမဆိုရင်တော့
ကျမသားသမီးတွေကို မြန်မာပြည်မှာဘဲ ကြီးပြင်းစေမယ် ...ကွန်ပြူတာတွေ အင်တာနက်တွေကို
ကလေးတွေငယ်ငယ်လေးနဲ့နားမလည်ရင်နေပါစေ ...ကလေးတွေရင် ရင်ထဲမှာ..မိဘရဲ့ ခံစားချက်ကိုနားလည်ပေးတတ်တဲ့ စိတ်ထားလေးတွေရှိအောင် ထည့်ပေးထားမယ်....
ကျမလည်းတခါတလေ ကျရင်လောကကြီးကိုနားမလည်နိုင်ဘူး...
လူတွေကိုလည်းနားမလည်နိုင်ဘူး...
ကျမကဘဲလိုနေတာလား လောကကြီးကလဲ နဲနဲစောင်းနေတာလားမသိတော့ပါဘူးလေ....။။

ချစ်သူကိုတောင် သတိရမိတယ် ။သူနဲ့သာဖုန်းပြောလို့ လွယ်ရင် ကျမဒီအကြောင်းကို
ပြောရင် သူဘာပြန်ပြောမလဲ သိချင်လိုက်တာလေ...သားသမီးနဲ့မိဘ ရဲ့ကြားကဆက်သွယ်မှု့ကို ကျမထက် ကျမ ရဲ့ ချစ်သူ ကပိုပြီးနားလည် ခံစားတတ်တယ် ...ကျမဆို ခံစားလိုက်၇တာဘဲသိတယ် ...ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ် ဆိုတာ ချက်ချင်းမစဉ်းစားတတ်ဘူး...
သူဆို တခုခုပြောလိုက်၇င် ဘယ်လိုလုပ်သင့်တယ်ဆိုပြီးချက်ချင်းအဖြေထွက်ပါတယ်...။

သူ့စီကိုဖုန်းလည်းခဏခဏမဆက်ရဲပါဘူး...ဆက်တိုင်းလည်းသူကတာဝန်နဲ့ အပြင်ထွက်နေတာများတယ် ...ဘယ်သွားတာလဲ ဘယ်လောက်ကြာမှာလည်းဆိုပြီး သိချင်တာလည်း
သေချာအသေးစိတ်မမေးရဲဘူး ..။
ဟိုဘက်ကဖုန်းကိုင်တာ ဘယ်သူမှန်းလည်းကိုယ်ကသေချာ မသိတော့ ပြောရဆိုရတာ အရမ်းစိတ်ကျဉ်းကျပ် ပါတယ်...သူ့စီဖုန်းတခါဆက်ရတာ ကျမအတွက် အရမ်း ပရက်ရှာ များပါတယ်...။
ွှအရမ်းရင်တုန်ရပါတယ် ။ ဖုန်းကလည်းခေါ်တိုင်းဝင်တာမဟုတ်ပါဘူး...တခါတခါ ဆက်သွယ်မှု့ပြင်ပရောက်နေတာပါ ...စိတ်ရှည်ရှည်ထားရတာပါ..ဖုန်းလည်းဝင်ရော...မရှိပါဘူးခင်ဗျာ
တာဝန်နဲ့ အပြင်ထွက်သွားပါတယ်ဆိုရင်...ရင်ကိုမောရောဘဲ...ဆို့သွားတာဘဲ...။
ကျမအတွက် ဖုန်းဆက်ရတဲ့ဒုက္ခကလည်းမသေးပါဘူး ..ဒုက္ခလို့လည်းမသတ်မှတ်ချင်ပါဘူး...
ကိုယ်ချစ်ရတဲ့သူစီဆက်ရတာဆိုတော့ သူ့အသံလေးကြားလိုက်ရရင်တော့ သုခပေါ့နော်...
ရင်ထဲကို အေးစိမ့်ပြီး အလွမ်းကိုပြေသွားတာဘဲ....ဖုန်းချခါနီးကျရင် ပစ်ပစ်ဘယ်နေ့ထပ်ဆက်မှာလဲဆိုပြီး
သူကအမြဲမေးပါတယ်..။ဒါပေမဲ့ ကျမဆက်တိုင်းလည်း ...သူနဲ့ဆုံတာကနဲပါတယ်... အဲလိုဘဲ စိတ်ရှည်ရှည်
ထားပြီးဆက်ရတာပါဘဲ...။မတတ်နိုင်ဘူးလေ....ဒီလိုဘဲပေါ့နော့ ။။

အမမဒမ်ကိုး ကတော့ ကျမခံစားချက်ကို သေချာနားလည်မှာပါ ..အမရေ လူလည်းတော်တော်ပိန်သွားတယ် ။။ 4KG လောက်ကိုကျသွားတာ
အကျီတွေတောင် ချောင်ကုန်တယ် ...

အမရေ ပစ်ပစ်တို့နှစ်ယောက် နှစ်ယောက်တအိမ်မက် မက်ခွင့်ရရေး ကြိုးစားနေတယ် အမရေ
ကံတရားဆိုတာမမြင်ရပေမဲ့ အစွမ်းကုန်ကြိုးစားခွင့်တော့ ကိုတို့နှစ်ယောက်စလုံးမှာရှိတယ် တဲ့
Fighting ..ကြ စို့ ပစ်ပစ်ရေတဲ့..သတ္တိရှိတယ်မဟုတ်လား..ခေါ်ရင် လိုက်ရဲတယ်မှတ်လားတဲ့
ချစ်သူကပြောတာလေ....
ခုတော့ လွမ်းနေရသေးတာပေါ့နော် ....။။။


သူငယ်ချင်းလည်း သူ့သားကြောင့် စိတ်မကောင်းဖြစ်ပြီး ငိုနေမယ်ထင်ပါရဲ့...။
ကျန်တဲ့သူငယ်ချင်းတွေကျတော့ အကြားအမြင်ဆရာမကို မေးလိုက်မဟဲ့ ဆိုပြီး
ဘာမေးရင်ကောင်းမလဲစဉ်းစားနေမယ်ထင်ပါရဲ့ ....။။
အိမ်က မတည့်အတူနေညီမ ကတော့ သူဆံပင်ဖြောင့်ထားတဲ့နေ့မှ ရာသီဥတု ကဒီလောက်
ပူရသလားဆိုပြီး မကျေမနပ်ဖြစ်နေလေရဲ့ ...။။
jerry pigpig ကတော့ လွမ်းနေသလိုလို စိတ်တိုင်းမကျသလိုလို အိပ်ငိုက်သလိုလို ဖြစ်နေလေရဲ့..။

jerry pigpig
6.11.2011 PM 6:15

02 November 2011

အားလုံးOK ပါ၏

Posted by blackroze at Wednesday, November 02, 2011 15 comments
မနေ့က ကျမ စိတ်ထဲတော်တော်လေးကို ဆိုးဆိုးဝါးဝါး ကိုခံစားနေရတယ်.. ။စိတ်ထဲဘယ်လိုမှ
သည်းမခံနိုင်တော့ဘူး အဲလိုအနေအထားကို ။အဲတာနဲ့ ကျမ အရမ်းကြောက်နေမိတယ် ဆိုပြီး
စာတပုဒ်ေ၇းလိုက်မိတယ် ။ ကျမအားလုံးကိုတောင်းပန်ပါတယ် ။ကျမအဲလိုရေးလိုက်တဲ့အတွက်
တော်တော်များများ ကျမကိုစိတ်ပူကုန်ကြတယ် ။

အထူးသဖြင့် ကိုယ်ဝန်လွယ်ထားရတဲ့ အမမဒိုးကန်..
အမရေ ..အမကို စိတ်ပူအောင်လုပ်မိသလိုဖြစ်သွားတယ် ။။ခွင့်လွှတ်ပါအမရယ်....။ အမစိတ်ထဲဘာကို
တွေးပြီးစိတ်ပူသွားတာလဲဆိုတာ ပစ်ပစ် သိတယ်အမ...း) အဲလိုမဟုတ်ပါဘူးအမရယ်
ဒါပေမဲ့ သူနဲ့တော့ပတ်သက်နေတယ် အဲတာကြောင့် ပစ်ပစ်လည်း ဆောက်တည်ရာမရ ဖြစ်သွားတာ ။
မနက်ကသူ့စီလည်း ဖုန်းဆက်ပြီးသွားပြီ ..အိုကေပါတယ် အမရယ် ။ သူဘာမှမဖြစ်ပါဘူး ။

ဆြာအကိုဦးဟန်ကြည်ကြီးရေ...ဖုန်းဆက်တဲ့အချိန် မှန်တော့မချထားမိဘူး...ဒါပေမဲ့ ပစ်ပစ်ဟာပစ်ပစ်ပါဘဲလို့
တော့တွေးထားတယ် အကိုရ ..

