23 October 2011

ခံစားချက်နဲ့မျက်ရည်

Posted by blackroze at Sunday, October 23, 2011 15 comments


ကျမ အွန်လိုင်းရောက်တိုင်း ဘယ်သူတွေက ဘာ status တွေတင်ထားလဲ ဆိုတာအမြဲကြည့်တတ်တယ်
တင်တာတွေကတော့ အစုံပါဘဲ ။တချို့ကတော့ အချစ်နဲ့ ပတ်သတ်တာလေးတွေရေးတတ်ကြတယ်
တချို့ကတော့ဟာသလေးပေါ့ ။တချို့ကတော့လည်း ဆုံးမစာလေးတွေ တင်တတ်တယ်...အမျိုးမျိုးပါဘဲလေ။ အဲဒီအထဲကနေ ကျမသဘောကျတာလေးတွေကတော့.....။

သူငယ်ချင်းတယောက်ကတော့ အခုလိုလေးတင်ထားတယ် ။
သင့်ကိုနားလည်မှု ပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်.. သင့်ကိုနားလည်မှု မပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
ဒါဆိုကျမ လိုချင်တဲ့ ပုံစံမဟုတ်တော့ဘူးဆိုရင် သူကျမကိုမချစ်တော့ဘူးလို့သတ်မှတ်လို့ရနေပြီပေါ့နော် ။

နောက်တခုက ဗညားတင်ထားတဲ့ status လေး ပါဘဲ ။
အရှင်ဇနကာဘီဝံသ စာထဲက
လူတွေဟာ ကိုယ့်ဘာသာကိုစိတ်ချမ်းသာအောင် ပျော်အောင်မနေတတ်ရင်အဲဒီလူဟာ ပညာတတ်မဟုတ်သေးဘူးတဲ့
အဲတာလေးကိုအရမ်းသဘောကျမိတယ် ။

အဲဒီအတိုင်းဆိုရင် ကျမပညာမတတ်သေးဘူးပေါ့နော်....ကျမကိုယ့်ဘာသာပျော်အောင်မနေတတ်သေးဘူး
စိတ်ချမ်းသာအောင်လည်းမနေတတ်သေးဘူးလေ ။ကျမအသက်သာဒီအရွယ်ရောက်နေတာ တကယ်တော့ ပညာမဲ့တယောက်ပါဘဲ ။ခုချိန်ထိလည်းအဲပညာကို သင်သာသင်ချင်နေတာ တခါမှလည်းတတ်မလာတော့
ကိုယ့်ဘာကိုယ်တောင် စိတ်ပျက်မိလေရဲ့ ။ဒီဘဝ ဒီလိုဘဲသွားမလားမသိပါဘူးလေဆိုပြီး..။

တတိယ status လေးကတော့ ....
အစွယ်ကိုလဲဖုံးချင်သေးတယ် ဘီလူးပြုံးလဲပြုံးချင်သေးတယ် ....။

ဟုတ်ပါရဲ့ ။။။ဘီလူးပြုံး ပြုံးချင်မှတော့အစွယ်ဆိုတာပေါ်မှာ ကြောက်နေဖို့မလိုတော့ပါဘူးလေ။
ဘီလူးဆိုတာကလည်း အစွယ်ရှိမှ ဘီလူးပီသတာလေ ။ဘီလူးပီသချင်ရင်တော့အစွယ်ပြရဲ ရမှာပေါ့ ။။


သူငယ်ချင်းတယောက်ကလည်းပြောဖူးတယ် သူလည်းဆရာတော်တွေရေးတဲ့ စာအုပ်ထဲက ဖတ်ပြီး ပြန်ပြောပြတာ ။လူဆိုတာ ကိုယ့်ကိုကိုယ်အချစ်ဆုံးပါတဲ့ ။တယောက်ယောက်က နင့်ကိုအချစ်ဆုံးပါလို့ ပြောလာခဲ့ရင် အဲဒီလူနင့်ကိုစညာနေပြီတဲ့ ။လောကကြီးထဲမှာ ကိုယ်ကိုကိုယ်မချစ်တတ်တဲ့သူ မရှိဘူးတဲ့..။

ဒီပုံစံအတိုင်းဆိုရင်တော့ ကျမလောကကြီးထဲနေတတ်အောင်ပြန်သင်ရဦးမယ်ထင်တယ်...

ဒါပေမဲ့လည်းလေ ကျမအရမ်းကြိုက်တဲ့ စာရေးဆရာမ ဂျူး က ပိုချစ်ရတဲ့သူကိုယ်ဖြစ်ပါစေ တဲ့။။
ကျမတော့လောကီနဲ့လောကုတ် ဒီင်္နှစ်ခုကြားထဲမှာ ခက်တော့နေပါပြီလေ...

ကျမသဘောကျ နှစ်သက်တဲ့ စာရေးဆရာမကြီးအန်တီဒေါ်ကြည်အေးကလည်း အချစ်နဲ့ပတ်သက်ပြီး
အခုလိုလေးရေးထားပြန်ပါတယ်..

သခင့်မေတ္တာ ၊ မယုံသာသော
ကြမ္မာ ဖင့်လေး ၊ နှမထွေးမူ
နှုတ်နှေးစိုးရွံ့ ၊ မမေးဝံ့ဘူး
ပြောအံ့မူးမူး ၊ ကြည်နူးစကား
အားနွဲ့ ထစ်လှ ၊ တစ်ခွန်းစတိုင်း
နှုတ်ဟဟပင် ၊ ဆိုချင်ခဲခက်
နေ့ညဥ့်ရက်ဆက် ၊ တင်းမာရက်ခဲ့
ပင့်သက်ကြာထွေ ၊ လက်ချောင်းရေ၍
ပြေပြစ်နားလည် ၊ သိမြင်မည်လား
မကြည်လင်ပြန် ၊ ညှိုးထန်မည်လား
စောင့်ရည်ဘဝ ၊ ကိုယ်ထီးတသ
မာနကိုးလဲ ၊ ရင်လှိုက်လှဲရ
ဆင်းရဲနာသစ် ၊ အချစ်ဖြစ်သည် ။ ။

(ညှိုးထန်သူ ဆိုတဲ့ကဗျာလေးရဲ့ နောက်ဆုံးအပိုဒ်လေးပါ )


ဆင်းရဲနာသစ် အချစ်ဖြစ်သည် ...ဆိုတော့ အချစ်ဆိုတဲ့ခံစားချက်ကြီးရှိလာပြီ ဆိုရင်တော့ ရင်နာတာရော ခံစားရတာရော တပါတည်းပူးတွဲပါလာမယ်ဆိုတဲ့ သဘောပေါ့ ။ဘောလုံးကွင်းထဲကို ဒိုင်လူကြီးနဲ့အတူ ဝီစီရော အနီကတ်ရော အဝါကတ် ရော တခါတည်းတွဲပါလာသလိုပေါ့ ။

ဒါဆို အချစ်မဝင်ရဆိုပြီး တခါးဘဲပိတ်ထားလိုက်ရင်ကောင်းမလား.. စေ့ရုံလေးဘဲစေ့ထားလိုက်ရင် ကောင်းမလား ...ဒါမှမဟုတ် ရုပ်ရှင်ရုံတွေမှာလို လူပြည့်ပြီ လို့ဘဲ ဆိုင်းဘုတ်ထောင်လိုက်ရမလား ..
မဖြစ်သေးပါဘူးလေ .. လူပြည့်ပြီဆိုတော့ သိပ်များသွားပြီ....
ဈေးကွက်စီးပွားရေးဆန်ဆန် အရောင်းပိတ်ထားသည် ဆိုရင်ရော...
ဟယ်...ဒါလည်းမဖြစ်သေးပါဘူး ..တော်ကြာ လုံးဝရောင်းမထွက်တော့ရင် ပြသနာ...အဲတာလည်းရှော့ခ်ရှိတယ် ။။အဲဒီတော့ ကုလသမဂ္ဂဆန်ဆန်ကိုင်တွယ်ဖြေရှင်းရမယ်ဆိုရင်တော့
တံခါးခေါက်ပြီးဝင်ခွင့်တောင်းပါ ဆိုတဲ့ ဆိုင်းဘုတ်လေးကအသင့်တော်ဆုံးထင်ပါရဲ့....။

ကဗျာဆရာစာရေးဆရာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ကတော့ အချစ်နဲ့ပတ်သက်တာ
ချစ်သူကိုလွမ်းဆွတ်နေတာကို အခုလိုလေးရေးဖွဲ့ထားပြန်ပါတယ် ...

(၁)
ပန်းပွင့်ရှိမှ ၊ ရနံ့ ရတာ
မဟုတ်ပါဘူး ၊ ဖူးသည့်ဝတ်ငုံ
ထုံသည့်တစ်ပွင့် ၊ နမ်းခွင့်တစ်ရှိုက်
ရသည့်ခိုက်မှ ၊ ထာဝရတည်
ကာလရှည်လျား ၊ နှလုံးသားမှာ
စွဲမြဲစွာဖြစ် ၊ထုံနံ့ ယစ်ဝေ
ပျံ့ ဆွတ်စေ၏ ၊ ချစ်သူသိလေ …..။

( ၂ )
မျက်နှာတွေ့ မှ ၊ မြင်ခွင့်ရတာ
မဟုတ်ပါကွယ် ၊ ဘယ်ကိုသွားသွား
ဘယ်နားရောက်ရောက် ၊ ဘယ်လောက်ဝေးဝေး
အတွေးမှာရှိ ၊ အကြည့်မှာမြင်
သူပဲထင်တယ် ၊ ကောင်းကင်လိုပဲ
မော့ကြည့်ဆဲမှာ ၊တွေ့ နိုင်ပါ၏
ချစ်သူသိလေ။

( ၃ )
အသံကြားမှ ၊ နားမှာဆတ်ဆတ်
ကြားလာတတ်တာ ၊ မဟုတ်ပါလေ
စမ်းရေသံကြား ၊ သူ့ စကားရှိ
ငှက်၏တေးမှာ ၊ သူ့ သံသာတွေ
နှုတ်ခြွေစကား ၊ နားမှာတီးတိုး
ဟိုး…အရင်လို ၊ ရွှင်ချိုကြည်မြ
ကြားနေရ၏ ၊ ချစ်သူသိလေ ……။

( ၄ )
ချစ်သူသိလေ
သတိရလျှင်၊ ဒေသအကွာ
နေရတာကွဲ၊ ဘယ်လိုခွဲခွာ
ဘယ်လောက်ကွာမလဲ
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်
ထာဝရထင်သော၊ ရင်ထဲ အရိပ်
စွဲလမ်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာ ရှိနေသူ ။ ။


တကယ်တော့လူတယောက်ကို ချစ်ဖို့ဆိုတာလည်းလွယ်လွယ်နဲ့ ဖြစ်တည်လာတာမဟုတ်ပါဘူး . .။
ခံစားချက်တွေ အချိန်တွေ အများကြီး အရင်းပြုပြီးမှ တဆင့်ပြီးတဆင့် တည်ဆောက်လာခဲ့ရတာပါ

ကိုယ်တည်ဆောက်ထားတဲ့ အရာလေးကို သူများကဖျက်လိုက်လို့ဘဲဖြစ်ဖြစ် ကိုယ့်ဘာသာ ပြန်ဖျက်လိုက်ရတာဘဲဖြစ်ဖြစ် အသည်းနှလုံးတခုလုံးကို ပြန်ခြေမွပြစ်လိုက်သလိုခံစားရတာပါ ...။
သတိရတယ်ဆိုတာ ဘယ်လိုခံစားချက်မျိုးလဲ ရင်နာတယ်ဆိုတာ ဘယ်လိုခံစားချက်မျိုးလဲ
ခံစားဖူးတဲ့ သူမှဘဲသိကြတာ... မျက်ရည်တစက်ကျဖို့ ဆိုတာမလွယ်ပါဘူး ....ရင်ထဲကနေနာကျင်မှု့
သတိရမှု့တွေ ပေါင်းပြီးဖြစ်လာတဲ့ မျက်ရည်တစက်ဆိုတာ အင်မတန် တန်ဘိုးရှိပါတယ် ..။
အဲလိုမျက်ရည်အစက်ပေါင်းများစွာ ဆိုရင်စဉ်းစားကြည့်ပေါ့နော် ။ဘယ်လောက်တန်ဘိုးရှိလိမ့်မလဲလို့ ။။
မျက်ရည်အစက်ပေါင်းများစွာ ကျဖို့အတွက် ဘယ်လောက်တောင်ရင်နာခဲ့ရမလဲလို့ ။။

လူတွေကကောင်းကင်က ကြယ်လေးတပွင့်ကြွေသွားတာတွေ့ရင် ကြယ်လေးကြွေသွားတာလောက်ဘဲ သိကြတာပါ ...အဲဒီကြွေသွားတဲ့ကြယ်လေးရဲ့ ရင်ထဲကခံစားချက်တွေမျက်ရည်တွေကို မမြင်ကြပါဘူးလေ...။

ချစ်တတ်ကြတဲ့သူတိုင်း ကိုယ့်ချစ်သူရဲ့ ခံစားချက်မျက်ရည်တွေကို မြင်တတ်ကြပါစေလို့ ......။။။။။

Blackroze
23.10.2011 PM 4:50



22 October 2011

နာမည်ပြောင်းသကြားလုံးထုပ်

Posted by blackroze at Saturday, October 22, 2011 13 comments
ဒီနေ့အလုပ်ကသူငယ်ချင်းတယောက်က နာမည်ပြောင်းလိုက်တဲ့အထိမ်းအမှတ်နဲ့ သကြားလုံးထုပ်လေးတွေ ပေးပါတယ် ။သူ့နာမည်ကိုဗေဒင်ဆရာကမကောင်းဘူးဆိုလို့ နာမည်ပြောင်းတာပါ...။
ကဲသကြားလုံးလေးတွေကြည့်လိုက်ရအောင်..။။
ဒါကတော့သကြားလုံးအထုပ်လိုက်လေးပါ ..

သကြားလုံးအထုပ်လေးကိုဖြည်လိုက်ပါပြီ..ဒန်တန်တန်..(တဂျီးလာလုမစားနဲ့နော်...)


အထဲမှာပါလာတာလေးတွေပါ။။။
ထီးလေးကသကြားလုံးမဟုတ်ပါဘူး ဂျယ်လီလေးပါ...


ဂျယ်လီထီးလေးက jerry pigpig ဗိုက်ထဲရောက်သွားပါတယ်..
တွေ့လား..ထီးရိုးဘဲကျန်တော့တယ်
ဒါကတော့ နောက်ထပ်သူငယ်ချင်းတယောက်ကပေးလိုက်တဲ့ အအေးဗူးပါ
အရင်ကဘယ်လောက်နဲ့ရောင်းလည်းတော့ မသိဘူးတဲ့...ဒီနေ့ အအေးရောင်းတဲ့စက်မှာ
ဈေးလျှော့ပြီး တဗူး10 နဲ့ရောင်းတယ်ဆိုတော့ သူနှစ်ဗူးဝယ်လိုက်တာတဲ့ ...
jerry pigpig အတွက်ကတဗူး တဲ့...တွေ့လား..သူငယ်ချင်းကအဲလိုစေတနာကောင်းထှာ
10ဘိုးကြီးများတောင်ဝယ်တိုက်တယ်....

ဒီလောက်ရေးလိုက်ရရင်ကျေနပ်ပါပြီ..... စာကိုအရမ်းရေးပြီး Post တင်ချင်နေတာ သူများတွေလိုလည်း
ဟုတ်တိပတ်တိ မရေးတတ်တော့ ဟိုယောင်ဒီယောင်နဲ့ ရေးချင်တာတွေရေးနေရတယ် ...
အခုလည်းရေးချင်တာရေးလိုက်တယ်.... ဟီးးဟီးးဟီးးး
ကဲ..အားလုံးဘဲ ...jerry pigpig အိပ်တော့မယ်နော် Good night နော်....

Blackroze
22.10.2011 AM 4:15

17 October 2011

နားထောင်ဖြစ်နေတဲ့သီချင်း

Posted by blackroze at Monday, October 17, 2011 9 comments
အခုတလော ညတိုင်းနားထောင်ဖြစ်နေတဲ့သီချင်းလေးတွေပါ


video video




video video

14 October 2011

jerry pigpig 野柳 သို့အလည်တခေါက်

Posted by blackroze at Friday, October 14, 2011 14 comments
ဒီတစ်ပါတ်မှာ အလုပ်ကနေနားရက်နှစ်ရက် ယူထားပါတယ် ။14ရက်နဲ့ 15ရက်ဆိုပါတော့ ။ 15ရက်ကတော့ကျမနားရက်ပါ ။14ရက်ကတော့ ခွင့်ရက်ကျန်နေတာကို ကုန်အောင်သုံးပေးတဲ့သဘောပါ ။နားရက်နှစ်ရက် ယူပေးရတာခြင်းတူတဲ့ သူငယ်ချင်းတယောက်နဲ့ ခရီးတိုလေးသွားဖြစ်ခဲ့ပါတယ် ။ ထိုင်ဝမ်ရဲ့ ဘုရင်မဦးခေါင်းလို့ တင်စားတဲ့နေရာလေးကိုသွားဖြစ်ခဲ့ပါတယ် ။လက်စွမ်းပြရိုက်လာတဲ့ ပုံလေးတွေပါတင်ပေးလိုက်ပါတယ် ။ပုံတွေက jerry pigpig ရဲ့ ရိုက်ချက်တွေပါ ။ကြည့်လို့မကောင်းရင်လည်း ရိုက်တဲ့သူညံလို့မဟုတ်ဘဲ ကင်မရာမကောင်းလို့ဆိုပြီးသည်းခံပေးလိုက်ကြပါ ဟီးးဟီးးး ။

ဒါကတော့ ကားပေါ်ကနေလှမ်းမြင်နေရတဲ့ ပင်လယ်ပါဘဲ ။
ဲ ဒါကတော့ အဝင်ဝလေးပါ ။
ဒါကတော့ Queen Head II ပါ ..ဝင်ဝင်ချင်းတွေ့ရတဲ့ ဘုရင်မခေါင်းပါ ။


ဒီပုံလေးတွေကတော့ ပင်လယ်ရှု့ခင်းတွေပါဘဲ ။။



အပေါ်ကပုံမှာမြင်နေရတဲ့ အနီရောင်လိုင်းလေးက အဲနေရာကနေ ကျော်မသွားရဘူးလို့ သတိပေးထားတာပါ ။
ကျော်ရင်အန္တရယ်ရှိတယ်ပေါ့ ။။ကမ်းခြေတခုလုံးကို အနီေ၇ာင်လိုင်းဆွဲပေးထားပါတယ် ။အောက်ကပုံလေးမှာ တံတားအောက်တည့်တည့်နေရာလေးက ရေကစိမ်းနေတာဘဲ ။အောက်ကကျောက်အေ၇ာင်ကဘဲစိမ်းနေလို့လားမသိဘူး ။


ဒါကတော့အပေါ့်တည့်တည့်ကနေကိုရိုက်ထားတာပါ ။


ဂျပုအုန်းပင်နှစ်ပင်...။ ဘာအပင်လဲတော့သေချာမသိပါဘူး ။ သူကလည်းနာမည်တွေဘာတွေမေ၇းထားဘူးလေ ။
လှေကားထစ်ပုံစံဖြစ်နေတဲ့ ကျောက်ထပ် ။

အပေါ်ကပုံထဲမှာ နောက်ဘက်ကကျောက်ဆောင်ပေါ်မှာ သူ့သဘာဝအတိုင်းဖြစ်နေတဲ့ ဖိနပ် ပုံစံရယ်
မြေပဲပုံစံရယ် နောက်ပြီးဆင်ခေါင်းပုံစံရယ်

အခုပုံကတော့ ပဲပြားနဲ့ပုံစံတူတဲ့ ကျောက်ဆောင်ပါတဲ့ ...ကျောက်ပြားပေါ်မှာပဲပြားတုံးတွေလို
လေးထောင့်ပုံစံတွေဖြစ်နေလို့တဲ့ ။ဘေးဘက်ကကျောက်ဆောင်အမြင့်ပေါ်ကနေ အောက်ကိုကြည့်ရင်
ပဲပြားပုံစံဆိုတာသေချာပိုထင်ရှားတယ်တဲ့ ။ကျမတော့မတက်နိုင်တော့လို့ ကျောက်ဆောင်ပေါ်တက်မကြည့်ခဲ့ပါဘူး ။မနက်သွားတုန်းးကမိုးတွေကလည်းရွာနေတာလေ ။မိုးတတ်သွားပေမဲ့ မိုးကအုံနေတုန်းရယ် ။နောက်ပြီး အဲကျောက်ဆောင်ပေါ်ကျတော့ တက်တဲ့သူတွေလည်းသိပ်မရှိဘူး ....။
သဘာဝအတိုင်းဖြစ်နေတဲ့ကျောက်တွေကလည်းထူးဆန်းသား ....လူတွေတမင်တကာလုပ်ထားတဲ့အတိုင်းဘဲ။


အပေါ်ကပုံမှာကျတော့ နောက်ကမြင်နေတဲ့ ကျောက်ဆင်ခြေလျှောလေးက သေချာကြည့်ရင် ခွေးခေါင်းလိုပုံစံမျိုး ။

ကဲ..ဒါကတော့ Queen Head ပါဘဲ ...ဘုရင်မခေါင်းပုံစံနဲ့ တူနေလို့ပါတဲ့ ။
အခုဆိုရင်လည်ပင်းနေရာက လေတိုက်စားပါများပြီး တဖြည်းဖြည်းသေးလာတယ်တဲ့ ။
နောက်ဆိုရင် ပြတ်ကျသွားနိုင်တယ်တဲ့ ။

ပုလင်းတလုံးမျောလာတာတွေ့တယ် ။စာတွေဘာတွေများထည့်မျှောလာတာလားလို့ ..။

jerry pigpig မကောက်ရသေးခင်မှာဘဲ သူများတွေလက်ဦးသွားတယ် ...ဘာပုလင်းမှမဟုတ်ပါဘူး
သဘောင်္ပေါ်ကနေပြစ်ချလိုက်တဲ့ သောက်ပြီးသားအရက်ပုလင်းလွတ်ပါ ... :p
အင်းးး ဘာတွေများငုံကြည့်နေတာလဲမသိဘူးနော် ။။သူငယ်ချင်းကင်မရာ ဝူးမန်းရဲ့ လျှပ်တပြက်ရိုက်ချက်ပါ :D


ခရုခွံလေးရောကျောက်တုံးရော က အောက်ကမြေပြင်ကကျောက်ခဲလေးတွေနဲ့အရောင်တခုထဲဘဲ ...။


ရဲလျိုကဒေသထွက်စားစရာတွေ လက်ဆောင်တွေရောင်းတဲ့ဈေးတန်းလေးပါ ...


ကျမတော့အဲလိုအရသာတွေမကြိုက်ဘူး .....ဒါကြောင့်ကြည့်ဘဲကြည့်ခဲ့တယ် ဘာမှမဝယ်ခဲ့ဘူး...



ကျိုက်ခမီရေလည် ဘုရားကိုတောင်ပြန်သတိရမိသေးတယ်......။။
အားလုံးဘဲသီတင်းကျွတ်မှာပျော်ရွှင်ချမ်းမြေ့ပါစေရှင်... ...။။။။
(ပုံတွေကဝါးနေတယ် ...။click လုပ်ပြီးကြည့်ရင်သေချာတွေ့ရမယ်ထင်တယ် )

blackroze
15.10.2011 AM 1:45

12 October 2011

ဆန္ဒနဲ့အိမ်မက်

Posted by blackroze at Wednesday, October 12, 2011 12 comments
ဒီနေ့ည ပျင်းနေတာနဲ့ ရှိသမျှ အကောင့်အကုန်ပြန်ဝင်ကြည့်မိတယ် ။ skype .. oovoo ..Vzo ... Gtalk Gmail ...။ လုပ်ထားသမျှ အကောင့်တွေပြန်ဝင်မိတယ် ။တချို့အကောင့်ဆို Password တောင်မေ့နေလို့ ပြန်စဉ်းစားနေရသေးတယ် ။အကုန်လုံးပြန်ဝင်ကြည့်မိတော့ လည်း အတိတ်ကိုတူးဆွလိုက်သလိုပါဘဲ ။အရင်ကပြောထားတာတွေ ပြန်ဖတ်မိပြန်တယ် ။အရိပ်တွေ အရိပ်တွေ ပုံရိပ်တွေ တွေ့နေရသလိုဘဲ ချစ်သူရဲ့ အပြုံးတွေ ချစ်သူရဲ့ရယ်သံတွေ ချစ်သူရဲ့ စကားသံတွေ နားထဲတစိမ့်စိမ့် ကြားယောင်လာတယ် မျက်စိထဲ တဖြည်းဖြည်း မြင်ယောင်လာတယ် ။

ဘာလိုလိုနဲ့မတွေ့ရတာတောင် နည်းနည်းကြာနေပြီဘဲ ။ချစ်သူရေ ဘယ်နေရာမှာဘာတွေလုပ်နေသလဲကွယ် ။ သတိရော ရဲ့လား ?? အဆင်ရောပြေရဲ့လား ?? နေရောကောင်းရဲ့လား ?? တခါတလေ ပစ်ပစ် ဆိုပြီး အနားကပ်ပြီးခေါ်လိုက်သလို ကြားယောင်မိတယ် ။ ဖုန်းက message alan မြည်သံကြားလိုက်ရင် စိတ်ထဲဆွေးဆွေးမြည့်မြည့် ကိုခံစားမိတယ် ။အရင်ကဆို အလုပ်မှာ ဘယ်လောက်ဘဲ busy နေပါစေ ... message alan သံကြားတာနဲ့ ချက်ချင်းကြည့်ပြီး reply ပြန်နေကြပါ ။ခုတော့ message လာတဲ့ အသံတွေဟာ ရင်ကိုစူးစူးရှရှ ဖြစ်စေတဲ့ အသံတွေပါဘဲ ။

Mesage ကိုလည်း ကြည့်မနေမိတော့ပါဘူး ။လာတဲ့ Message တွေကလည်း ဖုန်းကြော်ငြာတွေ နေရာပေါင်းစုံကကြော်ငြာတွေ အလှပြင်ဆိုင်တွေက ပို့တဲ့ message တွေပါဘဲ ... ကြည့်ပြီးရင်တခါတည်း Delete ပါဘဲ ။သူငယ်ချင်းတွေကလည်း အလိုက်တသိနဲ့ meaage မပို့တာကြာပေါ့ ။ဟိုတနေ့ သူငယ်ချင်းတယောက် မေးရှာပါတယ် ။ နင်နေကောင်းပါတယ်နော်တဲ့ ။အဆက်သွယ်ရောရပြီလားတဲ့ ။ သူမေးခါမှပိုငိုချင်သွားတယ် ။အရင်ကဆိုကျမအရာရာကို စိတ်ရှည်သလောက် အခုဆို ကျမစိတ်တွေက ကြွတ်ဆပ်နေသလိုဘဲ တခုခုဆို ကျမစိတ်မရှည်ချင်ပါဘူး ။ အရင်ကဆို ကျမ မျက်၇ည်ခိုင်သလောက် အခုဆို မျက်ရည်ကလွယ်လိုက်တာ ။ တခုခုဆိုမျက်၇ည်က အရင်ဝဲချင်လာတာပါ ။

ညညဆိုလည်း မအိပ်ခင်အတွေးပေါင်းစုံက နှိပ်စက်လိုက်တာလေ ။ တခါတလေ မမြင်ရတဲ့ မသေချာသေးတဲ့ အနာဂတ်တခုကို စိတ်ကူးပုံဖော်လို့ ကြည်နူးမိပါရဲ့ ။ တခါတလေတော့လည်း မသေချာခြင်းတွေကိုသာဆုပ်ကိုင်လို့ ဝေဝေဝါးဝါး နဲ့ မျက်ရည်တွေသာကျမိတယ် ။ အော်..အချစ်ဟာ လူတယောက်ကို ငိုလိုက် ရယ်လိုက်နဲ့ အရူးတယောက်လို ပြောင်းလဲသွားစေနိုင်တယ် ဆိုတာလက်ခံသွားပါပြီ ။

စိတ်ကူးယဉ်အိမ်မက်တွေထဲမှာလေ ကျမတည်ဆောက်ထားတဲ့ အိမ်လေးက လှလိုက်တာ ။
အေးချမ်းတဲ့ နေရာလေးတခုမှာ ချစ်သူရယ်ကျမရယ် တူတူနေဖို့အိမ်လေးတလုံးဆောက်မယ် ။ အဲဒီအိမ်လေးမှာ ပြတင်းပေါက် တွေကို ရှည်ရှည်လေးလုပ်ထားမယ် ။ခန်းဆီးတွေ ကျမကြိုက်တဲ့ အဖြူရောင်လို အရောင်ဖျော့ဖျော့လေးတွေတပ်မယ် ။ စာကြည့်ခန်းလေးတခန်းလုပ်ထားမယ် ။
အဲဒီအခန်းထဲမှာ ကျမစိတ်ကူးပေါက်ရာဆွဲထားတဲ့ပုံလေးတွေ ရှိမယ် ။ ကျမစိတ်ကူးပေါက်ရာ လျှောက်ရိုက်ထားတဲ့ ပုံတွေရှိမယ် ။ ကျမနဲ့ချစ်သူနှစ်ယောက်တူတူ
ရိုက်ထားတဲ့ပုံတွေရှိမယ် ။အိမ်ခေါင်မိုးပေါ်ထိတက်လို့ရတဲ့ တံခါးပေါက်လေးလည်း လုပ်ထားမယ် ။
လသာတဲ့ ညတွေမှာ လမင်းကြီးနဲ့ ကြယ်တွေကို ဘောင်ခတ်ထားတဲ့ ပြတင်းပေါက်နေမကြည့်ချင်ဘူး ။ ဘာအကာအရံ မှ မရှိတဲ့ နေရာတခုကနေ ကောင်းကင်ကြီးကိုကြည့်ချင်တာလေ ။ ညလေပြေတွေထဲမှာ သီချင်းသံလေးတွေနဲ့ အေးချမ်းမဲ့ဘဝတခုကို တောင့်တမိတာပါ ။အများကြီးမချမ်းသာရင်နေပါစေ ။ကျမစိတ်ကိုအေးချမ်းမှု့ပေးနိုင်မဲ့ နေရာလေးတခုဘဲလိုတာပါ ။ အဲလိုနေရာလေးထိေ၇ာက်အောင် ဘယ်လောက်များစောင့်ရဦးမှာလဲနော် ။ဘယ်လောက်ကြာအောင် ဆက်လျှောက်ရဦးမလဲမသိဘူး ။

ငယ်ငယ်ကဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ အဝေးဆုံးနေရာမှာ ကျမအခုနေနေရတာပါ ။အခုကျမရင်ဆိုင်နေရတဲ့ ဘဝဆိုတာ ကျမမျှော်လင့်ထားတဲ့ ဘဝ ကျမဖြစ်ချင်တဲ့ဘဝ မဟုတ်ပါဘူး.....။ ကျမလိုချင်တဲ့ဘဝလေးက
ပုံစံတမျိုး ...လက်တွေ့ဖြစ်လာတဲ့ ဘဝလေးကပုံစံတမျိုး ...။ကျမလိုချင်တာက စိတ်လွတ်လပ်မှု့တွေ ရှိတဲ့နေရာမျိုးမှာနေချင်ခဲ့တာ ။ ကျမနေနေရတာက စိတ်ဖိစီးမှု့တွေများလွန်းတဲ့ နေရာ လို့တော့ထင်တာဘဲ ။

အိမ်မက်တွေထဲမှာလို ချစ်သူလက်ကို ဆွဲပြီး တိမ်တွေနဲ့ အတူတူ လွင့်မျောလိုက်ချင်ပါရဲ့ .....

အချစ်ရယ်..
ရက်တွေကြွေ
လတွေခြွေလို့
အချိန်တွေ
ကြာညောင်းသွားပါစေ...
နှစ်ယောက်အတူတူ
မျှော်လင့်ခဲ့ဖူးတဲ့
အိမ်မက်လေး
အမြဲတမ်း
မက်နေပါရစေ..
မင်နီနဲ့ကြက်ခြေမခတ်လိုက်ပါနဲ့နော်....။။


Blackroze

12.10.2011 AM 4:05

08 October 2011

Jerry pigpig feeling

Posted by blackroze at Saturday, October 08, 2011 16 comments



ကျမကိုမော်လမြိုင်ဆိုတဲ့ နယ်မြို့လေးကဆေးရုံလေးတစ်ခုမှာမွေးတာပါ ။ မွေးတုန်းကသေးသေးလေးလို့
အမေကပြန်ပြောပြပါတယ် ။ကလေးမို့သေးတာထက် မွေးကထဲကသူများကလေးတွေနဲ့ ပေါင်ချိန်ယှဉ်ရင်
ကျမကပေါင်နဲနဲလေးပါ ။5ပေါင်နဲ့ ဘယ်နှစ်အောင်စဆိုလဲမသိပါဘူး ။အမေတောင်မေ့နေပါတယ်.....။
ကလေးဘဝကလည်းအ၇မ်းချူချာတယ်လို့ပြောတယ် ။ကျမငယ်ငယ်ကဆေးတခါသောက်ဖို့အရေး
အင်မတန်စိတ်ညစ်ရတယ်တဲ့ ။ဆေးတလုံးလောက်သောက်ဖို့ကိုရေကတခွက်နဲ့တောင်မလောက်ပါဘူး ။
ဆေးသောက်လိုက် ဝေါ့ဆိုပြီး အန်ချလိုက် ။နောက်ထပ်ဆေးတလုံးထပ်သောက် ထပ်ပြီးဝေါ့တာပါဘဲ ။
အဲဒီဆေးသောက်ရင်အန်တတ်တဲံ အကျင့်ဆိုးကြီးကအခုထက်တိုင်ပါလာပါတယ် ။ဒီအရွယ်ကြီးကောင်
ကြီးမားကြီးရောက်လို့ ဆေးသောက်လွယ်သွားပြီလို့မထင်လိုက်ပါနဲ့ ။ခုချိန်ထိအောင်ဆေးသောက်ရင်
ဝေါ့ တုန်းပါဘဲ။ကျမမှတ်မိသလောက်ကျမငယ်ငယ်ကဆေးခန်းသွားပြရင် ဆရာဝန်ကိုဆေးလုံးသေးသေး
ဘဲပေးပါလို့ ပြောနေကြပါ ။

ကျမငယ်ငယ်ကမော်လမြိုင်မှာမွေးပေမဲ့ နဲနဲကြီးလာတော့အဖေက ရန်ကုန်ကိုတာဝန်နဲ့ပြောင်းတော့ မိသားစုရန်ကုန်ကိုပြောင်းလာကြပါတယ် ။
ပြောင်းလာလာချင်းရေကျော်ဘက်မှာလားမသိဘူး နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးရဲ့ အပေါ်ထပ်ကိုငှားနေကြပါတယ် ။နေ့လည်ဘက်ဆို မော်တော်ကားနဲ့ရေခဲမုန့်လာရောင်းတာရှိတယ် ။
အဲအချိန်တုန်းကရေခဲမုန့် ကတော့လေးအပေါ်မှာ..ဝေဖာလေးတခုပါ တင်ထားပေးတယ်..တခုကိုတစ်ကျပ်လား နှစ်ကျပ်လားမသိဘူးပေးရတယ် ။အဲဒီရေခဲမုန့်ကားလာရင်
အမြဲတမ်းစားချင်တယ်လို့ပူဆာနေကြပါ ။ နောက်တော့ကျောင်းတက်ရပါတယ် ။မူကြိုပေါ့ ။
မူကြိုမှာလည်းကျမက သူငယ်ချင်းပေါင်းတာနဲတယ် ထင်တာဘဲ....မူကြိုကအကြောင်းတွေသိပ် မမှတ်မိ
သလိုဘဲ ။သေချာပြန်တွေးရင်ဘာမှမရှိဘူး ။ ကျမမူကြိုတက်တုန်းက နေ့လည်ဘက်ဆို ခေါင်းအုံးလေးတွေ စောင်လေးတွေထုတ်ပေးပြီး အိပ်ခိုင်းပါတယ် ။အိပ်ယာကနိုးရင်မုန့်ကျွေးပါတယ်...
အဲတုန်းကကျမမှတ်မိတာက ဘီစကစ်ကိုအရုပ်ပုံစံတွေလုပ်ထားတာလေ ။ သေနတ်ပုံစံတို့ ကားပုံစံတို့ နောက်ပြီးအရုပ်ပုံစံလေးတွေ လုပ်ထားတာ အစုံရှိတယ် ။အိမ်ကအဲလိုမုန့်တွေထည့်ပေးနေကြ ။ကျမကအဲလိုဟာတွေသိပ်မကြိုက်ပါဘူး ။ကျမကြိုက်တာက ဂျယ်လီတို့ဝေဖာတို့ ချော့ကလက်တို့ အဲတာမျိုးဘဲစားချင်တာ ။စားချင်တာမပါတော့ သူများဝေဖာစားနေတာတွေ့ရင် စားချင်စိတ်နဲ့ ငေးမိတယ်ထင်ပါတယ် ။မူကြိုကအမကြီးတယောက်က တခြားကလေးမုန့် နဲ့ ကျမမုန့်နဲ့ တခါတလေ လဲပေးတတ်ပါတယ် ။ ( ကျမအခုပြန်စဉ်းစားမိတော့ ကျမသားသမီးတွေအလှည့်ကျရင် သူတို့စားချင်တဲ့မုန့်မေးပြီး ထည့်ပေးမယ်လို့ပါ ။ ကျမငယ်ငယ်ကလို သူများစားနေတာကို ငေးမိတာမျိုး မဖြစ်စေရဘူးလို့ ဆုံးဖြတ်ထားပါတယ် )

ကျမငယ်ငယ်ကမူကြိုကိုနှစ်ခါပြန်တက်ရပါတယ် ။ နှစ်နှစ်တိတိတက်ရတယ်လို့ပြောတာပါ ။ ပထမတနှစ်ကတော့ မူကြိုတက်တယ် ။နောက်တနှစ်ရောက်တော့ ကျောင်းမှာသူငယ်တန်းသွားအပ်တယ် ။
ကျမက December Born ပါ..ဒီဇင်ဘာမွေးတဲ့သူတွေက ကျောင်းတက်တနှစ်နောက်ကျပါတယ် ။ကျမကိုကျောင်းအပ်တော့ အသက်မပြည့်သေးဘူးဆိုပြီး ကျောင်းအုပ်ကြီးကလက်မခံပါဘူး ။အဲတာနဲ့ မူကြိုကိုနောက်တနှစ်ထပ်တက်နေရပါတယ် ။ကျမနဲ့မူကြို First year တက်ခဲ့တဲ့ သူတွေက ကျောင်းတက်ကုန်ပါပြီ ။ကျမတယောက်ဘဲမူကြိုမှာနောက် တနှစ်ထပ်နေရတာပါ ။မူကြိုsecond year ဆက်တက်တာပေါ့ ။မူကြို second year ပြီးတော့ ကျောင်းကြီးတက်ပါတယ် ။သူငယ်တန်းပေါ့ ။
တကယ်ကျောင်းသွားတက်တော့ အရမ်းကြောက်တာဘဲ ။ကျောင်းဆင်းရင် အမေလာမကြိုမှာတို့ ။ကျောင်းကဆရာမက ရိုက်မှာတို့ ။စိတ်ထဲဘာကိုတွေးပြီးကြောက်နေမှန်းကိုမသိပါဘူး ။ကျောင်းစတက်တဲ့နေ့က တချိန်လုံးငိုနေတာပါ ။အမေကစာသင်ခန်းအထိလိုက်ပို့ပေးပါတယ်....
ကျမတက်တဲ့ကျောင်းက အထက ကျောင်းပါ နှစ်ထပ်ကျောင်း ကြီးပါ ။သူငယ်တန်းအခန်းက အပေါ်ထပ်မှာရှိတာပါ ။ပြတင်းပေါက်ကလှမ်းကြည့်ရင် ကျောင်းဝင်းတံခါးကိုလှမ်းတွေ့နေရပါတယ် ။
ပထမဆုံးကျောင်းတက်တဲ့နေ့ကို ဘယ်လိုမှမေ့လို့မရပါဘူး ။ စိတ်ထဲစွဲနေအောင်ကိုမှတ်မိနေပါတယ် ။
တကယ်လို့များ ကျမ မိခင်နေရာ ကိုရောက်လာတဲ့တနေ့မှာ ကျမသားသမီးတွေကိုပထမဆုံးကျောင်းပို့တဲ့နေ့ကို ကျမတော်တော်လေးရင်ဆိုင်ရမယ်ထင်မယ်ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ ပထမဆုံးကျောင်းသွားတက်တဲ့နေ့တုန်းက ကျမဘယ်လိုခံစားရသလဲဆိုတာ ကျမသေချာမှတ်မိနေတာလေ ။အဲအခါကျရင် ကျောင်းသွားတက်ရတဲ့ ကလေးလေးကလည်း ကျမငယ်ငယ်ကခံစားရသလိုဖြစ်နေမှာလေ ။စဉ်းစားမိရင် စိတ်ထဲဘယ်လိုကြီးမှန်း မသိပါဘူး ။ကျောင်းမှာကလေးလေးကိုထားခဲ့ရက်ပါ့မလားမသိပါဘူး ။ကျောင်းစတက်တုန်းကကြောက်ပြီးငိုဘဲငိုနေတာလေ ။ဆရာမကအတန်းထဲမှာသွားထိုင်လို့ပြောတယ် ။
ဘယ်နေရာထိုင်ရမလဲမသိ ။ဘယ်သူ့နားထိုင်ရမလဲမသိ ။ အခုနေခါပြန်စဉ်းစားတော့ ကိုယ့်ဘာကိုယ်သနားလိုက်တာလေ ။အခုတော့လည်း ဘဝဆိုတဲ့ကျောင်းကြီးမှာတယောက်တည်းပါဘဲ။
အချိန်ဆိုတာကြီးကလူကိုပြောင်းလဲသွားစေတာဘဲနော် ။

အရင်တုန်းကတော့ကျောင်းပိတ်မဲ့ စနေ တနင်္ဂနွေကို အရမ်းမျှော်ပါတယ်... အခုတော့ အလုပ်နား၇မဲ့
ပိတ်ရက်လေးတရက်ကို အရမ်းမျှော်မိပါတယ် ။ကျမငယ်ငယ်က 10တန်းအရမ်းရောက်ချင်ပါတယ် ။စိတ်ထဲကလေးအတွေးနဲ့ စဉ်းစားမိတာက 10တန်းတက်ပြီးရင် အဖြူအစိမ်းနဲ့ နေ့တိုင်းကျောင်းသွားနေစရာ မလိုတော့ဘူးပေါ့ ။အေးဆေးဖြစ်သွားပြီပေါ့ ။အမှန်တကယ်က အဖြူအစိမ်းနဲ့ဘဝလေးကမှ ဖြူစင်အေးချမ်းလွန်းတာပါ ။ အခုအချိန်မှာတော့ တပါတ်မှာရတဲ့ နား၇က်လေးတရက်ကိုဘဲ မျှော်နေရတာပါ ။ ကျမအလုပ်ကပြန်လာတိုင်းစဉ်းစားမိတာက ကျမဘဝရဲ့အလုပ်လုပ်ရမဲ့နေ့ရက်တွေထဲကနေ တရက်တော့ကုန်ဆုံးသွားပြီ ဆိုတာကိုပါ ။
အခုလိုစိတ်ဓါတ်ကျနေတဲ့အချိန်မျိုး ....နေမကောင်းလို့ စိတ်အားငယ်နေတဲ့အချိန်မျိုးဆိုရင် ငယ်ဘဝလေးကို အရမ်းလွမ်းမိပါတယ် ။ပြန်မရနိုင်တဲ့အတိတ်ဆိုတာ မှန်ပေမဲ့ ခဏခဏတော့အိမ်မက်ပြန်မက်မိနေပါတယ် ။

ကျမအရမ်းစိတ်အားငယ်လာရင် အလုပ်ကအပြန်ရေချိုးခန်းထဲအမြဲငိုနေကြပါ ။အမ မဒမ်ကိုးကပြောဖူးတယ်
စိတ်ညစ်တဲ့အချိန်ဆိုရင် ပန်းခြံမှာသွားငိုမိတယ် တဲ့ ။ကျမကတော့ ရေတွေဖွင့်ထားပြီးမျက်၇ည်တွေကို
ရေနဲ့အတူတူ မျောပြစ်လိုက်ပါတယ် ။ညဆိုတော့ ကျမငိုနေတာကို ဘယ်သူမှလည်းမသိကြပါဘူး ။
အဲတာကျမအတွက်အကောင်းဆုံးနည်းပါဘဲ ။

ကျမအရမ်းစိတ်ညစ်လာရင်စဉ်းစားမိတယ် ။ကျမအဝတ်အစားတွေကို ထုပ်ပိုး ၊ ၊လိုချင်တဲ့ပစ္စည်းတွေဝယ် ၊သူငယ်ချင်းတွေကိုနှုတ်ဆက် ၊လေယာဉ်ပျံကြီးစီးပြီးမြန်မာပြည်ပြန်သွားတယ် ဆိုပြီးတော့ပါ ။
ကိုယ့်ဘာကိုလည်းပြန်မေးမိပါတယ် ပြန်သွားရင်ဘယ်သူလာကြိုမှာလဲဆိုပြီးတော့ပါ ။တနေ့မှာတယောက်ယောက်ကတော့ကျမပြန်လာတာကိုလာကြိုမယ်ထင်တာဘဲ ။

blackroze
9.10.2011 AM 1:05

(ပုံလေးကို Google ကနေယူသုံးထားပါတယ် )

04 October 2011

ကျမချစ်သောမြို့ကလေးး..

Posted by blackroze at Tuesday, October 04, 2011 16 comments
ပျော်ရာမှာမနေရ တော်ရာမှာနေရဆိုတဲ့ စကားပုံလေးကြားဖူးကြမှာပါ ..
လူရယ်လို့ဖြစ်လာကတည်းက မွေးဖွားခြင်းကနေသေဆုံးခြင်းတိုင်အောင် ရုန်းကန်လှုပ်ရှားနေရတာမှတ်လား........ဒါဘ၀ဘဲလေ....
ဒီလိုပါဘဲ ခံစားချက်တွေ သတိရခြင်းတွေ နဲ့ပြည့်နှက်နေတတ်တာလဲ ဘ၀ပါဘဲ....
ကျွန်မကို မော်လမြိုင်ဆိုတဲ့ နယ်မြို့လေးတစ်မြို့မှာမွေးဖွားခဲ့တာပါ....
ဇာတိချက်မြှုပ်လို့ပြောရမလားဘဲ...
ဒါပေမဲ့ ကျွန်မ မော်လမြိုင်မှာ ၅ နှစ်သမီးအရွယ်လောက်ထိဘဲနေခဲ့ရတာပါ ...
အဖေတာဝန်ကျတဲ့ နေရာကို လိုက်ပြောင်းနေရတာလေ.. အမေတို့ကတော့မော်လမြိုင်ဇာတိပါဘဲ...ခဏလေးဘဲနေခဲ့ရပေမဲ့....
ငါ့ကိုမွေးခဲ့တဲ့ နေရာပါလားဆိုတဲ့ အသိစိတ်လေးနဲ့ ကျွန်မမော်လမြိုင်မြို့လေးကိုချစ်ပါတယ်...
နည်းနည်းကြီးလာတော့ အစ်မတွေနဲ့ တူတူသွားတယ်လေ...
ဆွေမျိုးတွေစီကို သွားလည်တာပေါ့...ခုတော့လဲ မော်လမြိုင်မြို့လေးက
ဟိုးအရင်ကလို ကုန်းတစ်တန် ရေတစ်တန် သွားရတာမျိုးမဟုတ်တော့ဘူးလေ
သံလွင်တံတားဆောက်ပြီးသွားတော့ သွားရလာရတော်တော်အဆင်ပြေသွားပြီလို့ပြောကြပါတယ်...
တံတားဆောက်ပြီးကတည်းက ကျွန်မ တစ်ခါမှ မရောက်သေးပါဘူး....
ကျွန်မကတော့တံတားကြီးမဆောက်ရခင် တုန်းကသွားခဲ့ဖူးတဲ့ မြို့လေးကိုလွမ်းမိပါတယ်....
အထူးသဖြင့် မုတ္တမဘက် ကနေ..မော်လမြိုင် ဘက်ကို သွားဖို့ဇက်စီးရတဲ့အခါဖြစ်စေ...............
သဘောင်္စီးရတဲ့အခါဖြစ်စေ ဒီဘက်ကမ်းကနေ ဟိုဘက်မော်လမြိုင်မြို့လေးကိုလှမ်းမြင်နေရတဲ့
အချိန်မှာခံစားရတဲ့ခံစားချက်နဲ့ မော်လမြိုင်ဘက်ကနေ ရန်ကုန်ကိုပြန်ဖို့ သဘောင်္စီးလာတဲ့အခါ
ဟိုးးး.....အဝေးမှာပျပျလေးကျန်ခဲ့တဲ့ မော်လမြိုင်မြို့လေးကိုသဘောင်္ပေါ်ကနေ လှမ်းမြင်ရတဲ့
အခါ ခံစားမိတဲ့ ရင်ထဲကခံစားချက်ချင်းမတူပါဘူး.....

ပထမ ခံစားချက်က ပျော်တာ ၀မ်းသာတာ ကြည်နူးတဲ့ ခံစားချက်လေးပါ.....
ငါ့မွေးရပ်မြေကိုရောက်တော့မှာပါလားဆိုတဲ့ ၀မ်းသာတဲ့ ခံစားချက်...

ဒုတိယကတော့ ရင်ထဲကနေ လွမ်းမိတာ တစိမ့်စိမ့် နာကျင်လာတဲ့ခံစားချက်မျိုးပါ...
တဖြည်းဖြည်းနဲ့ ဝေးဝေးသွားပြီးမှုန်ပျပျလေးဘဲ မြင်ရတော့တဲ့
မြို့လေးကိုလှမ်းကြည့်ပြီး သြော်...နောက်ထပ်ဘယ်လောက်ကြာမှ
ထပ်လာဖြစ်မလဲ မသိဘူးလေ.....ဆိုပြီး...ရင်ထဲကတစ်ခုခုကို
ယူထုတ်လိုက်သလို ဟာတာတာ ဖြစ်သွားတဲ့ ခံစားချက်ပါ......

မော်လမြိုင်သွားပြီးပြန်လာတိုင်း သဘောင်္ပေါ်မှာအမြဲတမ်းမျက်ရည်ဝဲခဲ့ရပါတယ်........
မော်လမြိုင် ရောက်တာနဲ့ ပထမဆုံးလုပ်မိတာကတော့ ကျိုက်သလ္လန်ဘုရားကို
သွားမိတာပါဘဲ...အမေနဲ့ အဖေက အဲဒီဘုရားမှာ ဘုရားလာဖူးရင်းနဲ့
တွေ့ခဲ့ တာဆိုပြီးး အမေကတစ်ခါတုန်းကပြောပြခဲ့
ဖူးလို့ပါ......ဘုရားဖူးပြီးတာနဲ့ ဘုရားစောင်းတန်းမှာထိုင်ပြီး .......
အဲဒီအချိန်တုန်းက အဖေက အမေ့ကိုဘယ်လို
များတွေ့သွားတာပါလိမ့် ..... အမေကရော...ဘယ်လိုများရင်ခုန်ခဲ့မလဲ ဆိုပြီး ...
ကျွန်မအမြဲတမ်းအတွေး နယ်ချဲ့မိပါတယ်.... .ကျွန်မမမြင်လိုက်ရတဲ့
အတိတ်ကပုံရိပ်လေးတွေကိုမှန်းဆကြည့်မိတာပါ...
ကျွန်မအဖေ ကျွန်မတို့ကို ခွဲထားခဲ့တာ နှစ်20ရှိသွားပြီလေ....
ကျွန်မအဖေ့ကိုသတိရမိရင် အဖေအကြောင်းပြန်စဉ်းစားတာကလွှဲပြီး ဘာမှလုပ်လို့မှမရဘူးလေ..
လောကကြီးထဲမှာမရှိတော့တဲ့ လူတစ်ယောက်ကိုတမ်းတတာကလွဲပြီး
သတိရနေမိတာကလွဲပြီး ကျန်တာဘာမှမတတ်နိုင်ဘူးလေ......
ဒုတိယသွားမိတဲ့ နေရာကတော့ သတိပဌါန်သီလရှင်ကျောင်းပါ...
အဲဒီမှာပိုက်ဆံသွားလှူတာပါ...အဲဒီသီလရှင်ကျောင်းမှာ အရမ်းလိမ္မာတဲ့
ကြောင်လေးနှစ်ကောင် ရှိပါတယ်.....ခုလောက်ဆိုရင်တော့
ကြောင်အိုကြီးတွေဖြစ်နေလောက်ပြီထင်ပါရဲ့ရှင်....
ကျွန်မ မရောက်ဖြစ်တာဘဲ ၆ နှစ်ပတ်ဝန်းကျင်လောက်ရှိနေပြီလေ..ပြန်စဉ်းစားမိရင်
အရမ်းလွမ်းမိပါရဲ့...... ...မော်လမြိုင်မြို့လေးကို..........။
တတိယသွားမိတဲ့နေရာကတော့ ကမ်းနားလမ်းမှာအမတွေနဲ့တူတူ လမ်းလျှောက်တာပါဘဲ......
ကျွန်မ အစ်မတွေက ပြန်ပြောပြကြပါတယ်...ဒီနေရာမှာပေါ့
နင်ငယ်ငယ်ကလမ်းမလျှောက်တတ် လျှောက်တတ်နဲ့ လဲကျတာလေ...
ဒီနေရာမှာပေါ့ နင့်ဖိနပ်ကျပျောက်ခဲ့တာလေ....
ဆိုပြီးတော့ ကျွန်မ မမှတ်မိတော့တဲ့ အတိတ်ကအကြောင်းတွေကို
အမြဲတမ်းပြန်ပြောပြနေကြပါ....ခုတော့ကျွန်မလဲ မိုင်ပေါင်းများစွာဝေးနေတဲ့
နေရာမှာရောက်နေသလို.... အစ်မတွေကလဲ အိမ်ထောင်ကျတဲ့သူနဲ့
ကျွန်မလိုမျိုးဘဲ အဝေးကိုရောက်နေတဲ့ သူနဲ့.....
ခုနေခါ ကျွန်မ မော်လမြိုင် ကိုပြန်သွားလည်ရင်တောင် ကျွန်မနဲ့ တူတူ ဘုရားသွားမဲ့သူ
သီလရှင်ကျောင်းသွားမဲ့သူ ကမ်းနားမှာလမ်းလျှောက်ပေးမဲ့ သူတွေမရှိတော့ပါဘူး.....

အဲဒီတော့လဲ ကျွန်မတစ်ယောက်ထဲဘဲပေါ့နော့်......ပြသာနာမရှိပါဘူးး.......
တစ်ယောက်ထဲဘ၀မှာ နေသားကျနေပါပြီ .....
ဒါပေမဲ့ အစ်မတွေကိုတော့ လွမ်းမိမယ်ထင်တယ်.....
ကျွန်မမော်လမြိုင်ရောက်တာနဲ့ ပထမဆုံးသွားတွေ့ဖြစ်တဲ့သူကတော့
ကျွန်မရဲ့ ငယ်ငယ်တုန်းကစားဖော် ကစားဖက် သူငယ်ချင်းလေးပါ .....ခုဆိုသူအိမ်ထောင်တောင်ကျနေလောက်ပြီထင်ပါတယ်.....
ကျွန်မမော်လမြိုင်သွားမှသူနဲ့တွေ့ရတာဆိုတော့ .....သူနဲ့မတွေ့ဖြစ်တာလဲ ၆ နှစ်လောက်ရှိနေပါပြီ.....
တစ်ခါတစ်ခါသူ့ကိုလဲ သတိရမိသားရှင်...ကျွန်မ အဖေသာရန်ကုန်ကိုတာဝန်မကျဘဲ
မော်လမြိုင်မှာဘဲ ဆက်နေဖြစ်မယ်ဆိုရင် ကျွန်မလဲသူလိုမျိုး စကားသံဝဲ၀ဲ နဲ့
မော်လမြိုင်သူဖြစ်နေမှာ အသေအချာပေါ့.....မော်လမြိုင်မှာဘဲကျောင်းတက်
မော်လမြိုင်မှာဘဲကြီးတဲ့ မော်လမြိုင်သူစစ်စစ်ဖြစ်နေမှာပါ...........

ခုတော့ ကျွန်မက ကျွန်မချစ်တဲ့ မြို့လေးနဲ့ မိုင်ပေါင်းများစွာဝေးတဲ့နေရာမှာ ....
သတိရနေခြင်းဆိုတာလေးဘဲ စွဲကိုင်လို့ လွမ်းနေရတဲ့သူပါ ...
အဲဒီမြို့လေးမှာသွားခဲ့ဖူးတဲ့နေရာလေးတွေကို မကြာခဏပြန်သတိရလို့.......
တစ်နေ့တော့ ရောက်ဦးမှာပါလေ...ဆိုပြီး..အမြဲတမ်းသတိရနေမိပါတယ်.....
ကျွန်မချစ်တဲ့မြို့လေးကို.....။။။။

(ကျွန်မဒီPost လေးကိုတင်ဖို့စာရိုက်နေတဲ့ အချိန်မှာ ကျွန်မချစ်တဲ့
မော်လမြိုင်မြို့လေးက ညမှောင်မှောင်အောက်မှာ အိပ်မောကျနေပါလိမ့်မယ်
အဝေးကြီးကနေ သူ့ကိုလွမ်းနေတဲ့သူရှိနေတယ်ဆိုတာ သိမှာမဟုတ်ပါဘူး....)

(19.1.2010 3း20 AM )

ဒီပိုစ့်လေးကို လွန်ခဲ့တဲ့ 2နှစ်နီးပါးကရေးခဲ့တာပါ ။အခုမှ စိတ်ကူးပေါက်လို့ ပြန်တင်လိုက်တာပါ ။။

ကျမအခုတလော စိတ်ထဲမှာ အရမ်းအားငယ်သလိုခံစားမိနေတယ် ။ငယ်ငယ်ကအပူအပင်ကင်းတဲ့
ဘဝလေးကိုလည်း အရမ်းပြန်တမ်းတမိတယ်...။ အလုပ်မှာတခါတလေ အဆင်မပြေတာ လေးတွေနဲ့
ဆုံလိုက်တာနဲ့ အရင်ကလိုခံနိုင်ရည်မရှိချင်ဘူး.....။ မျက်ရည်ကအရင်ကျချင်လာတယ် ။
ကိုယ့်ကိုကိုယ် သိမ်ငယ်နေသလို ဝမ်းနည်းနေသလို စိတ်အားငယ်နေသလို အဲလိုမျိုးဖြစ်နေတယ် ..။
အဲလိုအခါမျိုးဆိုရင် ကျမကလေးဘဝလေးကိုအရမ်းပြန်လွမ်းမိတယ် ...။ကျမခံစားမိနေတာကိုလည်း
အိမ်မှာမပြောချင်ဘူး ။။ လူတိုင်းရဲ့ရင်ထဲမှာ အပူဆိုတာရှိမှာဘဲလေ ။ ကျမကြောင့် တခြားသူတယောက်
စိတ်မကောင်းဖြစ်သွားမှာကိုတော့ မလိုချင်ဘူး....။ကျမရဲ့အလုပ်ချိန်က ပုံမှန်အလုပ်ချိန်မဟုတ်ပါဘူး ...
နေ့တဝက်နဲ့ညတဝက်မှားနေတာပါ ..သူများတွေမနက် အိပ်ယာထ အလုပ်သွားချိန် မနက် 7နာရီလောက်
ဆို ကျမကအိပ်မောကျနေတုန်း ။ သူများတွေနေ့လည်စာစားတဲ့12 နာရီလောက်မှ ကျမနိုးတာပါ ...။
သူများတွေအလုပ်ကပြန်လာချိန် ညနေဘက်ဆို ကျမအလုပ်မှာပါ ..သူများတွေအိပ်စက်အနားယူတဲ့
ည 11နာရီလောက်မှ ကျမအလုပ်က ပြန်လာတာပါ ..အိမ်ရောက်ရင် 113း0 နီးပါးရှိနေပါပြီ ...။
ကျမညညဆိုတော်ရုံနဲ့ အိပ်မပျော်ပါဘူး..... စာရေးစာဖတ်လုပ်နေလို့ မအိပ်တာမဟုတ်ပါဘူး
အိပ်လို့မပျော်လို့ စာရေးတာစာဖတ်တာ လုပ်နေတာပါ ....ကျမအိပ်မပျော်လို့ အိပ်ယာထဲမှာ စာအုပ်
တအုပ်နဲ့ ရေးထားတဲ့တောင်ေ၇ာက် မြောက်ရောက်စာတွေအများကြီးပါဘဲ ..တခါတလေ အဖေ့ကို
သတိရမိရင် အဖေ့ကိုတိုင်တည်ပြီး ပြောချင်တာတွေ ရေးမိတယ်... တခါတလေ စိတ်ထဲဖြစ်နေတဲ့
ခံစားချက်တွေ ကိုစာရွက်အကြမ်းတရွက်နဲ့ ချရေးမိတယ်... ....ဥပမာ ကျမလိုချင်တဲ့ ပစ္စည်းတွေ
ကျမမုန်းတဲ့သူတွေရဲ့ နာမည်တွေ ...ကျမငယ်ငယ်ကကြိုက်ဖူးတဲ့ အဆိုတော်တွေရဲ့နာမည်တွေ...
အစုံပါဘဲလေ...။။ ကျမကိုအိမ်ကလူတွေကစောစောအိပ်ခိုင်းတယ်... အိပ်တဲ့အချိန်နဲ့ စားတဲ့အချိန်
မမှန်ရင်တော့ အားနည်းနေမှာဘဲတဲ့ ။။ မတတ်နိုင်ဘူးလေ ။။ကျမလည်းဒီလိုဘဲနေတာအကျင့်ဖြစ်နေပြီလေ။ ငယ်ငယ်ကကျန်းမာရေးမကောင်းတော့ ကျမကို
Pigpig ဆိုတဲ့ နာမည်ခေါ်ခဲ့ကြတာပါ ။ တခါတလေ စိတ်ကိုအလိုလိုက်လွန်းသလိုများဖြစ်နေပြီလားလို့
တွေးမိတယ် ။ခံစားချက်တအားဦးစားပေးတတ်လို့ပါ ။ အခုဆိုရင် နဲနဲဆိုရင် လူကမျက်၇ည် ကျချင်လာတယ် ။ ခံနိုင်ရည်မရှိသလိုဘဲ ။ကျမတည်ဆောက်ထားတဲ့ စိတ်ဓါတ်တွေဘယ်ရောက်ကုန်ပြီ
လဲလို့ ပြန်ရှာမိတယ်...။ကျမတည်ဆောက်ထားတဲ့ ခံနိုင်ရည်တွေ ဘယ်ရောက်သွားတာလဲလို့
ပြန်စဉ်းစားမိနေတယ်...။

ဒီညဖြစ်နေတဲ့ ခံစားချက်ကိုရေးလိုက်တာပါ

စိတ်ဓါတ်မကျစေတဲ့ဆေးလေးများရှိရင် ကျမကိုရေးပေးခဲ့ကြပါ ။။
Blackroze

4.10.2011 AM 3:07

01 October 2011

အမှတ်တရဖြစ်ပါစေ..

Posted by blackroze at Saturday, October 01, 2011 19 comments
happy birthday ပါ ချစ်သူ..

မွေးနေ့မှာပျော်ရွှင်ပါစေနော်...

သူငယ်ချင်းတွေနဲ့သွားစားတဲ့ pizza ဆိုင်ကဓါတ်ပုံမရိုက်ရဘူးဆိုလို့
သူငယ်ချင်းတွေနဲ့ပုံမရိုက်ခဲ့ရဘူး..
ကိုယ်စားတဲ့ဟာလေးဘဲမသိမသာရိုက်ခဲ့လိုက်တယ်..









မွေးနေ့ရှင်ပါ..ပါအောင်လို့အဲဂလိုလုပ်လိုက်တယ်..

အိမ်ကမတည့်အတူနေညီမကိုတော့ဘဲကင်ဝယ်ကျွေးလိုက်တယ်..
မတည့်အတူနေညီမကတော့ပြောရှာပါတယ်..
နင်ကဒါမျိုးကျတော့အရမ်းစေတနာကောင်းတာဘဲနော်..တဲ့..( ရှက်ထှာ..ရှက်ထှာ..)
ကျွေးတဲ့သူစေတနာမြောက်အောင်တိတ်တိတ်ဆိတ်ဆိတ် စားလိုက်ပြီးတာဘဲကို..
အဲတာတွေကြောင့်ဒင်းနဲ့မတည့်တာ..

ဒါတွေကတော့စိတ်ကူးပေါက်သလိုလေးလုပ်ထားကြည့်တာ...အမှတ်တရလေးဖြစ်အောင်လို့ပါ



























ချစ်သူရေ....အစစအဆင်ပြေပြီး..
ဘေးအန္တရယ်မှန်သမျှကင်းဝေးပါစေ
လုံခြုံငြိမ်းချမ်းပါစေလို့..ဆုတောင်းပေးပါတယ်နော်..

ချစ်တဲ့ ပစ်ပစ်

Blackroze
30.9.2011 ( friday )
 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei