25 May 2010
ခေါင်းစဉ်မဲ့တဲ့..ကဗျာ..
ရေစီးတခါ..ရေသာတလှည့်
စကားပုံအဖြစ်သာကြားဖူးခဲ့တာပါ
ငါ့ဘဝမှာတော့
ရေသာတလှည့်ဆိုတာ
ဘယ်ခါမှမကြုံဖူးခဲ့...
စီးမြဲတိုင်းစီးနေတဲ့ရေအလျဉ်မှာ
တလူးလူး..တလိမ့်လိမ့်..
မျောပါလို့
ဘဝပင်လယ်မှာ...
တက်ကုန်ရွက်စုံဖွင့်ပါသော်လည်း
အားမတန်မာန်လျှော့
အရှုံးပေးခဲ့ရပေါင်းများပေါ့
ဖြစ်ချင်သမျှဆန္ဒ..ပစ်ကာချလို့
ထုံဆေးပေးခံလိုက်ရတဲ့
အိမ်မက်ပျောက်သူအဖြစ်
အသက်ရှင်နေတာလေ...
အဆင်မပြေမှု့တွေနဲ့
ဆုံလိုက်မိတိုင်း..
အိမ်...ကို...လွမ်း...တယ်
လိုချင်တဲ့အရာတစ်ခုကို
စွန့်လွှတ်လိုက်ရတိုင်း
ဘဝကို....
စိတ်...နာ...မိ...တယ်
လောကကြီးကိုခပ်မဲ့မဲ့ပြုံးလို့
ရင်ခုန်သံပျောက်နေတဲ့
လူသားတစ်ယောက်
ဖြစ်...နေ..ပြီ....လား
မဟုတ်သေးပါဘူး
ကဗျာတွေရေးနေမိသရွေ့တော့
ငါ့ရင်ဘတ်ထဲမှာ...နှလုံးသား
ရှိ...နေ...ပါ...သေး...တယ်
အဖြစ်ချင်ဆုံးဆန္ဒတခုကတော့
ဘဝရဲ့နေညိုချိန်တွေကို
အေးချမ်းဖြူစင်မှု့တွေနဲ့ဘဲ
အ..ဆုံး...သတ်...လိုက်..ချင်...တယ်.....။။။။။။
(25.5.2010 Pm 2:51 )
Categories
ကဗျာ
23 May 2010
တိမ်နဲ့ပင်လယ်
တောင်စဉ်အသွယ်သွယ်
ယှက်ကာဖြာလို့
လှိုင်းသဏ္ဍန်ဆင့်ကာရယ်....
တိမ်ခိုးရယ်
ရှစ်ခွင်တိုင်းဆိုင်းပါလို့
မှိုင်းမှုံပြာရီချယ်....
တောင်ပြာတွေကအဆင့်ဆင့်
တိမ်လွှာတွေကတလွင့်လွင့်
ရေတံခွန်စိမ့်စမ်း
တောင်ပြာတန်းတွေပေါ်
တိမ်လွှာတိမ်ထု
မြူခိုးပမာလွှမ်းခြုံထားရင်ဖြင့်......
သဏ္ဍန်မကွဲပြား
ထင်မှတ်မှားတယ်
ပင်လယ်လေလား
တိမ်လေလား....
တောင်တန်းတွေလား
ကျွန်းတွေလား......။။။
(ဒီကဗျာလေးကိုကျွန်မဓါတ်ပုံတစ်ပုံကိုကြည့်မိရာကနေခံစားပြီးရေးဖြစ်ခဲ့တာပါ)
23.5.2010 AM 2:21
Categories
ကဗျာ
21 May 2010
တစ်ဘက်သတ်အချစ်...
ကျွန်မအလုပ်လုပ်တဲ့section မှာ...အသက်အငယ်ဆုံးကောင်မလေးတယောက်ရှိပါတယ်..
အသက်က၁၈နှစ်ကျော်ကျော်ဘဲရှိဦးမှာပါ...အသားဖြူဖြူလေးနဲ့ပိန်ပိန်လေးပါ.....
မျက်မှန်လေးလဲပါပါတယ်..အသားဖြူတာ..ပိန်တာပြသာနာမရှိပေမဲ့...မျက်မှန်လေးကလဲ
လှတာလေးတပ်လိုက်ရင်..အိုကေသွားမှာပါ...ခက်တာက..ကောင်မလေးကရုပ်ဆိုးတယ်..
ဒီနိုင်ငံသူစစ်စစ်ပါ...သူလဲငယ်သေးတဲ့ကလေးအရွယ်ကျော်ကျော်လေးဆိုတော့
စိတ်ကစားမိမှာပေါ့...ကျွန်မတို့section ကဘဲ..Repair Machine လို့ခေါ်တဲ့RMsectionက
ကောင်လေးတယောက်ကိုစိတ်ဝင်စားနေတယ်ဆိုပါတော့....အလုပ်ကလဲတူနေတာကိုး
ကျွန်မတို့Testing လုပ်တဲ့ စက်တွေပျက်ရင်Jamဖြစ်နေရင်..RMကောင်လေးတွေဘဲလာလာ
ပြင်ရတာပါ..မြင်ဖန်များတော့ငြိတယ်ထင်တာဘဲ...ကောင်လေးကသူ့ထက်နဲနဲကြီးပါတယ်..
မျက်လုံးပြူးပြူးလေးနဲ့ချောပါတယ်..နှာတံပေါ်ပေါ်နဲ့ပါ..လူချောလေးဆိုပါတော့..
အဲကောင်လေးကို...ကောင်မလေးကစိတ်ဝင်စားပါလေရော...ထမင်းစား၇င်RMတွေနဲ့တူတူ
သွားစားနေကြပါ...နောက်တော့ကောင်လေးကမကြိုက်ဘူးထင်ပါရဲ့..ရှောင်တယ်...အစကတော့
မသိမသာရှောင်နေရာကနေ....သိသိသာသာကြီးရှောင်တော့တာပါဘဲ...နောက်ဆုံး..ကောင်လေးက
ထမင်းတောင်လာမစားတော့ပါဘူး...ကောင်မလေးကြေကွဲတာပေါ့လေ...ကောင်လေးကိုလဲအပြစ်တင်လို့
မရပါဘူး..သူလဲလောကီသားပေမို့ချောတာလေးတော့လိုချင်မှာပေါ့...ကောင်မလေးကလဲရုပ်ဆိုးတော့ခက်တယ်
ကျွန်မတို့ကတော့ပွဲကြည့်ပရိတ်သတ်ပေါ့လေ...ထမင်းစားချိန်ဆို..ကောင်လေးလာမလားဆိုပြီးလိုက်ရှာတတ်တဲ့
ကောင်မလေးရဲ့အကြည့်တွေကိုကျွန်မသနားလိုက်တာလေ....ထမင်းစားပြီးလို့အလုပ်ထဲပြန်ဝင်တော့လဲ
ကောင်လေးဘယ်မှာရှိနေမလဲဆိုပြီးလိုက်လိုက်ရှာပြန်ရော...ကောင်လေးကလဲကြာတော့စိတ်ညစ်လာမှာပေါ့
ကောင်မလေးရှိတဲ့နေရာတောင်မလာတော့ဘူး..အဲလိုမလာလေကောင်မလေးကပိုအသည်းအသန်ဖြစ်လေပါဘဲ
ကျွန်မကောင်လေးကိုမေးဖူးတယ်ဘာလို့မကြိုက်တာလဲဆိုတော့....သူ့မှာရည်းစားရှိတယ်တဲ့...
ကဲ...ဘယ်လိုလုပ်ကြမလဲ..ခက်နေပြီ...ကျွန်မကရုပ်ဆိုးလို့မကြိုက်တာဆိုရင်..ရုပ်ရည်ကအရေးမကြီးဘဲ
စိတ်ဓါတ်ကပိုအရေးကြီးကြောင်းတရားဟောမလို့ပါ..ခုတော့ကျွန်မလဲပြင်ထားတဲ့ထိုးစစ်ကိုဘရိတ်အုပ်လိုက်ရပါတယ်..
သူတို့နှစ်ယောက်အကြောင်းက...ကြာတော့လူများအတင်းပြောစ၇ာဖြစ်လာပါတယ်...
အထူးသဖြင့်ကောင်မလေးကိုပေါ့...မိန်းကလေးဖြစ်နေပြီးတော့အရှက်နည်းလိုက်တာတို့...
ရည်းစားအရမ်းလိုချင်နေတာတို့..အစုံပါဘဲလေ...အလုပ်ဆိုတာကလဲသိတဲ့အတိုင်းဘဲလေ...
လူအမျိုးမျိုးလေ...နိုင်ငံမတူတဲ့..ဘာသာစကားမတူတဲ့လူတွေကြားမှာဒီအကြောင်းကသတင်းတပုဒ်
ဖြစ်နေတော့တာပါဘဲ..ဒီနေ့လဲကျွန်မကော်ဖီလာဖျော်ရင်းRestRoomထဲမှာပြောနေသံတွေကြားရပါတယ်..
ကောင်မလေးကကောင်လေးကိုချိန်းတယ်ဆိုလား..ဘာလား...သေချာလဲမမေးချင်တော့ပါဘူးကောင်မလေးကို
သနားလို့ပါ..သူ့ခမျာဘယ်လောက်ခံစားနေရမလဲ..ကိုယ်ချင်းစာမိလို့ပါ...ကျွန်မအဲဒီမှာစဉ်းစားမိတာက
တဘက်သတ်အချစ်....ဆိုတာကိုပါ.....လူမျိုးမတူ..နိုင်ငံမတူပေမဲ့လည်း..အချစ်နဲ့ပတ်သက်လာရင်.
မိန်းကလေးတိုင်းခံစားရပုံချင်းကတော့တူတူပါဘဲ...ကောင်မလေးခံစားနေရတာကိုကြည့်ပြီးကျွန်မလဲ
စိတ်မကောင်းဖြစ်ရုံကလွဲလို့....ဘာမှမတတ်နိုင်ပါဘူး...ကောင်လေးကမြန်မာပြည်အကြောင်း
ကျွန်မကိုလာလာမေးတတ်ပါတယ်..မြန်မာပြည်မှာဘာတွေရှိသလဲတို့...မြန်မာစားစရာတွေကဘာလဲ
ဆိုတာတို့...လမ်းပန်းဆက်သွယ်ရေးကဘယ်လိုလဲဆိုတာတို့..ဘုရားတွေအများကြီးရှိတယ်ကြားဖူးတယ်တဲ့
နောက်ပြီးသူအင်တာနက်ကနေ..တွေ့ထားတာတဲ့..ကျိုက်ထီးရိုးဘုရားကိုပြောတာထင်ပါတယ်...
အဲဒီဘုရားကကျောက်တုံးပေါ်မှာတင်နေတာတကယ်လားတဲ့.....သူသိချင်တာတွေလာလာမေးတာပါ
နောက်ပြီးမြန်မာဝတ်စုံပါ...ဘယ်လိုဝတ်ရတာလဲတဲ့...အစုံပါဘဲလေ..ကောင်လေးအဲလိုလာမေးတိုင်း
ကျွန်မမှာလေ...ပြောပြချင်လိုက်တာ..လျှာကိုယားနေတာပါဘဲ...ဘုရားတွေအကြောင်း..စားစရာတွေ
အကြောင်း...မြန်မာဝတ်စုံဘယ်လိုဆိုတာ...အရမ်းကိုပြောပြချင်ပါတယ်..ကိုယ့်နိုင်ငံအကြောင်း
စိတ်ဝင်တစားနဲ့လာမေးတဲ့သူကိုပြောပြချင်ပေမဲ့လည်း......ကောင်လေးကျွန်မအနားမှာဆုံလို့
စကားလာပြောတိုင်းကောင်မလေးရဲ့...ရန်လိုတဲ့အကြည့်တွေကိုကျွန်မအမြဲဘဲရင်ဆိုင်နေရတာပါ...
အဲတော့လဲ...ကျွန်မကအလိုက်တသိနဲ့ဘဲကောင်လေးနဲ့မဆုံအောင်ပြန်ရှောင်ရပါတယ်..
ကောင်လေးကိုပေးမယ်လို့ပြောထားဖူးတဲ့ကျိုက်ထီးရိုးဘုရားဓါတ်ပုံလဲခုထိမပေးဖြစ်သေးပါဘူး
ကဲ...အဲဒါလဲခက်နေတာဘဲနော်..
မိန်းကလေးတွေရဲ့တဘက်သတ်အချစ်ကလဲ..တကယ်တော့နာကျင်ကြေကွဲစရာပါ...
ကိုယ်ကပေးနေသော်လည်းလက်ခံရမဲ့သူကရှောင်နေတဲ့အတွက်..ရင်နာရတာရော..
ကိုယ်ကချစ်နေမိတဲ့အတွက်...ဘယ်သူနဲ့စကားပြောလဲဘယ်သူအနားရောက်နေလဲဆိုတာ
အမြဲတမ်းသဝန်တိုနေမိတာရော...ကိုယ့်ကိုမချစ်တဲ့သူကိုကိုယ်ကချစ်နေမိလို့အမြဲတမ်း
ခံစားနေတာရော...တကယ်တော့တဘက်သတ်အချစ်ဆိုတာမကောင်းပါဘူး...
မိန်းကလေးတိုင်းတဘက်သတ်မချစ်မိကြပါစေနဲ့လို့ဆုတောင်းပေးချင်ပါတယ်...
(21.5.2010 - AM 3:51 )

ခံစားချက်လေးများ
20 May 2010
ကဗျာနဲ့ဆောက်တဲ့အိမ်...
အိမ်.... ဆိုတဲ့ ဝေါဟာရအသုံးအနှုံး
ဘယ်ကနေဆင်းသက်လာခဲ့သလဲဆိုတာ..
မသိခဲ့ပေမဲ့...
ကဗျာတွေနဲ့
အိမ်တစ်ခုဆောက်ဖို့ကြိုးစားခဲ့ပါရဲ့...
ချစ်ခြင်းတရားကိုအခြေချလို့
သည်းခံခွင့်လွှတ်ခြင်းတွေနဲ့ကာရန်
မေတ္တာတရားကိုခေါင်မိုးမိုးလို့...
နားလည်မှု့ခြံစည်းရိုးလေး
ခတ်လိုက်မယ်ဆိုပြီးတော့ပေါ့
အဲဒီအိမ်လေးထဲမှာ....
လမင်းနဲ့ကြယ်တွေကိုမြင်နိုင်တဲ့
ပြတင်းတံခါးလေးတချပ်လဲပါရမယ်
လမင်းနဲ့ကြယ်လေးတွေကိုကြည့်ပြီး....
ချစ်သူဖတ်ဖို့အတွက်
ကဗျာလေးတွေ
ရေးပေးချင်လို့ပါ...
ချစ်သူနားထောင်ဖို့...
သံစဉ်တွေဖန်တီးပေးလို့ရအောင်
ဂစ်တာလေးတစ်လက်လဲရှိရမယ်
ချစ်သူအိပ်စက်ဖို့အတွက်
ဖြူစင်တဲ့စံပါယ်ပန်းတွေနဲ့
ခင်းပေးထားတဲ့...
အိပ်ယာလေးတစ်ခုလဲရှိရမယ်...
ဒီအိမ်လေးမှာချစ်သူအတွက်
တခါးဆိုတာမရှိပါဘူး...
လာချင်တဲ့အချိန်မှာ...ဝင်လာပြီး
မနေချင်တော့တဲ့အချိန်မှာ
ပြန်ထွက်သွားလို့ရပါတယ်....
ကျွန်မဆောက်ထားတဲ့အိမ်လေးထဲမှာ...
ချစ်သူအတွက်..
နှောင်ကြိုးဆိုတာလုံးဝမရှိစေရပါဘူး...
ချုပ်နှောင်ဖို့မရည်ရွယ်လို့
ကြိုးမှန်သမျှကိုကျွန်မသိမ်းထားပါ့မယ်...
ကြည်နူးခြင်းပန်းချီကားတွေချိတ်ဆွဲထားတဲ့
ဧည့်ခန်းလေးထဲမှာ...
ချစ်သူရှိနေတဲ့အခါ...
ကျွန်မရဲ့အိမ်လေးကတန်ဖိုးမဖြတ်နိုင်တဲ့
ကဗျာနဲ့ဆောက်ထားတဲ့အိမ်လေးပေါ့...
ချစ်သူအိမ်မပျော်တဲ့ညတွေမှာ...
ကျွန်မကလမင်းဖြစ်ပါရစေ....
ချစ်သူကတိမ်ဆိုရင်..
ကျွန်မကလေပြေလေးဖြစ်ပါရစေ....
ချစ်သူကမိုးစက်လေးတွေဆိုရင်
ကျွန်မကမြေပြင်ဖြစ်ပါရစေ...
ချစ်သူကပိတုန်းဆိုရင်...
ကျွန်မကပန်းဖြစ်ပါရစေနော်..
ချစ်သူ..ဝမ်းနည်းတဲ့အခါ
ကျွန်မပါလိုက်ပြီးငိုကြွေးပါရစေ...
ချစ်သူပျော်တဲ့အခါ...
ကျွန်မကိုချစ်သူရဲ့အပြုံးလေး
ကြည့်ခွင့်ပြုပါနော်..
ချစ်သူချမ်းတဲ့အခါ...
ကျွန်မရဲ့မေတ္တာတွေနဲ့
နွေးထွေးသွားအောင်
ထွေးပိုက်ထားပါရစေနော်....
ကဲ..ကျွန်မရဲ့ချစ်သူလေးရေ...
ကျွန်မရေးထားတဲ့ကဗျာလေးဖတ်ပြီး...
ကျွန်မဆောက်ထားတဲ့အိမ်လေးထဲမှာ...
အိပ်လိုက်တော့နော်......။။။။။။။။။။
(20.5.2010 AM 2:03 )
ဘယ်ကနေဆင်းသက်လာခဲ့သလဲဆိုတာ..
မသိခဲ့ပေမဲ့...
ကဗျာတွေနဲ့
အိမ်တစ်ခုဆောက်ဖို့ကြိုးစားခဲ့ပါရဲ့...
ချစ်ခြင်းတရားကိုအခြေချလို့
သည်းခံခွင့်လွှတ်ခြင်းတွေနဲ့ကာရန်
မေတ္တာတရားကိုခေါင်မိုးမိုးလို့...
နားလည်မှု့ခြံစည်းရိုးလေး
ခတ်လိုက်မယ်ဆိုပြီးတော့ပေါ့
အဲဒီအိမ်လေးထဲမှာ....
လမင်းနဲ့ကြယ်တွေကိုမြင်နိုင်တဲ့
ပြတင်းတံခါးလေးတချပ်လဲပါရမယ်
လမင်းနဲ့ကြယ်လေးတွေကိုကြည့်ပြီး....
ချစ်သူဖတ်ဖို့အတွက်
ကဗျာလေးတွေ
ရေးပေးချင်လို့ပါ...
ချစ်သူနားထောင်ဖို့...
သံစဉ်တွေဖန်တီးပေးလို့ရအောင်
ဂစ်တာလေးတစ်လက်လဲရှိရမယ်
ချစ်သူအိပ်စက်ဖို့အတွက်
ဖြူစင်တဲ့စံပါယ်ပန်းတွေနဲ့
ခင်းပေးထားတဲ့...
အိပ်ယာလေးတစ်ခုလဲရှိရမယ်...
ဒီအိမ်လေးမှာချစ်သူအတွက်
တခါးဆိုတာမရှိပါဘူး...
လာချင်တဲ့အချိန်မှာ...ဝင်လာပြီး
မနေချင်တော့တဲ့အချိန်မှာ
ပြန်ထွက်သွားလို့ရပါတယ်....
ကျွန်မဆောက်ထားတဲ့အိမ်လေးထဲမှာ...
ချစ်သူအတွက်..
နှောင်ကြိုးဆိုတာလုံးဝမရှိစေရပါဘူး...
ချုပ်နှောင်ဖို့မရည်ရွယ်လို့
ကြိုးမှန်သမျှကိုကျွန်မသိမ်းထားပါ့မယ်...
ကြည်နူးခြင်းပန်းချီကားတွေချိတ်ဆွဲထားတဲ့
ဧည့်ခန်းလေးထဲမှာ...
ချစ်သူရှိနေတဲ့အခါ...
ကျွန်မရဲ့အိမ်လေးကတန်ဖိုးမဖြတ်နိုင်တဲ့
ကဗျာနဲ့ဆောက်ထားတဲ့အိမ်လေးပေါ့...
ချစ်သူအိမ်မပျော်တဲ့ညတွေမှာ...
ကျွန်မကလမင်းဖြစ်ပါရစေ....
ချစ်သူကတိမ်ဆိုရင်..
ကျွန်မကလေပြေလေးဖြစ်ပါရစေ....
ချစ်သူကမိုးစက်လေးတွေဆိုရင်
ကျွန်မကမြေပြင်ဖြစ်ပါရစေ...
ချစ်သူကပိတုန်းဆိုရင်...
ကျွန်မကပန်းဖြစ်ပါရစေနော်..
ချစ်သူ..ဝမ်းနည်းတဲ့အခါ
ကျွန်မပါလိုက်ပြီးငိုကြွေးပါရစေ...
ချစ်သူပျော်တဲ့အခါ...
ကျွန်မကိုချစ်သူရဲ့အပြုံးလေး
ကြည့်ခွင့်ပြုပါနော်..
ချစ်သူချမ်းတဲ့အခါ...
ကျွန်မရဲ့မေတ္တာတွေနဲ့
နွေးထွေးသွားအောင်
ထွေးပိုက်ထားပါရစေနော်....
ကဲ..ကျွန်မရဲ့ချစ်သူလေးရေ...
ကျွန်မရေးထားတဲ့ကဗျာလေးဖတ်ပြီး...
ကျွန်မဆောက်ထားတဲ့အိမ်လေးထဲမှာ...
အိပ်လိုက်တော့နော်......။။။။။။။။။။
(20.5.2010 AM 2:03 )
Categories
ကဗျာ
16 May 2010
နွေရောက်မှာကြောက်တယ်..
ရာသီတွေပြောင်း..
သက္ကရာဇ်တွေဟောင်းပေမဲ့
ရော်ရွက်ကြွေ..မြေခလို့
ရွေဥသြအသံကြားလေသောအခါ
စိတ်အလျဉ်ဘဝင်...
ရင်တွင်ဘလောင်ဆူလို့
လေရူးတချက်ဝေ့လေတိုင်း
ဝေဒနာအဟောင်းတွေ..
ဒီရင်ခွင်သို့...တိုးဝေ့ဆဲမို့
သြော်....
နွေရောက်မှာကြောက်တယ်လေ.....။။။။။
(15.5.2010-------AM 1:03 )
Categories
ကဗျာ
11 May 2010
မိန်းကလေးဘဝ.......
ကျွန်မဒီအကြောင်းရေးမယ်လို့စဉ်းစားနေတာကြာပြီ.....မရေးဖြစ်သေးတာ.....ပြောချင်တာတွေ
အရမ်းများနေတော့...စာအရမ်းရှည်သွားမှာလဲကြောက်တယ်လေ...ဟိုတနေ့ကသူငယ်ချင်းတယောက်နဲ့
အွန်လိုင်းမှာGtalk...ပြောဖြစ်တယ်...ကျွန်မသူငယ်ချင်းကL.C.C.IကိုLevel(3)အထိအောင်ပြီးတော့..
Guideပြန်လုပ်နေတာပါ....သူနဲ့စကားပြောရင်းနဲ့...ကျွန်မအလုပ်ကအကြောင်း...ကျွန်မသူငယ်ချင်းတွေ
အကြောင်း...သူလဲသူ့အလုပ်အကြောင်း...ရန်ကုန်ကကုန်ဈေးနှုံးတွေအကြောင်း....ကားတွေတနေ့တခြား
ကျပ်ကျပ်လာတယ်ဆိုတဲ့အကြောင်း...ကြေးအိုးတွေဒန်ပေါက်တွေ....ဈေးတက်တယ်ဆိုတဲ့အကြောင်းတွေ
ပြောနေရာကနေ....သူ့တပည့်တွေအကြောင်းစီရောက်သွားရော....ကျွန်မလဲ...နင်တပည့်တွေကရော...
နင့်ကိုရိုသေကြရဲ့လားလို့မေးတော့.....ငါတို့ငယ်ငယ်တုန်းကလိုတော့မဟုတ်ကြဘူးပေါ့ဟာ...တဲ့..ဒါပေမဲ့
တချို့တပည့်လေးတွေလဲလိမ်မာကြပါတယ်တဲ့...ဒါပေမဲ့ငါတော့လေ..သူတို့တွေကိုကြည့်ရတာ...
စိတ်မချမ်းသာဘူးတဲ့....ကျွန်မလဲ..ဘာဖြစ်လို့တုန်း..ပြောစမ်းပါဦးဆိုတော့...ခုခေတ်ကောင်မလေးတွေက
နင်တို့ငါတို့....ငယ်ငယ်တုန်းကလိုမဟုတ်တော့ဘူးတဲ့...ကျွန်မလဲ..အော်ဒါကတော့ငါတို့ငယ်ငယ်ကနဲ့တော့
ဘယ်တူမလဲ...ခေတ်ရေစီးကြောင်းလေဟာ..ဆိုတော့...အဲဒါမဟုတ်ဘူးတဲ့..ကျွန်မတောင်ကြောင်တောင်တောင်
ဖြစ်သွားပါတယ်..သေချာပြောပါဟ...ဆိုတော့မှ...မမကအကြောင်းစုံကိုပြောတော်မူပါတယ်...သူ့တပည့်တွေထဲမှာ
ကောင်လေ3းယောက်ပါတယ်တဲ့....အဲဒီကောင်လေးသုံးယောက်စလုံးရဲ့..ရည်းစားတွေက...ကောင်လေးတွေ
ကျူရှင်မှန်သမျှကိုအကြိုအပို့လိုက်လုပ်ပေးတာတဲ့လေ...သူ့အိမ်မှာစာခေါ်သင်ရင်လဲ...စာသင်ပြီးမဲ့အချိန်လောက်
မှန်းပြီးလာစောင့်နေတာတဲ့...သူကသူ့တပည့်တွေကိုမေးကြည့်တယ်...နင့်တို့ကောင်မလေးတွေကို..
လာကြိုခိုင်းတာလားဆိုတော့...မကြိုခိုင်းဘူးတဲ့..သူတို့ဘာသာစိတ်မချလို့ဆိုပြီးလာစောင့်နေတာတဲ့...
ကျွန်မလဲ..ဖြစ်မှဖြစ်ရလေဟယ်..ဆိုပြီးတော်တော်အံသြသွားပါတယ်...နောက်ပြီးတော့ကျူရှင်ကဆင်းရင်လဲ
ကောင်လေးတွေဘာစားချင်လဲတူတူသွားစားတယ်..နောက်ပြီးတော့အဲဒီတပည့်3ယောက်ထဲက...
တယောက်ရဲ့...ကောင်မလေးဆိုရင်...ကျွန်မသူငယ်ချင်းကိုလာမိတ်ဆက်တယ်တဲ့....မမရေ....သမီးကတော့
ဘယ်သူရဲ့ကောင်မလေးပါပေါ့နော်....သူ့ကိုခင်သလိုဘဲသမီးကိုလဲခင်ပါပေါ့....ပြောရရင်တော့...
အဲဒီကောင်လေးရဲ့....ပိုင်ရှင်ဆိုတဲ့ပုံစံမျိုးလေးနဲ့.....ယဉ်ယဉ်ကျေးကျေးလေးလာမိတ်ဆက်သွားတာတဲ့
ကျွန်မသူငယ်ချင်းကလဲချောတာကိုး...ကြည့်ရတာကောင်မလေးက..သူ့ကောင်လေးရဲ့Guideမမ...ကလှလှလေး
ဆိုတော့...စိတ်မချဖြစ်နေပါလိမ့်မယ်..အစကထဲကမိတ်ဆက်ထားတော့...ထိန်းပြီးသားဖြစ်တယ်လို့ထင်နေတယ်နဲ့တူပါတယ်..
ကျွန်မလေ..သူဆက်ပြောပြတဲ့အကြောင်းတွေနားထောင်ပြီး...တော်တော်လေးစိတ်မကောင်းလဲဖြစ်မိပါတယ်...
ကောင်လေးတွေကိုကောင်မလေးတွေကဘဲလက်ဆောင်တွေဝယ်ပေးတယ်ဆိုတဲ့အကြောင်း....ကောင်မလေးက
စပြီးရည်းစားစကားပြောလို့....သူ့တပည့်လေးကပြန်ကြိုက်လိုက်တယ်ဆိုတဲ့အကြောင်း...အစုံပါဘဲရှင်...
ကျွန်မသိရသလောက်တော့....မိန်ကလေးဆိုတာ....ကိုယ်ကစပြီးဖွင့်ပြောတယ်ဆိုတာမရှိပါဘူး............
ကိုယ့်ကိုလာပြီးချစ်စကားကြိုက်စကားပြောတဲ့သူတွေထဲကမှ....ကိုယ်ချစ်တဲ့သူတယောက်ကိုရွေးတာပါ..
ခုတော့ဘယ်လိုများဖြစ်သွားတာပါလိမ့်ဆိုပြီးတော့...မစဉ်းစားတတ်အောင်ပါဘဲ....ကျွန်မတို့ငယ်ငယ်ကရည်းစား
ထားရင်....ကျူရှင်ဆင်းချိန်ဆို..ကောင်လေးတွေကအချိန်မှန်လာကြိုပေးတာပါ...နေ့ခင်းဘက်အတန်းလွှတ်ရင်လဲ
ကြေးအိုးလား...ဆီချက်လား.....ညနေဘက်ကျောင်းဆင်းချိန်မှာဆိုရင်လဲ...ဖာလူဒါလား....ဒိန်ချဉ်လား...ဆိုပြီး
ချစ်သူစားချင်တာတူတူစားပြီးမှ....အိမ်ပြန်လိုက်ပို့ပေးတာပါ..ကိုယ့်ချစ်သူကောင်မလေးကို...တခြားကောင်လေးတွေ
လိုက်မလားဆိုပြီးတော့လဲ...သဝန်တွေတို...စိတ်မချဖြစ်တာတွေလဲ..ကောင်လေးတွေပါဘဲလေ...မိန်းကလေးတွေ
အတွက်ကတော့...ချစ်သူတယောက်ထားလိုက်တာဟာ...ကိုယ့်ကိုကာကွယ်ပေးမဲ့သူတယောက်ရလိုက်သလိုပါဘဲ.......
ခုကျွန်မကြားနေရတာတွေက...ကောင်လေးတွေအဖို့ကာကွယ်ပေးရမဲ့တာဝန်တွေမရှိတော့ဘဲ...သူတို့က..အကာကွယ်ခံ
တွေဖြစ်နေတာပါဘဲ...မိန်းကလေးတွေဘဝကဘာလို့ဒီလိုပြောင်းလဲသွားတာပါလိမ့်ဆိုပြီးတော့လဲ..မတွေးတတ်အောင်ပါဘဲ..
ကျွန်မကျောင်းတက်တုန်းကဆိုရင်..အတန်းလွှတ်ချိန်ဆိုရင်အတန်းရှေ့မှာဆိုင်ရာပိုင်ရာလေးတွေက...ကိုယ်စီ..ကိုယ်စီ
လာစောင့်လို့...ထီးတချောင်းထဲတူတူဆောင်းလို့(ကောင်လေးကထီးမိုးပေးထားတာလေ..)အိမ်ပြန်လိုက်ပို့ပေးတာတွေ....
ကျူရှင်ဆင်းချိန်ဆိုရင်လဲ...စာသင်တဲ့ကျူရှင်အိမ်အောက်မှာလာစောင့်နေတာတွေ...ကျူရှင်ကဆင်းရင်..ဘာမုန့်စားမလဲဆိုပြီး...
မိန်းကလေးရဲ့ဆန္ဒကိုဦးစားပေးလို့.....အလျှော့ပေးတာလေးတွေ.....ယောကျာ်းလေးဘက်ကဘဲ..မိန်းကလေးဘက်ကို
ဦးစားပေးကာကွယ်ပေးခဲ့တာတွေဘဲ..မြင်ခဲ့ကြားခဲ့..ခံစားခဲ့ဖူးတာပါ....ကျွန်မထားခဲ့ဖူးတဲ့ရည်းစားလဲဒီအတိုင်းပါဘဲ...
ကျွန်မတို့ပြတ်မဲ့သာပြတ်သွားတာပါ...သူကကြီးဘဲကျွန်မကိုအလိုလိုက်ပေးခဲ့တာပါ...ကျွန်မတခါမှ..သူ့ကျူရှင်အောက်မှာ
သွားစောင်ခဲ့ရတာမရှိပါဘူး....(အဟဲ...ကြုံတုန်းလေးကြောငြာဝင်တာလေ..)ချစ်သူတွေပေါင်းဆုံတယ်..မဆုံဘူး..ဆိုတာတော့
ကံကြမ္မာနဲ့လဲသက်ဆိုင်ပါလိမ့်မယ်နော်....အခုခေတ်မိန်းကလေးတွေကအဲလို..ချစ်သူရဲ့အကြင်နာတွေ...
အလျှော့ပေးတာတွေကိုမလိုချင်တော့တာလား...ဒါမှမဟုတ်..ကောင်လေးတွေကဘဲ....
အဲလိုမကြင်နာတတ်တော့တာလား.....ကျွန်မလဲမဝေခွဲတတ်တော့ပါဘူး....
ကျွန်မနဲ့..ကျွန်မသူငယ်ချင်းကတော့ပြောရင်း..ပြောရင်းကနေ....
ကိုယ်ငယ်ငယ်ကအကြောင်းတွေပြန်သတိရသွားတာ...ပြန်လွမ်းမိတာဘဲ....အဖတ်တင်ပါတယ်...
အော်...အဟောင်းတွေကိုလဲပြန်မသစ်ချင်တော့ပါဘူးလေ...
ကြာလဲကြာခဲ့ပါပြီလေ...ဇော်ဝင်းထွဋ်..သီချင်းထဲကလိုပေါ့...
" သူဘယ်မှာလဲ..သတိရနေတယ်..တခါတလေတော့လဲလွမ်းမိပါတယ်...
ပြီးဆုံးခဲ့အဖြစ်အပျက်တို့အသစ်ဖြစ်ဖို့မလွယ်ကူတာမှန်ပေမဲ့...
..............................................
စဉ်းစားတိုင်း..နှမြောတမ်းတလွမ်းဆွတ်လို့...သတိရနေတယ်..."" ပေါ့နော်...
ခုထက်တိုင်...သတိရနေမိတတ်နေပါသေးတယ်...တခါတလေငယ်ငယ်ကအကြောင်းလေးတွေ..ပြန်စဉ်းစားမိတိုင်း.....
ဆယ်ကျော်သက်အရွယ်ပေါ့နော်....10တန်းတုန်းက..ဗိုလ်ဆွန်ပက်လမ်းကဆရာဒိုးစီမှာမြန်မာစာကျူရှင်တက်ခဲ့တာတွေ..
လဝစ္စလမ်းအပေါ်ဘလောက်က..ဆရာဦးသိန်းလွင်စီမှာအင်္ဂလိပ်စာကျူရှင်တက်ခဲ့တာတွေ...
ဆရာကံချွန်စီမှာအီကိုကျူရှင်တက်ခဲ့တာတွေ.၃၉လမ်းထဲကဆရာဦးမင်းဇော်စီမှာသချာင်္ကျူရှင်တက်ခဲ့တာတွေ...
အော်....အမှတ်တရတွေ...အမှတ်တရတွေ...အများကြီးပါဘဲလေ...
ဘာဘဲပြောပြောပါ..တချိန်ကကျွန်မရဲ့..အနားမှာ...ကျွန်မကိုအလိုလိုက်ပြီး......ချစ်သူတယောက်အနေနဲ့
ကျွန်မဘေးမှာနေခဲ့ပေးဖူးတဲ့......သချာင်္ကျူရှင်ကဆင်းပြီးအီကိုကျူရှင်မတက်ခင်...အားတဲ့အချိန်တနာရီလောက်လေးမှာ
ကျွန်မကျက်ထားသမျှစာတွေအလွတ်ဆိုတာကို....စာအုပ်ကိုင်ကြည့်ပေးနေကြ...ကျွန်မနားမလည်တဲ့သချာင်္ပုစ္ဆာတွေကို
ရှင်းပြပေးနေကြ.....chemistry equation တွေကိုဝိုင်းတွက်ပေးနေကြ....
ကျွန်မစားချင်တဲ့J'donutမုန့်ဝယ်ပြီး..ကျူရှင်အောက်မှာလာစောင့်ပေးနေကြ.....
ညဘက်ကျူရှင်နောက်ကျတဲ့နေ့တွေဆို...အိမ်အပြန်လမ်းထိပ်ထိလိုက်ပို့ပေးနေကြ....
ကျွန်မကိုချစ်ခဲ့တဲ့...ကျွန်မကလဲချစ်ခဲ့ရတဲ့...တချိန်ကချစ်သူဟောင်းလေးကို...ပြန်သတိရမိတတ်ပါတယ်...........
သူဘယ်ရောက်ပြီးဘာတွေလုပ်နေလဲကျွန်မမသိတော့ပါဘူး.......ဒါပေမဲ့သူ့အကြောင်းကိုတိုက်ဆိုင်လို့ပြန်စဉ်းစားမိတိုင်း
သူအဆင်ပြေနေပါစေလို့.....ကျွန်မဆုတောင်းပေးမိတတ်ပါတယ်.....တခါတလေတော့လဲပြန်တွေ့ချင်မိသား.....
သူဘယ်လိုပုံစံပြောင်းလဲသွားသလဲလို့တော့သိချင်သားလေ.......
အော်....ဒါလဲမိန်းကလေးဘဝရဲ့ခံစားချက်တွေဘဲထင်ပါရဲ့နော်...။။။။။။။
တချိန်ကချစ်သူရှိခဲ့သူများပြန်သတိရသွားရင်တာဝန်မယူပါ...
ကိုယ်တောင်ပြန်သတိရနေတာနော်း)
(11.5.2010-------AM 2:50 )

01 May 2010
ပထမဆုံးရင်ခုန်သံလေးပါနော်...
ကျွန်မရဲ့ပထမဦးဆုံးရင်ခုန်သံလေးပါ....း)
အဲဒီအချိန်တုန်းကရန်ကုန်မှာသာမညဆရာတော်ဘုရားကို
သွားဖူးတာတော်တော်များပါတယ်။ကျွန်မတို့အိမ်ကလဲအမျိုးတွေစုပြီးသာမညသွားကြပါတယ်။
1993....အောက်တိုဘာလထဲမှာပါ..။သီတင်းကျွတ်ကျောင်းပိတ်ထားတဲ့အချိန်ပေါ့....။။
အမ၀မ်းကွဲတွေရော..အကိုတွေရောအများကြီးပါပါတယ်။
ကားပေါ်မှာကျွန်မနဲ့အမ၀မ်းကွဲတယောက်တူတူထိုင်ပါတယ်။
မြိုင်ကလေးရောက်တော့ဘားအံဘက်ကမ်းဇက်ကူးဖို့စောင့်ရင်းနဲ့တော်တော်မိုးချုပ်သွားပါတယ်
ဘားအံရောက်တော့မှောင်နေပါပြီ။သာမညမရောက်ခင်လမ်းမှာရွာတွေတော်တော်များများဖြတ်သွားရပါတယ်။
အဲဒီရွာတွေထဲက..လွန်းည..ဆိုတဲ့ရွာလေးကအလှူခံမဏ္ဍပ်မှာ...ကျွန်မအဲဒီအကိုကြီးကိုတွေ့ခဲ့တာပါ။
ကျွန်မဘ၀မှာအချောဆုံးလို့သတ်မှတ်ခဲ့တဲ့ယောင်္ကျားတယောက်ကိုတွေ့ခဲ့တာပါဘဲ
ကျွန်မရဲ့ပထမဆုံးရင်ခုန်သံလေးပါဘဲ......အချစ်ဆိုတာကိုဘာမှန်းသေချာမသိသေးခင်.....
နူးနူးညံညံလေးနဲ့....ရင်ထဲမှာထိတ်ခနဲ...လှပ်ခနဲ..ဖြစ်သွားတဲ့....ခံစားမှု့လေးပါဘဲ....
ကားပေါ်ကလူတွေကရေတောင်းသောက်တော့.....အလှူခံမဏ္ဍပ်ထဲမှာထိုင်နေတဲ့သူတွေကရေခပ်လာပေး
ပါတယ်...ရေခပ်ပေးတဲ့လူတွေထဲမှာအဲဒီအစ်ကိုကြီးလဲပါတယ်လေ.....
ရှပ်အကျီ င်္အပြာရောင်အစင်းလက်ရှည်လေးနဲ့...
ပုခုံးပေါ်မှာချည်စောင်တစ်ထည်ကိုခေါက်ရက်သားတင်ထားပါတယ်..
အသားဖြူဖြူ...ဆံပင်အလယ်ခွဲလေးနဲ့.....နှာခေါင်းဖျားလေးမှာမှဲ့လေးနဲ့ပါ...
အဲဒီမှာကျွန်မအဲဒီအကိုကြီးမျက်နှာကိုသေချာကြည့်လိုက်မိတာပါ။
ရေခွက်လှမ်းပေးလိုက်တဲ့အချိန်မှာပြုံးနေတဲ့သူ့မျက်နှာ...ပြုံးပြီးကြည့်နေတဲ့သူ့မျက်လုံးတွေ...အရမ်းနူးညံပါတယ်။
အထူးသဖြင့်....သူ့မျက်လုံးနဲ့သူ့အပြုံးတွေပေါ့နော်..
သူ့မျက်နှာပြုံးနေတဲ့ပုံလေးက...ကျွန်မစိတ်ထင်ပေါ့နော်...ဖြူစင်ခြင်း..အေးမြခြင်း..နူးညံခြင်းတွေ..ပြည့်နေသလိုပါဘဲ။
ကျွန်မသူ့အပြုံးနဲ့သူ့အကြည့်ကိုအရမ်းသဘောကျသွားပါတယ်။ဒါကြောင့်အဲဒီအချိန်ကထဲကစပြီးယောကျာင်္င်္းတွေရဲ့
အပြုံးကိုတွေ့ရင်သေချာဂရုစိုက်ပြီးကြည့်မိတာခုချိန်ထိအောင်ပါဘဲ။
ကျွန်မတချိန်က...လွန်းညရွာလေးမှာ...အမှတ်မထင်တွေ့ခဲ့ရတဲ့လူတယောက်ရဲ့...အပြုံးမျိုးလားဆိုပြီးတော့ပေါ့။
ဒါပေမဲ့...ခုချိန်ထိအောင်ပါဘဲ..အဲလိုအပြုံးမျိုး...အဲလိုနူးညံတဲ့အကြည့်မျိုးထပ်မတွေ့ရသေးပါဘူး...။
သူလှမ်းပေးတဲ့ရေခွက်ကိုဘယ်လိုယူပြီးဘယ်လိုသောက်လိုက်မှန်းတောင်သတိမထားမိပါဘူး။
သူကတော့...ကျွန်မအနောက်ဘက်မှာထိုင်တဲ့သူတွေနဲ့ရေခွက်ပေးရင်း..စကားလှမ်းပြောနေတာပါ...ကျွန်မကိုလုံးဝ
သတိမထားမိပါဘူး....ကျွန်မကတော့လေ....အဲဒီအကိုကြီးမျက်နှာကိုဘဲ...တစ်စိမ့်စိမ်ငေးနေမိတာပါ....
ရင်ထဲမှာလဲလေ...ဘယ်လိုကြီးဖြစ်နေမှန်းမသိပါဘူး.....တလှပ်လှပ်နဲ့...လက်ဖျားတွေလဲအေးစက်လို့....
ဘေးမှာထိုင်နေတဲ့အစ်မကိုသတိရလို့...လှမ်းကြည့်လိုက်တော့...အစ်မကလဲအဲဒီအကိုကြီးကိုငေးလို့လေ....။။
ကျွန်မဘယ်တော့မှသူ့ကိုထပ်မတွေ့တော့ပါဘူး။
ခရီးသွားရင်းနဲ့..ညတညမှာ..တခဏလေးဘဲ...တွေ့ခဲ့ရတာပါ။
ကျွန်မဘုရားဖူးကပြန်လာပြီး....ရက်တော်တော်ကြာကြာအထိ...အဲဒီအစ်ကိုကြီးကို
သတိရနေခဲ့ပါတယ်....ဒါပေမဲ့အဲဒီအကြောင်းကို..ဘယ်သူငယ်ချင်းကိုမှ..မပြောပြဖြစ်ခဲ့ပါဘူး....
ဘာလို့မပြောဖြစ်ခဲ့လဲဆိုတာ...ကျွန်မကိုယ်တိုင်လဲမသိပါဘူး....သူများကိုမသိစေချင်တာလား...
ဒါမှမဟုတ်...ကျွန်မဘာသာဘဲတိတ်တိတ်လေးခံစားနေချင်လို့လားဆိုတာ...
ကျွန်မကိုယ်ကျွန်မတောင်မဝေခွဲတတ်ခဲ့ပါဘူး..မညာပါဘူး..ကျွန်မဘဝမှာနောက်ထပ်ချစ်မိတာတွေ...
ရင်ခုန်မိတာတွေရှိပါတယ်...။ ဒါပေမဲ့လေ...ဘယ်အချိန်မှာဘဲဖြစ်ဖြစ်...
အဲဒီအကြောင်းလေးပြန်စဉ်းစားလိုက်ရင်...ရင်ထဲကိုနွေးခနဲပါဘဲ....
အဲဒီအချိန်လေးကိုခဏလေးပြန်ရောက်သွားသလိုပါဘဲ...ကျွန်မရဲ့ရင်ခုန်သံတွေပြန်အသက်ဝင်လာသလိုပါဘဲလေ..
ကျွန်မဘဝရဲ့...ရင်ခုန်သံတွေထဲမှာ...ပထမဆုံးရင်ခုန်သံလေးကတော့...ပိုပြီးတိုးတိတ်နူးညံခဲ့ပါတယ်..
ခုချိန်ထိအောင်လဲလေ...ကျွန်မသူ့အပြုံး..သူ့မျက်လုံး..သူ့ပုံရိပ်ကို.....မှတ်မိနေဆဲပါ..။
ကိုယ်အရမ်းသဘောကျတဲ့အရာတခုကိုစွဲနေအောင်မှတ်မိနေသလိုမျိုးပေါ့...။
ကျွန်မကအစွဲအလမ်းကြီးတတ်တော့လဲခက်သားလားရှင်....အခုpostတင်ဖို့စာရိုက်နေရင်းနဲ့တောင်..
အရင်အချိန်လေးကိုပြန်စဉ်းစားမိနေတာ....ခုဆိုသူလဲ..အသက်၄၀ နီးပါးလောက်ရှိရောပေါ့...
ကျွန်မတောင်..၃၀နားနီးနေပြီလေ..လွန်ခဲ့တဲ့၁၇နှစ်လောက်ကသူ့ကိုတွေ့ခဲ့တာပါ...
သူဘယ်နေရာမှာရှိနေမလဲ...ဘာတွေလုပ်နေမလဲ...လွန်းညရွာမှာဘဲလား..တခြားနေရာတခုခုကို
ရောက်နေပြီလား....အိမ်ထောင်တွေကျပြီးသားတွေသမီးတွေနဲ့ဘဝတစ်ခုတည်ဆောက်ပြီးနေပြီလား...
သူ့ဘဝကိုသူဘယ်လိုဖြတ်သန်းနေလဲ....ကျွန်မလျှောက်တွေးနေမိပါတယ်......ကျွန်မတောင်မြန်မာပြည်နဲ့
အဝေးကြီးကိုရောက်နေခဲ့တာကြာပြီလေ....သူလဲကျွန်မလိုဘဲ...မြန်မာပြည်နဲ့ဝေးတဲ့နေရာများရောက်နေမလား..
အစုံပါဘဲလေ..တွေးနေမိတာပါ...။ကျွန်မဘဝရဲ့..အမှတ်တရပုံရိပ်တွေထဲက...ပုံရိပ်လေးတစ်ခုပေါ့...
ကျွန်မရဲ့ရင်ခုန်သံတွေထဲက...ပထမဆုံး..ရင်ခုန်သံလေးပေါ့နော်....
ဒါပေမဲ့...ကျွန်မထင်ပါတယ်...ကျွန်မရဲ့ပထမဆုံးရင်ခုန်သံလေးက..ဖြူစင်ပြီးအရမ်းကိုနူးညံခဲ့ပါတယ်နော်...။။
တိုးတိုးလေးနဲ့....တိတ်တိတ်လေးရင်ခုန်ခဲ့တာပါနော်....။။။
(1.5.2010...AM 3:02 )
ကျွန်မဒီနေရာကနေတစ်ခုလောက်တောင်းဆိုပါရစေနော်...
ကျွန်မစီကိုလာလည်ကြတဲ့..ကျွန်မခင်မင်လေးစားရတဲ့...ဘလော့ဂါမောင်နှမတွေအားလုံးရဲ့
ပထမဆုံးရင်ခုန်သံလေးတွေကိုနားထောင်ပါရစေနော်...
လူတိုင်းမှာပထမဆုံးရင်ခုန်သံကိုယ်စီရှိကြမှာပါ.....
ကျွန်မရဲ့..ရင်ခုန်သံလေးကိုနားထောင်ပြီးရင်...အကိုတွေ..အမတွေ...ညီမလေးတွေ..မောင်လေးတွေရဲ့
ရင်ခုန်သံလေးတွေလဲ...ကျွန်မပြန်နားထောင်ပါရစေနော်..
အားလုံးဘဲ..tag ရေးပေးကြပါလို့...နော်..
အားလုံးဘဲ..ငယ်ငယ်တုန်းကအကြောင်းလေးတွေကိုပြန်ရင်ခုန်ကြည့်ရအောင်နော်...
ခင်မင်လျှက်...blackroze...
Categories
ပုံရိပ်လေးများ
နောက်ကျခြင်း....
ပွင့်မှတော့လည်း
သူ့မြကေရှင်း ကေသာရင်းတွင်
အဦးပန်ခွင့် အကောင်းသား။
သို့တည်းမဟုတ်
နောက်ဆုတ်အတွေး
ခွင့်မပေးလို့
မြုံယောင်နေခဲ့ အကောင်းသား။
အခုတော့လည်း
ပန်းပွင့်ပြီးမှ တွေ့ရဦးဖျား
ပန်ပြီးသားမို့
ပွင့်ကျိုးမနပ် နိုင်တော့တယ်။ ။။။
(ဒီကဗျာလေးကဆရာနွမ်ဂျာသိုင်းရဲ့ကဗျာလေးပါ...
ပန်းနေရာကနေဘဲဖြစ်ဖြစ်...ပန်မဲ့သူနေရာကနေဘဲဖြစ်ဖြစ်....ခံစားပြီးဖတ်ကြည့်လိုက်ပါနော်...)
{ 1.5.2010............AM 12:59}
Categories
ကဗျာ
Subscribe to:
Posts (Atom)