ကိုလတ်ရေ..မနက်ဖန်ကိုရင်ဆိုင်ပြီးသွားပါပြီ..ကျေးဇူးပါ

လှိုင်ရေ
ပေးတဲ့ဆုအတိုင်း ကျမတကယ်ကံကောင်းခဲ့ပါတယ်...

Black ရေ..
ပြေးပြီးတော့ရင်မဆိုင်လိုက်မိဘူး ဖုန်းဆက်ပြီးဘဲရင်ဆိုင်လိုက်တယ် သူငယ်ချင်း

နေဝသန်
ဖုန်းဆက်ပြီးသွားပြီ..ဟုတ်တယ် This too will pass ပါဘဲ..အခုတော့ပြီးသွားပါပြီကွယ် ..။

မောင်သန့်
တကယ်ကို Goodluck ဖြစ်ခဲ့ပါတယ်

jas ရေ
မကြောက်တော့ဘူး ဆက်ပြီးသွားပြီ..

မွန်ရေ
ရှဲ့ရှဲ့နီ ပါလို့ ..

မကြီးချောရေ
သတင်းကောင်းဘဲကြားခဲ့ပါတယ်မကြီးရယ်..ကျေးဇူးပါနော်..

အမမိုးငွေ့ရေ
အဆင်ပြေပါတယ် အမ..

ဇင်မျိုးရေ
အဆင်ပြေပါတယ်..ကျေးဇူးပါ

ဂရုတစိုက်နဲ့ အားပေးကြတဲ့ ဘလော့ဂါမောင် နှမတွေ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ ။။
..ပစ်ပစ်အားလုံးကိုကျေးဇူးပါလို့ ပြောပါရစေ ..

နောက်ဆိုအဲလိုစိတ်ပူအောင် မလုပ်တော့ဘူးနော် ... မွမွမွမွမွမွ


ဒါဆို ကျေနပ်တယ်မှတ်လား ...။။


C-box မှာ ကိုရင်က ရောက်တယ် ...ငါ့သမီး လို့ ရေးသွားတယ် ...။။ရင်ထဲမှာ အရမ်းကို ပီတိဖြစ်ရပါတယ်။
ငါ့သမီး ဆိုတဲ့ ခေါ်သံကိုမကြားရတာ အရမ်းကြာနေပါပြီ ...

အမနဲ့ ကိုရင်ရေ ...ထက်မြက်လိမ်မာတဲ့ အရမ်းချစ်စရာကောင်းပြီး အရမ်းစိတ်ကောက်တတ်တဲ့
သမီးလေးတယောက်ရရှိပိုင်ဆိုင်ပါစေလို့ ...အမြဲတမ်းဆုတောင်းပေးမယ်နော် ။။







jerry pigpig
2.11.2011 AM 2:53

01 November 2011

အရမ်းကြောက်နေမိတယ်..

Posted by blackroze at Tuesday, November 01, 2011 10 comments
ကျမအခုအရမ်းကြောက်နေတယ် ။ ရင်ဘတ်ထဲက နှလုံးခုန်သံကိုတောင် သေသေချာချာ ပြန်ကြားနေရတယ်။။အလုပ် ထဲမှာလည်း ကွန်ပြူတာ Mouse ကိုကိုင်တာ လက်တွေတုန်နေတာ သိသာလိုက်တာလေ ။click တချက်နှိပ်ဖို့ကို ကိုယ့်လက်ကို ကိုယ်ပြန်ကြည့်မိတယ် ။ ဘုရား ဘုရား
လက်ညှိုးလေးက တဆတ်ဆတ်ကို တုန်လို့ ။ရင်ဘတ်ထဲကနှလုံးခုန်နေတာလည်း ပြုတ်ထွက်တော့
မလားတောင် အောက်မေ့ရတယ်လေ ။ ကျမကိုသူငယ်ချင်းယောက်က ဖုန်းနံပါတ်တခုလာပေးတယ် ။
ကျမအဲဒီဖုန်းကိုဆက်လိုက်ဖို့ကို ကြောက်နေတာ ။

ကျမရဲ့ယုံကြည်မှု့တွေ ။
ကျမရဲ့သတ္တိ တွေ ဘယ်ရောက်သွားပြီလဲ ။။
ကိုယ့်ဘာသာ ကို အကြိမ်ဖန်များစွာ ပြန်မေးနေမိတယ် ။။
ငါဘာဖြစ်နေလည်း ။
ငါဘာလို့ကြောက်နေရတာလည်း ။
ငါဘာကိုကြောက်နေဖို့လို လို့လည်း ။

အတောမသတ်နိုင်တဲ့ မေးခွန်းတွေကရင်ထဲက အပြည့်ဘဲ။။ ကိုယ်ဖြတ်သန်းလာတဲ့ ဘဝခရီးတလျှောက်မှာ... ဒီလိုမျိုးအဖြစ်တွေနဲ့
ဆုံခဲ့ဖူးတာ အကြိမ်ပေါင်းမနဲလှပါဘူး ... အခုလိုဘဲ စိတ်လှုပ်ရှားစရာ အခြေအနေတွေနဲ့ ကျမရင်ဆိုင်ခဲ့ဖူးပါတယ် ။။နောက်တော့လည်း အဆင်ပြေသွားတာပါဘဲလေ ဆိုပြီး ကိုယ့်ဘာသာ
ပြန်အားပေးနေရတယ် ။

မနက်ဖန်မနက် ဆိုတာကို ကျမကြောက်နေတာ ...ဒါဆိုမနက်ဖန် မရောက်အောင် တားဆီးထားလို့ရလား
ဆိုတော့လည်း မရပါဘူး...သဘာဝတရားကတော့ အချိန်တန်ရင် နေထွက်လာပြီး မနက်ဖန် ဆိုတာ
ရောက်လာမှာပါဘဲလေ ။

အဲဒီ မနက်ဖန် ဆိုတဲ့နေ့မှာကျမ ဖုန်းနံပါတ်တခုကို ဆက်ရပါလိမ့်မယ် ။။အဲဒီဖုန်းကိုဆက်လိုက်ဖို့ကို
စိတ်ထဲမှာအရမ်းကြောက်နေတယ် ။ကျမမဆက်ရဲဘူး ။။ဒါဆိုမဆက်ဘဲနဲ့ နေလို့ရသားဘဲလေ ဆိုတော့လည်း မဟုတ်ပြန်ဘူး ။ကျမဖုန်းဆက်မှကို ဖြစ်မှာပါ ။ကျမရင်ဘတ်ထဲက နှလုံးတချက်ခုန်လိုက်
တိုင်း တုန်ခါမှု့ လှုပ်ရှုားမှု့ကို ကျမခံစားကြည့်လို့ရနေတယ် နှလုံးတချက်ခုန်လိုက်တိုင်း ရင်ဘတ်တခုလုံး
လှုပ်ခါသွားသလိုဘဲ ။နှလုံးခုန်နေသံကို နားနဲ့ဆတ်ဆတ်ပြန်ကြားနေရတယ် ။။
ကျမနားထဲမှာ လှောင်ရယ် ရယ် နေသံကိုကြားနေရသလိုဘဲ ။

ကျမအရမ်းစိတ်လှုပ်ရှုားမိနေတယ် ။အရမ်းလည်းကြောက်နေမိတယ် ...
ကျမတလောကလုံးကြားအောင် အားးးးးးးးးးးးးးးးးးးးးးး ဆိုပြီးတော့သာ အော်ပလိုက်ချင်တော့တယ် ။။။
ကိုယ့်ကိုကိုယ်သာ ဒီလောက်သွေးကြောင်ရသလားဆိုပြီး ထုရိုက်ပြစ်လိုက်ချင်တော့တယ် ။
ကျမအခုစာရိုက်နေတယ်.. စာလုံးပေါင်းအမှားဗရပွကို ထပ်ခါထပ်ခါ ပြင်နေရတယ် ။။
ကျမကိုယ်ထဲက သတ္တိတွေကို မနည်းပြန်ဆွဲထုတ်နေရတယ် ။။
ရင်ထဲရောက်နေတဲ့ကြောက်စိတ်တွေကို အတင်းပြန်မောင်းးထုတ်နေရတယ် ..။။
အသက်ကိုမနည်းမှန်အောင် ပြန်ရှုနေရတယ် ..။။

ကျမ မနက်ဖန်ဆိုတာကို အေးအေးဆေးဆေး ခံနိုင်ရည်ရှိစွာနဲ့ ရင်ဆိုင် နိုင်မှာပါနော်...။။။

jerry pigpig
1.11.2011 AM 2:22
 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei